မိုးစပါးသစ်စျေးကွက် ၁၀ သိန်းကျော်သာစျေးပေါက်လို့ တောင်သူတွေတွက်ချေမကိုက် အရှုံးပေါ်

ဩဂုတ် ၁၉ ၊ ၂၀၂၅ GG (VOM) မိုးစပါးအသစ်တွေ စတင်ရိတ်သိမ်းနေပြီး စပါးတင်း ၁၀၀ ကိုမှ အများဆုံး ၁၀၅၀၀၀၀ ( ဆယ်သိန်းငါးသောင်းကျပ်) ကျပ်ဝန်းကျင်သာ စျေးပေါက်နေတဲ့အတွက် တောင်သူတွေမှာ တွက်ချေမကိုက်ဘဲ အရှုံးပေါ်နေတယ်လို့ တောင်သူတွေဆီကသိရပါတယ်။ လက်ရှိမှာ ရန်ကုန်တိုင်း နဲ့ ပဲခူးတိုင်းမှာ မိုးစပါးအသစ်တွေစတင်ရိတ်သိမ်းနေကြတာဖြစ်ပြီး ရက် ၉၀ ၊ ထွန်းပု စတဲ့ သက်ငယ်စပါးတွေရိတ်သိမ်းနေကြတာဖြစ်ကြောင်း ၊ စပါး ပေါင် ၅၀ ရှိ တင်း ၁၀၀ ကို အနိမ့်ဆုံး ၉ သိန်းကျပ်မှ ၁၀ သိန်း ၅၀၀၀၀ ကျပ်စျေးပေါက်နေတာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့ကပေါက်စျေး ခရမ်းမှာ စက်အရောက်ပို့ရင် ၁၁ သိန်းစျေး ပေးတယ်။အထိုင်ကတော့ ၁၀ သိန်းဝယ်တာရှိတယ်။အထိုင်စျေးကတော့ စက်ကျပေါ့။စပါးအရည်အသွေးပေါ်လိုက်ပြီး စျေးလည်း အပြောင်းအလဲရှိတယ်။စပါးစျေးက ထင်ထားသလောက်တောင်ဖြစ်မလာတော့တောင်သူတွေ…

Read More

ကဆုန်ပေါက်နရီ (၄)

ဆူးငှက် မဖြစ်စလောက် အရိပ်ကလေးကိုပေးသည့် လူလားမြောက်စ ပင်လယ်ကဗွီးပင်ကလေးအောက်က ခုံတန်းရှည်ကလေးမှာ မနက်စောစော ခုနစ်နာရီခွဲလောက်ဆိုလျှင် ပိုက်ဆံအိတ်ကြီး ချိုင်းကြားညှပ်လျက် ချမ်းမင်းအိမ် ရောက်လာတတ်၏။ လူပုံစံက သပ်ရပ်၊ ကြော့ရှင်း၊ မွှေးမြ မာယာထောင်ချောက် ရုပ်ရှင်ကားထဲမှ မင်းသားအောင်လွင်လိုလို.. ချစ်သူ ရွေးမယ် ချစ်ဝဲလယ်ထဲက မင်းသား ဝင်းဦးလိုလို…။ ချမ်းမင်းအိမ်ကား ထိုစဉ်က ရန်မျိုးလုံအရပ်ထဲရှိ သူ့ အစ်မအိမ်မှာနေ၏။ သူ့အစ်မအိမ်က ပုံစံလှလှ၊ ခေတ်မီမီ တစ်ထပ်တိုက်ကလေးဖြစ်သည်။ သည်တိုက်ဆောက်ပြီးနောက် ချမ်းမင်းအိမ်က အင်ဂျင်နီယာတစ်ဦးနှင့်တွဲကာ အဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းတွေ ကန်ထရိုက်ယူဆောင်ရွက်နေ၏။ တစ်ဘက်ကလည်း ထိုအချိန်က စတင်ခေတ်စားနေသော မြေအရောင်း အဝယ် လုပ်ငန်းလည်း လုပ်သည်။ သူက မနက်လင်းလျှင် ကျွန်တော့်အိမ်ရောက်လာသည်။ အိပ်ရာ ထစ ဂဂျီဂဂျောင်လုပ်ကာ မျက်ရည်နှင့်မျက်ရည်ခွက် ဖြစ်နေသော ကျွန်တော့် သားအငယ်ကောင်ကို စသည်။ မဂ္ဂဇင်းစာအုပ်တွေ ထိုင်ဖတ်သည်။ ပြီးတော့…

