NDF ( ခ​​မောက်ပါတီ) ဘာဆက်လုပ်မလဲ

စက်တင်ဘာ ၁၀-၂၀၂၅ SS(VOM) ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် (UEC) က ပြည်ထောင်စု တဝန်းလုံးမှာ ယှဉ်ပြိုင်ဖို့ရှိနေတဲ့ နိုင်ငံရေးပါတီကြီး သုံးခုဖြစ်တဲ့ ခမောက်လို့ လူသိများတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ အပါအဝင် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုး သမီးပါတီ (မွန်) နဲ့ တိုင်းနဲ့ ပြည်နယ်အဆင့်မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီတို့ကို ပယ်ဖျက်လိုက်တယ်လို့ စက်တင်ဘာ ၉ ရက်နေ့ညမှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ က ထုတ်ပြန်ချက်တ​စောင် ပြီးတဲ့နာရီပိုင်းကထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး (NDF) ပါတီ ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးထက်​အောင်​ကျော်ကို VOM က ဆက်သွယ်…

Read More

ရခိုင်နဲ့ ဧရာဝတီအစပ်ကကျေးရွာတွေမှာ စားနပ်ရိက္ခာ အကျပ်အတည်း ပိုဆိုးလာ

စက်တင်ဘာ ၁၀ – ၂ဝ၂၅ KKO(VOM) ရခိုင်နဲ့ ဧရာဝတီအစပ်က ကျေးရွာတွေမှာစားနပ်ရိက္ခာဝယ်မရဖြစ်နေလို့ ဒေသခံတွေအ‌နေနဲ့ အခက်ကြုံနေရတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။ “ရွာထဲကစျေးဆိုင်တွေမှာတောင်ဘာမှဝယ်လို့ရဘူး။ဈေးသည်တွေလည်းအရင်လိုရွာကိုလာမရောင်းကြတော့ဘူး။ရွာမှာရှိတဲ့ဟာလေးတွေနဲ့လက်ကျန်လေးတွေပဲချွေစားနေရတယ်။ အဆင်‌ပြေသလိုလေးပဲစားနေရတယ်။မြို့ပေါ်သွားပြန်ရင်လည်းဆိုင်ကယ်တွေတအားဖမ်းနေလို့ဘယ်သူမှမသွားရဲကြဘူး”လို့ ရခိုင်နဲ့ ဧရာဝတီအစပ်ကကျေးရွာတခုမှာနေထိုင်တဲ့ ဒေသခံတယောက်က ပြောပါတယ်။ လက်ရှိအချိန်ကာလအထိ ရခိုင်နဲ့ ဧရာဝတီအစပ်ကကျေးရွာတွေမှာလက်နက်ကြီးသံ တွေတချက်တချက်ကြားနေရ‌သေးလို့ ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြရသလို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေဟာလည်းကောင်းမွန်ခြင်းမရှိဘူးလို့ အဲဒီဒေသမှာနေထိုင်တဲ့ဒေသခံတွေက ပြောပါတယ်။ “လက်နက်ကြီးသံတွေကကြားနေရတုန်းပဲ။တနေ့မနက်ကတောင်ကြား လိုက်ရသေးတယ်၊အသံအကျယ်ကြီးပဲ”လို့ ဒေသခံတယောက်က ဆက်ပြီးပြောပြပါတယ်။ ဒါအပြင်ရခိုင်နဲ့ ဧရာဝတီအစပ်ကကျေးရွာအချို့ဟာ တိုက်ပွဲတွေကြောင့် အချို့သောရွာတွေက မိသားစုအချို့ဟာ စစ်ရှောင်သွားကြပြီးအဲဒီလိုစစ်ဘေးရှောင်နေချိန်မှာကျေးရွာအတွင်းကနေအိမ်တွေကိုသူခိုးဝင်ခိုးတဲ့ဖြစ် စဉ်တွေကိုလည်းဒေသခံတွေကကြုံတွေ့နေရလို့အခက်တွေ့ရတယ်လို့ ဆိုပြန်ပါတယ်။ “တိုက်ပွဲတွေကတမျိုး၊ဒီကြားထဲသူခိုးကတမျိုး၊သူခိုးတက်တာအကုန်ပါသွားတယ်။ထမင်း၊ဟင်းချက်ဖို့ပေါင်းအိုးတွေဟင်းချက်တဲ့အိုးခွက်တွေကအစအကုန်ယူသွားတယ်။အတော်လေးစိတ်ညစ်ရတယ်”လို့ အဲဒီဒေသမှာနေထိုင်တဲ့ ဒေသခံတယောက်က VOM ကိုပြောပါတယ်။ ယခုနှစ်ပိုင်းကစလို့ ရခိုင်လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ AA နဲ့သူရဲ့မိတ်ဖက်တပ်တွေက ရခိုင်နဲ့ ဧရာဝတီအစပ်ကငါးသိုင်းချောင်း၊ရေကြည်၊လေးမျက်နှာ၊အင်္ဂပူ၊သာပေါင်းအစရှိတဲ့နေရာတွေမှာစစ်ရေးတိုက်ပွဲတွေကိုဖော်ဆောင်လာခဲ့တာဖြစ်ပါတယ်။ အဲဒါအပြင်ရခိုင်-ဧရာဝတီအစပ်ကျေးရွာတွေကဒေသခံပြည်သူအချို့အနေနဲ့ ငွေကြေးအခက်အခဲ၊စားဝတ်နေရေးအခက်အခဲကြောင့်တခြားမြို့ရွာတွေကိုသွားလာပြီးစစ်ဘေးရှောင်ဖို့ဆိုတာကလည်းအခက်အခဲတွေများစွာရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ “ငွေမှမရှိတာပိုက်ဆံမရှိတော့လည်းအခြားနေ‌ရာ ဒေကိုသွားရှောင်ဖို့ဆိုတာခက်တယ်လေ၊ရွာမှာဒီလိုဖြစ်သလိုလေးပဲနေနေရတာပေါ့”လို့ ဒေသခံက တယောက်က…

