ဖားကန့်မှာ ဒရုန်းဗုံးကျလို့ နှစ်ယောက်သေ ခုနှစ်ယောက်ဒဏ်ရာရရ

ဩဂုတ် ၁၅၊ ၂၀၂၅ CC (VOM) ဖားကန့် – ကားမိုင်းလမ်းမှာ ဩဂုတ် ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ခရီးသည်တင်ကားတစီးပေါ် ဒရုန်းဗုံးကျရောက်ပေါက်ကွဲလို့ နှစ်ယောက်သေဆုံးပြီး တယောက်ထိခိုက် ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ကားမိုင်း ကနေ ဖားကန့်ကိုအသွား ကားလမ်းမပေါ်ရှိ နန်းယားရွာအနီးမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် သွားခွင့်မရဘဲ ခရီးသည်တင်ကားအပါ ကားတွေရပ်နားထားချိန်မှာ ကိုကရင်လေးဆိုသူရဲ့ကားပေါ်ကို ဗုံးကျပေါက်ကွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” နန့်ယားမှာ နေ့လယ် ၁၂ နာရီကျော်မှာ ဒရုန်းဗုံးကျလို့ ကားဆရာ ကရင်လေးသေဆုံးသွားပြီ။ ဒဏ်ရာရတဲ့အထဲက ခေါင်းထိတဲ့ ခရီးသည်တယောက်ကဖားကန့်မှာထပ်ဆုံးတယ်။ ခရီးသည် မိန်းမတယောက်ကတော့ ပေါင်ကျိုးသွားတယ် ။ သေဆုံးသွားတဲ့ ကားဆရာ ကရင်လေး မှာ လေးနှစ်သမီးတယောက်နဲ့ တနှစ်ခွဲသားတယောက်ကျန်ရှိပါတယ်။ ကားလမ်းက သွားလာလို့ရပေမယ့် နှစ်ဘက်တိုက်ပွဲကြားမှာ အရဲစွန့်သွားလာနေကြတာပါ ။အခြေနေကြည့်သွားနေရတယ်။ ဒရုန်းနဲ့ ဗုံးချနေတာလည်း တွေ့ရတယ်။ အန္တရာယ်တော့များတယ်။” လို့ ဒေသခံကပြောပါတယ်။…

Read More

နလအတပ်​တွေဟာ ဗန်းမော်ကို အလုံးစုံထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေမှုနဲ့အတူ မြို့ပြန်လည်ထူထောင်ရေးပါစီစဥ်နေ

ဩဂုတ် ၁၅ ၊ ၂၀၂၅ CG (VOM) ကချင်ပြည်နယ် ၊ဗန်းမော်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ရေးအတွက် နလအ ဘက်မှ မြေပြင်ပစ်ခတ်မှုအပြင် လေကြောင်းကနေပါ ထိုးစစ်ဆင်တိုက်ခိုက်နေသလို မြို့တွင်းပြန်လည်ထူထောင်ရေးပိုင်းကိုပါ လုပ်ဆောင်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဗန်းမော်မြို့ အမြှောက်တပ်ရင်း ၃၆၆ နဲ့ လေယာဥ်ကွင်းကို နလအ ဘက်မှ ပြန်လည်သိမ်းပိုက်ရရှိထားကြောင်း ၊ ကျန်တဲ့ တပ်စခန်း တွေကို ဆက်လက်ရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ဩဂုတ် ၁၄ ရက်မနက်ပိုင်းကလည်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ မကြာသေးခင်ရက်ပိုင်းကပင် နလအက ဗန်းမော်မြို့ကို ရေကြောင်းကနေ စားနပ်ရိက္ခာနဲ့ လုံခြုံရေးတပ်ဖွဲ့အင်အား ဖြည့်တင်းခဲ့တယ်လို့လည်းသိရပါတယ်။ ” စစ်တပ်က ဗန်းမော်ကို ပြန်ရဖို့တော်တော်လေးကြိုးစားလာတယ်။ ရေကြောင်းကနေလည်း အင်အားဖြည့်ထားသလို ရိက္ခာလည်းဖြည့်ထားတယ်။ အခုအမြှောက်တပ်နဲ့ လေယာဥ်ကွင်းလည်းပြန်ရထားပြီဆိုတော့ ရှေ့ဆက်ပိုကြမ်းမယ့်သဘောရှိတယ်။ မြေပြင်ထိုးစစ်ထက် လေကြောင်းကိုပိုသုံးလာတယ်။ ဒီနေ့လည်းလာကြဲတာပဲ။…

Read More

အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယား‌ဒေသမှာ ရုတ်တရက်ရေကြီးလို့ ၄၆ ယောက်သေပြီး ၅၀ ကျော် ပျောက်ဆုံး

ဒေလီ၊ ဩဂုတ်-၁၅-၂၀၂၅ ရတီ(VOM) အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယား‌ဒေသရှိ ချိုဆီတီ ကျေးရွာမှာ ရုတ်တရက်ရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက် လူ ၄၆ ယောက်သေဆုံးပြီး ဒါဇင်များစွာ ပျောက်ဆုံးနေပါတယ်။ ဒီရွာဟာ ဟိမဝန္တာရှိ နာမည်ကြီးဘုရားဖူးစခန်းသို့ သွားရာလမ်းပေါ်မှာ တည်ရှိပြီး ကျေးရွာမှာ ဟိန္ဒူဘုရားဖူးတွေ ရှိနေချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းမှာမျှဝေထားတဲ့ ဗီဒီယိုတွေမှာတော့ ပြင်းထန်တဲ့ရေလှိုင်းတွေ၊ ရေနဲ့အတူ မျောပါသွားတဲ့ယာဉ်တွေနဲ့ ပျက်စီးနေတဲ့အိမ်တွေထဲက အသက်ရှင်နေသူတွေကို ရှာဖွေနေတဲ့ကယ်ဆယ်ရေးသမားတွေကို တွေ့ရပြီး လမ်းမပေါ်မှာ ရွှံ့နွံရေတွေနဲ့ ပြည့်နေပါတယ်။ ဘုရားဖူးဒါဇင်နဲ့ချီပြီး ဘေးကင်းရာကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပေမယ့် လူ ၅၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှီသူတွေကတယ်။ ဂျမူးနဲ့ ကက်ရှ်မီးယား အမတ်လည်းဖြစ်တဲ့ ဂျီတန်ဒရာဆင်းကတော့ ဘေးသင့်နေရာတွေကို ကယ်ဆယ်ရေးတပ်ဖွဲ့တွေ ရောက်ရှိဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။ မိုးလေဝသအခြေအနေမကောင်းတာကြောင့် ရဟတ်ယာဉ်တွေ မပျံသန်းနိုင်သေးဘူးလို့ သူက ဆိုခားပြီး…

Read More

Sky Villa အဆောက်အဦအပျက်အစီးတွေကြားက ရုပ်အလောင်း ၄ ခု ထပ်မံတွေ့ရှိ၊ တူးဖော်ရရှိတဲ့ ရုပ်အလောင်း ၁၅၀ ကျော်ပြီဖြစ်

မန္တလေး၊ သြဂုတ် – ၁၅- ၂၀၂၅ SA(VOM) မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင့်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့က SKY VILLA ကွန်ဒို အဆောက်အဦ အပျက်အစီးတွေကြားက မနေ့ သြဂုတ်လ ၁၄ ရက်နေ့က ရုပ်အလောင်း ၄ ခု ထပ်မံတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ Sky villa ကွန်ဒိုအပျက်အစီးတွေထဲက A အဆောင် (၃) လွှာ၊ အခန်းအမှတ် E3 က အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး (၃)ဦးရဲ့ ရုပ်အလောင်းတွေကို သြဂုတ် ၁၄ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်မှာ ထုတ်ယူနိုင်ခဲ့ပြီး မြတ်သဒ္ဒါ လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ အဲ့ဒီ ကွန်ဒိုအပျက်အစီးကနေ…

Read More

မြောက်ကိုရီးယားနဲ့ စစ်ရေးယုံကြည်မှု တည်ဆောက်မယ်လို့ တောင်ကိုရီးယားသမ္မတ ပြော

ဆိုးလ်၊ ဩဂုတ်-၁၅-၂၀၂၅ မျိုးဆက်(VOM) တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားရဲ့ နိုင်ငံရေးစနစ်ကို လေးစားကြောင်းနဲ့ နှစ်နိုင်ငံ စစ်ရေးယုံကြည်မှု ပြန်လည်တည်ဆောက်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဂျပန်အုပ်ချုပ်မှုကနေ လွတ်မြောက်တဲ့နှစ်ပတ်လည်နေ့မှာ ကျင်းပတဲ့ အခမ်းအနားမှာ သူက ခုလို ကတိပြုခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမ ကင်ယိုဂျုံက တောင်ကိုရီးယားနဲ့ ဆက်ဆံရေးတိုးတက်ဖို့ စိတ်ဝင်စားမှုမရှိဘူးလို့ ပြောလိုက်တဲ့ နောက်တရက်မှာ တောင်ကိုရီးယား သမ္မတက ပြောကြားခဲ့တာပါ ။ တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားနဲ့ တင်းမာမှုလျှော့ချဖို့နဲ့ ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဇွန်လကရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် လီဂျေးမြောင်က နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားနဲ့ ကန့်သတ်ချက်မရှိဘဲ ဆွေးနွေးမယ်လို့ ကတိပေးထားပါတယ်။ ဒါဟာ ယခင်သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ရဲ့ မဟာဗျူဟာနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ သြဂုတ် ၁၅ ရက်ဟာ မြောက်နဲ့တောင်ကိုရီးယား နှစ်နိုင်ငံစလုံးမှာ တူညီတဲ့ တခုတည်းသော အများသူငှာရုံးပိတ်ရက်ဖြစ်ပါတယ်။ လီဂျေးမြောင်က…

Read More

ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ရင် အိန္ဒိယအပေါ် ထပ်ဆောင်းအခွန်တွေ အမေရိကန် ကောက်ခံဖွယ်ရှိ

ဝါရှင်တန် ၊ ဩဂုတ်-၁၅-၂၀၂၅ ရတီ(VOM) ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ပူတင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ရင် အိန္ဒိယအပေါ် နောက်ထပ်အခွန်ကောက်ခံမှုတွေ ပြုလုပ်နိုင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ သမ္မတ‌ဒေါ်နယ်ထရန့်နဲ့ သမ္မတပူတင်တို့ အလာစကာမှာလုပ်မယ့် ဆွေးနွေးပွဲရဲ့ ရလဒ်ပေါ်မူတည်မယ်လို့ ဆိုပါတယ်။ “ရုရှားရေနံဝယ်တဲ့ အိန္ဒိယအပေါ် အခြားအခွန်စည်းကြပ်မှုတွေ ကျင့်သုံးထားပြီးပါပြီ။ ဆွေးနွေးပွဲ အခြေအနေတွေ မကောင်းရင် အခွန်နှုန်းထားတွေ ဒါမှမဟုတ် အခြားအခွန်စည်းကြပ်မှုတွေ ပိုမြင့်လာနိုင်တယ်” လို့ ဘက်ဆန့်က ပြောပါတယ်။ ဒီအခွန်စည်းကြပ်မှုမှာ ဥရောပနိုင်ငံတွေ ပါဝင်ဖို့လိုတယ်လို ဆိုပါတယ်။ ရုရှားကရေနံနဲ့လက်နက်ဝယ်တဲ့ အိန္ဒိယအပေါ် ၂၅ ရာခိုင်းနှုန်း အခွန်အပြင် နောက်ထပ် ၂၅ ရာခိုင်နှုန်းကို ဒီလအစောပိုင်းမှာ အမေရိကန်အစိုးရက ချမှတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အမေရိကန်ဟာ ရုရှားနဲ့ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေး စေ့စပ်ဖို့ ကြိုးစားနေပြီး…

Read More

လှိုင်သာယာနဲ့ မြောက်ဥက္ကလာပ မြို့နယ်မှာ ပေါက်ကွဲမှု ဖြစ်၊ သုံးယောက် ဒဏ်ရာ ရ

ဩဂုတ် ၁၅ – ၂၀၂၅ SS (VOM) ရန်ကုန်မြို့ရှိ လှိုင်သာယာနဲ့ မြောက်ဥက္ကလာပ မြို့နယ်တို့မှာ မနေ့ ဩဂုတ် ၁၄ ရက်၊ ညပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး သုံးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ‌ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။ လှိုင်သာယာမြို့နယ် ဖြစ်စဉ်မှာ မနေ့ည ၁၀ နာရီဝန်းကျင်က (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ သိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် သုံးယောက် မီးလောင်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “အဲဒီအချိန် ရပ်ကွက်ရုံးမှာ ရွေးကောက်ပွဲအတွက် အစည်းအဝေး ထိုင်နေကြတယ်လို့ သိရတယ်။ အဲဒီ အစည်းအဝေးအတွက် လုံခြုံရေးယူပေးထားတဲ့ စစ်သားနဲ့ ရဲတွေလည်း အပြင်မှာ ရှိနေတယ်။ ပေါက်ကွဲသံလည်း ထွက်လာပြီးရော သေနတ်သံ သုံးချက်လည်း ကြားရတယ်။ နောက်တော့ လူနာတင်ကားသံတွေ၊ အော်ဟစ်…

Read More

နောင်ချိုမှာ မြန်မာ့စီးပွားရေးဘဏ် ပြန်ဖွင့်

သြဂုတ် -၁၅-၂၀၂၅ နွယ်နီ(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့မှာ တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ မြန်မာ့စီးပွားရေးဘဏ်ကို ဩဂုတ်လ ၁၅ ရက်နေ့ ဒီနေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ ဘဏ်တာဝန်ရှိသူ တဦးက ပြောပါတယ်။ “ကျွန်တော်တို့ ဒီနေ့ စဖွင့်ပါတယ်။ ဘဏ်ဝန်ဆောင်မှုတွေ ဖြစ်တဲ့ အငြိမ်းစားပင်စင်လစာတွေ ထုတ်ပေးတာ၊ ငွေစုဆောင်းအပ်နှံထားသူတွေရဲ့ ငွေစုစာအုပ် ထုတ်တာတို့၊ ငွေစုစာအုပ်ထဲ ငွေထည့်သွင်းတာတို့၊ အတိုးထည့်သွင်းတာတို့ လုပ်ဆောင်ပေးမှာပါ” လို့ ဘဏ်တာဝန်ရှိသူ တဦးက ပြောပါတယ်။ နောင်ချိုမြို့မှာ ပုဂ္ဂလိကဘဏ်တွေ မဖွင့်လှစ်နိုင်သေးတာကြောင့် အခြား တိုင်းနဲ့ ပြည်နယ်အတွင်း ငွေလွှဲလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ “နောင်ချိုက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ငွေလွှဲကိစ္စတွေ၊ လကုန်ရင် နိုင်ငံဝန်ထမ်းတွေရဲ့ လစာကိစ္စတွေ လည်း ဆောင်ရွက်ပေးမှာဖြစ်ပါတယ်” လို့ ဘဏ်တာဝန်ရှိသူ တဦးက ပြောပါတယ်။ အငြိမ်းစားပင်စင်လစာ ခံစားသူများအနေနဲ့ UID လို့ခေါ်တဲ့…

Read More

အင်ဒိုနီးရှားမှာ အခမဲ့ကျွေးမွေးမှု အစီအစဉ်နဲ့ဆက်နွယ်ပြီး ကျောင်သား ၃၆၀ ကျော် အစာအဆိပ်သင့်ပြန်

ဂျကာတာ၊ ဩဂုတ်-၁၅-၂၀၂၅ ရတီ(VOM) အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ရဲ့ အစီအစဉ်ဖြစ်တဲ့ စာသင်ကျောင်းတွေမှာ အခမဲ့ ကျွေးမွေးမှုအစီအစဉ်တွေနဲ့ ဆက်နွယ်တဲ့ အစာအဆိပ်သင့်မှုအဖြစ် ဂျားဗားအလယ်ပိုင်း ဆီရဂျန်မြို့ရှိ စာသင်ကျောင်းမှာ ကျောင်းသား ကျောင်းသူ ၃၆၅ ယောက် အစာအဆိပ်သင့်မှုအများဆုံး ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီအစီအစဉ်ကို ယာယီရပ်ဆိုင်းထားပြီး အစားအစာနမူနာတွေကို စစ်ဆေးနေပါတယ် ။ ဒေါ်လာ ၂၈ ဘီလီယံ ဒီအစီအစဉ်ဟာ ကလေးငယ်တွေ အာဟာရချို့တဲ့မူကို ကာကွယ်ဖို့ သမ္မတရဲ့ မဲဆွယ်စည်းရုံးရေး ကတိကဝတ်တခုလည်း ဖြစ်ပါတယ်။ နိုင်ငံတဝန်မှာ အစီအစဉ်စတင်ကတည်းက လူ ၁၀၀၀ ကျော် အစာအဆိပ်သင့်ခဲ့ပါတယ် ။ ဆီရဂျန်မြို့ ကျောင်းက ကိုးတန်းကျောင်းသားတယောက်ကတော့ ညအချိန်မှာ ဗိုက်အောင့်ပြီး နိုးလာခဲ့တယ်လို့ ပြောပါတယ်။ သူဟာ ဝမ်းလျှောနဲ့ ခေါင်းကိုက်ဝေဒနာခံစားရပြီး အစာအဆိပ်သင့်တာလို့ သံသယရှိပါခဲ့တယ်။ အဲဒီနောက်မှာ တခြားကျောင်းသူကျောင်းသားတွေလည်း တူညီတဲ့လက္ခဏာတွေ…

Read More

မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ နှစ်ဆယ်ကျော်အထိရှိလာ

သြဂုတ် ၁၅- ၂၀၂၅ နွယ်နီ(VOM) TNLA တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း မိုးကုတ် အရှေ့ပိုင်း ရွှေကူရပ်ကွက် လင်းရောင်ခြည် ဘုန်းကြီးအနီးကို ဩဂုတ် ၁၄ ရက်နေ့ ည ၉ နာရီအချိန်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ နှစ်ဆယ်ကျော် ရှိလာပြီလို့ မိုးကုတ် ဒေသခံတွေက ပြောပါတယ်။ ဗုံးကြဲခံရတဲ့ နေအိမ်တွေကို ဒီနေ့ ရှင်းလင်းမှုတွေ ထပ်လုပ်ရာမှာ သေဆုံးသူ ရုပ်အလောင်းတွေ ထပ်တွေ့ရတာလို့ မိုးကုတ် မြို့ခံ တယောက်က ပြောပါတယ်။ “ဟုတ်ပါတယ်။ သေတဲ့သူက စုစုပေါင်း နှစ်ဆယ်ကျော် သွားပါပြီ။ မနေ့ညကအထိ ဆယ်ယောက်ပေါ့နော်။ မိသားစုလိုက် သေဆုံးသူတွေလည်းရှိပါတယ်” သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ မိုးကုတ် မြို့ခံ နောက်တယောက်က ပြောပါတယ်။ “ကိုယ်ဝန်ဆောင် အမျိုးသမီးလည်း ပါပါတယ်ဗျ။ အိမ်တွေဆို…

Read More
VOM News

FREE
VIEW