ဆူးငှက် တကယ်တော့ မန္တလေးသည် တစ်ချိန်က စာနယ်ဇင်းထုတ်ဝေမှု ရေခံမြေခံ အားကောင်းမောင်းသန်ခဲ့ရာ ဘူမိနက်သန် ဖြစ်ခဲ့ဖူးပါ သည်။ လက်လှမ်းမီသလောက် ပြောရလျှင်ပင် (၁၈၇၄) ခုနှစ်က ရတနာပုံနေပြည်တော် သတင်းစာ၊ (၁၈၈၆) ခုနှစ်က မန္တလေးတိုင်း သတင်းစာ၊ (၁၈၉၉) ခုနှစ်က အထက်ဗမာပြည်ဂေဇက်၊ (၁၉ဝဝ) ပြည့်နှစ်က ဗမာ့တာရာသတင်းစာ၊(၁၉ဝ၃) ခုနှစ်က မြန်မာ့ဟိတကာရီသတင်းစာ၊ (၁၉၀၇) ခုနှစ်က ဘာမား ခရစ်တစ် သတင်းစာ၊ (၁၉၁၁) ခုနှစ် ရတနာပုံမဂ္ဂဇိန်၊ (၁၉၁၇) ခုနှစ်က စီပီမဂ္ဂဇင်း၊ (၁၉၂၀) ခုနှစ်က တိုင်းချစ်သတင်းစာ၊ (၁၉၂၁) ခုနှစ်က နေပြည်တော်ဂျာနယ်နဲ့ ဟုမ္မရူး သတင်းစာ၊ (၁၉၂၂) ခုနှစ်က ရှေ့သွားခေါင်းဆောင်သတင်းစာ၊ (၁၉၂၇) ခုနှစ်မှာ မန္တလေးသူရိယနဲ့ မြန်မာ့ဦးစွန်း၊ (၁၉၄ဝ) ခုနှစ်မှာ ကြီးပွားရေး ဂျာနယ်၊(၁၉၄၅) ခုနှစ်မှာ လူထုဂျာနယ်၊…
Read MoreDay: August 13, 2025
ယူကရိန်းနယ်မြေတွေကို အင်အားသုံး ပြောင်းလဲတာမလုပ်ဖို့ ဥရောပခေါင်းဆောင်တွေ သတိပေး
ဘရပ်ဆဲလ်၊ ဩဂုတ်-၁၃-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းနယ်နိမိတ်တွေကို အင်အားနဲ့ပြောင်းလဲတာနဲ့ပတ်သက်ပြီး ဥရောပခေါင်းဆောင်တွေက ကန့်ကွက်သတိပေးလိုက်ပါတယ်။ ရုရှားသမ္မတပူတင်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ ယူကရိန်းအရေး ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် သုံးရက်အလိုမှာ အခုလိုက် သတိပေးလိုက်တာပါ။ ဥရောပခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်မှာတော့ “ယူကရိန်းပြည်သူတွေအနေနဲ့ သူတို့အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိရမယ်” လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် နယ်မြေစိုးမိုမှု ဆိုတဲ့ အခြေခံမူတွေကို လိုက်နာရမှာဖြစ်ပြီး နိုင်ငံတကာနယ်နိမိတ်တွေကို အင်အားသုံးပြောင်းလဲခြင်း မလုပ်ရ လို့ ဆိုပါတယ်။ ဒီကြေညာချက်ကို ဥရောပသမဂ္ဂဝင် ၂၇ နိုင်ငံထဲက ၂၆ နိုင်ငံက ခေါင်းဆောင်တွေ လက်မှတ်ထိုးထားပါတယ်။ လက်မှတ်မထိုးတဲ့ တဦတည်းသော ခေါင်းဆောင်ကတော့ ဟန်ဂေရီခေါင်းဆောင် ဗစ်တာအော်ဘန် ဖြစ်ပါတယ်။ သူဟာ ရုရှားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး ယူကရိန်းအတွက် ဥရောပသမဂ္ဂရဲ့ ထောက်ပံ့မှုတွေကို မကြာခဏ တားဆီးခဲ့ပါတယ်။ ကြေညာချက်ဟာ ဥရောပခေါင်းဆောင်တွေရဲ့ စိုးရိမ်မှုကို ထင်ဟပ်စေပြီး ရုရှားရဲ့…
Read Moreစိတ်သဘောထားချင်း မတိုက်ဆိုင်တော့လို့ PPP ပါတီကနေ နုတ်ထွက်တာလို့ အထွေထွေအတွင်းရေးမှူးတာဝန်ယူခဲ့သူ ဒေါက်တာမျိုးဆက်သွေး ပြော
