မုန်တိုင်းငယ်အရှိန်ကြောင့် မိုးကြီးရေလျှံမှုတွေ ထပ်ဖြစ်နိုင်ပြီး ရခိုင်ကမ်းရိုးတန်း သက်ရောက်မှုများနိုင်

ဩဂုတ် ၁၉ – ၂၀၂၅ SS (VOM) လက်ရှိ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်သက်ရောက်မှုကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးများပြီး ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဆက်လက် ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ ဒီကနေ့ ဩဂုတ် ၁၉ ရက်၊ မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း – ဩရိဿပြည်နယ်တောင်ပိုင်း) ကမ်းခြေတို့မှာ မုန်တိုင်းငယ်တလုံး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အဆိုပါ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့ အနောက် – အနောက်တောင်ဘက် ရေမိုင် ၄၅၅…

Read More

ကျောက်မဲက နောင်ပိန်နဲ့ ကျောင်းကုန်းရွာမှာ လက်နက်ကြီးကျလို့ တဦးသေ၊ ကိုရင်တပါးဒဏ်ရာရ

ဩဂုတ် ၁၉၊ ၂၀၂၅ နွယ်နီ(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ကျောင်းကုန်းရွာနဲ့ နောင်ပိန်ရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားတဦး သေဆုံးပြီး အသက် ၆ နှစ်အရွယ် ကိုရင်တစ်ပါး ဒဏ်ရာရသွား တယ်လို့ နောင်ပိန် ရွာခံတွေက ပြောပါတယ်။ ဩဂုတ် ၁၈ ရက်နေ့ မနေ့က နေ့လယ်ပိုင်းမှာ နောင်ချိုအခြေစိုက် နအလ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တွေ ကျောင်းကုန်းရွာကို ကျရောက်ခဲ့ပြီး နေ့လယ်ပိုင်းမှာ နောင်ပိန်ရွာကို ထပ်မံပစ်ခတ်ခဲ့တာလို့ နောင်ပိန်ရွာသား တယောက်က ပြောပါတယ်။ “ကျောင်းကုန်းမှာက အိမ်ပေါ်ကျတော့ အသက် ၄၀ အရွယ် အမျိုးသားက ဒဏ်ရာရပြီး လားရှိုးပို့သွားတုန်း သေသွားတယ်။ နောင်ပိန်မှာတော့ နာမိန်းပရိယတ္တိစာသင်တိုက်ပေါ်ကျသွားလို့ ကိုရင်တပါး ရင်ဘတ်ထိတယ်။ ဒီနေ့ လားရှိုးဆေးရုံကို ပို့ထားတယ်” လားရှိုးဆေးရုံကို ပို့ထားတဲ့ ကိုရင်ဟာ ခွဲစိတ်ကုသဖို့…

Read More

အက်ရှင်မင်းသားကြီး ဂျက်လီ အသေးစားခွဲစိတ်မှုအတွက် ဆေးရုံတက်ခဲ့ရ

စင်ကာပူ၊ ဩဂုတ်-၁၉-၂၀၂၅ ရတီ(VOM) သရုပ်ဆောင်မင်းသားကြီး ဂျက်လီဟာ ဆေးရုံတက်နေရတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေတင်ခဲ့ပြီးနောက် သူ့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ စိုးရိမ်မှုတွေ တိုးပွားနေပါတယ်။ သြဂုတ် ၁၇ ရက်က ၆၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်လီဟာ သူဆေးရုံကုတင်ပေါ်မှာ ရောက်နေတဲ့ ဓါတ်ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီး မကြာသေးမီက မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတခုကြုံတွေ့ခဲ့ရတယ်လို့ ရေးသားခဲ့ပါတယ်။ အခြားဗီဒီယိုတခုမှာတော့ ဂျက်လီကို ခွဲစိတ်ခန်းသို့ တွန်းလှည်းနဲ့ ပို့နေချိန်မှာ အနီရောင်ဦးထုပ် ဝတ်ဆင်ထားတဲ့ ဂျက်လီကို တွေ့ရမှာဖြစ်ပါတယ်။ ခွဲစိတ်မှုအပြီးမှာတော့ ဆေးရုံအိပ်ယာပေါ်ထိုင်လျက် သူ့အဖွဲ့နဲ့ တွေ့ဆုံနေတာကိုလည်း တွေ့ရပါတယ်။ အားအင်ပြည့်၀ပြီး တက်ကြွလာတယ်လို့ ခံစားရကြောင်း ဂျက်လီက ပြောပါတယ်။ အရမ်းစိုးရိမ်စရာမလိုဘူးလို့ သူ့ရဲ့ လူမှုကွန်ရက် Weibo ဂျက်လီက ရေးသားထားပါတယ်။ရုပ်ပိုင်းဆိုင်ရာ ပြဿနာအနည်းသယ်ရှိတာကြောင့်လို့ ဆိုပါတယ်။ လူတိုင်းရဲ့ စိုးရိမ်မှုတွေအတွက် ကျေးဇူးတင်ရှိပြီး အရမ်းစိုးရိမ်စရာ မလိုကြောင်းနှင့်…

Read More

ဆိပ်ဖြူမှာ လေကြောင်းက တိုက်ခံရလို့ ကိုးယောက်သေပြီး ဒဏ်ရာရသူများပြား

ဩဂုတ် ၁၉ ၊ ၂၀၂၅ GG (VOM) မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ်ထဲက ကျေးရွာနှစ်ခုမှာ ဒီနေ့ ဩဂုတ် ၁၉ ရက်နေ့မနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးသူ ကိုး ယောက်ရှိထားပြီး ဒဏ်ရာရသူတွေလည်းများတယ်တယ်လို့ သိရပါတယ်။ လေကြာင်းတိုက်ခိုက်ခံရတဲ့ရွာတွေက ရှလရွာ နဲ့ ကျွန်းတောရွာတို့ဖြစ်ကာ ၊ လေကြောင်းဗုံးကြဲခံရမှုကြောင့် ကျွန်းတောရွာမှ ငါးယောက်သေဆုံးပြီး ဒဏ်ရာရ လူနာများကြောင်း ၊ ရှလရွာမှာက လေးယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ သုံးယောက်ရှိခဲ့တယ်လို့သိရပါတယ်။ ” ရှလရွာက လေးယောက်သေတယ်။ လမ်းသွားချိန် ဗုံးကြဲခံရပြီး ထိပြီးသေသွားကြတာ။ လူတွေရောနွားတွေရောပဲ။မနက် ၁၀ နာရီလောက်မှာလာကြဲသွားတာ။ သေတဲ့အထဲမှာအမျိုးသမီးတယောက်ပါတယ်။ ကျန်တာအမျိုးသားသုံးယောက်ပါ။ ဒဏ်ရာရသုံးယောက်ထဲမှာတယောက်ကစိုးရိမ်ရတယ်။ ကျွန်းတောမှာက ငါးယောက်ပွဲချင်းပြီးဆုံးတယ်။ ဒဏ်ရာရသူလည်းများတယ်။” လို့ ဒေသခံတယောက်ကပြောပါတယ်။ အဆိုပါ ကျေးရွာနှစ်ခုလေကြောင်းတိုက်ခိုက်ခံရမှုမှာ လူသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာလူနာတွေများတာကြောင့် ကုသမှုပေးနိုင်ဖို့ဆောင်ရွက်နေပြီး အိမ်မွေးတိရစ္ဆာန်အနေနဲ့ နွားတွေလည်းထိခိုက်သေဆုံးမှုရှိတယ်လို့သိရပါတယ်။ မနေ့က…

Read More

အလည်အပတ်ဗီဇာနဲ့ မြန်မာနိုင်ငံသားတွေရဲ့ Bangkok bank အကောင့်တွေပိတ်ခံရပြီး ငွေထုတ်ငွေလွှဲလည်းလုပ်မရ

