မြောက်ကိုရီးယား ဖျက်သင်္ဘောတစင်း ရေချချိန်မှာ မတော်တဆမှုဖြစ်ပြီး ထိခိုက်ပျက်စီး

ပြုံးယမ်း၊ မေ-၂၂-၂၀၂၅ မျိုးဆက်(VOM) မြောက်ကိုရီးယား စစ်သင်္ဘောသစ်တစင်းကို ရေချချိန်မှာ ပြင်းထန်တဲ့ မတော်တဆမှုဖြစ်ပွားတာနဲ့ပတ်သက်ပြီး ကင်ဂျုံအန်က ပြစ်တင်ရှုတ်ချလိုက်ပြီး ဒါဟာ သည်းမခံနိုင်တဲ့ ရာဇဝတ်မှုတခုဖြစ်တယ်လို့ ပြောပါတယ်။ ဒီမတော်တဆမှုကြောင့် တန်ချိန် ၅၀၀၀ ရှိတဲ့ ဖျက်သင်္ဘောသစ်ရဲ့ အောက်ခြေကိုယ်ထည် အစိတ်အပိုင်းတွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ဆိုပါတယ်။ အဲဒီသင်္ဘောဟာ မြောက်ကိုရီးယားစစ်တပ်ရဲ့ ရေတပ်ဖွဲ့တွေ ခေတ်မီတိုးတက်ရေးမှာ အောင်မြင်မှုတရပ်လို့ ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုထားပြီး လာမယ့်နှစ်အစောပိုင်းမှာ တပ်တော်ဝင် ဖြန့်ကြက်သွားမှာလို့ ဆိုပါတယ်။ သင်္ဘောကို ဇွန်လမှာကျင်းပမယ့် အာဏာရပါတီရဲ့ အဓိကအစည်းအဝေးမတိုင်ခင်မှာ ပြန်လည်ပြင်ဆင်ဖို့နဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာကျဆင်းစေမှုဖြစ်စေခဲ့တဲ့ သင်္ဘောဒီဇိုင်းရေးဆွဲတည်ဆောက်ရာမှာ ပါဝင်သူတွေကို ထိန်းသိမ်းဖို့ ကင်ဂျုံအန်က အမိန့်ပေးထားပါတယ်။ အရှေ့ဘက်ဆိပ်ကမ်းမြို့ ချောင်ဂျင်ရှိ သင်္ဘောကျင်းတခုမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်ဟာ လုံး၀သတိမထားမှုနဲ့ တာဝန်မဲ့မှုဖြစ်တယ်လို့…

Read More

တိုင်းနဲ့ ပြည်နယ်တချို့မှာ လာမယ့်ရက်ပိုင်းအတွင်း မိုးကြီးမှု၊ လေပြင်းတိုက်ခတ်မှုတွေ ထပ်မံ ဖြစ်ပေါ်နိုင်

မေ ၂၂ – ၂၀၂၅ SN (VOM) ငလျင်သင့်ဒေသတွေ အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ လာမယ့်ရက်ပိုင်းအတွင်း မိုးကြီးမှု၊ လေပြင်း တိုက်ခတ်မှုတွေ ထပ်မံ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ ဒီကနေ့ မေ ၂၂ ရက်၊ မနက် ၇ နာရီအချိန် ထုတ်ပြန်တဲ့ အထူး မိုးလေဝသ သတင်း အသိပေးချက်မှာ မေ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တို့မှာ လေထု မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်ပြီး မုတ်သုံလေ အားကောင်းလာနိုင်ခြင်း၊ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။ “အခုက မိုးကလည်း ရွာနေတာ။ ပြီးတော့ မြန်မာနိုင်ငံ အလယ်ပိုင်းကို…