ဩဂုတ် ၁၃ – ၂ဝ၂၅ KKO(VOM) ပါတီအတွင်းစိတ်သဘောထားချင်းမတိုက်ဆိုင်တော့လို့သာ နှုတ်ထွက်ရခြင်းဖြစ်ပြီး ပါတီအပေါ် မုန်းတီးလိုစိတ်၊မနာလိုစိတ်နဲ့အခြားသောအကြောင်းအရာတွေမရှိခဲ့ဘူးလို့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ရဲ့အထွေ ထွေအတွင်းရေးမှူး ရာထူးတာဝန်ကနေ နှုတ် ထွက်ခဲ့သူ ဒေါက်တာမျိုးဆက်သွေးက VOM ကို ပြောပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကနေနှုတ်ထွက်သည်ဆိုတဲ့ တရားဝင်နှုတ်ထွက်စာကိုလည်း အခုဩဂုတ်လ ၁ဝ ရက်နေ့က ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီထံသို့တရားဝင်တင်ပြပေးအပ်ခဲ့ပြီးဖြစ်တယ်လို့လည်း ဒေါက်တာမျိုးဆက်သွေးက ပြောပါတယ်။ အဲဒီနှုတ်ထွက်စာကိုလည်း ဒေါက်တာမျိုးဆက်သွေးက သူရဲ့လူမှုကွန်ရက် Facebook စာမျက်နှာတွင် တင်ခဲ့ပြီး စာတွင်ဒေါက်တာမျိုးဆက်သွေး ပြည်သူ့ရှေ့ဆောင်ပါတီဝင်အမှတ်(A – 000025)သည် ပါတီဝင်အဖြစ်မှ နှုတ်ထွက်လိုပါသောကြောင့် နှုတ် ထွက်ခွင့်ပြုဖို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။ “ပါတီဆိုတာက သဘောသဘာ၀မတူတဲ့သူတွေနဲ့ စုဖွဲ့ထားတာ ဖွဲ့စည်းထားတာပါ။ပါတီအတွင်းမှာ ရည် ရွယ်ချက်တွေ မူဝါဒတွေရပ်တည် ချက်တွေညှိနှိုင်းရတာတွေရှိပါတယ်။ပါတီအတွင်းမှာ ကြိုစားပုံကြိုးစားနည်း လုပ်ပုံလုပ်နည်း၊တွေးပုံခေါ်ပုံဒါလေးတွေသဘောထားမတိုက်ဆိုင်တာတွေရှိလာတယ်။တော်တာ်များများနဲ့ စိတ်သဘောထားချင်းမတိုက်ဆိုင်တာများလာတယ်။အဓိက ပါတီရဲ့ရပ်တည်ချက်နဲ့လုပ်ပုံကိုင်ပုံတွေရပ်တည်ချက်တွေကကျွန်တော်သွားချင်တဲ့နိုင်ငံရေးလမ်းကြောင်းနဲ့ နည်းနည်းလေး မတိုက်ဆိုင်တာများလာတယ်။ပါတီတွင်းအလုပ်လုပ်တဲ့နေရာမှာတယောက်နဲ့တယောက်လုပ်ပုံကိုင်ပုံတွေအဆင်မပြေတဲ့အခါမှာရေရှည်ကျွန်တော်ဆက်လုပ်လို့မရဘူးလို့ယူဆလို့ထွက်တာပါ။အခြားပုဂ္ဂိုလ်ရေးအရအမုန်းပွားတာမကျေနပ်တာတွေမဟုတ်ပါဘူး၊မရှိပါဘူး”လို့ ဒေါက်တာမျိုးဆက်သွေးက ဆက်ပြီး ပြောပြခဲ့ပါတယ်။…
Read Moreကုန်ပစ္စည်း ၃၅ မျိုးကို ပြည်ပကနေ တင်သွင်းခွင့် ယာယီပိတ်တဲ့ညွှန်ကြားချက် ထွက်ပေါ်လာတဲ့အပေါ် ဝေဖန်မှုတွေရှိ
သြဂုတ် ၁၃ ၊၂၀၂၅ GG (VOM) လူသုံးကုန် ၊ စက်ပစ္စည်း ၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန် ၊အိမ်ဆောက်ပစ္စည်းအပါအဝင် ကုန်ပစ္စည်းအမျိုးပေါင်း ၃၅ မျိုးကို နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ပြည်ပကနေ တင်သွင်းခွင့် ယာယီပိတ်လိုက်ကြောင်း စာတစောင် လူမှုကွန်ယက် မှာပျံ့နှံ့နေတာတွေ့ရပါတယ်။ တင်သွင်းခွင့်ယာယီပိတ်လိုက်တဲ့ ကုန်ပစ္စည်းတွေထဲမှာ ခြေညှပ်ဖိနပ် ၊ အုန်းနို့ (စားသောက်ကုန်) ၊ ဘတ္ထရီ ၊ အမွှေးတိုင် ၊ ဖျာ ( လူသုံးကုန်) ၊ ခေါက်ဆွဲနဲ့ ကြာဇံ ၊ကားတာယာ ၊ ချိုချဥ် (သကြားလုံး) ၊ ဘီစကစ် ၊ ပဲငံပြာရည် ၊ ကော်ဖီစေ့ နဲ့ကော်ဖီမှုန် အပါ လက်ဖက်ခြောက် ၊ဘူဒိုဇာ နဲ့ ကရေဒါအပါ ဝှီးလုတ်ဒါ ၊ လူကြီးသုံးဒိုက်ဘာ၊သစ်သီးမျိုးစုံ၊သွားတိုက်တံနဲ့သွားတိုက်ဆေးအပါဆပ်ပြာ၊ငှက်သိုက်၊ တစ်ရှူး၊အင်ဂျင်ဝိုင်၊ကြက်အူချောင်း…
Read Moreတောင်ကိုရီးယား သမ္မတဟောင်းကတော် ဖမ်းဆီးထိန်းသိမ်းခံရ
