စက်တင်ဘာ ၁ – ၂ဝ၂၅ KKO(VOM) တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အလုပ်သဘောခရီးရောက်ရှိနေတဲ့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သြဂုတ်လ ၃၁ ရက်၊တရုတ်ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန်က တီရန်ကျင်းမြို့မှာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုဟာ မြန်မာ့နိုင်ငံရေးအတွက်ထူးခြားကောင်းမွန်သောအရွှေ့ပြောင်းလဲမှုဖြစ်လာနိုင်တယ်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ “အိန္ဒိယနဲ့ကတော့ ကျွန်တော်တို့ ပြဿနာအများကြီးတော့မရှိပါဘူး။ အိန္ဒိယနဲ့ ကျွန် တော်တို့ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တယ်။ နယ်စပ်ဒေသမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့လည်း သိပ်ပြဿနာကြီးကြီးမားမားတော့မရှိခဲ့ပါဘူး ။အခုနောက်ပိုင်းမှာ အိန္ဒိယဘက်ကလည်း နယ်စပ်ဒေသတည်ငြိမ်မှုတွေ မြန်မာပြည်နဲ့ ကုန်သွယ်မှု Trade ဒါတွေကရှိနေတယ်။ အဲလိုပဲတဖက်မှာလည်း စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်နဲ့ လက်နက်ကိုင်တွေအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယကိုအားကိုးရမယ့်ကိစ္စလေးတွေရှိတယ်။ ကျွန်တော်တို့မှာဖြစ်ခဲ့ဘူးတာတွေ အိန္ဒိယမှာလည်းအများကြီးရှိခဲ့ဘူးတယ်၊ဖြစ်ခဲ့ဘူးတယ်လို့ယူဆပါတယ်။ အခုလိုတွေ့ဆုံမှုဟာဒါကထူးခြားမှုရှိတယ်လို့ ပြောလို့ရပါတယ်။တွေ့ဖို့လည်းလိုနေပြီလေ” လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူတယောက်က VOM ကိုပြောပါတယ်။ ထူးခြားချက်တခုက အိန္ဒိယနိုင်ငံဝန်ကြီးချုပ်…
Read MoreMonth: September 2025
ဖားကန့်မြို့မှာ လူတယောက်ပစ်သတ်ခံရပြန်၊ မြို့တွင်း စစ်တပ်ကအင်အားတိုးမြှင့်ချထားပြီး အစစ်အဆေးများနေ
စက်တင်ဘာ ၁၊၂၀၂၅ GG (VOM) ကချင်ပြည်နယ် ၊ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်မှာ ဒီနေ့စက်တင်ဘာ ၁ ရက်နေ့မနက်ပိုင်းက အမျိုးသားတယောက် ပစ်သတ်ခံခဲ့ရ တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “မရှီကထောင်က အောင်မျိုးသူ ကားဝပ်ရှော့ရဲ့ မျက်စောင်းထိုးမှာရှိတဲ့ သုခ ဆေးခန်းရှေ့မှာ မှောက်ရက်ကြီးသေနေတာပါ။ မနက် ၇ နာရီခွဲလောက်မှာပစ်ခတ်ခံလိုက်ရတယ်သိရတယ်။ ဖားကန့်မှာ ပစ်သတ်ခံရသူတွေများလာပေမယ့် ဘယ်သူတွေပစ်ခတ်မှန်းမသိရဘူး။ ဘယ်အဖွဲ့လုပ်မှန်းမသိရဘူး။” လို့ ဖားကန့်ဒေသခံကပြောပါတယ်။ ပစ်ခတ်ခံရပြီးသေဆုံးသူကိုတော့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းက ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ ဖားကန့်မှာ ဩဂုတ်လအတွင်းတုန်းကလည်း သေနတ်နဲ့ပစ်သတ်ခံရသူ လေးယောက်ရှိခဲ့ပြီး ဇူလိုင်လအတွင်းမှာက လမ်းပေါ်ပစ်သတ်ခံရသူ ၁၅ ယောက်လောက်ရှိခဲ့တယ်လို့သိရပါတယ်။ ဖားကန့်ဒေသမှာ လူတွေပစ်သတ်ခံနေရတာ ခပ်စိပ်စိပ်ဖြစ်လာသလို KIA နဲ့ စစ်တပ်အကြားတိုက်ပွဲကလည်း ပိုပြီးပြင်းထန်လာတာကြောင့် လူနေရပ်ကွက်နဲ့ကျေးရွာတွေထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေဖြစ်ပွားပြီး သေဆုံးသူနဲ့ဒဏ်ရာရသူတွေ ဆက်တိုက်ရှိလာနေတယ်လို့သိရပါတယ်။ လက်ရှိမှာ စစ်တပ်က ဖားကန့်မြို့အတွင်းမှာ အင်အားတိုးမြှင်ကာ ဖြန့်ကျက်ထားပြီး လုံခြုံရေးယူထားသလို ရှောင်တခင်စစ်ဆေးမှုတွေရှိတဲ့အပြင်…