Read More

ဝါရှင်တန်ဒီစီ မြို့လယ်မှာ အစ္စရေးသံရုံးဝန်ထမ်းနှစ်ယောက် ပစ်သတ်ခံရ

ဝါရှင်တန်၊ မေ-၂၂-၂၀၂၅ ရတီ(VOM) အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့လယ်ရှိ ဂျူးပြတိုက်တခုပြင်ပမှာ အစ္စရေးသံရုံးဝန်ထမ်းနှစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သံရုံးဝန်ထမ်း အမျိုးသမီးနဲ့ အမျိုးသားတို့ဟာ ဂါဇာရှိ ပါလက်စတိုင်းတွေကို ကူညီဖို့ ရည်ရွယ်ပြီး ဂျုးပြတိုက်မှာ ပြုလုပ်မယ့် အခမ်းအနားပွဲတခုကို သွားရောက်ချိန်မှာ အသတ်ခံခဲ့ရတာလို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။ သံသယရှိသူ အသက် ၃၀ အရွယ် အီလစ်ရိုဒရီရဂါဇ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ သံသယရှိသူဟာ ဖမ်းဆီးခံရပြီးနောက် ပါလက်စတိုင်းလွတ်မြောက်ရေးလို့ အော်ဟစ်ခဲ့ပြီး ဒီပစ်ခတ်မှုဟာ အကြမ်းဖက်ဝါဒနဲ့ ဆက်နွယ်နေနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သေနတ်သမားဟာ သံရုံးဝန်ထမ်းနှစ်ယောက်ကို အနီးကပ်ပစ်သတ်ခဲ့တာဖြစ်ပြီး ဒါဟာ တုန်လှုပ်ခြောက်ခြားဖွယ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ဒါဟာအလွန်ဝမ်းနည်းဖွယ်ကောင်းပြီး ကိုးကွယ်ယုံကြည်မှုအပေါ် အခြေခံတာ ထင်ရှားနေတယ်လို့ ပြောပါတယ်။ ဝါရှင်တန်ဒီစီရဲတပ်ဖွဲ့ကတော့ သံသယရှိသူဟာ ယခင်ပြစ်မှုမှတ်တမ်းတွေမတွေ့ရဘူးလို့ ပြောပါတယ်။…

Read More

အလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၂၂)

ဆူးငှက် ရှေးမြန်မာများရဲ့ မြို့တည်ဗိသုကာ စနစ်ကို မျက်ဝါးထင်ထင်မြင်တွေ့လေ့လာနိုင်တာ မန္တလေးတစ် မြို့တည်းပဲ ကျန်တော့တယ်။ မန္တလေးဟာ မြို့စတည်တဲ့ မြန်မာကောဇာသက္ကရာဇ် ၁၂၂၁ ခုနှစ်မှသည် နှစ် ၁ဝဝ ပြည့်တဲ့ ၁၃၂၁ ခုနှစ်အတွင်း မူလပန္နက်မြို့ ပြကွက်များဟာ ထူးထူးခြားခြားပြောင်းလဲမှု မရှိလှ ပါဘူး။ ဒီဘက် နှစ် ၅ဝ၊ နှစ် ၆၀ ကာလများ နှောင်းပိုင်းမှာမှ သိသာထူးခြားစွာ ပြောင်းလဲသွားတာပါ။ တချို့နေရာများဆိုရင် မမှတ်မိနိုင် လောက်အောင်ပါပဲ လို့ ပြောရ မလိုပါပဲ။ ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလမှာ မန္တလေးကို အင်္ဂလိပ်တို့ က သိမ်းယူအပြီး ၁၈၈၇ ခုနှစ်မှာ မန္တလေး မြူနီစီပါယ်ကို ဖွဲ့စည်း တယ်။ ဒီ့နောက် မူလမြန်မာဗိသုကာ မြို့ပြအကွက်အကွင်း များမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့ပါတယ်။ ထူးထူး ခြားခြားတော့ မဟုတ်ပါဘူး။…

