ဩဂုတ် ၂၃၊ ၂၀၂၅ Shy V(VOM) ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာမှာ ဒီနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နေ့ခင်း ၁၁ နာရီ ဝန်းကျင်ခန့်က လေကြောင်း ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခံရလို့ နေအိမ်တွေ တချို့ မီးလောင်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီနေ့ ၁၁ နာရီလောက်က နောင်ပိန် ၄ ရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ချသွားတယ်။ အိမ် ဆယ်လုံးလောက် ပျက်စီးပြီး မီးလောင်နေတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ဘယ်သူမှ ဝင်လိုမရတာကြောင့် လူထိခိုက်မှုကတော့ မသိရသေး သလို မနေ့ညရော ဒီနေ့ရော မီးလောင်၊ ထိခိုက်ပျက်စီး တာတွေ ဆယ်အိမ်ထက် မနည်း ရှိနိုင်တယ် လို့သူက ပြောပါတယ်။ နှစ်ဖက် တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်က စစ်ဘေးရှောင်တွေက…
Read MoreDay: August 23, 2025
တရုတ်မှာ တည်ဆောက်ဆဲတံတားပြိုကျမှု ၁၂ ယောက်သေပြီး လေးယောက်ပျောက်ဆုံး
ပေကျင်း၊ ဩဂုတ်-၂၃-၂၀၂၅ ရတီ(VOM) တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ တည်ဆောက်ဆဲတံတားတစင် ပိတ်ကျပြိုလဲမှုကြောင့် သေဆုံးသူ ၁၂ ယောက်ထိ ရှိလာပြီး လေးယောက်ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။ တံတားရဲ့ အလယ်ပိုင်းအဆက်နေရာဟာ ရုတ်တရက် ပြိုကျပြီး အောက်ရှိ မြစ်ဝါမြစ်အတွင်းကို ကျဆင်းသွားတာကို နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ ရုပ်သံတွေမှာ ဖော်ပြထားပါတယ်။ ဒီမတော်တဆမှုဟာ သံမဏိကြိုးပျက်ကျမှုကြောင့်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခင်းဖြစ်ချိန်မှာ အလုပ်သမား ၁၄ ယောက်နဲ့ ပရောဂျက်မန်နေဂျာတယောက် လုပ်ငန်းခွင်မှာ ရှိနေတယ်လို့ ပြောပါတယ်။ ပျောက်ဆုံးနေသူ လေးယောက်ကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြပါတယ်။ စီချွမ်-ချင်းဟိုင်းမီးရထားလမ်းရှိ ဒီတံတားဟာ ရထားပါသွားလာနိုင်ပြီး တရုတ်နိုင်ငံရဲ့ မြစ်ဝါမြစ်ကိုဖြတ်ကျော် ပထမဆုံး ရထားသွားနိုင်တဲ့ တံတားလည်း ဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကယ်ဆယ်ရေးသမား ရာချီစေလွှတ်ထားပါတယ်။ တရုတ်နိုင်ငံမှာ ဆောက်လုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း လျော့ရဲမှုနဲ့ ဘေးကင်းလုံခြုံရေးစံနှုန်းတွေ လိုက်နာမှုအားနည်းတာကြောင့်…
Read Moreပါတီခုနစ်နှစ်ပြည့်အထိ ပြည်သူ့အကျိုးပြု ထူးထူးခြားခြား ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ ဦးကိုကိုကြီး ပြော
ဩဂုတ် ၂၃ – ၂၀၂၅ SN (VOM) ပြည်သူ့ပါတီ သက်တမ်း ခုနစ်တာကာလအတွင်း ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေလိုမျိုး တရားဝင် လုပ်ပိုင်ခွင့် မရှိခဲ့တဲ့အတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ ထူးထူးခြားခြား ဆောင်ရွက်နိုင်တာမျိုး မရှိခဲ့ဘူးလို့ အဆိုပါ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။ ဒီကနေ့ ဩဂုတ် ၂၃ ရက်မှာ ရန်ကုန်မြို့၊ တာမွေမြို့နယ်က Sky Star ဟိုတယ်မှာ ပြုလုပ်တဲ့ ပြည်သူ့ပါတီ တည်ထောင်ခြင်း ခုနစ်နှစ်မြောက် အခမ်းအနားနဲ့ ပတ်သက်လို့ VOM ရဲ့ မေးမြန်းချက်ကို ပါတီဥက္ကဋ္ဌက အဆိုပါအတိုင်း ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့က ပြည်သူအတွက် ဆိုတာမှာ ရေဘေးတို့၊ လေဘေးတို့၊ ငလျင်ဘေးတို့ အဲဒီလိုကိစ္စမျိုးတွေပဲ လုပ်နိုင်တာပေါ့။ ကျန်တာကတော့ ရွေးကောက်ပွဲအနိုင်ရ ပါတီတွေလိုမျိုးတော့ တရားဝင် လုပ်ပိုင်ခွင့်တာဝန်…
Read Moreမုန်တိုင်း အကြွင်းအကျန်နဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် နိုင်ငံတဝန်းမှာ ဩဂုတ် ၂၉ ရက်ထိ မိုးကြီးမယ်
ဩဂုတ် ၂၃ – ၂၀၂၅ SS (VOM) လက်ရှိ ဖြစ်ပေါ်နေတဲ့ မိုးလေဝသဖြစ်စဉ်တွေကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ သဘာဝဘေး အန္တရာယ်တွေ ဆက်လက် သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ မိုး/ဇလရဲ့ ဒီကနေ့ ဩဂုတ် ၂၃ ရက်၊ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ တောင်တရုတ် ပင်လယ်ပြင်မှာလည်း အပူပိုင်းမုန်တိုင်း “ကဂျိကိ” (Kajiki) ဖြစ်ပေါ်နေပြီး အဆိုပါ အပူပိုင်းမုန်တိုင်းဟာ အနောက်ဘက်ကို ရွေ့လျားနိုင်ကာ ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်း ဒေသတွေဆီ ဖြတ်ကျော်နိုင်ပြီး မုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေဟာ မြန်မာနိုင်ငံကို ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။ “အပူပိုင်းမုန်တိုင်းရဲ့ ရွေ့လျားမှုကတော့ အနောက်ယွန်းယွန်းပေါ့။ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းလောက်ကို ဖြတ်ပြီးတော့ ထိုင်း၊ လာအို ပြီးတော့…
Read More