Read More

ကယားပြည်နယ် ဘီလူးချောင်း အရှေ့ဘက်ကမ်းကပြည်သူတွေကို သုံးရက်အတွင်းနေရာပြောင်းရွှေ့ဖို့ KNDF စာထုတ်

ဩဂုတ် ၁၉ ၊ ၂၀၂၅ GG (VOM) ကယားပြည်နယ် ၊ ဘီလူးချောင်းအရှေ့ဘက်ကမ်းရှိ ပြည်သူတွေအနေနဲ့ ဩဂုတ် ၁၉ ရက်နေ့မှစပြီး သုံးရက်အတွင်း အဆိုပါနေရာကနေ ရွှေ့ပြောင်းကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF အဖွဲ့ တွေက ဩဂုတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်သတိပေးလိုက်ပါတယ်။ အဆိုပါ ဘီလူးချောင်းအရှေ့ဘက်ကမ်းရှိ ဘုရားနီ ၊ ပီကင်းကောခူ ရွာတွေဘက်မှာ လက်ရှိအစိုးရတပ်ဖွဲ့တွေနဲ့ KNDF တပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ဇုန်ဖြစ်နေတာကြောင့် ကျန်ရှိနေသေးတဲ့ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကိုပြောင်းရွှေ့ဖို့ စာထုတ်သတိပေးတာဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီနေသူကပြောပါတယ်။ ” အဲဒီဘုရားနီဘက်မှာ ဇူလိုင်လနောက်ဆုံးပတ်လောက်ထဲက တိုက်ပွဲတွေဆက်တိုက်ရှိတယ်။ခုလည်းရှိနေတာပဲ။ဘုရားနဲ့ ပီကင်းကောခူဘက်က ဒေသခံတွေထဲအရင်ကတည်းကစစ်ရှောင်နေကြသူတွေလည်းရှိတယ်။အခုက ကျန်နေတဲ့သူတွေကို ပြောင်းရွှေ့ပေးဖို့ စာထုတ်သတိပေးတာ။စစ်ရှောင်သူတွေကတော့ ဘေးလွတ်မယ်ထင်တဲ့ နီးစပ်ရာရွာတွေပြေးရတယ်။တချို့စစ်ရှောင်စခန်းပြေးတယ်။တောထဲတဲထိုးနေကြတာရှိတယ်။အရေးပေါ်ပြေးရတာထက်စာရင်တော့ ပြေးဖို့အချိန်ရရင် ယူလို့ရသမျှ ယူနိုင်သေးတာပေါ့။” လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူကပြောပါတယ်။ KNDF ကတော့ ဘီလူးချောင်းအရှေ့ဘက်ကမ်းးမှာ နေထိုင်တဲ့ပြည်သူတွေအနေနဲ့ ဩဂုတ်…

Read More

ကဆုန်ပေါက် နရီ (၂)

ဆူးငှက် ရွှေဝတ်ရည်က ပထမကနဦးစာအုပ် ထွက်လာဖို့ ပြင်ဆင်နေတာ အတောင်ရင့်သန်နေပြီ။ ကဏ္ဍတွေ စုံသလောက်ရှိလာပြီ။ မကြာခင် ထွက်တော့မည်ဆိုသော သတင်းကလည်း ပင့်သက်မထားက မျှော်လင့်နေရသည်။ မှတ်မှတ်ရရ။ ကိုသိုက်ထွန်းသက်တို့၊ ကိုရဲသျှမ်းတို့ရှိရာ ကိုညီပုလေး စာအုပ်ဆိုင်ရှေ့ ဗာဒံပင်ရိပ်မှာ ခဏတစ်ဖြုတ် ဝင်ရောက်နားနေပြီး ကိုသိုက်ထွန်းသက်နှင့် ပြန်အထ လမ်းမှာ ဆရာဝင်းစည်သူနှင့် အမှတ်မထင်တွေ့တော့ ဆရာက ကိုသိုက်ထွန်းသက်ကို ရွှေဝတ်ရည်က အရေးတကြီး စာပေဝေဖန်ရေးဆောင်းပါး တစ်စောင် တောင်းနေကြောင်း၊ စာအိုးကဲ့သို့ စုရေးပေးရန်ဖြစ်ကြောင်း ပြော၏။ သို့သော် ဒီဆရာများမှာက “စာအိုး” တာဝန်ကို မအား မလပ် ထမ်းဆောင်နေရတော့ ရွှေဝတ်ရည်က ပေးသော တာဝန်ကို ထပ်ဆင့်ထမ်းဖို့ အချိန်မပေးနိုင် ဖြစ်နေကြပုံရသည်။ အားကြိုး မာန်တက်မရှိလှ။ သို့သော် ဆရာဝင်းစည်သူက တာဝန်ယူခဲ့ပြီးပုံ လည်းရ၏။ သည်ကိစ္စပြောနေသည်က ၃၃ လမ်းအထက် ၈၃ လမ်းထောင့်…