Read More

ကြားနေသူတွေဟာ မှားနေတာလား

    AT   “တော်လှန်ရေးမှာ ကြားနေမရှိဘူး” ဆိုတဲ့ စကားကို ကိုယ့်ကိုကိုယ် တော်လှန်ရေး ဘက်တော်သားလို့ ခံယူထားသူအချို့ ပြောတာ ကြားဖူးမှာပါ။ သူတို့ အဓိက ရည်ညွှန်းပြောကြားတာက မြို့ပြ၊ ကျေးလက်နဲ့ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိ နေထိုင်နေကြတဲ့ သာမန် မြန်မာပြည်သူ လူထုကို ဖြစ်ပါတယ်။ အလားတူပဲ လက်နက်ကိုင် အဖွဲ့ ထိန်းချုပ်နယ်မြေတွေအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေ ဖြစ်တိုင်းမှာ နစက ထောက်ခံသူတွေပြောလေ့ရှိတာက သူပုန်တွေသေတာ ဘာဆန်းလဲ ဆိုတာပါ။ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဘယ်ဖက်ကမှ မရပ်တည်ဘဲ ကြားနေခွင့်ကို နိုင်ငံတကာဥပ‌ဒေတွေက အာမခံပေးထားသလို အခြေခံကျတဲ့ လူ့အခွင့်အရေးလည်းပဲ ဖြစ်ပါတယ်။ သတင်းစာဆရာကြီး အိုးဝေ ဦးညိုမြကတော့ “ကြားနေဝါဒဆိုတာ မိန်းမရွှင်ဝါဒနဲ့ အတူတူပဲ ။ အမှန်နဲ့အမှား ဓမ္မ…

Read More

လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲနေလို့ ကွမ်းစိုက်တောင်သူတွေ လုပ်ငန်းခွင် ကိုမသွားရဲ

မေ ၊ ၁၈ ၊ ၂၀၂၅ SP (VOM) စစ်ကိုင်းတိုင်း အောက်ပိုင်း ယင်းမာပင်ခရိုင်နဲ့ မုံရွာခရိုင်နယ်ထဲက ကွမ်းစိုက်တောင်သူတွေဟာ အခုရက်ပိုင်းအတွင်း ကွမ်းစိုက်ခြံတွေဘက်မှာ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲတာကြောင့် ကွမ်းခြံတွေဘက်မှာ ဘယ်သူမှ မသွားရဲ မလာရဲ ဖြစ်နေရပြီး ကွမ်းရွက်တွေ မခူးနိုင်တော့ဘူးလို့ ကွမ်းစိုက်တောင်သူတွေဆီက သိရပါတယ်။ ” ဘယ်က ပစ်မှန်းမသိရတဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတယ် ၊ကွမ်းခြံတချို့ ပျက်စီးတာတွေရှိတယ် ၊ မီးလောင်တဲ့ ခြံတွေလဲရှိတယ်၊ ဘယ်သူမှ အခုရက်ပိုင်း ကွမ်းခူးမသွားရဲကြဘူး ” လို့ ယင်းမာပင်မြို့နယ် ရေကြည်ပင်ရွာခံ ကွမ်းစိုက်တောင်သူ တယောက်က ပြောပါတယ်။ အလားတူ ဖြစ်စဥ်တွေကတော့ ဆားလင်းကြီးနယ်နဲ့ မုံရွာနယ်ဘက်တွေမှာလည်း ကွမ်းခြံတွေထဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာတွေ ရှိလို့ သတိနဲ့သွားလာရတယ်လို့ သိရပါတယ် ။ ” ပြီးခဲ့တဲ့ ရက်ပိုင်းက ရေကြည်ပင်ရွာနားကို…

Read More

ရှမ်း/မြောက်မှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား နယ်မြေအငြင်းပွားမှု ထပ်မံ ဖြစ်ပွား

