သခွတ်ပန်းရှင်းတမ်း

ဆူးငှက် မြို့မငြိမ်းက ရာသီဘွဲ့ တေးသီချင်းများကို ရေးစပ်သည်။ ဒါပေမယ့် နွေဘွဲ့ မိုးဘွဲ့၊ ဆောင်းဘွဲ့ဆိုပြီး သိသိသာသာ ပေါ်ပေါ် တင်တင် ရေးစပ်တာမျိုး မဟုတ်ပါ။ ဥပမာ … စစ်ကိုင်းတောင် သီချင်းတွင်… ““…ဖူးငုံဝေ၊ ပုရစ်တံစီ၊ ညီတယ်လေ …၊ တဝေ၀…၊ လေပြေလေညင်း သွေးတော့၊ သင်းရနံ့ထုံပေ …၊ ရွက်သစ် လောင်းလို့၊ ဟောင်းရွက်ညှာကြွေ …ခါပေ၊ ယော်မြန်းရွက်ကျင်၊ ညိုလွင်မောင်းပြေပြေ…”” ဆိုတဲ့ အဖွဲ့မျိုးနဲ့ နွေသရုပ်ကို ပေါ်စေခဲ့သည်။ မိုးဆိုပါတော့၊ “ပျိုး” သီချင်းမှာ “ဖြိုင်ဖြိုင်မိုး ရွာသွန်သွန် ဖြိုးဝေ ဖြိုးဝေ … စွေမစဲ သဲသဲမဲမဲနေ…” ဆိုသည့် အဖွဲ့မျိုး ဖွဲ့သည်။ ဆောင်းဆိုပါတော့ …၊ “မြင်းခင်းတော်” သီချင်းမှာ “ငွေနှင်းမှုန်ရီ ဝေစီစီ …၊ မြောက်ပြန်လေညင်း၊ သွင်းတဲ့ လရာသီ…၊…

Read More

ပေါက်မြို့ဆီကို စစ်ကြောင်းဦးတည်လာတာကြောင့် ဒေသခံတွေ စစ်ဘေး တိမ်းရှောင်

ဇွန် ၈ – ၂၀၂၅ SN (VOM) မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်နယ်ကို ဦးတည်လာတဲ့ စစ်ကြောင်းကြောင့် အဲဒီ လမ်းကြောင်းတလျှောက်က ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ ပခုက္ကူမြို့မှ ခြေမြန်တပ်မ (တမခ – ၁၀၁) ဟာ ပေါက်မြို့နယ်ကို ဦးတည်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် ပခုက္ကူ – ပေါက် လမ်းမတလျှောက်ရှိ ကျေးရွာတွေက ဒေသခံပြည်သူ ဒေသခံ နှစ်သောင်းနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။ “တပ်မ ၁၀၁ က ဇွန် ၁ ရက်နေ့ကတည်းက ပခုက္ကူဘက်က ထွက်လာပြီး ရှင်းလင်းရေးလုပ်တာပေါ့။ အဲဒီ စစ်ကြောင်းက ပေါက်မြို့နယ်ဘက်ကို အင်အား အလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်လာတာ။ ကားတွေပေါ်မှာလည်း ရိက္ခာပစ္စည်းတွေ တင်လာတယ်။ လမ်းကြောင်း…

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဇွန် ၉ – ၂၀၂၅ SS (VOM) ဒီတပတ်မှာလည်း ကမ္ဘာ့ရွှေဈေးတွေ ဆက်လက် မြင့်တက်နေသလို ပြည်တွင်း ရွှေဈေးကလည်း လိုက်ပါ မြင့်တက်နေဆဲပါ။ အမေရိကန် ဒေါ်လာဈေးကတော့ အနည်းငယ် ပြန်ကျနေပါတယ်။ စက်သုံးဆီ ဈေးကွက်ထဲမှာတော့ ဆီအမျိုးအစားအားလုံး ဈေးဆက်ကျနေတာကို တွေ့ရပါတယ်။ အခြေခံ စားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စည်တချို့ ပုံမှန် အတက်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ဒီတပတ် ရွှေဈေးကွက်ထဲမှာတော့ ပြည်တွင်းရွှေဈေး သိန်း ၈၀ ကျော်ကို ရောက်ရှိလာတာ တွေ့ရပါတယ်။ ကမ္ဘာ့ရွှေဈေးကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကအတိုင်း ၃၃၀၀ ကျော်ဝန်းကျင်မှာ ရှိနေဆဲဖြစ်ပါတယ်။ “လက်ရှိ ပြည်တွင်းရွှေဈေးက ဒေါ်လာကြောင့်မဟုတ်ဘဲ ကမ္ဘာ့ရွှေဈေးကြောင့် မြင့်တက်နေတဲ့ သဘောပါ။ ဒီအချိန်မှာ ဒေါ်လာဈေးက ငြိမ်နေတော့ နည်းနည်း ခံသာတယ်ပြောရမယ်။ တနင်္လာနေ့ ဈေးကွက်အဖွင့်မှာလည်း ကမ္ဘာ့ရွှေဈေး ဆက်တက်နိုင်ခြေရှိနေတယ်။…

