ယူကရိန်းကို ခရုဇ်ဒုံးကျည်၊ ဒရုန်းရာပေါင်းများစွာနဲ့ ရုရှားတိုက်ခိုက်၊ ငါးယောက်သေပြီး ၈၀ ကျော်ဒဏ်ရာ

ကိဗ်ယက်၊ ဇွန်-၇-၂၀၂၅ မျိုးဆက်(VOM) ရုရှားလေတပ်စခန်းတွေကို ယူကရိန်းက အံ့အားသင့်ဖွယ်တိုက်ခိုက်မှုပြီးနောက် ရက်ပိုင်းအကြားမှာ ရုရှားဟာ ယူကရိန်းမြို့တော် ကိဗ်ယက်နဲ့ အခြားနေရာတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားဟာ ခရုဇ်ဒုံးကျည်၊ ဒရုန်းရာပေါင်းများစွာနဲ့ ပစ်ခတ်ခဲ့ပြီး လူငါးယောက်သေဆုံးကာ ၈၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်မှုတွေဟာ မြို့တော်ကိဗ်ယက်၊ မြောက်ပိုင်းရှိ ချာနီဟစ်ဗ်မြို့အပြင် အနောက်မြောက်ဘက်ရှိ လပ်စ်၊ တာနိုပေလ်မြို့တို့ကို ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ယူကရိန်းအစိုးရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေကို ပစ်မှတ်ထားခဲ့တာလို့ ရုရှားကပြောပါတယ်။ ရုရှားအစိတ်အပိုင်းတွေနဲ့ ကရိုင်းမီးယားဒေသမှာ ယူကရိန်းဒရုန်း ၁၇၄ စင်းကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားဒေသအမျာအပြားမှာ မကြာသေးမီက ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေအတွက် ပူတင်က လက်တုံ့ပြန်ဖို့ လုပ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးပြီးနောက်မှာ ဒီတိုက်ခိုက်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။…

Read More

ဖားကန့် ခွန်ဆာကုန်းအနီး ပေါက်ကွဲမှု ရုပ်အလောင်း ရှစ်လောင်း ရှာတွေ့

ဇွန် ၇၊ ၂၀၂၅ Shy V (VOM) ဖားကန့် ငြိမ်းချမ်းသာယာရွာ၊ ခွန်ဆာကုန်းအနီး ဇွန်လ ၆ ရက်ညက ပေါက်ကွဲမှုမှာ ရုပ်အလောင်း ရှစ်လောင်း ရှာဖွေတွေ့ရှိထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နေအိမ် နှစ်အိမ် ပေါ်မှာ တည့်တည့် လက်နက်ကျည်ကျတာကြောင့် အဖွားတယောက်ရယ်၊ အဲဒီ နှစ်အိမ်က အိမ်ရှင် အမျိုးသမီး နှစ်ယောက်ရယ်၊ အဲဒီ နှစ်အိမ်က သားသမီး လေးယောက် ရယ်လည်း သေဆုံးတဲ့ ထဲမှာပါတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ အလောင်းက ရှစ်လောင်း တွေ့ရှိထားပြီး ကလေးငယ် တယောက်လည်း ပါဝင်ကာ အလောင်းတွေကတော့ ဘယ်သူ ဘယ်ဝါဆိုတာတောင် ခွဲ ရခက်အောင် လောင်ထားတယ်လို့ သူက ပြောပါတယ်။ “ဇွန်လ ၆ ရက်နေ့ ည ၉ နာရီ…

Read More

မြောက်ကိုရီးယားမှာ အင်တာနက် ပြတ်တောက်နေ

ပြုံးယမ်း၊ ဇွန်-၇-၂၀၂၅ ရတီ(VOM) မြောက်ကိုရီးယားမှာ ဒီကနေ့ ဇွန် ၇ ရက် မနက်ပိုင်းကစပြီး အင်တာနက် အကြီးအကျယ်ပြတ်တောက်မှု ကြုံနေရကြောင်း မြောက်ကိုရီးယားအင်တာနက်လှုပ်ရှားမှုကို စောင့်ကြည့်နေတဲ့ ဗြိတိန်အခြေစိုက် သုတေသီတယောက်က ပြောပါတယ်။ ဒါဟာ ဆိုက်ဘာတိုက်ခိုက်မှုထက် စနစ်ချို့ယွင်းချက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ အဓိကသတင်းဝက်ဘ်ဆိုက်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေဟာ ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်ကြည့်ရှုလို့ မရတော့ကြောင်း ရိုက်တာသတင်းဌာနကလည်း ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားရဲ့ အင်တာနက်ဆက်သွယ်ရေးမှာ ကြီးကြီးမားမားပြတ်တောက်မှုတခု ဖြစ်ပေါ်နေပြီး တရုတ် သို့မဟုတ် ရုရှားက ဝင်ရောက်လာတဲ့ လမ်းကြောင်းအားလုံးကို ထိခိုက်နေတယ်လို့ မြောက်ကိုရီးယား အင်တာနက်စောင့်ကြည့်သူ ဗြိတိန်အခြေစိုက် သုတေသီ ဂျီနက်အလီက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ အင်တာနက်အဆောက်အအုံတခုလုံဟာ အင်တာနက်လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်တဲ့စနစ်တွေမှာ ပေါ်မလာတော့ဘူးလို့ သူကဆိုပါတယ်။ ဒါဟာ ရည်ရွယ်ချက်ရှိရှိလား မတော်တဆလားဆိုတာ ပြောရခက်ပေမယ့် သူ့စနစ်အတွင်းက ချို့ယွင်းတာဖြစ်နို်ငတယ်လို့ ပြောပါတယ်။…