Read More

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်ကို လေကြောင်းတိုက်ခိုက်ပြန်လို့ သုံးယောက်သေဆုံး

ဩဂုတ် ၁၇ ၊ ၂၀၂၅ GG (VOM ) မိုးကုတ်မြို့ကို ဒီ​နေ့ ဩဂုတ် ၁၇ ရက်နေ့နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ လေးကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်လို့ လူသုံးယောက်ထက်အနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒီနေ့မနက် ၉နာရီဝန်းကျင် နဲ့ ၉ နာရီကျော်လောက် မှာ မိုးကုတ်၊အရှေ့ပိုင်းရှိမြို့လယ်ခေါင်ကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “မြို့လယ်ခေါင်ကိုကြဲသွားတာ။အရင်တုန်းကတော့ ပတ္တမြားငမောက်ခေါ်မှာပေါ့၊အဲဒီမှာအရင်တုန်းကတော့ပလောင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနေတာ။ခုတော့အဲဒီမှာမနေတော့တာကြာပြီ။သူကမိန်းလမ်းဖြစ်နေတော့ လမ်းပေါ်ဖြတ်သွားတဲ့ဂေါ်ရခါးလူကြီး နဲ့ ကလေးတယောက်သေတယ်။နောက်ထပ်လူလတ်ပိုင်းသေတယ်။ စျေးရောင်းတဲ့ကောက်ညှင်းပေါင်းသည်လို့ယူဆရတယ် ။ ဗန်းတွေတွေ့တယ်လူကပျောက်နေတယ်။ လေးယောက်ဖြစ်ဖို့များတယ်။ထပ်တိုးတွေက အခုထပ်ရှာနေကြတယ်။” လို့ မျက်မြင်ဒေသခံကပြောပါတယ်။ လက်ရှိမှာ ဗုံးကြဲခံရတဲ့နေရာတဝိုက်ကို TNLA ဘက်က ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေပြီး ထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။ ဩဂုတ် ၁၄ ရက်နေ့ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်းကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူ ၂၁ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့ပါတယ်။ ဩဂုတ်လ ၉ ရက်နေ့ ညပိုင်းမှာလည်း မိုးကုတ်မြို့…

Read More

ရုရှားကြောင့် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရှုပ်ထွေးစေတယ်လို့ ဇီလန်စကီးပြော

ကိဗ်ယက်၊ ဩဂုတ်-၁၇-၂၀၂၅မျိုးဆက်(VOM)ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ပတ်သက်ပြီး ရုရှားက သဘောတူဖို့ ငြင်းဆိုမှုကြောင့် စစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းမှုတွေ ရှုပ်ထွေးစေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ရုရှားဘက်က စစ်ရပ်စဲရေးတောင်းဆိုမှုတွေကို ငြင်းပယ်နေပြီး သတ်ဖြတ်မှုတွေရပ်တန့်ဖို့ အချိန်မသတ်မှတ်တာကြောင့် အခြေအနေကို ပိုမိုရှုပ်ထွေးစေပါတယ်လို့ ဇီလန်စကီးက ပြောပါတယ်။ လာမယ့် တနင်္လာနေ့မှာတော့ ဇီလန်စကီးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဖို့ ဝါရှင်တန်ကို သွားရောက်မှာဖြစ်ပါတယ်။ ထရန့်တော့ ငြိမ်းချမ်းရေးသဘောတူညီချက်တခုကို လက်ခံဖို့ ဇီလန်စကီးကို တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။ ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးထက် အမြဲတမ်းငြိမ်းချမ်းရေးသဘောတူညီချက်တခုကို တခါတည်းရယူဖို့ ရည်ရွယ်ထားတယ်လို့ ထရန့်က ပူတင်နဲ့ အလာစကာမှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ပြောပါတယ်။ ဇီလန်စကီးကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ထရန့်နဲ့ တယ်လီဖုန်းဆက်သွယ်ရာမှာ ပြောဆိုခဲ့ပြီး တိုက်ခိုက် သတ်ဖြတ်မှုတွေ ရပ်ရမယ်လို့ ပြောပါတယ်။ ယူကရိန်းတပ်တွေ အနေနဲ့ ဒွန်နက်စ်ခ်ဒေသမှ ရုပ်သိမ်းဖို့ပါဝင်တဲ့ ရုရှားသမ္မတပူတင် တောင်းဆိုတဲ့…

Read More

ရတနာ့ဂူဘုရားပွဲတော်နဲ့ နတ်ပွဲတော်ဆီ အလည်တခေါက်

မန္တလေး၊ သြဂုတ် – ၁၇- ၂၀၂၅ SA(VOM) မန္တလေးမြို့ ၊ အမရပူရမြို့နယ်မှာရှိတဲ့ ရှေးဟောင်းသမိုင်း ဝင် ရတနာဂူဘုရားပွဲတော်နဲ့ မယ်တော်နတ်ပွဲ ကျင်းပနေတာ ဒီကနေ့ဆိုရင်သုံးရက်ရှိပြီဖြစ်ပါတယ်။ ရတနာဂူစေတီတော်ကြီးဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးခဲ့ပေမယ့် ပွဲတော်ကိုတော့ အစဥ်အလာအတိုင်း ကျင်းပနေတာဖြစ်ပါတယ်။ ပွဲတော်ကြီးကို နှစ်စဥ် ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့ကစလို့ ဝါခေါင်လကွယ်နေ့အထိ ကျင်းပတာဖြစ်ပြီး ဒီနှစ်မှာတော့ ဘုရားပွဲနဲ့ နတ်ကိုးကွယ်သူတွေအပါအဝင် အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်သူတွေနဲ့ စည်ကားလို့နေပါတယ်။ မယ်တော်နတ်ပွဲကို ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့မှ စတင်လေ့ရှိပေမယ့် ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့ကစလို့ နတ်ညီလာခံများ၊ တက်ပွဲများ စတင် ကျင်းပပြီး လပြည့်ကျော် ၁၀ ရက်နေ့မှာ ချိုးရေတော် သုံးပွဲတော်၊ လကွယ်နေ့မှာ ထိန်ခုတ်ပွဲ၊ မယ်တော်ပို့ပွဲ ကျင်းပပြုလုပ်ပြီး သံဃာတော်များကို…

Read More

သတင်းအမှားနှင့် အဆိပ်အတောက်

သတင်းထောက်ဟောင်းတဦး ယနေ့ လူမှုကွန်ရက် ဆိုရှယ်မီဒီယာ အသုံးချတဲ့ခေတ်ကြီးမှာ သတင်းအချက်အလက်တွေဟာ စက္ကန့်ပိုင်းအတွင်း ကမ္ဘာအနှံ့ ပျံ့နှံ့နေပါတယ်။ ဒီလို လျင်မြန်တဲ့စီးဆင်းမှုထဲမှာ သတင်းအမှားတွေဟာလည်း အလွယ်တကူ ပျံ့နှံ့နေပြီး လူ့အဖွဲ့အစည်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ကျွန်တော့်အမြင်မှာတော့ သတင်းအမှားတွေကို တမင်ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေခြင်းဟာ ပြည်သူကို စိတ်ပိုင်းဆိုင်ရာ နှိပ်စက် နေတာနဲ့ အတူတူပါပဲ။ လတ်တလောမှာ သတင်းဌာနတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နေတဲ့ အိုးဘိုထောင် ဗုံးချခံရလို့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးတယ် ဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်ပါတယ်။ ဒီသတင်းဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ဩဂုတ် ၁၆ ရက်နေ့ ထုတ်ပြန်ချက်ကနေ စခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သေဆုံးသူ ၁၇ ဦးရဲ့ အမည်စာရင်းကိုပါ ထုတ်ပြန်ခဲ့ပါတယ်။သတင်းဌာနအချို့ကလည်း ဒီသတင်းကို အပြိုင်အဆိုင် တင်ခဲ့ကြပါတယ်။ သတင်းမှန်၊ မမှန်ဆိုတာကို သတင်းစားသုံးသူ ပြည်သူက မသိနိုင်ဘဲ စိုးရိမ်ပူပန်မှုတွေ…

