မန္တလေးမှာပြောက်ကျား၀တ်စုံနဲ့ ဓားပြတိုက်နေတဲ့ ဂိုဏ်းအဖွဲ့ ဖမ်းမိကြောင်း သက်ဆိုင်ရာကထုတ်ပြန်

မေ ၊ ၁၆ ၊၂၀၂၅ SP(VOM) မန္တလေးတိုင်း ၊ မန္တလေးမြို့၀န်းကျင်းအနီးက ပြောက်ကျား၀တ်စုံနဲ့ ဓားပြတိုက်မှုကျူးလွန်နေတဲ့ ဓားပြအဖွဲ့ကို မန္တလေးတိုင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ” ဓားပြတိုက်ရာမှာ ပါ၀င်တဲ့သူ လူအားလုံး အမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး နှစ်ယောက် စုစုပေါင်း ဓားပြဂိုဏ်းအဖွဲ့ ၁၇ ယောက် ဖမ်းမိထားတယ် ” လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အခု ဖမ်းမိထားတဲ့ ဓားပြအဖွဲ့က မန္တလေးနယ်မှာ ပြောက်ကျား၀တ်စုံ၀တ်လို့ ဓားပြတိုက်နေတဲ့ သူတွေဖြစ်တယ်လို့ လည်း သိရပါတယ်။ ရဲတပ်ဖွဲရဲ့ ထုတ်ဖော်ချက်အရ ဖမ်းဆီးရထားမိသူတွေကတော့ ပြီးခဲ့တဲ့ မေ ၅ ရက်နေ့က ဓားပြတိုက်၊ လု ယက်မှုတွေကို ဦးဆောင်ကျူးလွန်ခဲ့တဲ့ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နေ နေထက်လင်း (၂၉)နှစ်…

Read More

အလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၁၇)

ဆူးငှက် မတ်လ ၂၈ရက် ငလျင်လှုပ်ပြီးနောက် အင်တာနက်လိုင်းတွေ ပြတ်တောက်ကုန်တယ်။ နောက် ၂ရက်လောက်နေမှ အင်တာနက်လိုင်းတွေ အချိန်ပိုင်းပြန်ရ ဖုန်းလိုင်းတွေလည်း ပြတ်တောင်း ပြတ်တောင်း ပြန်ရတယ်။ အင်တာနက်လိုင်းတွေ ပြန်ရမှာ တချို့သတင်းတွေကို ဓာတ်ပုံတွေနဲ့သာမက ဗီဒီယိုဖိုင်တွေနဲ့ပါ မြင်လိုက်ရတော့မှ ဒီငလျင်ကြီးက အတော်ပြင်းထန်ပါလား။ ပျက်စီးဆုံးရှုံးမှုတွေကလည်း အနည်းမနောပါလားလို့ တအံ့တသြနဲ့ စုပ်တသပ်သပ် ဝမ်းနည်း မဆုံး ဖြစ်ရတော့တယ်။ လူတိုင်းလက်ထဲမှာ ကင်မရာကောင်းနဲ့ ဖုန်းတွေက ကိုယ်စီကိုင်ထားကြရုံမက ဖုန်း ကင်မရာနဲ့လည်း အရွယ်၃ပါးမရွေး လူတန်းစားမရွေး ရင်းနှီးကျွမ်းဝင်နေကြတော့ ငလျင်လှုပ်တုန်း ကိုယ့်မျက်စေ့ အောက် မြင်တာနဲ့ ချက်ချင်းရိုက်ပြီး လိုင်းပေါ်တင်ကြတာလေ။ ဒါကြောင့် ငလျင်ဘေး မျက်မြင်ကိုယ်တွေ့ ဗီဒီယိုဖိုင်တွေကို တအံ့တသြကြည့်ကြရတာပါ။ အမလေး၊ မစိုရိမ်တိုက်သစ်က ၅ထပ်ကျောင်းဆောင်ကြီး ဆင်းပြေးလာကြတဲ့ စာသင်သားရဟန်းတွေရဲ့ မျက်စိအောက်မှာ တင် ဝုန်းခနဲ ပြိုကျသွားတာ၊ မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီး…

Read More

ငလျင်ကြောင့် ဘန်ကောက်ရှိ ဆောက်လုပ်ဆဲမိုးမျှော်တိုက် ပြိုကျမှု လူ ၁၇ ယောက်ကို ဖမ်း၀ရမ်းထုတ်