Read More

ဒီမိုကရက်တစ်တွေကို ငွေကြေးထောက်ပံ့ရင် အကျိုးဆက်မကောင်းဘူးလို့ အီလွန်မာ့ခ်ကို ဒေါ်နယ်ထရန့် သတိပေး

ဝါရှင်တန်၊ ဇွန်-၉-၂၀၂၅ မျိုးဆက်(VOM) လာမယ့်နှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းတွေကို ငွေကြေးထောက်ပံ့မယ်ဆိုရင် အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ အီလွန်မာ့ခ်ကို ဒေါ်နယ်ထရန့်က သတိပေးလိုက်ပါတယ်။ အခွန်ဖြတ်တောက်ခြင်းအပါအဝင် ရီပတ်ဘလီကန်ဦးဆောင်တဲ့ အသုံးစရိတ် ဥပဒေကြမ်းအပေါ် ဝေဖန်မှုကြောင့် ထရန့်နဲ့ အီလွန်မာ့ခ်တို့အကြား ဆက်ဆံရေး ဆိုးရွားနေပါတယ်။ အီလွန်မာ့ခ်ဟာ အမေရိကန်အစိုးရဌာနများ စွမ်းဆောင်ရည်ဌာနကို ဦးဆောင်ခဲ့ပြီး ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ရာထူးနေနုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ အီလွန်မာ့ခ်နဲ့ ဆက်ဆံရေး အဆုံးသတ်သွားပြီလို့လည်း ထရန့်ကပြောပါတယ်။ အီလွန်မာ့ခ်ဟာ သမ္မတရုံးကို မလေးမစားလုပ်တယ်လို့လည်း သူကဆိုပါတယ်။ ထရန့်ဟာ အီလွန်မာ့ခ်ဆီက ဝယ်ထားတဲ့ တက်စ်လာကားကိုတောင် ပြန်ရောင်းဖို့ စဉ်းစားနေတယ်လို့ အစိုးရအရာရှိအချို့က ပြောပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေမှာ ဒေါ်နယ်ထရန့်နဲ့ ရီပတ်ဘလီကန်တွေကို ဒေါ်လာသန်းရာနဲ့ချီအကုန်ခံကာ မဲဆွယ်စည်းရုံးပေးခဲ့ပါတယ်။ သူမပါရင် ဒေါ်နယ်ထရန့် ရွေးကောက်ပွဲ မနိုင်ဘူးလို့ အီလွန်မာ့ခ်က ဆိုထားပြီး ထရန့်က ကျေးဇူးကန်းတယ်လို့ ပြောပါတယ်။…

Read More

တောင်ကြီးမှာ ရေဆင်းချိုးရင်း ပျောက်ဆုံးသွားတဲ့ ကိုရင်နှစ်ပါးရဲ့ ရုပ်အလောင်း ပြန်တွေ့

