ဆူးငှက် နောက်ထပ် မနက်စောစောထဖြစ်သော ဖြစ်ရပ်တချို့မှာ နှစ်စဉ် နှစ်တိုင်း မတ်လ၌ကျင်းပသည့် စာမေးပွဲကြီးများရက်အတွင်း ကရောသော ပါး၊ ဖုတ်ပူမီးတိုက်၊ အူလျားဖားလျား၊ အပြေးအလွှားမို့ မနက်(၅) နာရီလောက် နှိုးစက်လေးနှင့် လူးလဲထပြီး လက်ပူတိုက် စာကျက်ရခြင်း ဖြစ်ပါသည်။ မနက်(၈)နာရီ စာမေးပွဲခန်းအရောက် ပြေးရဦးမှာမို့ ထို နှစ်နာရီမျှရသော အချိန်သည် နည်းပါးလှ၏။ ကုန်ခဲ့သောအချိန်များကိုလည်း နှမြောတသမိပါ၏။ သို့သော် ထန်းရည်မူးသူတစ်ဦး အမူးပြေတော့ ထန်းပင်မော့ကြည့်သူပမာ စာမေးပွဲပြီး ပွတ်ကာသီကာအောင်ပြီး အတန်း တက်ရတော့ တစ်နေ့စာ တစ်နေ့ကျက်ဖို့နေသာ ခွေးမြီးကောက် ကျည်တောက်စွပ်ပမာ အလေနတော ကိစ္စဘက် ထုံးစံအတိုင်း ဦးလှည့်သွား ပြန်တော့၏။ ထူးမခြားနား။ မကြာမီ ကျွန်တော်သည် ဝတ္ထုတစ်ပုဒ်ကို မှတ်မှတ်ရရ မိုးဝေ မဂ္ဂဇင်းတွင် ဖတ်လိုက်ရ၏။ ၁၉၇၆ မေ။ ထိုဝတ္ထုကို ဖတ်လိုက်ရသောအခါ ကျွန်တော့်တွင် အဆင်သင့်ရှိနေသော၊…
Read MoreDay: August 5, 2025
ဩစတြေးလျ ရေတပ်အတွက် ဂျပန်ရဲ့ အဆင့်မြင့် စစ်သင်္ဘော ၁၁ စီးဝယ်ယူမယ်
ဆစ်ဒနီ၊ ဩဂုတ်-၅-၂၀၂၅ ရတီ(VOM) ဩစတြေးလျရေတပ်ကို ဂျပန်အခြေစိုက် Mitsubishi Heavy Industries က တည်ဆောက်မယ့် မိုဂါမီ အမျိုးအစား စစ်သင်္ဘော ၁၁ စီးနဲ့ အဆင့်မြှင့်တင်မယ်လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလက်စ်က ပြောပါတယ်။ ၂၀၂၃ခုနှစ်က ကြေညာခဲ့တဲ့ အဓိကစစ်ရေးပြုပြင်ပြောင်းလဲမှုအရ ဩစတြေးလျဟာ တရုတ်ရေတပ်အင်အားကို ပိုထိရောက်စွာတုံ့ပြန်နိုင်ဖို့ တာဝေးပြေးဒုံးပစ်စွမ်းရည်တွေဘက်ကို အာရုံစိုက်လာနေပြီး လာမယ့် ၁၀နှစ်အတွင်း အဓိကစစ်သင်္ဘောအရေအတွက်ကို ၁၁စီးကနေ ၂၆စီးအထိ တိုးချဲ့ဖို့ ကြိုးစားနေပါတယ်။ “ဒါဟာ ဂျပန်နဲ့ဩစတြေးလျကြား အခုထိလက်မှတ်ထိုးခဲ့တဲ့ အကြီးမားဆုံး ကာကွယ်ရေးစက်မှုလုပ်ငန်း သဘောတူညီမှုဖြစ်တယ်”လို့ မာလက်စ်က ဒေါ်လာ ခြောက် ဘီလီယံတန် သဘောတူညီချက်နဲ့ပတ်သက်ပြီး ပြောပါတယ်။ Mitsubishi Heavy Industries ကို ဂျာမနီက ThyssenKrupp Marine Systems ထက် ဒီလုပ်ငန်းအတွက် ရွေးချယ်လိုက်တာဖြစ်ပြီး ဩစတြေးလျအတွက် အသင့်တော်ဆုံးစွမ်းရည်ကို အခြေခံပြီး…
Read Moreအစိုးရအဆက်ဆက် ကျားဖောင်ရေလုပ်ငန်းတွေကို ထိထိရောက်ရောက်မထိန်းချုပ်နိုင်သေး