ဩဂုတ် ၁၉၊ ၂၀၂၅ GG (VOM) ထိုင်းနိုင်ငံရှိ ဘန်ကောက်ဘဏ်(Bangkok Bank) အကောင့်အသုံးပြုသူတွေထဲက အလည်အပတ်ဗီဇာ Tourit Visa နဲ့လာရောက်ပြီး ဘဏ်အကောင့်ဖွင့်ထတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်အကောင့်ကို ဒီနေ့ ဩဂုတ် ၁၉ ရက်နေ့မှာ အသုံးပြုခွင့်ယာယီပိတ်လိုက်တယ်လို့ သုံးစွဲသူတွေဆီကသိရပါတယ်။ ” အလည် visaနဲ့ဖွင့်ထားတဲ့သူတွေ Short Term Visaသမားတွေကိုအဓိကစစ်ထုတ်တာပါ။ဘာလို့အတပ်ပြောနိုင်လဲဆိုရင် ပိတ်ခံရတဲ့ထဲမှာ အလည်လာတုန်းကဖွင့်ထားတဲ့လူအကုန်ပါလို့ပါ။ ဘာလို့ပိတ်တာလဲဆိုတော့ policyအသစ်ကြောင့်လို့ဘဏ်က ပြောပြီး ဘဏ်ခွဲတခုကိုအဖြေတစ်မျိုးထွက်နေတယ်။အကောင်းဆုံးက စာရွက်စာတမ်းအပြည့်အစုံနဲ့ ဘဏ်ကိုသွားတာအကောင်းဆုံးပါ။”လို့ ထိုင်းရောက်မြန်မာတယောက်ကပြောပါတယ်။ အလည်ဗီဇာနဲ့ ဘဏ်အကောင့်ဖွင့်ထားသူတွေအနေနဲဲ့ ဘဏ်အကောင့် ပြန်လည်အသုံးပြုခွင့်ရရှိဖို့အတွက်ဆိုရက် မိမိဘဏ်အကောင့်ဖွင့်ခဲ့တဲ့ သက်ဆိုင်ရာဘဏ်ခွဲကို ပတ်စ်ပို့မူရင်းနဲ့အတူ လိုအပ်တဲ့စာရွက်စာတမ်းအပြည့်အစုံယူပြီး ရက်ပေါင်း ၃၀ အတွင်း ဘဏ်ကိုသွားရောက်ကာ လုပ်ဆောင်ဖို့ ဘဏ်ဘက်က ဒီနေ့မှာ အသိပေးစာတွေပေးပို့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဘဏ်အကောင့်ကို ယာယီပိတ်လိုက်တာကြောင့် လက်ရှိသုံးစွဲသူတွေမှာ ATM ကတ်မှလည်း ငွေသားထုတ်လို့မရတော့သလို ဖုန်းထဲရှိဘဏ်…

Read More

Sky Villa မှာ အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းထပ်မံတွေ့ရှိလို့ တူး​ဖော်ရရှိအ​လောင်း ၁၈၀နီးပါးရှိလာ

မန္တလေး၊ သြဂုတ် – ၁၉- ၂၀၂၅ SA(VOM) မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသော Sky Villa အဆောက်အအုံအပျက်အစီးတွေကို ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်နေချိန် ဒီကနေ့ သြဂုတ် ၁၉ ရက်မနက်ပိုင်းက အမျိုးသမီးတဦးရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ Sky Villa ကွန်ဒိုအဆောက်အဦ အပျက်အစီးတွေကို NTL ကုမ္ပဏီ(Sky villa condo)၊ Asiaworld ကုမ္ပဏီနဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီပူးပေါင်းပြီး ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေချိန် ၁၉.၈.၂၀၂၅ ရက်နေ့၊ ၁၀နာရီ ၄၀ အချိန်တွင် ရုပ်အလောင်းတွေ့ရှိတဲ့ သတင်းရရှိခဲ့လို့ အောင်မြေသာစံမြို့နယ်မီးသတ်စခန်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရုပ်အလောင်းထုတ်ယူရေးလုပ်ငန်းဆောင်ရွက်ခဲ့ပြီး အဆောင် A၊ အခန်းအမှတ် C3 မှ အမျိုးသမီး (၁)ဦး၏ ရုပ်အလောင်းကို ၁၁နာရီ ၄၀ မိနစ်မှာ ထုတ်ယူနိုင်ခဲ့ပြီး မြတ်သဒ္ဒါလူမှုကူညီရေး အသင်းယာဥ်နဲ့…