မေ ၁၈၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်းကြား ဒီရက်ပိုင်းအတွင်း နယ်မြေ အငြင်းပွားမှု ထပ်မံ ဖြစ်ပွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကိုးကန့် MNDAA တပ်ဖွဲ့ရဲ့ စီးပွားရေး လုပ်တဲ့ကား တစီး TNLA တပ်ဖွဲ့ ဘက်က ဖမ်းထားတာထင်တယ်။ ကွတ်ခိုင်မြို့က ကိုးကန့် MNDAA ကား တပ်သား အပြည့် တင်ပြီး သေနတ်တွေပါ ချိန်ပြီး ဒရစပ် မောင်းထွက်လာတယ်။ TNLA တွေလည်း တိုးဂိတ်မှာ သေနတ်ချိန်ပြီး တားတယ် ရပ်မပေးဘူး။ ကွတ်ခိုင် အထွက် မန်ဘန်ရွာဘက် ကုန်းပေါ်မှာ အချင်းချင်း သေနတ်တွေ ချိန်နေကြတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ မေလ ၁၆ ရက်နေ့က နေ့လယ်ပိုင်းက…

Read More

မန္တလေးက ငလျင်ကယ်ဆယ်ရေးစခန်းတခုမှာ ငလျင်ကြောင့် သစ်ပင်ပိလို့ လူနှစ်ဦးသေဆုံး

မန္တလေး၊ မေ – ၁၈- ၂၀၂၅ SA(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အဘယာရာမရွှေဂူကျောင်းတိုက်အတွင်းက ငလျင်ကယ်ဆယ်ရေးစခန်းမှာ မနေ့ညက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ယာယီတဲပေါ်ကို သစ်ပင်ကြီးတပင်လဲကျခဲ့ပြီး သားအဖ နှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “အဲ့ဒီကျောင်းဝန်းထဲမှာ ငလျင်ဘေးဒုက္ခသည်စခန်း ယာယီတဲတွေက အပြည့်ပဲ ငလျင်လှုပ်ပြီး မကြာဘူး သစ်ပင်ကြီးပိလို့ သားအဖနှစ်ယောက်သေဆုံးခဲ့တာပါ” လို့ မဏိစလ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်မှာ လူလတ်ပိုင်း အမျိုးသားတဦးနဲ့ သားဖြစ်သူ အသက် လေးနှစ်ဝန်းကျင်ရှိ ကလေးတဦး(မ) သစ်ပင်ပိလို့ သေဆုံးခဲ့ပြီး ရုပ်အလောင်းတွေကိုတော့ မန္တလေးပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။ ရွှေကူကြီးကျောင်းဝန်းအတွင်းက ငလျင်ကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စု ၄၀၀ ကျော်က ယာယီတဲတွေနဲ့ ခေတ္တခိုလှုံနေတယ်လိုသိရပါတယ်။ မန္တလေးမြို့နဲ့ အနီးတဝိုက်မှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်နဲ့ နောက်ဆက်တွဲလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့်…