ဇွန် ၉၊ ၂၀၂၅ ZY(VOM) တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ ၀င်္ကပါ ရေထွက် ရေကန်မှာ ဇွန်လ ၈ရက်၊ ညနေ ၃ နာရီခန့်ကရေဆင်းချိုးရင်း ရေနစ်ပျောက်ဆုံးသွားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ရတနာသီရီရပ်ကွက်က ကိုရင်နှစ်ပါးရဲ့ ရုပ်အလောင်းကို ၁၂နာရီအကြာမှာ ပြန်ရှာတွေ့ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ အဲဒီကိုရင်နှစ်ပါးရဲ့ ရုပ်အလောင်းကို မီးသတ်တပ်ဖွဲ့အပါအဝင် ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ခက်ခက်ခဲခဲ ရှာဖွေခဲ့ရပြီး ဒီကနေ့ ဇွန်လ ၉ရက်၊ မနက်အစောပိုင်းမှာတော့ ပြန်ရှာတွေ့ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ “မနက် ၃နာရီခွဲလောက်မှာ အလောင်းတွေပြန်တွေ့တယ်။ ရဲတပ်ဖွဲ့က စဝ်စံထွန်းဆေးရုံကို သယ်သွားတယ်။ တော်တော်လေးကို ခက်ခက်ခဲခဲရှာလိုက်ရတာ။ ကယ်ဆယ်ရေးအဖွဲ့တွေတောင် အဲဒီအောက်ကို ဆင်းလို့မရဘူး”လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က VOMကို ပြောပါတယ်။ ကိုရင်တွေ ရေဆင်းချိုး၊ ရေကူးနေချိန် ကိုရင်တပါးက ခြေချော်ကျတဲ့အတွက် တစ်ပါးက ဆွဲတင်စဉ်မှာ နှစ်ပါးစလုံး ရေနစ်မြှုပ်သွားတာဖြစ်ပြီး…

Read More

ရှမ်းပြည်တောင်ပိုင်းမှာ ၁၀ ရက်အတွင်း လိုင်စင်မဲ့ယာဉ် အစီးရေ ၁၅၀၀ ကျော် ဖမ်းဆီးခံရ

ဇွန် ၉၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ မေလ ၃၁ရက်ကနေ ဒီကနေ့ ဇွန်လ ၉ရက်၊ မနက်ပိုင်းအချိန်ထိ ၁၀ရက်တာကာလအတွင်း လိုင်စင်မဲ့ကား၊ ဆိုင်ကယ် အစီးရေ ၁၅၀၀ကျော် ဖမ်းဆီးခံထားရတယ်လို့ ယာဉ်ထိန်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ တောင်ကြီးအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းက မြို့တွေမှာ စီမံချက်ကြောင့်ဟုဆိုကာ လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေ မေလ ၃၁ရက်က စတင်ပြီး မြို့အဝင်အထွက် အပြင် မြို့တွင်းက လမ်းဆုံလမ်းခွ၊ လမ်းမကြီးတွေမှာ လိုက်လံဖမ်းဆီးခဲ့ရာ ကားအစီးရေ ၅၅၀ကျော်၊ ဆိုင်ကယ် အစီးရေ ၉၅၀ကျော်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ “အရင်လို ညှိပြီး ပြန်ထုတ်ပေးလို့ မရတော့ဘူး။ အခုက ဖမ်းပြီးတာနဲ့ တစ်ခါတည်း စာရင်းစစ်ချုပ်ရုံးကို ပို့ရတာ။ အရောင်းပြခန်းတွေပါ လိုက်စစ်ပေမယ့် တစ်စီးမှတော့ မဖမ်းမိဘူး။ သတင်းကြိုရလို့ ရှောင်ထားကြတာ ထင်တယ်။ လမ်းမတွေမှာတော့ စစ်ဆေးမှုတွေ…

Read More

ရှမ်း/မြောက်မှာ ကွင်းလမ်းတွေ ဆိုးရွားစွာပျက်စီးနေလို့ ကုန်ကားအများစု မပြေးဆွဲနိုင်

ဇွန် ၉၊ ၂၀၂၅ Shy V (VOM) ရှမ်း/မြောက်မှာ ကွင်းလမ်းတွေ ဆိုးဆိုးဝါးဝါး ပျက် နေလို့ လတ်တလော ကုန်ကား အများစု မပြေးဆွဲနိုင်ဘဲ ရပ်နားထားရကြောင်း ကုန်တင် ယာဉ်ပိုင်ရှင်တွေဆီက သိရပါတယ်။ “မန္တလေး – မြစ်ကြီးနားလမ်းက ပေကြီး ကွင်းလမ်းလည်း မိုးရွာထားတော့ ကုန်ကားတွေသွားလာလို့ မရသေးဘူး။ ဘယ်မှ သွားမရသေးလို့ ကားတွေ အကုန်ရပ်ထားတယ်။ တစ်စီးပဲ ကျင်စန်းကျော့ဘက် သွားနေတာ” လို့ ကုန်တင် ယာဉ် ပိုင်ရှင်တယောက်က ပြောပါတယ်။ လမ်းတွေလည်း ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေပြီး ကားတွေ သောင်တင်နေတာတွေ ရှိသလို မိုးရွာရင် ကားတွေ ထွန်စက်တွေနဲ့ပါ ဆွဲရတာတွေ ရှိပြီး မိုးရွာရင် ကွင်းလမ်းက သွားဖို့ လုံးဝ အဆင်မပြေဘူးလို့ သူက ပြောပါတယ်။ မြောက်ပိုင်း လမ်းကလည်း နမ့်လန်လမ်းက ကုန်ကားတွေ…