Read More

ဂါဇာစစ်ပွဲအဆုံးသတ်ရေး အပစ်ရပ်ဆိုပြုချက် ဟားမတ်စ်အဖွဲ့ သဘောတူ

ဒိုဟာ၊ ဩဂုတ်-၁၉-၂၀၂၅ မျိုးဆက်(VOM) ဂါဇာစစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်ပြီး အီဂျစ်၊ ကာတာတို့ရဲ့ နောက်ဆုံးအဆိုပြုချက်ကို ဟားမတ်စ်အဖွဲ့ က သဘောတူညီခဲ့တယ်လို့ ဟားမတ်စ်သတင်းရင်းမြစ်တယောက်က ပြောပါတယ် ဒီအဆိုပြုချက်ဟာ အမေရိကန်သံတမန် စတိဗ်ဝစ်‌ကော့ဗ် မှ ဇွန်လက တင်ပြခဲ့တဲ့ အဆိုပြုချက် မူဘောင်အပေါ် အခြေခံထားပါတယ်။ အဆိုပြုချက်အရ ဟာမတ်စ်က ကျန်ရှိနေတဲ့ အစ္စရေးဓားစာခံ ၅၀ အနက် အသက်ရှင်နေတယ်လို့ ယူဆရသူ အယောက် ၂၀ အပါအဝင် တဝက်ခန့်ကို ရက် ၆၀ ကြာ စစ်ချုပ်ငြိမ်းချမ်းရေးကာလအတွင်း နှစ်ကြိမ်ခွဲပြီး လွှတ်ပေးမည်ဖြစ်ပြီး အမြဲတမ်းစစ်ရပ်စဲရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်မှာဖြစ်ပါတယ်။ အစ္စရေးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းစွာ တုံ့ပြန်တာမျိုးမရှိသေးပါဘူး ။ ဓားစာခံအားလုံးကို တပြိုင်နက်လွှတ်ပေးမှသာ အဆိုပြုချက်ကို သဘောတူမယ်လို့ ဝန်ကြီးချုပ်ရုံးက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။ ဟားမတ်စ်တို့က အဆိုပြုချက်ကို သဘောတူညီကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ထုတ်ပြန်တဲ့…

Read More

ထိုင်း – မြန်မာချစ်ကြည်ရေးတံတား အမှတ် ၂ ပိတ်လိုက်လို့ နှစ်နိုင်ငံကုန်သွယ်မှု ရပ်တန့်