ဘန်ကောက်၊ မေ-၁၆-၂၀၂၅ ရတီ(VOM) ထိုင်းနိုင်ငံမှာ မတ်လအတွင်းက ငလျင်လှုပ်ခတ်မှုကြောင့် ဆောက်လုပ်ဆဲ မိုးမျှော်တိုက်ပြိုကျမှုနဲ့ပတ်သက်ပြီး လူ ၁၇ ယောက်ကို ထိုင်းတရားရုံးက ဖမ်း၀ရမ်းထုတ်လိုက်ပါတယ်။ ဘန်ကောက်မှာ တည်ဆောက်နေတဲ့ အထပ် ၃၀ အမြင့်ရှိ အစိုးရစာရင်းစစ်ရုံးဟာ ငလျင်ကြောင့် ပြိုကျခဲ့ပြီး လူ ၈၉ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ခုနှစ်ယောက်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ အဆောက်အအုံရဲ့ ဒီဇိုင်း၊ ဆောက်လုပ်မှုနဲ့ အဆောက်အအုံကြီးကြပ်မှုတို့မှာ ပါဝင်နေသူတွေကို ရဲတပ်ဖွဲ့က ဖမ်း၀ရမ်းထုတ်ခဲ့တာဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဆိုပါတယ်။ ဖမ်း၀ရမ်းထုတ်ခံရသူတွေထဲမှာ ထိုင်းရဲ့ အကြီးဆုံးဆောက်လုပ်ရေးလုပ်ငန်းကြီးတခုဖြစ်တဲ့ အီတာလျံ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ ဥက္ကဌဟောင်း ပရန်ချိုင်းကာနာဆူကာတယောက်တည်းကိုသာ ရဲတပ်ဖွဲ့က အမည်ထုတ်ဖော်ထားပါတယ်။ အဆောက်အအုံအတွင်းရှိ ဆောက်လုပ်ရေးဆိုင်ရာ အတက်အဆင်းဓါတ်လှေကာစနစ် ချို့ယွင်းချက်တွေကို တွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဆိုပါတယ်။ ရဲတပ်ဖွဲ့ကတော့ ပြိုကျမှုနဲ့ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်တွေကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အဲဒီအဆောက်အအုံကို ထိုင်းဘတ်ငွေ…

Read More

လားရှိုးမှာ ပြည်သူ့စစ် လုပ်ဖူးသူတွေနဲ့ ကိုးကန့်ဆီမှာ လုံခြုံရေးလုပ်ဖူးသူတွေ လက်နက်မအပ်ဘဲ ဓါးပြတိုက်နေ

မေ ၁၅၊ ၂၀၂၅ Shy V (VOM) လားရှိုးမှာ ဓားပြမှုကျူးလွန်နေသူတွေထဲမှာ ပြည်သူ့စစ် လုပ်ဖူးသူတွေ၊ ကိုးကန့် ဆီမှာ လုံခြုံရေး လုပ်ဖူးသူတွေ ပါဝင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ” အရင်က လုံခြုံရေး ဝန်ထမ်း တချို့က လက်နက်မအပ်ပဲ ဓားပြတိုက်နေတာရှိတယ် ။ စစ်တပ်က ရှာနေတာ အခုထိ မတွေ့သေးဘူး။” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။ MNDAA ထိန်းချုပ် တုန်းက ရပ်ကွက်ထဲက လူမိုက်တွေကို ထိန်းရခက်လို့ လုံခြုံရေးခန့်ထားတာမှာ တချို့က လက်နက်တွေ ပြန်မအပ်တာ ရှိသလို လက်နက်တွေ ပြန် လိုက်မသိမ်းနိုင်တာလည်း ရှိတယ်လို့ သူက ပြောပါတယ်။ “သူခိုးကြီးတော့ ဓားပြ ဖြစ်တာပဲ။ အရင်ကတည်းက သူခိုးတွေလေ။ သေနတ်တလက်ရယ်၊ လက်ပစ် ဗုံး နှစ်လုံးရယ်နဲ့…