Read More

ငလျင်ဘေးသင့် ဒေသတွေမှာ အုတ်ဈေး အမြင့်မှာဆက်ရှိနေ

မေ ၁၈၊ ၂၀၂၅ Ms(VOM) ပျက်စီးဆုံးရှုံးရမှု များပြားခဲ့တဲ့ ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေလုပ်ရန် အခြေခံကျတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း တွေထဲ အုတ်ဈေးက ယခင်ထက်ပိုပြီး‌ ဈေးမြင့်တက်လာတယ်လို့ ဒေသခံတွေ ထံကသိရပါတယ်။ ဆောက်လုပ်ရေးသုံးပစ္စည်းဈေးကွက်အတွင်း ဘိလပ်မြေ၊ သံဈေးနှုန်းများနည်းတူ အုတ်ဈေးလည်း မြင့်တက်နေရာ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့ရတဲ့ အဆောက်အဦး တွေ ပြန်လည်တည်ဆောက်ရေးအတွက် အခက်ခဲတွေရှိနေတယ်လို့ဆိုပါတယ်။ ” အခုက ဆောက်လုပ်ရေးသုံးပစ္စည်း ဘယ်ပစ္စည်းမဆိုတက်ဈေးဖြစ်နေတယ်။ အခြေခံကျတဲ့ အုတ်နဲ့ဘိလပ်မြေတွေကနေ စပြီးဈေးတက်နေတော့ အိမ်ဆောက်မယ့်၊ အိမ်ပြန်ပြင်မယ့်သူတွေအတွက် စိန်ခေါ်မှုလိုဖြစ်နေတယ်၊သာမာန်အိမ်ဆောက်ဖို့ရည်ရွယ်ထားသူတွေအနေနဲ့ဆိုရင်တော့ ပစ္စည်းဈေးတက်ရင် နောက်ဈေးကျမယ့်အချိန် ပစ္စည်ပေါလာမယ့်အချိန်ကိုစောင့်ပြီးအိမ်‌ဆောက်ဖို့နောက်ရွှေ့‌လိုက်ရင်ရပြီလေ အခုဟာက ငလျင်ကြောင့် အိမ်ပျက်စီးသွားတာတွေက ပြန်မပြင်၊ ပြန်မဆောက်လို့မဖြစ်ဖူးလေ နေစရာမရှိရင်တော့ ရွေးချယ်စရာမရှိပဲ ပြန်ကိုဆောက်ရမှာ အဲ့ဒီတော့ အုတ်ဈေး၊ ဘိလပ်မြေဈေးတွေ အဆင်ပြေပြေလေးဖြစ်စေခြင်တယ်။ အခုတော့ အရင်ထက်ကိုနှစ်ဆနီးပါးတက်ပြနေတာက ဒုက္ခရောက်ပါတယ်ဆိုမှ ပိုခက်ခဲစေတာပေါ့”ဟု ပျဉ်းမနားမြို့က ဒေသခံတယောက်ကပြောပါတယ်။ ပြီးခဲ့တဲ့မတ်လ…

Read More

အမေရိကန်ကို ရောက်နေတဲ့ မက္ကဆီကိုရေတပ်သင်္ဘော နယူးယောက် ဘရွတ်ကလင်းတံတားကို ဝင်တိုက်

ဝါရှင်တန်၊ မေ-၁၈-၂၀၂၅ ရတီ(VOM) အမေရိကန်ကို ရောက်ရှိနေတဲ့ မက္ကဆီကိုရေတပ် လေ့ကျင့်ရေးသင်္ဘောကြီးဟာ နယူးယောက်မြို့ရှိ ဘရွတ်ကလင်းတံတားကို တိုက်မိပျက်စီးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီသင်္ဘောဟာ ဒေသစံတော်ချိန် စနေနေ့ညပိုင်းက ကျော်ကြားလှတဲ့ ဘရွတ်ကလင်းတံတားအောက်ကို ခုတ်မောင်းလာစဉ် ကြီးမားတဲ့ ရွက်တိုင်တွေနဲ့ တိုက်မိခဲ့ပါတယ်။ ရွက်တိုင်တွေရဲ့ အစိတ်အပိုင်းတွေဟာ ကုန်းပတ်ပေါ်ကို ပြုတ်ကျပြီးနောက် ဒဏ်ရာရသူတွေရှိတယ်လို့ တာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းဌာနတွေက ဆိုပါတယ်။ မက္ကဆီကို ရေတပ်ကလည်း သင်္ဘောပျက်စီးမှုကို အတည်ပြုထားပြီး အဖြစ်အပျက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။ ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးတုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ နယူးယောက်မီးသတ်ဌာနက ပြောပါတယ်။ လူ၂၂ ယောက်ဒဏ်ရာရခဲ့ပြီး သင်္ဘော သို့မဟုတ် တံတားပေါ်မှာ ထိခိုက်မှုအတိုင်းအတာ ဘယ်လောက်ရှိလဲဆိုတာကိုတော့ အာဏာပိုင်တွေက အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အခြေအနေကို အသေးစိတ် အကဲဖြတ်နေဆဲလို့ ဆိုပါတယ်။ နယူးယောက်မြို့တော်ဝန် အဲရစ်အဒမ်ဟာလည်း အခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့ပါတယ်။ မက္ကဆီကို…

Read More
VOM News

FREE
VIEW