Read More

နီပေါမှာ ဝန်ကြီးချုပ်နုတ်ထွက်သွားပေမယ့် အကြမ်းဖက်ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွား

ခတ္တမန္ဒူ၊ စက်တင်ဘာ-၁၀-၂၀၂၅ မျိုးဆက်(VOM) နီပေါနိုင်ငံမှာ လူ ၁၉ ယောက်သေဆုံးခဲ့တဲ့ ဆန္ဒပြပွဲတွေအပြီးမှာ ဝန်ကြီးချုပ် ကေပီရှာမာအိုလီ ရာထူးကနေ နုတ်ထွက်သွားပေမယ့် အကြမ်းဖက်မှုနဲ့အဓိကရုဏ်းတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ အင်္ဂါနေ့မှာ မြို့တော် ခတ္တမန္ဒူရှိ လွှတ်တော်အဆောက်အအုံကို ဆန္ဒပြသူတွေ မီးရှို့ခဲ့ကြသလို အစိုးရအဆောက်အအုံတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အိမ်တွေကို နိုင်ငံတဝန်း တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ အင်္ဂါနေ့မှာ နောက်ထပ် လူသုံးဦး သေဆုံးကြောင်း သတင်းတွေကဆိုပါတယ်။ ဒီအခြေအနေအတွင်းမှာ အနောက်ပိုင်းခရိုင်က ထောင်နှစ်ခုကနေ အကျဉ်းသား ၉၀၀ ခန့် ထွက်ပြေးခဲ့တယ်လို့ ထောင်တာဝန်ရှိသူတွေက ဆိုပါတယ်။ လူမှုကွန်ရက်ပလက်ဖောင်းတွေကို တားမြစ်ထားတဲ့ အမိန့်ကြောင့် ဒီဆန္ဒပြမှုတွေ စတင်ခဲ့ပါတယ်။ တနင်္လာနေ့မှာ ဒီတားမြစ်ချက်ကို ရုပ်သိမ်းခဲ့ပေမယ့် ဆန္ဒပြမှုတွေကတော့ ပိုမိုကြီးထွားလာနေပါတယ်။ နီပေါစစ်တပ်ကတော့အင်္ဂါနေ့ညပိုင်းမှာ ထုတ်ပြန်ချက်ထုတ်ပြန်ပြီး ဆန္ဒပြသူတွေဟာ လက်ရှိအကျပ်အတည်းကို အခွင့်ကောင်းယူကာ ပြည်သူ့နဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို ပျက်စီးအောင်၊ လုယက်အောင်၊ မီးရှို့တာတွေ…

Read More

ကာတာရှိ ဟားမတ်စ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး အစ္စရေး လေကြောင်းတိုက်ခိုက်

ဒိုဟာ၊ စက်တင်ဘာ-၁၀-၂၀၂၅ ရတီ(VOM) အစ္စရေးဟာ ကာတာနိုင်ငံမှာ ဟားမတ်စ်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ငါးယောက်သေဆုံးခဲ့တယ်လို့ ဟားမတ်စ်တို့က ပြောပါတယ်။ ဒါပေမယ့် ထိပ်တန်းခေါင်းဆောင်တွေကတော့ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ အစ္စရေးအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တာလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ ဟားမတ်စ်ခေါင်းဆောင်တွေကို တိကျတဲ့ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ အစ္စရေးမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဟားမတ်စ်ရဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးမှူး Khalil al-Hayya ကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဟားမတ်စ်ကတော့ ကိုယ်စားလှယ်အဖွဲ့ဝင်အားလုံး ဘေးကင်းတယ်လို့ ဆိုပေမယ့် al-Hayya ရဲ့သားအပါအဝင် အခြားငါးယောက် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ နေတန်ယာဟုကတော့ အကြမ်းဖက်ခေါင်းဆောင်တွေအတွက် နောက်ဆုံးနေ့တွေရောက်လာပြီ လို့ ပြောကြားခဲ့ပြီး ဂျေရုဆလင်မှာ တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ လူခြောက်ယောက်သေဆုံးတဲ့ ပစ်ခတ်မှုကို တုံ့ပြန်တာဖြစ်တယ်လို့…

