ဆူးငှက် ယခုလက်ရှိ ကျွန်တော်နေထိုင်ရာ အိမ်ကလေးဆီသို့ ရောက်လာသူတိုင်းသည် ပတ်ဝန်းကျင်ကို အကဲခတ်ပြီးသည်နှင့် “ဘာသံမှ မကြားရဘူး၊ တိတ်ဆိတ်နေတာပဲဗျာ၊ စာရေးလို့ကောင်းမှာ” ဟုချည်း ပြောလေ့ရှိသည်။ ဟုတ်သည်။ မျက်နှာချင်းဆိုင်မှာက ကျောပေး ထားသော ပြပေါက် သပြေခြံကြီးတွေ၊ မြောက်ဘက်မှာက လူနေခြံဝင်းကျယ်များ၊ သစ်ခွခြံ သပြေခြံများ၊ တောင်ဘက်မှာလည်း လူနေ ခြံဝင်းကျယ်၊ အရှေ့ဘက်မှာတော့ အိမ်ရာမရှိသေးသော အကွက်ရိုက်ပြီး ကွင်းကျယ်ကြီး။ အရှေ့ဘက်ဆီသို့ ကွင်းကျယ်ကြီးများကို ဖြတ်ကာ မျှော်ကြည့်လိုက်တော့ ရှမ်းရိုးမ ပြာရင့်မှိုင်း အောက်မှာ ရေတံခွန်တောင်၊ ရန်ကင်းတောင်တော်တို့ကား ဝပ်စင်းလှဲလျောင်း။ အိမ်ထဲမှာ ထိုင်နေလျက်ပင်လျှင် တောင်လေက လွင့်ပါမတတ် ဒလဟောတိုက်နေသေး၏။ ဤသို့ ပတ်ဝန်းကျင်တွင် “စာရေးလို့ကောင်းမှာ” ဟူသော လာသမျှပုဂ္ဂိုလ်၏ ဆန္ဒစကားများက ကျွန်တော့်ကို တဝုန်းဝုန်း ရိုက်ပုတ်နေသလို ခံစားရ၏။ စာရေးလို့ကောင်းမှာဟူသော နေရာလေးရောက်ပါမှ ဝတ္ထုတစ်ပုဒ်တလေမျှပင် ထွက်မလာတော့။ လစဉ်…
Read MoreMonth: August 2025
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး
ဝါရှင်တန်၊ ဩဂုတ်-၁၆-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ အလာစကာမှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲဟာ သဘောတူညီချက် တစုံတရာမရရှိဘဲ ပြီးဆုံးသွားပါတယ်။ အဲဒီအစည်းအဝေးအပြီးမှာ မီဒီယာတွေကို သူတို့နှစ်ဦးက အချိန်ခဏသာ ရှင်းလင်းပြောကြားခဲ့ပြီး အချို့အကြောင်းအရာတွေမှာ တိုးတက်မှုရှိခဲ့တယ်လို့ ပြောခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။ သုံးနာကြီးကြာ အစည်းအဝေးပြီးနောက် သာမန်အချိန်တွေမှာ စကားများများ ပြောတတ်တဲ့ ဒေါ်နယ်ထရန့်ကလည်း သတင်းထောက်တွေရဲ့မေးခွန်းတွေကို လျစ်လျူရှုခဲ့ပါတယ်။ “ကျွန်တော်တို့သဘောတူညီတဲ့ အချက်တွေအများကြီးရှိခဲ့ပါတယ်။ အဓိကကိစ္စတွေ မပြီးမြောက်သေးပေမယ့် တိုးတက်မှုတော့ရှိခဲ့ပါတယ်” လို့ ထရန့်ကပြောပါတယ်။ “စာချုပ်မချုပ်မချင်း သဘောတူညီချက် ဘာမှမရှိဘူး” လို့လည်း သူကထပ်ပြောပါတယ်။ ဥရောပမှာ နှစ်၈၀အတွင်း အသေအပျောက်အများဆုံးဖြစ်တဲ့ ဒီစစ်ပွဲကို ရပ်တန့်ဖို့ ဒါမှမဟုတ် ပူတင်နဲ့ ယူကရိန်းသမ္မတ ဇယ်လင်စကီးတို့ကြား နောက်ထပ်တွေ့ဆုံမှုခုဖြစ်ဖို့ ဘယ်လို အရေးပါတဲ့ သဘောတူညီချက်မှ ထွက်မလာခဲ့ပါဘူး။ ပူတင်ကတော့ ယူကရိန်းနဲ့…
Read Moreပါကစ္စတန်မှာ ရေကြီး ၊ မြေပြိုမှုတွေကြောင့် (၂၄) နာရီအတွင်း လူ ၂၀၀ နီးပါး သေဆုံး
အစ္စလာမ္မာဘတ်၊ ဩဂုတ်-၁၆-၂၀၂၅ ရတီ(VOM) ပါကစ္စတန်နဲ့ ပါကစ္စတန် ထိန်းချုပ်ထားတဲ့ကက်ရှ်မီးယားဒေသတွေမှာ မုတ်သုံမိုးကြောင့် ရေကြီးမှုနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၂၀၀ နီးပါး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Khyber Pakhtunkhwa ပြည်နယ်မှာ ၁၈၀ ယောက် ၊ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှ်မီးယားဒေသမှာ ကိုးယောက် ၊ ဂီဂျစ်- ဘော်လ်တစ္စတန်ဒေသမှာ ငါးယောက်သေဆုံးခဲ့ပါတယ်။ ပြည်နယ်တွင်းမှာ နေအိမ် ၃၀ကျော်ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွင်း ရဟတ်ယာဉ်တစင်းပျက်ကျခဲ့ကာ အမှုထမ်းငါးယောက် သေဆုံးခဲ့ပါတယ်။ ။ ရဟတ်ယာဉ်ဟာ ဆိုးရွားတဲ့ရာသီဥတုကြောင့် ပျက်ကျတာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အမ်-၁၇ အမျိုးအစား ရဟတ်ယာဉ်ဟာ အာဖဂန်နဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘက်ဂျာဒေသကို ပျံသန်းစဉ် ပျက်ကျခဲ့တာပါ။ နိုင်ငံအနောက်မြောက်ပိုင်းမှာ ဩဂုတ် ၂၁ ရက်ထိ မိုးသည်းထန်စွာရွာသွန်းမယ်လို့ မိုးလေဝသဌာနက သတိပေးထားပြီး ဒေသအများအပြားကို…
Read Moreနိုင်/ကျဉ်းဟောင်းအများစု ပတ်စ်ပို့စာအုပ်လျှောက်ထားရာမှာ ကြန့်ကြာမှုနဲ့အခက်အခဲတွေရှိနေ
ဩဂုတ် ၁၆ – ၂၀၂၅ KKO(VOM) နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ယခင်ကနိုင်ငံရေးပြစ်မှုရှိခဲ့ဘူးသူတွေအနေနဲ့ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့စာအုပ်လျှောက်ထားရာမှာကြန့် ကြာမှုတွေနဲ့ အခက်အခဲတွေများစွာရှိနေတယ်လို့ ပြည်တွင်းမှာရှိနေတဲ့ နိုင်/ကျဉ်းဟောင်းတွေထံကနေ သိရပါတယ်။ ယခင်ကနိုင်ငံရေးပြစ်မှုရှိခဲ့ဘူးသူတွေအနေနဲ့ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့စာအုပ်လျှောက်ထားရာမှာအစစ်ဆေးခံရတာတွေ နောက်ကြောင်းရာဇဝင်တွေကိုစုံစမ်းခံရတာတွေကိုလည်းကြုံတွေ့နေရတယ်လို့ နိုင်/ကျဉ်းဟောင်းတွေကပြောပါတယ်။ လက်ရှိအချိန်အထိ နိုင်/ကျဉ်းဟောင်းလူဦးရေ ၅ဝ နီးပါးခန့်က နိုင်ငံကူးလက်မှတ်ပတ်စ်ပို့စာအုပ် တွေကိုလျှောက်ထားပေမယ့်အချိန်ကာလကြာမြင့်သည်အထိစာအုပ်လက်ဝယ်မရရှိကြသေးဘူးလို့ နိုင်/ကျဉ်းဟောင်းတွေက ဆိုပါတယ်။ “ပတ်စ်ပို့သက်တမ်းတိုးထားတာ အခုချိန်အထိမရသေးဘူး။သာမန်ဆို ၁၀ ရက်ကြာဆိုရနိုင်ပါလျှက်အခုချိန်ထိမရသေးတာပါ။ကျွန် တော်သားသမီးတွေအားလုံး ၁၀ ရက်နဲ့ ရကြတယ်။အမျိုးသမီးစာအုပ်ရရှိပြီးဖြစ်တယ်။ကျွန်တော်စာအုပ်ကျမရရှိသေးတာပါ။အကြောင်းစုံမေးမြန်းကြည့်တော့ နိုင်ငံရေးပြစ်မှုနဲ့ ထောင်ကျထားတာကိုစုံစမ်းနေလို့ဆိုပြီးပြောပါတယ်” လို့ နိုင်/ကျဉ်းဟောင်းတယောက်က VOM ကို ပြောပါတယ်။ နိုင်/ကျဉ်းဟောင်းတွေအနေနဲ့ ပတ်စ်ပို့စာအုပ်လျှောက်ထားရာမှာ ကြန့်ကြာမှုနဲ့ အခက်အခဲတွေကိုနေပြည် တော်အထိတင်ပြထားပေမယ့် ဒီနေ့အထိထူးခြားမှုမရှိသေးဘူးလို့လည်း သူတို့က ပြောပါတယ်။ “ကျွန်တော်ကလူမျိုးခြားလည်းမဟုတ်ဘူး။သူပုန်လည်းမဟုတ်ဘူး။ကရင်တိုင်းရင်သားပါ။၄ လပိုင်းထဲက QR ဝင်ပြီးလျှောက်ထားတာ သက်တမ်းတိုးထားတာ အခုအထိဆို ၅ လနီးပါးရှိနေပြီ၊စာအုပ်မရသေးဘူး။နယ်မြေခံသတင်းတပ်ဖွဲ့ကလာရောက်စုံစမ်းစစ်ဆေးတယ်။ရယကထောက်ခံချက်၊ရဲစခန်းမှာပြစ်မှုကင်းရှင်းကြောင်းထောင် ထွက်လက်မှတ်ဘယ်နှစ်ခုနှစ်မှာစတင်ပြီးနိုင်ငံရေးလုပ်ခဲ့သလဲ။ထောင်ဘယ်နှစ်ကြိမ်ကျခဲ့သလဲ။ပြစ်ဒဏ်ဘယ်လောက်ကျခဲ့သလဲအကုန်မေးမြန်းခံရတယ်၊အစစ်ခံရတယ်”လို့ သူက ဆက်ပြီး…
Read Moreထရန့် သမ္မတဖြစ်နေသရွေ့ ထိုင်ဝမ်ကို မတိုက်ခိုက်ဘူးလို့ တရုတ်သမ္မတ ရှီကျင်းပင် ပြောကြားခဲ့
ဝါရှင်တန်၊ ဩဂုတ်-၁၆-၂၀၂၅ မျိုးဆက်(VOM) ထရန့် သမ္မတ ရာထူးတာဝန်ထမ်းဆောင်နေချိန်အတွင်း တရုတ်ဟာ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်မှာ မဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင်းပင်က ပြောဆိုခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားသမ္မတပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် Fox သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ထရန့်က အခုလို ထုတ်ဖော်ပြောကြားလိုက်တာပါ။ သူသမ္မတဖြစ်နေသရွေ့ ဒီလိုဖြစ်လာမယ် မထင်ဘူးလို့ ထရန့်က ဆိုပါတယ်။ တရုတ်သမ္မတ ရှီကျင်းပင်ကလည်း ထရန့်သမ္မတဖြစ်နေသရွေ့ ဒီကိစ္စကို လုပ်မှာမဟုတ်ကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့ အင်မတန် စိတ်ရှည်တယ်လို့ ပြောဆိုခဲ့ကြောင်း ဒေါ်နယ်ထရန့်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝါရှင်တန်ရှိ တရုတ်သံရုံးက မှတ်ချက်ပြု ပြောဆိုခြင်းမျိုး မရှိပါဘူး။ ထရန့်နဲ့ ရှီကျင်းပင်တို့ဟာ ထရန့်ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွင်း ဇွန်လက ပထမဆုံးအကြိမ် တယ်လီဖုန်း ဆက်သွယ်ဆွေးနွေးခဲ့ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့…
Read Moreကိုရီးယားရောက် မြန်မာလုပ်သားတွေ မိသားစုလွှဲပို့ငွေ အထောက်အထား ပြန်တင်ပြဖို့ အသိပေး
ဩဂုတ် ၁၆ – ၂၀၂၅ SN (VOM) ကိုရီးယားရောက် မြန်မာလုပ်သားတွေ အနေနဲ့ မိသားစုဆီ လွှဲပို့ငွေ အထောက်အထားကို လာမယ့် ဩဂုတ် ၁၉ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် တင်ပြရမှာ ဖြစ်တယ်လို့ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA) က မနေ့ ဩဂုတ် ၁၅ ရက်နေ့မှာ အသိပေး ကြေညာထားပါတယ်။ ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ကိုရီးယားသမ္မတနိုင်ငံကို နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်စနစ် (EPS) နဲ့ သွားရောက်ခဲ့ကြတဲ့ မြန်မာလုပ်သားတွေ အနေနဲ့ အခု ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း လွှဲပို့ခဲ့တဲ့ ငွေလွှဲ အထောက်အထားတွေကို တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတယောက်က “မသိရင် ကျွန်တော်တို့လာတာ သူတို့ပိုက်ဆံနဲ့များ ထင်နေလာမသိဘူး။ ဒါကိုပဲ…
Read Moreကျောက်မဲ နောင်ပိန်ရွာမှာ မိုးကြီး ရေလျှံလာလို့ ရပ်ကွက်နှစ်ခု ရေနစ်မြုပ်
ဩဂုတ် ၁၄၊ ၂၀၂၅ Shy V (VOM) ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာမှာ ဩဂုတ်လ ၁၄ ရက်နေ့က နေအိမ်အချို့ ရေနစ်မြုပ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “တမနက်လုံး မိုးရွာလို့ နောင်ပိန် ဗုဗ္ဗာရုံကျောင်းနဲ့ ကျောင်းနား ဝန်းကျင်ရော ရေမြုပ်တာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ဗုဗ္ဗာရုံကျောင်းတိုက် အုတ်တံတိုင်းတွေ ပြိုကျသွားလို့ ရေတွေ တွန်းကန်ထွက်လာကာ အနီးနားရှိ နေအိမ်တွေ ရေနစ်မြုပ်ကုန်တာလို့ ဆိုပါတယ်။ “နောင်ပိန်မှာ ရေ ပြန်ကြီးနေတာ ဟုတ်တယ်။ ရပ်ကွက်နှစ် ခုက နေအိမ်တချို့ ရေ မြုပ်သွားတာ” လို့ ကျောက်မဲ ဒေသခံ တယောက်ကလည်း ပြောပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းကစသည်းထန်စွာ ရွာသွန်းတာကြောင့် နောင်ပိန် အမှတ် ၃ ရပ်ကွက် နဲ့…
Read Moreရေးမြို့နယ်ထဲက ကျောင်းဆရာမသုံးယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တခုကဖမ်းဆီးသွား
ဩဂုတ် ၁၅ ၊ ၂၀၂၅ GG (VOM) မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ် ၊ ဝဲခမီကျေးရွာမှာ ဩဂုတ် ၁၄ ရက်နေ့ ၊ မနက်ပိုင်းက ကားတစီးနဲ့လိုက်ပါလာတဲ့ ကျောင်းဆရာမ သုံးယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ အဆိုပါ ကျောင်းဆရာမတွေဟာ ရေးမြို့နယ်ကနေ မောင်းနှင်လာတဲ့ ကားဖြစ်ပြီး မနက် ၇ နာရီလောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတာဖြစ်တယ်လို့သိရပါတယ်။ ” ဆရာမသုံးယောက်အဖမ်းခံရတယ်။လက်နက်ကိုင်အဖွဲ့ဖမ်းသွားတယ်လို့ပဲသိရတာ။ဘယ်အဖွဲ့ကဆိုတာ မသိပါဘူး။ ဝဲခမီရွာအဝင်မှာ ဖမ်းသွားတာလို့တော့ ကနဦးသိရတယ်။ ရေးမြို့နယ်ထဲကကျောင်းဆရာမတွေပေါ့။ ဝဲခမီရွာက ရေး – သံဖြူဇရပ်ပြည်ထောင်စုလမ်းမကြီးပေါ်ကရွာပါ။အဲဒီဘက်မှာ တိုက်ပွဲလည်းမကြာခဏဖြစ်တယ်။ ” လို့ လုံခြုံရေး အဖွဲ့နဲ့နီးစပ်သူကပြောပါတယ်။ အဆိုပါ ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းဆရာ မတွေက လမိုင်း အ.