ကုလသဂ္ဂ၊ မေ-၁၈-၂၀၂၅ မျိုးဆက်(VOM) ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတဝန်းရှိ လူပေါင်း၂၉၅ သန်းဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ဆိုးရွားစွာ ကြုံခဲ့ရပြီး ဒီအရေအတွက်ဟာ ခြောက်နှစ်ဆက်တိုက် စံချိန်တိုးလာတယ်လို့ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာမှာ ပြောပါတယ်။ လူပေါင်း ၂၉၅ ဒဿမ ၃ သန်းဟာ အစာရေစာမလုံလောက်မှု သတ်မှတ်ချက်ငါးဆင့်မှာ အဆင့် ၃ သို့မဟုတ် ဒီထက်ပိုတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့နှစ်ကထက် ၁၃ သန်းကျော် တိုးလာတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နဲ့ အခြားနိုင်ငံတကာအဖွဲ့တွေက ထုတ်ပြန်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီထဲက လူပေါင်း ၁ ဒဿမ ၉၅ သန်းဟာ အစာရေစာပြတ်လပ်မှု အဆိုးရွားဆုံးအဆင့်ကို ရင်ဆိုင်ခဲ့ရပြီး ယခင်နှစ်က မှတ်တမ်းထက် နှစ်ဆပိုများကာ ဂါဇာကမ်းမြှောင်ဒေသနဲ့ ဆူဒန်တို့ဟာ ၉၅ ရာခှိုင်နှုန်း…
Read MoreMonth: May 2025
ချန်းရိဖိနပ်စက်ရုံ အလုပ်သမားတွေ လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုမှု သဘောတူညီချက်ရပြီ
မေ – ၁၈ ၊ ၂၀၂၅ GG (VOM) လုပ်ခလစာတိုးမြှင့်ပေးရေးအပါအဝင် အချက်လေးချက်တောင်းဆိုမှုအပေါ် မေ ၁၇ ရက်နေ့က Tsang Yih ချန်းရိ ဖိနပ်စက်ရုံနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ တွေ့ဆုံညှိနိူင်းဆွေးနွေးမှု အဆင်ပြေပြီး အလုပ်ရှင်အလုပ်သမားနှစ်ဘက်သဘောတူညီမှုစာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့သိရပါတယ်။ နေ့စားခ day ကြေးတိုးမြှင့်ပေးဖို့ စက်ရုံကို တောင်းဆိုမှုအပေါ် စက်ရုံက နေ့စားခမဟုတ်ဘဲ ထောက်ပံ့ကြေးအဖြစ် ၉၀၀ ကျပ်တိုးမြှင့်ပေးပြီး ရက်မှန်ကြေးကို အလုပ်သမား တောင်းဆိုမှုအတိုင်း ၄၀၀၀၀ ကျပ်ကိုတိုးမြှင့်ပေးကာ လုပ်သက်ကြေးကိုလည်းတိုးမြှင့်ပေးလာတဲ့အပေါ် တွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက် ဆွေးနွေးညှိနိူင်းခဲ့တဲ့ အလုပ်သမားကိုယ်စားလှယ် ကိုးယောက်တို့က သဘောတူလက်ခံခဲ့ပြီး လှိုင်သာယာအနောက်ပိုင်း မြို့နယ်၊ မြို့နယ်ပေါင်းစပ်အဖွဲ့ရှေ့မှာ အလုပ်ရှင် အလုပ်သမားသဘောတူညီချက်စာချုပ် ချုပ်ဆိုကာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ သဘောတူညီချက်ရခဲ့တဲ့ စာချုပ်ပါအချက်အလက်တွေကတော့ အချက် ၆ ချက်ရှိပြီး ပထမဆုံးက အလုပ်ရှင်ဘက်မှ ပေးချေနေတဲ့ တရက်အခြေခံလုပ်ခ ၅၂၀၀…