Read More

နိုင်ငံရေးပါတီ လေးခုကို ပယ်ဖျက်လိုက်တဲ့အပေါ် ဝေဖန်မှုတွေမြင့်တက်

စက်တင်ဘာ ၁၀ – ၂၀၂၅ KKO(VOM) ရွေး/ကော်(UEC)က နိုင်ငံရေးပါတီ လေးခုကို သတ်မှတ်ချက်မပြည့်မီဟုဆိုကာ ပယ်ဖျက်လိုက်မှုအပေါ် မြန်မာ့ပါတီနိုင်ငံရေးနယ်ပယ်လောက မှာဝေဖန်သံတွေထွက်ပေါ်နေပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်(UEC)က စက်တင်ဘာ ၉ ရက်နေ့၊ညပိုင်းအချိန်မှာပြည်ထောင်စုတဝှမ်းလုံးမှာယှဉ်ပြိုင်ဖို့ရှိနေတဲ့ နိုင်ငံရေးပါတီ သုံး ခုဖြစ်တဲ့ ခမောက်လို့လူသိများတဲ့အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ အပါအဝင်အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊အမျိုး သမီးပါတီ(မွန်)နဲ့ တိုင်းနဲ့ ပြည်နယ်အဆင့်မှာဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ကို ပယ်ဖျက်လိုက်တယ်လို့ထုတ်ပြန်ကြေညာခဲ့တာပါ။ ” UEC ကနိုင်ငံရေးပါတီ ၄ ခုကိုစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်နဲ့ မပြည့်မီဘူးဆိုပြီးအခုဖျက်သိမ်းလိုက်တယ်။ ကျန်တဲ့နိုင်ငံရေးပါတီတွေအနေနဲ့လည်း ရွေးကောက်ပွဲအနီးမှာ ဒီလိုမျိုးတွေဖြစ်လာမလားဆိုပြီး စိုးရိမ်‌နေကြတယ်ပေါ့၊ဒါကကျန်တဲ့နိုင်ငံရေးပါတီတွေအတွက်လည်းမျက်ခုံးလှုပ်စရာ‌ဖြစ်လာပါတယ်”လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ တယောက်က VOM ကို ပြောပါတယ်။ ရွေး/ကော်(UEC)က အခုလိုနိုင်ငံရေးပါတီ ၄ ခုကိုပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်ကြေညာခဲ့မှုအပေါ် ဝါရင့်ပါတီနိုင်ငံရေးသမားတယောက်ဖြစ်သူ ဦးကိုကိုကြီးက မှတ်ချက်တစုံတရာပေးလိုခြင်းမရှိဘူးလို့ VOM ရဲ့မေးမြန်းမှုကိုယနေ့နံနက်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။ “ရွေးကောက်ပွဲဝင်နိုင်တဲ့အဆင့်မရှိလို့ ပါဝင်ခွင့်မရှိဘူးလို့ ပြောချင်ပြောပေါ့၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြစ်မှုပြစ်ဒါဏ်မရှိဘဲ…

Read More

နေတိုးအဖွဲ့ဝင် ပိုလန်ထဲကို ရုရှားဒရုန်းတွေ ပထမဆုံးအကြိမ် ဝင်ရောက်

ဝါဆော၊ စက်တင်ဘာ-၁၀-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းအနောက်ပိုင်းကို ရုရှားက တိုက်ခိုက်စဉ်အတွင်း ပိုလန်လေပိုင်နက်ထဲကို ရုရှားဒရုန်းတွေ အကြိမ်ကြိမ် ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ ပိုလန်စစ်တပ်က ပြောပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို လုံးလုံးလျားလျားကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံထဲကို ရုရှားဒရုန်းတွေ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့တာဖြစ်ပြီး ကြားဖြတ်ပစ်ချခဲ့တယ်လို့ ပိုလန်စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ ပိုလန်နဲ့ နေတိုးလေယာဉ်တွေ ဖြန့်ကျက်ချထားပြီးနောက် စစ်ဆင်ရေးဆောင်ရွက်မှု ပြီးဆုံးသွားခဲ့ပြီလို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်ခ် က အရေးပေါ်အစည်းအဝေးခေါ်ယူပြီနောက် ပြောပါတယ်။ဒါဟာ ပိုလန်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အမှန်တကယ် ခြိမ်းခြောက်မှုဖြစ်စေတဲ့ ရန်စမှု လို့ ပိုလန်က ပြောပါတယ်။ ရုရှားကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး။ ပိုလန်ကို ဝင်ရောက်လာတဲ့ ဒရုန်းတွေဟာ ယူကရိန်းအပေါ် နောက်ဆုံးလေကြောင်းတိုက်ခိုက်မှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး သမ္မတဇီလန်စကီးကတော့ ဒါဟာ ဥရောပအတွက် အလွန်အန္တရာယ်များတဲ့ စံနမူနာတခုလို့ ပြောပါတယ်။ ဒီလို…