Read Moreကံမ၊ အင်းမနဲ့ ပြည်မြို့မှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရေကြီးမှုနဲ့ တောင် ပြိုကျမှုတွေဖြစ်
စက်တင်ဘာ ၁ – ၂၀၂၅ SN (VOM) မကွေးတိုင်း၊ ကံမမြို့နဲ့ ပဲခူးတိုင်း ပြည်မြို့နဲ့ အင်းမမြို့မှာ မနေ့ ဩဂုတ် ၃၁ ရက်၊ ညနေပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ရေကြီးမှု၊ တောင်ကမ်းပါးယံ ပြိုကျမှုအပြင် သစ်ပင်တွေနဲ့ ဓာတ်တိုင် လဲကျမှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ပြည်မြို့မှာ မနေ့ ညနေ ၄ နာရီဝန်းကျင်ကစပြီး မိုးကြီး၊ လေပြင်းတိုက်မှုကြောင့် အဆိုပါမြို့အဝင် PT Power ဆီဆိုင်အနီး လမ်းတလျှောက် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီး ကားနဲ့ ဆိုင်ကယ်တွေ ဖြတ်သန်းမရအောင်အထိ ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ ဒါအပြင် ပြည်မြို့၊ နန္ဒဝန်ရပ်ကွက်ရှိ ကုလားကန်ဘက်၊ ကောလိပ်ကျောင်း…
Read Moreတရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့ နလအ ဥက္ကဌ တို့ တွေ့ဆုံ၊ တရုတ်စီမံကိန်းတွေ ဘေးကင်းလုံခြုံရေး ရှီကျင်ဖျင် တောင်းဆို
ဩဂုတ် ၃၁ – ၂ဝ၂၅ KKO(VOM) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာနိုင်ငံယာယီသမ္မတ နလအ ဥက္ကဌ တို့ဟာ သြဂုတ်လ ၃၀ ရက်၊ မွန်းလွဲပိုင်းအချိန်ကတရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတမှာတွေ့ဆုံကာနှစ်နိုင်ငံ သီးသန့် ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ တွေ့ဆုံစဉ် သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေ တွေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်း စဉ်ကိုလျှောက်လှမ်းခြင်း၊နိုင်ငံတော်ရဲ့အချုပ် အခြာအာဏာ၊လုံခြုံရေး၊ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ခြင်းကို အားပေးထောက်ခံလျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါအပြင် တရုတ်သမ္မတက မြန်မာနိုင်ငံအနေနဲ့ စည်းလုံးညီညွတ်ပြီး ပြည်တွင်းနိုင်ငံရေး အင်အားစုများစွာကို စုစည်းပြီး တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိစေရေးကိုလည်းထောက်ခံလျက်ရှိတယ်လို့ ပြောကြားပါတယ်။ အဲဒါအပြင် နှစ်နိုင်ငံအနေနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အဓိကစီမံကိန်းတွေကို တွန်းအားပေးပြီး စီးပွားရေးနဲ့ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားကြရမယ်လို့လည်းပြောကြားခဲ့သလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးတွဲတိုက်ဖျက် ရေး၊တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို…
Read More