Read Moreမန္တလေးတိုင်း မြို့ ငါးမြို့မှာ စစ်ရေးဆက်လက်တင်းမာနေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများပြား
မေ ၁၈ – ၂၀၂၅SN (VOM)မန္တလေးတိုင်း နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ၊ ငါန်းဇွန်၊ ဆီမီးခုံ စတဲ့ မြို့ ငါးမြို့မှာ တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့မှ စတင်ကာ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေက စစ်ရေး ဖော်ဆောင်နေခြင်းဖြစ်ပြီး နစကဘက်က လေကြောင်း တိုက်ခိုက်မှုတွေ အဆက်မပြတ်သုံးပြီး ပြန်လည် ခုခံနေတယ်လို့ သိရပါတယ်။မေ ၁၅ မနေ့က မြင်းခြံခရိုင်အတွင်း နစကတပ်တွေ တပ်စွဲထားတဲ့ ၁၈ ရပ်ကွက်အနီးရှိ စခန်း၊ ဆီမီးခုံရဲစခန်း၊ ကျောက်ပြုတ်ရွာ စခန်း၊ နန်းမြင့်တောင်ကြားစခန်း၊ တောင်သာနယ် ထနောင်းကုန်းပျူစခန်း၊ နွားထိုးကြီးနယ် ဝက်လူးရဲစခန်း၊ ထန်းဇင် မြောက်ဘက် ကျေးရွာရှိ ဓာတ်ငွေ့ပိုက်လိုင်းစောင့်စခန်း၊ ငါန်းဇွန်မြို့…
Read Moreအလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၁၈)
ဆူးငှက် မင်းတုန်းမင်းက မန္တလေးကို တည်ထောင်တဲ့အခါ မဟာအတုလဇယာရာမ တိုက်တော်အတွင်းက ”မဟာအတုလ ဝေယန်” ကျောင်းတော်ကြီးလည်း ရွှေမြို့တော်ကြီးနှင့်တစ်ပြိုင်နက် ပန္နက်ချ လုပ်ဆောင်ခဲ့တာ ၁၈နှစ်အကြာ ၁၂၃၉-ခု၊ တန်ဆောင်မုန်း လပြည့်ကျော်၁ဝရက်နေ့ တွင်မှ အပြောက်အမွှမ်းနှင့် လုပ်ဆောင်ပြီးစီးသတဲ့။ ဒီ့နောက် မဟာဝိဇယပုညကျောင်းတိုက်၊ ဝဇီရာ ရာမစိန်တုံးတိုက်၊ မတ္တရာတိုက်၊ သက်ပန်းတိုက်၊ မင်္ဂလာရာမ မောင်းထောင်တိုက်၊ မဟာဝီဇယာရာမ ခင် မကန်တိုက်၊ ရွှေကူတိုက်၊ တကောင်းတိုက်၊ မဟာဝိသုဒ္ဓါရာမ အင်းခန်းတိုက်၊ မဟာဓမ္မိကာရာမ စလင်းတိုက်၊ ဝိစိတ္တာရာမ မာရ်အောင်တိုက်၊ ဆင်တဲတိုက်၊ လယ်ကိုင်းတိုက်၊ မက္ခရာတိုက်၊ ငါးဆူတိုက်၊ စည်ပုတ္တရာတိုက်၊ တွင်းကြီးတိုက်၊ စလင်းတိုက်သစ်၊ လှတွေတိုက်-စသည့် စိန်တုံးမိဖုရား၊ လောင်းရှည်မိဖုရား၊ သက်ပန်းမိဖုရား၊ ရတနာဒေဝီနန်းမတော်မိဖုရားကြီး၊ အနောက်နန်းမိဖုရား၊ အလယ်နန်းရှင် ဆင်ဖြူမရှင်မိဖုရား၊ တောင်နန်းမတော် မိဖုရား၊ ဒေဝီစုဖုရားကြီး၊ ရွှေဘိုမင်းမိဖုရားခေါင်ကြီးနှင့် သီပေါမင်း စုဖုရားလတ်တို့ရဲ့ ကုသိုလ်ကျောင်း…
Read Moreမန္တလေးရောက် ဗန်းမော်စစ်ရှောင်အိမ်ထောင်စု ၁၂၀၀ ကျော်မှာအရေးပေါ် အကူအညီတွေလိုအပ်နေ