Read More

မသန်စွမ်း သမီးအရင်းကို အဓမ္မပြုကျင့်ပြီးကိုယ်ဝန်ဖျက်ချခိုင်းသည့် ဖခင်ကိုဖမ်းမိ

စက်တင်ဘာ ၁၀ – ၂၀၂၅ KKL(VOM) ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ မသန်စွမ်းသမီးအရင်းဖြစ်သူကို အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ရချိန်မှာ ဖျက်ချခိုင်းတဲ့ ဖခင်ကိုဖမ်းဆီးရမိထားပြီလို့ ဒေသခံကူညီပေးသူတွေဆီက သိရပါတယ်။ မိသားစုက ခြိမ်းခြောက်တာခံရပြီး သက်ဆိုင်ရာကိုမတိုင်ရဲတာကြောင့် ကျူးလွန်သူဖခင်ကို ရပ်ကွက်ကတိုင်ကြားချိန်မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး စက်တင်ဘာ ၈ ရက်မှာ တိမ်းရှောင်နေတဲ့ မအူပင်မြို့နယ်ဘက်မှာ မိသားစုဝင်တွေရဲ့ အကူအညီနဲ့ ဖမ်းဆီးခံရတာလို့သိရပါတယ်။ “အဓမ္မပြုကျင့်ခံရသူက မသန်စွမ်းသမီးအရင်းပါ။ဖခင်အရင်းက ပထမတကြိမ် သားမယားပြုကျင့်တာခံရပြီး ကိုယ်ဝန်ရလာတော့ ဖျက်ချခိုင်းလို့ ဖျက်ချခဲ့ရတာ။ ပတ်ဝန်းကျင်ကို ထုတ်ပြောရင်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတာ။အခု ဒုတိယအကြိမ် အဓမ္မပြုကျင့်တာခံရလို့ကိုယ်ဝန်ထပ်ရလာတော့မှ ရပ်ကွက်က ဝိုင်းတိုင်လို့ တိမ်းရှောင်ရင်းဖမ်းမိတာ။” ဖြစ်စဥ်ကို သိရှိသူတယောက်က ပြောပါတယ်။ မသန်စွမ်းသမီးကို ဖခင်ဖြစ်သူက၂၀၂၄ခုနှစ်ထဲမှာပထမ အကြိမ် အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန် ၅ လကျော်ရှိချိန်မှာ ဖခင်ဖြစ်သူက ကိုယ်ဝန်ကိုဖျက်ချခိုင်းတာဖြစ်ပြီး ဒုတိယ အကြိမ် ၂၀၂၅ခု နှစ်ထဲမှာ အဓမ္မ…

Read More

ဝက်လက်နဲ့ လက်ပံတန်းမှာ လေကြောင်း၊ ဒရုန်းအသုံးပြု တိုက်ခိုက်မှုကြောင့် ခြောက်ယောက်သေဆုံး

စက်တင်ဘာ ၁၀ – ၂၀၂၅ SS (VOM) စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ မနေ့ စက်တင်ဘာ ၉ ရက်က လေကြောင်း၊ ဒရုန်း အသုံးပြု တိုက်ခိုက်မှုကြောင့် ခြောက်ယောက်သေဆုံးကာ ၁၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဆိုပါ ဖြစ်စဉ်တွေမှာ ဝက်လက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လေးယောက် သေဆုံးကာ ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို လက်ပံတန်း မြို့နယ်မှာတော့ ဒရုန်းအသုံးပြု တိုက်ခိုက်ခံရမှုကြောင့် နှစ်ယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဝက်လက်မြို့ ဖြစ်စဉ်မှာ မနေ့ ညနေ ၆ နာရီခွဲဝန်းကျင်က အဆိုပါမြို့နယ် အရှေ့ခြမ်းရှိ သစ်ဆိမ့်ရွာ၊ အင်ဒေါင်းရွာ၊ ရုံးပင်ကုန်းရွာ၊ မင်းကုန်းရွာ၊ နဘဲပင်လှရွာနဲ့ တပ်ရွာတို့မှာ…

Read More
VOM News

FREE
VIEW