Read More

ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်တွေ ဘဝ ဘယ်သူစာနာပါ့မလဲ

    AT     ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက် နစက ပေါ်ပေါက်လာပြီးတဲ့နောက် NLD ပါတီရဲ့  သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ပါတီခေါင်းဆောင်ကိုယ်တိုင်ပြောကြားချက်ဆိုပြီး ဝန်ထမ်းတွေ Civil Disobedience Movementမှာ ပါဝင်သင့်ကြောင်း  သတင်းဌာနတွေကို  ပြောကြားပြီးနောက် ၃ရက်အကြာမှာ သူလည်း ဖမ်းဆီးခံလိုက်ရပါတယ်။   ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်ကလည်း “အရေးအကြီးဆုံးက တကယ်ကတော့ CDM နော်။ ဝန်ထမ်းတွေ အလုပ်မဆင်းရေးပဲ။ ဒီရက်သတ္တပတ်က အရေးအကြီးဆုံးပဲ။ ဒါ အဆုံးအဖြတ်ပေးမှာ”  လို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောခဲ့ပါတယ်။   အဲ့ဒီလို ပြောခဲ့ပေမယ့် CDM လှုပ်ရှားမှု ၄ နှစ်ကျော်ကာလကို ရောက်လာချိန်အထိ အဆုံးအဖြတ် ကို မရောက်သေးတဲ့အပြင် ဝန်ထမ်းတွေရဲ့…

Read More

နိုင်ငံရေး အကျဥ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်

မေ ၁၄၊ ၂‌‌၀၂၅ Shy V (VOM ) နိုင်ငံရေးအကျဥ်းသားဟောင်း ဒေါက်တာနေဝင်းဟာ ဒီနေ့ မေလ ၁၄ ရက် ရက်နေ့မနက် အစောပိုင်း ၂ နာရီခွဲခန့်က ကွယ်လွန်းသွားကြောင်း နိုင်ငံေရးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။ “အဆုပ်ထဲရေဝင်တယ်တဲ့။ သူက အသွေးလွတ် အသားလွတ် သတ်သတ်လွတ်စားနေတာ ဆယ်စုနှစ်ကျော်ဆိုတော့ ကိုယ်ခံအားနည်းတာ၊ ထောင်ထဲဒဏ်တွေနဲ့ဆိုတော့ ခံနိုင်ရည်ကျနေတာ။ ဒီနေ့ ၁၄.၅.၂၀၂၅ မနက် အစောကြီး ၂နာရီခွဲ အချိန်လောက်မှာဆုံးတာ။” လို့ ဒေါက်တာနေဝင်း နဲ့ ရင်းနှီးနဲ့နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်က ပြောပါတယ်။ ဒေါက်တာနေဝင်းဟာ အသက် ၇၀ ဝန်းကျင်အရွယ် ရှိပြီ ဖြစ်ပြီး လက်ရှိ အင်းစိန်မှာ တယောက်တည်း နေတာလို့ သူက ပြောပါတယ်။ သမီးဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်ဟောင်း…

Read More

လားရှိုးမှာ ‌လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲ တော့မည်

မေ ၁၄၊ ၂၀၂၅ Shy V (VOM ) နစက ပြန်လည်ထိန်းချုပ်လိုက်တဲ့ လားရှိုးမြို့မှာ အခု မေလကုန်ပိုင်းလောက် ကစပြီး လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲတော့မှာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လေယာဉ်ကွင်း သန့်ရှင်းရေး လုပ်နေတာတွေ့တယ်။ လေယာဉ်က ဆင်းရင် ထွက်လာရတဲ့ အဆောင် အမိုးတွေလည်း ထိထားတယ်။ ပြီးရင် ပြေးလမ်းမှာလည်း အကြီးကြီး ထိထားတယ်။ လကုန်ရင်ဖွင့်မယ်တော့ ပြောတယ်။ သေချာ မသေချာတော့ အတတ်မသိဘူး။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ အဆောက်အဦးနဲ့ ပြေးလမ်းတွေ အတော်ပြုပြင်ရမှာတွေနဲ့ဆိုတော့ လွယ်တော့ မလွယ်လောက်ဘူးလို့ သူက ပြောပါတယ်။ လာမယ့် မေ ၂၂ ရက်မှာ ပြန်ဖွင့်မယ်လို့ သတင်းတွေ ထွက်‌နေပြီး လက်မှတ်တွေတော့ အွန်လိုင်းမှာ ဝယ်လို့ရပြီလို့ သိရ‌ေပမယ့် ဖွင့်နိုင်၊…

Read More

အလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း ၁၆

ဆူးငှက် မန္တလေးကို နှောင်းလူတို့ မသိကြတော့တာ မင်းတုန်းမင်းကြီး မူလတည်စဉ်က ဖွဲ့စည်း သတ်မှတ်ခဲ့တဲ့ ရပ်ကွက်ကြီး ၅၄ကွက် အမည်တွေလည်း ပါတယ်။ ကိုယ်နေထိုင်တဲ့ ရပ်ကွက်က ဟေမာဇလ၊ သီရိဟေမာ၊ မဟာဇေယျာဘုံ၊ ရွှေဘုန်းရှိန်စတဲ့ နံမည်တွေ မသိကြတော့ဘူး။ ၁၉၉၀နောက်ပိုင်းမှ မွေးပြီး အခုအသက်၂၀ကျော် လူငယ်လေးတွေဆို မူလဈေးချိုရုံကြီး ၁၂ရုံကို မသိဘူး။ မီဒီယာက စီနီယာသတင်းထောက်မလေးကို ကျွန်တော်က ဈေးချို အဟောင်းအကြောင်း ပြောတော့ နာရီစင်နားက ၆ထပ်ရုံကို ဈေးချိုအဟောင်း၊ တောင်ဘက် ၂၅ထပ်ကွန်ဒိုအောက်က မန်းမြန်မာပလာဇာကို ဈေးချိုအသစ်လို့ပဲ သိတာတဲ့။ အရင်က အေက စပြီး အယ်လ်မှာ ဆုံးတဲ့ ဂန္ထဝင်ဈေးချိုကို မသိတော့ဘူး။ ဒီလိုပါပဲ။ အေလမ်း ဘီလမ်း စီလမ်း ဒီလမ်းတွေလည်း မသိဘူး။ ၃၅ အေလမ်းဆိုတော့ ၃၅ ဘီလမ်းက ဘယ်လမ်းလဲ၊ ၂၆ဘီလမ်းဆိုတော့…

Read More

KIO/KIA ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရား ကွယ်လွန်

မေ ၁၅၊ ၂၀၂၅ Shy V (VOM) KIO/KIA ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရား ဒီနေ့ မေလ ၁၅ ရက်နေ့ မနက် ၇ နာရီ ၁၅ မိနစ်မှာ ကွယ်လွန် သွားကြောင်း KIA အသိုင်းအဝိုင်းဆီက သိရပါတယ်။ “အသက်ကြီးပြီ။ လိုင်ဇာက သူ့နေအိမ်မှာပဲ ကွယ်လွန်သွားတာ။” လို့ KIA နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ အသက် ၈၇ နှစ် ရှိပြီဖြစ်တဲ့ KIO/KIA ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရား ဟာ ကာလကြာရှည်စွာ နာမကျန်းဖြစ်တာကြောင့် ဆုံးပါးသွားတာလို့ သူက ပြောပါတယ်။ KIO/KIA ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရား ၂၀၀၆ ခုနှစ် ဇူလိုင်လ ကနေ ၂၀၁၇ ဒီဇင်ဘာလ အထိ KIO/KIA ဥက္ကဌ နေရာမှာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း…

Read More

ရန်ကုန်သားတွေ ငလျင်အတွက် ဘယ်လိုကြိုပြင်ထားလဲ

SS (VOM) လူဦးရေ ထူထပ်လှတဲ့ ရန်ကုန်မြို့မှာ အရည်အသွေး မပြည့်ဝတဲ့ အဆောက်အအုံ များစွာ ရှိနေတာ ဖြစ်ပါတယ်။ ရန်ကုန်မှာ ငလျင်ကြီးတခု လှုပ်ခတ်လာပါက ထိခိုက်သေဆုံးမှု များပြားမယ့်အရေးကို ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ ရန်ကုန်ဟာ မြန်မာနိုင်ငံမှာ မြေငလျင်အန္တရာယ်ရှိတဲ့ မြို့တွေထဲက တမြို့ဖြစ်ပါတယ်။ နှစ်ပေါင်းအတော်ကြာ ငြိမ်သက်နေခဲ့တဲ့ ငလျင်ကြောင့် ရန်ကုန်မြို့မှာ ငလျင်လှုပ်မှာကို ပညာရှင်တွေက စိုးရိမ်တကြီး စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ မြေငလျင်အန္တရာယ် အကြီးမားဆုံး နိုင်ငံတွေစာရင်းမှာ ပါဝင်နေပြီး ပမာဏကြီးမားတဲ့ အဓိက မြေငလျင်ကြောကြီး ငါးခု ရှိပါတယ်။ ဒါအပြင် မကြာခဏ လှုပ်ရှားနေတဲ့ ပြတ်ရွေ့ကြော များစွာလည်း ရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ ငလျင်လှုပ်ရှားမှုကို ဖြစ်ပေါ်စေတဲ့ အဓိက သက်ရှင် ပြတ်ရွေ့ကြီးတွေ တည်ရှိနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ အဲဒီ…

Read More
VOM News

FREE
VIEW