မေ – ၁၆၊၂၀၂၅ GG (VOM) မန္တလေးမှာရောက်ရှိနေတဲ့ ဗန်းမော်စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၁၂၀၀ ကျော်မှာ စားနပ်ရိက္ခာ အပါအဝင် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ မြေပြင်ကူညီရေးလုပ်ဆောင်ပေးနေသူတွေဆီကသိရပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေမှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်လာစဥ် ပစ္စည်းတွေသယ်ယူနိုင်ခြင်းမရှိဘဲ စစ်ရှောင်လာကြရတဲ့အတွက် အစားအစာ၊ အဝတ်အထည်၊ တကိုယ်ရေသုံးပစ္စည်း ၊ ဆေးဝါး စတဲ့အကူအညီတွေကို လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ” စစ်ရှောင်တွေက ထပ်တိုးလာတယ်။ စစ်ရှောင်တွေအတွက် အကူအညီတွေအကုန်လိုနေပါတယ်။ဘာလိုအပ်လဲဆိုရင် ဘာမှကိုမပါလာတာများတယ်။ အိုးခွက်ပန်းကန်တွေ၊ခြင်ထောင်စောင်တွေလည်းမပါဘူး။တကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတွေလည်းမပါဘူး။အဝတ်တထည်ကိုယ်တခုပဲများတယ်။ထပ်တိုးစစ်ရှောင်တွေပေါ့။စစ်ရှောင်တွေက ဧည့်သည်လိုဖြစ်နေတော့ အကူအညီတော်တော်များများမရကြဘူး။စာရင်းမရှိတော့ ရပ်ကွက်အများစုကစစ်ရှောင်တွေက ချန်လှပ်ထားခြင်းခံရတယ်။” လို့ ကူညီပေးနေသူကပြောပါတယ်။ လက်ရှိမှာ ဗန်းမော်စစ်ရှောင်ပြည်သူတွေက မန္တလေး ၊ စစ်ကိုင်းနဲ့ ပြင်ဦးလွင် မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုးမိတ်ဆွေတွေရဲ့နေအိမ်တွေ ၊ အိမ်ခန်းငှားရမ်းနေထိုင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။ အဓိက အရေးပေါ်အကူအညီတွေနဲ့ စားနပ်ရိက္ခာ တွေလိုအပ်နေတာက မန္တလေးက ဘုန်းတော်ကြီးကျောင်းတွေမှာမှီခိုနေထိုင်နေကြရတဲ့ စစ်ဘေးရှောင်မိသားစုတွေဖြစ်တယ်လို့သိရပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေမှာ…
Read Moreရွှေကျင်မြို့နယ် ကျေးရွာ ၁၀ ရွာက ဒေသခံတွေ စစ်ရှောင်နေရ
မေ ၁၆ – ၂၀၂၅ SS (VOM) ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေ၊ ရွှေကျင်မြို့နယ်ကို နစက က အခု မေလ ဒုတိယပတ်မှ စတင်ကာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ကျေးရွာ ၁၀ ရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။ “လောလောဆယ်တော့ ဒေသခံတွေက နီးစပ်ရာ ရွာတွေ၊ တောထဲတွေမှာ တိမ်းရှောင်နေကြတယ်။ တောထဲမှာ စစ်ရှောင်စခန်းတွေ ရှိတယ်လေ။ အဲဒီဘက်ကို သွားကြတဲ့သူတွေလည်း ရှိတယ်။ စစ်ရှောင်ဦးရေက လတ်တလော တိုက်ပွဲ အခြေအနေတွေကြောင့် အတိအကျတော့ မသိရသေးဘူး။ ကျွန်တော်တို့သိသလောက် ခန့်မှန်းခြေပေါ့၊ ထောင်နဲ့ချီ ရှိနိုင်တယ်။…
Read Moreဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု လူ ၁၂၀ သေဆုံး
ဂါဇာစီးတီး၊ မေ-၁၆-၂၀၂၅ ရတီ(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၂၀ သေဆုံးသွားကြောင်း ပါလက်စတိုင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ ဂါဇာကမ်းမြှောင်ဒေသအတွက် အကူအညီတွေကို မတ် ၂ ရက်ကတည်းက ဖြတ်တောက်ပိတ်ဆို့ထားခဲ့တဲ့ အစ္စရေးကတော့ ဒီလိုပိတ်ဆို့ထားတာဟာ ဟားမတ်စ်တို့ကို ဖိအားပေးဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာရှိ ကင်ဆာနှင့် နှလုံးရောဂါ ကုသပေးနေတဲ့ နောက်ဆုံးဆေးရုံဟာ ဆိုးရွားစွာပျက်စီးသွားပြီးနောက် လုပ်ငန်းလည်ပတ်လို့ မရတော့ဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။ အစ္စရေးဟာ အကူအညီတွေကို ပိတ်ဆို့ထားတဲ့အပြင် မတ် ၁၈ ရက်မှာတော့ စစ်ဆင်ရေးတွေ ပြန်လည်စတင်ခဲ့ပြီး ဇန်နဝါရီလလယ်မှာ ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး အဆုံးသတ်ခဲ့ပါတယ်။ ဂါဇာမှာ စားနပ်ရိက္ခာ၊ သောက်သုံးရေး၊ ဆေးဝါးနဲ့ လောင်စာဆီ ပြတ်လပ်လုနီးပါးအခြေအနေရောက်နေပြီလို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။ ဟားမတ်စ်ကတော့ အစ္စရေးရဲ့ ရိုင်းစိုင်းတဲ့လု်ပရပ်တွေ တိုးမြင့်လာတယ်လို့…
Read Moreလုပ်ခလစာကိစ္စ ညှိနှိုင်းမရလို့ ချန်းရိ ဖိနပ်စက်ရုံ အလုပ်သမားတွေ တတိယနေ့ ဆက်လက်ဆန္ဒပြ
မေ – ၁၆ ၊ ၂၀၂၅ GG (VOM) လှိုင်သာယာမြို့နယ်၊ အပြင်ပဒံ ရပ်ကွက်အနီး၊ အနော်ရထာစက်မှုဇုန် အပိုင်း ၂ မှာရှိတဲ့ Tsang Yih ချန်းရိ ဖိနပ်စက်ရုံမှာ လုပ်ခလစာ၊အချိန်ပိုကြေး၊ရက်မှန်ကြေးတွေတိုးမြှင့်ပေးရေးအတွက် အလုပ်သမားတွေဆန္ဒပြတောင်းဆိုနေပေမယ့် ထူးခြားမှုမရှိသေးတာကြောင့် ဒီနေ့ မေ ၁၆ ရက်အထိ တောင်းဆိုမှုတွေ ဆက်လက် ပြုလုပ်နေတယ်လို့ သိရပါတယ်။ လုပ်ခလစာ တိုးမြှင့်ပေးရေး.ဆန္ဒပြတောင်းဆိုမှုကို အလုပ်သမားတွေက မေ ၁၄ ရက်နေ့ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီနေ့ဆိုရင် သုံးရက်မြောက်နေ့ ဆန္ဒပြ တောင်းဆိုနေကြတာဖြစ်တယ်လို့သိရပါတယ်။ အလုပ်သမားတွေထောင်နဲ့ချီပြီး ဆန္ဒပြ တောင်းဆိုနေကြတာဖြစ်ပြီး တောင်းဆိုမှုအပေါ် စက်ရုံမှတာဝန်ရှိသူတွေနဲ့ အလုပ်သမားကိုယ်စားလှယ်တွေ၊အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် တောင်းဆိုတဲ့အချက်တွေအပေါ် ညှိနိူင်းမှုအဖြေမထွက်သေးဘူး လို့ သိရပါတယ်။ ” မနေ့က အလုပ်သမားတွေဘက်က ရွေးပေးတဲ့ ကိုယ်စားလှယ်လေးယောက်နဲ့စက်ရုံဘက်က အစည်းဝေးလုပ်တယ်။ အဖြေတော့မရသေးဘူး။စက်ရုံက…