Read More

မုတ်သုံလေအား ပြန်လည် ကောင်းလာနိုင်တဲ့အတွက် ရေကြီးရေလျှံ သတိပြုဖို့လို

ဇွန် ၇ – ၂၀၂၅ SN (VOM) မြန်မာနိုင်ငံမှာ လာမယ့်ရက်ပိုင်းအတွင်း မုတ်သုံလေအား ပြန်လည် ကောင်းလာနိုင်တဲ့အတွက် တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးကြီး၊ ရေလျှံမှုတွေ ထပ်ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ မနေ့ ဇွန် ၆ ရက်၊ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံ‌လေ အားကောင်းလာနိုင်မှုနဲ့ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် ဇွန် ၉ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။ “အခုကတော့ မုတ်သုံလေ အားလျော့နေတယ်။ ပြီးရင်တော့ ပြန်ကောင်းဖို့တော့ ရှိပါတယ်။ ဒါကြောင့် လာမယ့်ရက်တွေမှာတော့ မိုးပြန်အားကောင်းပြီးတော့ ရေကြီး၊ ရေလျှံတာတွေလည်း…

Read More

“ရေအရင်းအမြစ် ရေရှည်တည်တံ့ရေး အလေးထားဖို့ လိုပြီ”

    သွေး (စစ်ကိုင်း)   လူသားတွေရဲ့ အသက်ရှင်သန်နေထိုင်မှု အတွက် ရေဟာ မရှိမဖြစ် အရေးအကြီးဆုံးပါ။ သောက်သုံးဖို့ အတွက် သန့်ရှင်းတဲ့ရေ လိုအပ်သလို သုံးစွဲဖို့ အတွက်လည်း သင့်လျော်တဲ့ရေ လိုအပ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုနဲ့ အတူ နေ့စဉ်နဲ့အမျှ ရေရှားပါးမှု ဖြစ်စဉ်တွေနဲ့ ရင်ဆိုင်လာနေရတဲ့အတွက် ရေအရင်းအမြစ်တွေကို စနစ်တကျ ထိန်းသိမ်းသွား ရမှာပါ။   ကမ္ဘာကြီးတစ်ခုလုံး အတိုင်းအတာနဲ့ ကြည့်ရင်လည်း ရေချိုပမာဏက နည်းပါးပြီး ရေငန်ပမာဏက ပိုများနေတာပါ။ ဒါကြောင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုနဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ နိုင်ငံတွေ အများအပြားရှိနေပါတယ်။ မြန်မာနိုင်ငံမှာတော့ ရေချိုအရင်းအမြစ်ဖြစ်တဲ့ မြစ်ချောင်းတွေ အများအပြားရှိနေတာကြောင့် ရေချိုရရှိမှု ကြွယ်ဝ,တယ် လို့ ဆိုနိုင်ပါတယ်။ သို့ပေမဲ့ နွေရာသီရောက်ရင် သောက်သုံးရေရှားပါးမှုတွေ တွေ့ကြုံရပြီး မိုးရာသီမှာတော့ ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရတာက နှစ်စဉ်နှစ်တိုင်းပါ။…

Read More

ILO အရေးယူမှု ဘယ်ကို ဦးတည်လဲ

  AT   မြန်မာနိုင်ငံနဲ့ နစက ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) ရဲ့ ပုဒ်မ ၃၃ အရ အရေးယူဖို့ ဇွန်လ ၅ရက်က ပြုလုပ်တဲ့ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILO) ကနေ ဆုံးဖြတ်လိုက်ပါတယ်။   မြန်မာနိုင်ငံမှာ နစကဟာ အလုပ်သမား အခွင့်အရေးချိုးဖောက်တာ၊ အလုပ်သမား သမဂ္ဂတွေကို ဖိနှိပ်တာ၊ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီး အဓမ္မ လုပ်အားပေးခိုင်းစေတာတွေအတွက် အခု ဆုံးဖြတ်ချက်ကို ချမှတ်တာလို့ သိရပါတယ်။   မြန်မာနိုင်ငံကို ၂၀၀၀ ခုနှစ်မှာ ပုဒ်မ ၃၃ အရ ILO က အရေးယူပြီး စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ဖူးကာ ဒါဟာ ဒုတိယအကြိမ် ပုဒ်မ ၃၃နဲ့ အရေးယူခံရတာ ဖြစ်ပါတယ်။  …

Read More
VOM News

FREE
VIEW