ထ.က ကျောင်းက ဆရာမဒေါ်ဇာခြည်သော် ၊ မော့ကနင် အ.ထ.က ကျောင်းက ဒေါ်ခင်လေးမွန်…
Read Moreမိုးကုတ်ကို လေကြောင်းကနေထပ်မံဗုံးကြဲ၊ သေဆုံးသူ ၁၀ ယောက်ထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရသူလည်းရှိ
ဩဂုတ် ၁၅ ၊ ၂၀၂၅ KC (VOM ) မိုးကုတ်မြို့ အရှေ့ပိုင်းကို ဩဂုတ် ၁၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ များတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” အရှေ့ပိုင်းက လင်းရောင်ခြည်ဘုန်းကြီးကျောင်း နဲ့ ရွှေကူကြား ငါးပတ်တောင် ဘက်ကိုကြဲခံရ တာပါ။ ထိခိုက်သေဆုံး များပါတယ်။ ခုညသိရသလောက်တင် ၁၀ ယောက်ကျော်တယ်။ ထိခိုက်သူလည်းများတယ်။ ဆေးရုံအကုန်သယ်ပြီးကုသမှုပေးနေတယ်။ အရေးပေါ်သွေးလိုအပ်မှုလည်းရှိတယ်။” လို့ ဒေသခံကပြောပါတယ်။ သေဆုံးတဲ့အထဲမှာ ကလေးတွေလည်းပါဝင်သလို အသက်ကြီးပိုင်းအရွယ်တွေလည်း ပါတယ်လို့သိရပါတယ်။ ” တချို့အလောင်းတွေဆိုတစစီကိုဖြစ်သွားတယ်။” လို့သူကထပ်ပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ဆေးရုံကိုပို့ဆောင်ကာ TNLA က ဆေးဝါးကုသမှုအပိုင်း လုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။ မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်မှုအနေနဲ့ ယခုဩဂုတ်လထဲမှာတင် သုံးကြိမ်ထက်မနည်းရှိပြီဖြစ်ကြောင်း…
Read Moreလားရှိုးမှာ နလအ နဲ့ MNDAA ထပ်မံတွေ့ဆုံ
ဩဂုတ် ၁၄၊ ၂၀၂၅ Shy V (VOM) လားရှိုးမှာ ဩဂုတ်လ ၁၄ ရက်နေ့က နလအ နဲ့ MNDAA ထပ်မံတွေ့ဆုံကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “သိန္နီ ပေးဖို့ လက်မှတ်ထိုးတယ်ကြားတယ်။ ဒီနေ့ ဆင်နှစ်ကောင်မှာ အစည်းဝေး လုပ်တယ်။” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။ ဒီကိစ္စ နှစ်ဖက်လုံးက ထုတ်ပြန်တာမရှိသလို VOM ကလည်း ဆက်သွယ်အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။ “MNDAA နဲ့ စစ်တပ် ဩဂုတ်လ ၁၄ ရက်နေ့က ဆင်နှစ်ကောင် ဟိုတယ်မှာ တွေ့ကြတယ်လို့ ပြောနေကြတယ်။ ကျမတို့ ဖြတ်လာတော့ လမ်းတွေလည်း လိုက်ရှင်းနေတာ တွေ့ရတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ MNDAA အနေနဲ့ သိန္နီကနေ ဆုတ်ခွာမယ့် အရိပ်အယောင်…
Read More