ဩဂုတ် ၁၈ ၊ ၂၀၂၅ GG (VOM) ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ဒီနေ့ ဩဂုတ် ၁၈ ရက်နေ့မနက်ပိုင်းကစပြီး မြန်မာဘက်က ယာယီပိတ်လိုက်ကြောင်း ဒေသခံတွေဆီကသိရပါတယ်။ ထိုင်း နဲ့မြန်မာကို အဓိကကုန်သွယ်မှုပြုလုပ်တဲ့ တရားဝင်လမ်းကြောင်း အမှတ် ၂ ချစ်ကြည်ရေးတံတားကို ဖြတ်သန်းခွင့်ပိတ်လိုက်တဲ့အတွက် လတ်တလောမှာ ထိုင်း- မြန်မာကုန်သွယ်မှု ယာယီရပ်တန့်သွားပြီဖြစ်တယ်လို့သိရပါတယ်။ ” တရားဝင်ကုန်သွယ်တာ ဒီတံတားကဆိုတော့အခု ပိတ်လိုက်တော့ ကုန်သွယ်မှုရပ်သွားတာပေါ့။ဒီလမ်းကြောင်းက ကုန်သွယ်တာတွေက တနိုင်ငံလုံးကိုပြန်ဖြန့်တာအဓိကပါ။ဒါကြောင့် ကုန်သွယ်မှုရပ်သွားရင် ကုန်စျေးနူန်းကပိုတက်သွားနိုင်တာပေါ့။အခုကထိုင်းဘက်ခြမ်းမှာလည်းကုန်ကားတွေ ခုထိပိတ်မိတုန်းပဲလေ။ မြဝတီအတွက်ကတော့ သိပ်ပူစရာမလိုပါဘူး။အောက်ဂိတ်တွေကနေ ဝင်နေတယ်။တံတားကိုခုမနက်ကစပိတ်လိုက်တာပဲသိရတယ်။ဘာကြောင့်ဆိုတာတော့သေချာမသိရဘူး။ ” လို့ မြဝတီဒေသခံကပြောပါတယ်။ ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ပိတ်လိုက်တာနဲ့ပတ်သက်လို့ အကြောင်းအရင်းကို တာဝန်ရှိသူတွေဘက်မှ အသိပေးတာမရှိတာမျိုးမရှိတဲ့အတွက် ယာယီပိတ်ရတဲ့ အသေးစိတ်အခြေအနေ ကိုတော့ မသိရှိရသေး…

Read More

အင်းလေး ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ အပူဇော်ခံပွဲ စက်တင်ဘာ ၂၂ ရက်မှာ စတင်မယ်

ဩဂုတ် ၁၈ – ၂၀၂၅ SN (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပေမယ့် ဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီ ကြွချီအပူဇော်ခံပွဲကိုတော့ အစဉ်အလာအတိုင်း ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ အဆိုပါ ဒေသစာရီ ကြွချီအပူဇော်ခံပွဲကို လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာ ၉ ရက်နေ့အထိ ၁၈ ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီး ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရှိ နေရာဌာနပေါင်း ၂၆ ဌာနတို့မှာ သီတင်းသုံး၊ ကြွချီ အပူဇော်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “ဒီ အပူဇော်ခံပွဲ ကျင်းပမယ်၊ မကျင်းပဘူးဆိုတာနဲ့ ပတ်သက်လို့ ဘုရားကြွတဲ့ ၂၁ ဌာန ဆရာတော်ကြီးတွေ၊ ဩဝါဒစရိယ နာယကဆရာတော်ကြီးတွေနဲ့ ရပ်မိရပ်ဖတွေနဲ့…

Read More

ဝက်လက်နဲ့ဒီပဲယင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ခုနှစ်ယောက်သေပြီး ၁၀ ယောက်ကျော်ဒဏ်ရာရ

ဩဂုတ် ၁၈ ၊ ၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်းမှာ ဒီနေ့ ဩဂုတ် ၁၈ရက်နေ့ တရက်တည်း ဝက်လက်မြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်နှစ်ခုမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ခုနှစ်ယောက်သေဆုံးကာ ၁၀ ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီပဲယင်းမြို့နယ်ကို နေ့လယ် ၁ နာရီလောက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး လေကြောင်းဗုံးကြဲမှုက မူးကမ်းကြီး ရွာရှိ မိုးကောင်းဘုန်းကြီးကျောင်းပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ခုနှစ်ယောက်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက်ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်မှာတော့ ဒီနေ့မနက် ၁၀ နာရီလောက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး လေကြောင်းကနေဗုံးကြဲမှုက နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့ကာ သံဃာ ( ကိုရင်ကြီး)တပါး ၊ အသက်ကြီးပိုင်းအမျိုးသမီး နဲ့ အသက် ၁၁ နှစ်အရွယ်ကလေး တယောက်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ” မူးကမ်းကြီးရွာ ဗုံးကြဲခဲ့ရတာမှာ ကိုရင်ကြီးတပါး၊ ကပ္ပိယနှစ်ဦးနဲ့…

Read More
VOM News

FREE
VIEW