Read More

ရန်ကုန်- မန္တလေး အမြန်လမ်းမှာ ယာဥ်တိုက်မှုဖြစ်ပြီး နှစ်ယောက်သေဆုံး

ဩဂုတ် ၁၇၊ ၂၀၂၅ GG (VOM) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၄၀/၀)နဲ့ (၄၀/၁)ကြားမှာ ကုန်တင်ကားနှစ်စီး တိုက်မိပြီး အမျိုးသားနှစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ ဩဂုတ် ၁၇ ရက်နေ့ မနက် ၂ နာရီကျော်လောက်မှာ ယာဥ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်စဥ်ကြောင့် လမ်းသွားလမ်းလာ အမျိုးသားနဲ့ ကုန်ကားတစီးက ယာဥ်မောင်းအမျိုးသားတို့ သေဆုံးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ ” ကားက နှစ်စီးလုံးကုန်ကားတွေပါ။ ကားနှစ်စီးလုံးက မန္တလေးကိုသွားမယ့်ကားတွေပါ။ အခုဖြစ်တာက ရှေ့ကကုန်ကားကို လူတယောက်ကတားလို့ ကားအရှိန်လျှော့တာမှာ နောက်ကပါလာတဲ့ကုန်ကားက ဝင်တိုက်လိုက်တော့ ဝင်တိုက်တဲ့ကုန်ကားဆရာသေတယ်။ လမ်းတားတဲ့လူကိုတော့ အတိုက်ခံရတဲ့ကုန်ကားက ထပ်တိုက်တာမှာသေသွားတယ် ။ဒဏ်ရာရသူလည်းရှိပေမယ့် မစိုးရိမ်ရဒဏ်ရာပါ။ သေတဲ့သူနှစ်​ယောက်လုံးက အသက် ၃၀ ကျော်လောက်ပဲရှိအုံးမယ်။ သူတို့ဘယ်ကလဲဆိုတာတော့မသိဘူး။ ” လို့ ဖြစ်စဥ်သိရှိသူကပြောပါတယ်။ ယာဥ်တိုက်မှုအတွင်း သေဆုံးခဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရ ရှိသူတွေကိုတော့ ပဲခူးဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။ ဇူလိုင် ၂၄ ရက်နေ့ကလည်း…

Read More

မော်ချီးမှာ လေကြောင်းတိုက်ခံရလို့ ၁၇ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိနေ

ဩဂုတ် ၁၇ ၊ ၂၀၂၅ GG(VOM) ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ဒီနေ့ တရက်တည်း လေကြောင်းနှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၇ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ကနဦးသတင်းအရသိရပါတယ်။ ဒီနေ့ ဩဂုတ် ၁၇ ရက်နေ့ မနက် ၈ နာရီလောက်မှာက မော်ချီးဒေသ၊ လိုခါးလိုရွာရှိဆေးရုံပေါ်ကို ပထမကြိမ် လေကြောင်းဗုံးကြဲခံရပြီး နေ့လယ် ၁၂ နာရီလောက်မှာ မော်ချီးဒေသ၊ ၁၆ ကုန်းကို ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” ဒုတိယအကြိမ်ကြဲခံရတာမှာ လက်ရှိ အလောင်း ၁၇ လောင်းရထားတယ်။ ဒဏ်ရာရသူလည်းရှိတယ်။ ဒုတိယကြဲခံရတာက မော်ချီး ၁၆ ကုန်း ခြင်းကွင်းစားသောက်ဆိုင် ၊မူကြိုကျောင်းနားတဝိုက်ကြဲသွားတာပါ။ ပထမအကြိမ်က လိုခါးလိုဆေးရုံပေါ်ကျပါတယ်။ ထိခိုက်ဒဏ်ရာရသူနှစ်ယောက်ရှိတယ်။ ဆေးရုံကတော့ တည့်တည့်ကျလို့ ပျက်စီးသွားတယ်။” လို့ စစ်ရှောင်အရေးကူညီပေးနေသူကပြောပါတယ်။ မော်ချီးလေကြောင်းတိုက်ခိုက်ခံရမှုမှာ လိုခါးလိုရွာက…

Read More
VOM News

FREE
VIEW