ဆိုးလ်၊ ဩဂုတ်-၁၃-၂၀၂၅ ရတီ(VOM) ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ရဲ့ ဇနီးဖြစ်သူကို စတော့ဈေးကွက်လှည့်ဖြားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေအပါအဝင် စွဲချက်အမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ဆိုးလ်မြို့မှာ အင်္ဂါနေ့က လေးနာရီကြာ တရားရုံးမှာ အကြားနာခံစဉ် သမ္မတဟောင်းဇနီး ကင်ခွန်ဟီးက စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပေမယ့် တရားရုံးက သက်သေခံပစ္စည်းတွေ ဖျက်စီးနိုင်ခြေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခွင့်ပြုချက် ထုတ်ပေးလိုက်ပါတယ်။ တောင်ကိုရီးယားမှာ သမ္မတဟောင်းတွေ အမှုတွေရင်ဆိုင်ရပြီး ထောင်ကျတဲ့ သမိုင်းရှိပေမယ့် သမ္မတဟောင်းနဲ့ သမ္မတဇနီးဟောင်း နှစ်ဦးစလုံး ဖမ်းဆီးထိန်းသိမ်းခံရတာကတော့ ဒီတစ်ကြိမ်မှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။သမ္မတယွန်ဆွတ်ခ်ယိုးလ်ကိုတော့ ပြီးခဲ့တဲ့နှစ်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုနဲ့ ဇန်နဝါရီလမှာ ဖမ်းဆီးခဲ့ပြီး ရားထူးက ဖြုတ်ချကာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အမှုစစ်တွေရဲ့ပြောကြားချက်အရ ၅၂ နှစ်အရွယ် ကင်ခွန်ဟီးဟာ တောင်ကိုရီးယားက BMW ကားရောင်းဝယ်ရေးကုမ္ပဏီ Deutsch Motors ရဲ့ စတော့တွေနဲ့ပတ်သက်တဲ့ ဈေးနှုန်းလှည့်စားမှုစီမံကိန်းမှာ ပါဝင်ခဲ့ပြီး ဝမ်…
Read Moreစစ်ကိုင်းတိုင်းက မြို့နယ် ၁၀ မြို့နယ်ကျော်ကို နလအတပ်တွေ တပြိုင်တည်းထိုးစစ်ဆင်နေ
ဩဂုတ် ၁၃ ၊ ၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်ကျော်ကို နလအဘက်မှ တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းတွေကပြောပါတယ်။ စစ်ကိုင်း၊ရွှေဘို ၊ရေဦး ၊ ကလေး၊ တမူး၊ မုံရွာ ၊ ပုလဲ၊အရာတော်၊ ချောင်းဦး၊ ဝက်လက်၊ ကန့်ဘလူ၊ တန့်ဆည် မြို့နယ်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်လောက်ကတည်းက ယခုဩဂုတ်လ ဒုတိယပတ်အထိ နလအ မှ မြေပြင်ထိုးစစ်အပြင် တချို့ဒေသတွေကို လေကြောင်းပစ်ကူနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်တယ်လို့သိရပါတယ်။ ” ထိုးစစ်ဆင်လာတာတော့ဟုတ်တယ်။တချို့နေရာတွေဆို တိုက်ပွဲမရှိဘဲ လေကြောင်းကြဲတာရှိတယ်။မြေပြင်မှာလည်း စစ်ကြောင်းထိုးပြီးနယ်မြေရှင်းလင်းတာတွေလုပ်နေတာရှိတယ်။ပြီးခဲ့တဲ့ရက်ကဆိုရင် စစ်ကိုင်းက တမူးဘက်လည်း တိုက်ပွဲတွေဖြစ်နေတယ်။ရွေးကောက်ပွဲမတိုင်ခင်ကို နယ်မြေထိန်းချုပ်နိုင်အောင် ထိုးစစ်ဆင်လာတဲ့သဘောရှိတယ်။နယ်မြေစိုးမိုးနိုင်ပြီး အေးချမ်းမှအဲဒီဒေသတွေမှာ ရွေးကောက်ပွဲက ကျင်းပနိုင်မှာ။စစ်ကိုင်းတိုင်းက ပြောရရင် PDF အဖွဲ့စုံရှိတယ်။နေရာတိုင်းမှာရှိနေတယ်ဆိုတော့ အစိုးရအနေနဲ့ အချိန်တိုတွင်း တည်ငြိမ်အေးချမ်းအောင်လုပ်ဖို့ကတော့ မလွယ်ပါဘူး။” လို့ စစ်ရေးသတင်းရင်းမြစ်ယောက်ကပြောပါတယ်။…
Read More