ဩဂုတ် ၅ – ၂၀၂၅ KKO(VOM) ကျားဖောင်ရေလုပ်ငန်းတွေကို မြန်မာအစိုးရအဆက်ဆက်ကထိထိရောက်ရောက်မနှိမ်နင်း၊မထိန်းချုပ်နိုင်သေးဘူးလို့ ဒေသခံတွေနဲ့ လေ့လာသုံးသပ်သူတွေက VOM ကို ပြောပါတယ်။ ကျားဖောင်ရေလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာယနေ့ကာလအထိတွင်တွင်ကျယ်ကျယ်ရှိနေပြီး ဧရာဝတီတိုင်းထဲမှာအများဆုံးရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ကျားဖောင်ကိစ္စနဲ့ ပတ်သက်ပြီးပြောရပါက ပြည်တွင်းတရားဥပဒေစိုးမိုးမှုရှိပါတယ်ဆိုတဲ့နေရာမှာတောင် လူကုန်ကူးနေကြတာကိုငြင်းလို့မရဘူးလို့ လေ့လာသုံးသပ်သူ ပြည်တွင်းရှိ ဝါရင့်သတင်းစာဆရာတယောက်က သူရဲ့အမြင်ကို အခုလို သုံးသပ်ပြောပြပါတယ်။ “မြန်မာအစိုးရအဆက်ဆက်ကလည်းဒါကိုထိထိရောက်ရောက်မနှိမ်နင်းနိုင်ခဲ့ပါဘူး။ကျားဖောင်ကိစ္စနဲ့ပတ်သက်ပြီးပြောရရင်ပြည်တွင်းတရားဥပဒေစိုးမိုးမှုရှိပါတယ်ဆိုတဲ့နေရာမှာတောင်လူကုန်ကူးနေကြတယ်ဆိုတာကိုပြဆိုနေတာငြင်းမရပါဘူး။လူမသိသူမသိဘဲနဲ့ပျောက်ကွယ်သွားရတဲ့အဖြစ်အပျက်တွေအတွက်ဘယ်သူကတာ၀န်ခံပေးကြမှာပါလဲ၊ဒါကမေးခွန်းထုတ်စရာကောင်းတယ်”လို့ သူက VOM ကို ပြောပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်းက အွန်လိုင်းပေါ်မှာပျံ့နှံ့လာခဲ့တဲ့ ကျားဖောင်ပေါ်ကလူကြီးပိုင်းအရွယ်ရေလုပ်သားတယောက်ကိုလူမဆန်စွာညှင်းပန်းနှိပ်စက်ခဲ့တဲ့ကိစ္စဟာလည်းလူ့အဖွဲ့ အစည်းနဲ့ လူ့အသိုင်းအဝိုင်းကမှာ အတော်လေးကိုထိတ်လန့်စရာသတင်းတခုဖြစ်ခဲ့ပါတယ်။ ဒါအပြင်လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း ကျားဖောင်ပေါ်မှာရောင်း စားခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်နောက် ဆုံးနှစ်ကျောင်းသားတယောက်ရဲ့ အဖြစ်အပျက်ကလည်းဟိုးလေးတ ကျော်ဖြစ်ခဲ့ရပါတယ်။ ဒေသအခေါ်ကျားဖောင်လို့ အလွယ်ခေါ်ကြတဲ့ ငါးဖမ်းလုပ်ငန်းတွေဟာ အမှုအခင်းတွေအများဆုံးဖြစ်ပွားရာ နေရာဌာနလို့ဆိုရမှာဖြစ်ပြီး ကျားဖောင်တွေပေါ်က အမှုအခင်းများစွာကလည်းအစပိုင်းမှာသာဟိုးလေးတကျော်ဖြစ်ခဲ့ကြပေမယ့်၊နောက်ဆုံးမှာတော့ ကျားဖောင်ကိစ္စတွေက အဖျားရှုးပျောက်ကွယ်သွားတတ်ကြတာကများတယ်လို့ လေ့ လာသုံးသပ်သူတွေက ဆိုပါတယ်။ “ကျားဖောင်တွေကိုစည်းကမ်းတကျကြပ်မတ်ထိန်းသိမ်းပေးရမယ်ထင်တယ်။မျှားနောက်လိုက်တာထက်မျှားပစ်သူကိုရှင်းမှနောက်…
Read Moreကျောက်ကြီး နဲ့ မူးမြို့နယ်မှာ ကျေးရွာ ၁၃၇ ရွာ ရေဘေးသင့်နေပြီး စပါးဧက ၃၅၀၀၀ ပျက်စီးကာ ကျောင်းတွေလည်း ပိတ်ထားရ
ဩဂုတ် ၅ ၊ ၂၀၂၅ GG (VOM) ပဲခူးတိုင်းအတွင်းရှိ ကျောက်ကြီးမြို့နယ်ခေါ် လယ်ဒိုမြို့နယ် နဲ့ မူးမြို့နယ်တို့မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၁၃၇ ရွာအထိ ရေဘေးသင့်နေပြီး စပါးစိုက်ဧက သုံးသောင်းခွဲ လောက်အထိ ရေလွှမ်းမိုးပျက်စီးခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ရေနစ်မြုပ်မှုကြောင့် စာသင်ကျောင်းပေါင်း ၅၅ ကျောင်းကိုလည်း ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ပိတ်ထားရသလို လူနေအိမ် ၁၄ လုံးလည်း ရေစီးနဲ့အတူမျောပါ ပျက်စီးသွား တယ်လို့သိရပါတယ်။ မိုးရွာသွန်းမှုများပြီး စစ်တောင်းမြစ်ရေ တိုးလာမှုကြောင့် မြစ်ကမ်းနံဘေးကျေးရွာတွေနဲ့ အနိမ့်ပိုင်းနေရာတွေ ၊ မြစ်ချောင်းဘေး နေရာတွေမှာ ရေကြီးမှုဒဏ်ကို ကြုံတွေ့နေရတာဖြစ်တယ်လို့သိရပါတယ်။ ” အခုရေတက်နေတဲ့နေရာတွေက မြစ်ကမ်းဘေးတို့ မြေအနိမ့်ပိုင်းတို့ပါ။ မြစ်ရေတက်တော့ ရေထောက်လာပြီး ရွာတွေထဲအထိဝင်ရောက်တာပါ။အဲဒီဘက်တွေမှာ ရေကြီးတာက ကြာပြီ ။နှစ်ပတ်လောက်ကိုရှိပြီ။ ခုထိမရေမကျသေးဘူး။ တချို့နေရာတွေကတော့ ဒူးခေါင်းလောက်ပဲရှိတော့တယ်။ တချို့နေရာတွေကလည်းခါးလောက်တော့ရှိသေးတယ်။” လို့ကျောက်ကြီး ဒေသခံကပြောပါတယ်။ ကျောက်ကြီးမြို့နယ်မှာတော့…
Read Moreရေကြီးမှုအခြေအနေ ပိုဆိုးရွားလာနိုင်လို့ အင်းလေးကန်အတွင်းက နုံးမြေတွေကို အမြန်ဆယ်ယူဖို့ လို
ဩဂုတ် ၅ – ၂၀၂၅ SN (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေကြီးမှုအခြေအနေ ပိုမို ဆိုးရွားလာနိုင်တာကြောင့် အင်းလေးကန်အတွင်းက နုံးမြေတွေကို အမြန်ဆုံး ဆယ်ယူဖို့ လိုပြီး နိုင်ငံတော်အဆင့် ဆောင်ရွက်မှသာ အဆင်ပြေနိုင်မယ်လို့ အင်းလေးကန် ထိန်းသိမ်းရေး (Save the Inle Lake) ရဲ့ တွဲဘက်အတွင်းရေးမှူးဖြစ်သူ ဦးညီညီထွန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကလော၊ အောင်ပန်း၊ ပင်လောင်း၊ တောင်ကြီး၊ ညောင်ရွှေ စတဲ့ မြို့နယ်တွေမှာ ရေကြီး၊ ရေလျှံခဲ့တဲ့အတွက် အဆိုပါ မြို့နယ်တွေက တောင်ကျရေတွေဟာ အင်းလေးကန်အတွင်း စုပေါင်း ရောက်ရှိလာတာကြောင့် ရေကြီးမှု ပိုမို ဆိုးရွားလာခြင်း ဖြစ်တယ်လို့ ဦးညီညီထွန်းက ပြောပါတယ်။ “အခု အင်းလေးဒေသ…
Read Moreယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်နေရ
ဩဂုတ် ၅ – ၂၀၂၅ SN (VOM) ယာယီသမ္မတ ဦးမြင့်ဆွေဟာ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာ အခြေအနေကြောင့် အမှတ် (၂) စစ်ဆေးရုံကြီး၊ ခုတင် ၁၀၀၀ အထူးကြပ်မတ် ကုသဆောင်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (ကာလုံ) သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီကနေ့ ဩဂုတ် ၅ ရက်၊ ညနေပိုင်းမှာ သတင်း ထုတ်ပြန်ပါတယ်။ ယာယီသမ္မတ ဦးမြင့်ဆွေဟာ ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစတင်ကာ လှုပ်ရှားရာမှာ တုန့်နှေးခြင်းနဲ့ အစာအာဟာရ စားသုံးနိုင်မှု အားနည်းလာခြင်းတို့ကို စတင် ခံစားခဲ့ရတာ ဖြစ်တဲ့အတွက် အထူးကု ဆရာဝန်ကြီးတွေ ပါဝင်တဲ့ အထူးဆေးကုသမှုအဖွဲ့မှ ကျန်းမာရေး စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကျန်းမာရေး စမ်းသပ် စစ်ဆေးချက်တွေအရ အာရုံကြောတွေ နှေးကွေးတုန့်ဆိုင်းတဲ့ ရောဂါ…
Read More