Read More

ဂျပန်ရေပိုင်နက်ထဲကို တရုတ်လေယာဉ်တင်သင်္ဘောအုပ်စု ပထမဆုံးအကြိမ် ဝင်ရောက်

တိုကျို၊ ဇွန်-၉-၂၀၂၅ ရတီ(VOM) ဂျပန်အထူးစီးပွားရေးဇုန် ရေပြင်ထဲကို တိုက်လေယာဉ်တွေပါဝင်တဲ့ တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုဟာ ယခုသီတင်းပတ်ကုန်ပိုင်းက ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ တိုက်လေယာဉ်တွေပါဝင်တဲ့ အဲဒီလေယာဉ်တင်သင်္ဘောအုပ်စုဟာ စစ်ရေးလေ့ကျင့်ခန်းမတိုင်မီ ဝင်ရောက်ခုတ်မောင်းခဲ့တာဖြစ်ပြီး လေယာဉ်တင်သင်္ဘော လျောင်နင်း၊ ဖျက်သင်္ဘောနှစ်စင်းနဲ့ အမြန်တိုက်ခိုက်ရေး ရေယာဉ်တစင်းတို့ ပါဝင်ပါတယ်။ ဂျပန်အရှေ့ဖျားပိုင်း မီတာမီတိုရီကျွန်းရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာမှာ ဇွန် ၇ ရက်က ခုတ်မောင်းခဲ့တာလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ ဂျပန်အထူးစီးပွားရေးဇုန် ရေပိုင်နက်အတွင်းသို့ တရုတ်လေယာဉ်တင်သင်္ဘောတစင်း ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းလည်းဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ တရုတ်စစ်တပ်ဟာ ဒေသတွင်းစစ်ဆင်ရေးတွေမှာ သူ့ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ကြိုးပမ်းနေတယ်လို့ သူကပြောပါတယ်။ ရေပိုင်နက်အတွင်း သင်္ဘောဝင်ရောက်မှုနဲ့ပတ်သက်ပြီး ဂျပန်အစိုးရဟာ တရုတ်အစိုးရထံ သင့်တော်သော အကြောင်းကြား ကန့်ကွက်မှု ပြုလုပ်ခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး…

Read More

ရွှေပြည်သာ Rum Yang အထည်ချုပ်စက်ရုံ အလုပ်သမားတွေ လစာတိုးမြှင့်ရေး ဆက်လက်တောင်းဆို

ဇွန် ၉ – ၂၀၂၅ SN (VOM) ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ မဟာမြိုင်လမ်းရှိ Rum Yang (Myanmar) အထည်ချုပ်စက်ရုံမှာ လုပ်ခလစာ တိုးမြှင့် တောင်းဆိုနေတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်တို့ကြား ပဋိပက္ခတွေ ဖြစ်ပွားနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေနဲ့ အလုပ်သမားတွေဆီက သိရပါတယ်။ Rum Yang အထည်ချုပ်စက်ရုံဟာ TEERANOVA ၊ AMISU အမှတ် တံဆိပ်တွေ ချုပ်လုပ်တဲ့ စက်ရုံဖြစ်တယ်လို့ သိရပြီး လက်ရှိမှာတော့ စက်ရုံလုပ်သားတွေဟာ ဒေးကြေး တသောင်းသုံးထောင်ကျပ်၊ အချိန်ပိုကြေး ၂၅၀၀ ကျပ်၊ ရက်မှန်ကြေး ခြောက်သောင်းကျပ် တိုးမြှင့်ပေးဖို့နဲ့ Grade ကြေး ညှိပေးဖို့ ပြီးခဲ့တဲ့ ဇွန် ၆ ရက်နေ့ကတည်းက တောင်းဆိုနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။ “ဒီမနက်မှာ လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆို…

Read More
VOM News

FREE
VIEW