Read Moreလားရှိုးမှာ စာသင်ကျောင်းအားလုံးနီးပါး ပြန်ဖွင့်မယ်
မေ ၁၆၊ ၂၀၂၅ Shy V (VOM) နစက တပ်ဖွဲ့ လွှဲပြောင်းရယူ ထိန်းချုပ်ထားတဲ့ လားရှိုးမှာ စာသင်ကျောင်းတွေ အားလုံးနီးပါ ပြန်ဖွင့်မှာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကျောင်းပြန်ဖွင့်မယ်။ မေလ ၂၂ ရက်နေ့ကျရင် ကျောင်းအပ် လက်ခံမယ်တဲ့။ ကျောင်းတွေ အခုတော့ သန့်ရှင်းရေးတွေတော့ လုပ်နေကြပြီ။ တော်တော်တော့ ပြီးသွားကြပြီ။” လို့ ကလေးမိခင် တယောက်က ပြောပါတယ်။ တချို့ကျောင်းတွေက နည်းနည်းပါးပါး ပျက်စီးသွားတာတွေရှိပေမယ့် ကျန်တဲ့ကျောင်းတွေ မထိထားတဲ့ ကျောင်းတွေ အဓိက ထားပြီးတော့ ဖွင့်မယ်လို့ သိရတယ်လို့ သူက ပြောပါတယ်။ “ကျောင်းဆရာ၊ ဆရာမ ဝန်ထမ်းတွေကိုတော့ မနေ့က မေလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လာခိုင်းထားတယ်။” လို့ သူက ရှင်းပြပါတယ်။ လားရှိုးမြို့မှာ မြို့ပေါ် ရပ်ကွက်…
Read Moreငလျင်လှုပ်ပြီးတာ ရက် ၅၀ ရှိပေမယ့် ပြိုကျပျက်စီးမှုတွေ ရှင်းဖို့ ခက်ခဲနေဆဲ
မန္တလေး၊ မေ – ၁၆- ၂၀၂၅ SA(VOM) မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းတဲ့ ငလျင်ကြောင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက တိုက်တာ၊ အိုးအိမ်၊ ဘာသာရေးအဆောက်အဦနဲ့ အစိုးရဌာနအသီးသီးက အဆောက်အဦအများအပြား ပျက်စီးခဲ့ရတဲ့အပြင် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ကယ်ဆယ်ရေးလုပ်ငန်းပိုင်းတွေကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အပြင်၊ ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့တွေက အင်တိုက်အားတိုက် ကူညီဆောင် ရွက်ခဲ့ကြပေမယ့် နေအိမ်ပျက်စီးဆုံးရှံးခဲ့ရတဲ့သူတွေဟာ အခက်အခဲ မျိုးစုံ ကြုံတွေ့နေတယ်လို့ သိရပါတယ်။ အဆောက်အဦပျက်စီးလို့ ဖြိုဖျက်ရမယ့် အိမ်ရှင်တွေ ကြုံတွေနေရတဲ့ အခက်တွေကတော့ တချို့နေရာတွေမှာ ဖြိုဖျက်ရမယ့် အိမ်တွေအတွက် ရပ်ကွပ်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာရဲ့ ထောက်ခံစာရရှိဖို့ အခကြေးငွေ ပေးသွင်းနေရသလို အိမ်ဖြိုဖျက်ဖို့ ငွေကြေးက အဆောက်အဦ အရွယ်အစားအပေါ်မူတည်ပြီး ငွေကြေးကုန်ကျခြင်း၊ အခကြေးငွေမယူပဲ ကူညီဆောင်မယ့် အဖွဲ့အစည်းတွေရှိပေမယ့်…
Read More