ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်တဲ့ မဲဆန္ဒနယ်များစာရင်းမှာပါပြီး နလအ ဌာနဆိုင်ရာတွေ ဝင်လာမယ်လို့ သတင်းထွက် နေတဲ့ သိန္နီပါဝင်

စက်တင်ဘာ ၁၅၊ ၂၀၂၅
Shy V (VOM)
ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်တဲ့ မဲဆန္ဒနယ်များစာရင်းမှာ နလအ ဌာနဆိုင်ရာ ဝင်လာမယ်လို့ သတင်းထွက် နေတဲ့ သိန္နီ ပါဝင် နေကြောင်း MOI ရဲ့ ထုတ်ပြန်ကြေညာစာ အရ သိရပါတယ်။
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေ ဖြစ်တဲ့ UWSA ထိန်းချုပ်နယ်မြေက ပန်ဆန်း(ပန်ခမ်း)၊ နားဖန်း၊ ဟိုပန်မြို့၊ မိုင်းမော၊ ပန်ဝိုင်၊ NDAA ထိန်းချုပ် နယ်မြေက မိုင်းလား၊ MNDAA ထိန်းချုပ် နယ်မြေက သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ TNLA ထိန်းချုပ်နယ်မြေက နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုးမိတ် နဲ့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ထိန်းချုပ် နယ်မြေက မဘိမ်း စတဲ့ မြို့နယ် ၁၇ မြို့နယ် ပါဝင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မဲဆန္ဒနယ်အမှတ် ၄ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နဲ့ မဲဆန္ဒနယ်အမှတ် ၅ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စတဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် နှစ်နယ်လည်း ပါဝင်ကြောင်း ဖော်ပြထားပါတယ်။
“မူဆယ်မှာဝောာ့ ရွေးကောက်ပွဲ မြို့ပေါ်မှာပဲ ကျင်းပ ဖို့ရှိတယ်” လို့ နလအ နဲ့ နီးစပ် သူ တယောက်က ပြောပါတယ်။
လက်ရှိ လုံခြုံရေး အဆင်မပြေသေးတဲ့ နေရာတွေမှာတော့ လုံခြုံရေး အဆင်ပြေတဲ့ အချိန် ပြန်ကျင်းပမှာ ဖြစ်သလို တိုက်ပွဲ ဖြစ်ပွားနေတဲ့ မြို့တွေမှာလည်း သိမ်းရပြီး အဆင်ပြေတဲ့ အချိန် ရွေးကောက်ပွဲ လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
“ကျောက်မဲ၊ သီပေါ က ရွေးကောက်ပွဲ ထဲပါတယ်။ သူတို့က မလုပ်မယ့် နေရာတွေပဲ ထုတ်ပြန်ထားတာ” လို့ ကေိာက်မဲ ဒေသခံ တယောက်က ပြောပါတယ်။
ရွေးကောက်ပွဲ မလုပ်မယ့်နေရာတွေကို ထုတ်ပြန်ထားတယ် ဆိုပေမယ့် စစ်တပ်က အချိန်ရှိသေးတာကြောင့် တိုက်ရင်းနဲ့ ထပ်ထုတ်ပြန် လာဦးမယ် လို့ယူဆရတယ်လို့ သူက ပြောပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW