TNLA တပ်ဖွဲ့က ပညာရေး ဝန်ထမ်းတွေကိုပါ ရှေ့တန်းပို့တာတွေ ရှိလာ

စက်တင်ဘာ ၂၊ ၂၀၂၅ Shy V (VOM) TNLA တပ်ဖွဲ့က ပညာရေး ဝန်ထမ်းတွေကိုပါ ရှေ့တန်းပို့တာတွေ ရှိလာလို့ အခက်ကြုံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “တအာင်း ဒေသမှာ ဆရာ၊ ဆရာမတွေ အရမ်းလိုအပ်‌ နေတဲ့ အချိန်မှာ အခုလိုအခြေအနေကို TNLA စစ်တပ်ကို သွားပြောတော့ ဥပဒေ အရ လုပ်တယ်လို့ပြောတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ဥပဒေနားလည်ပေမယ့် ဒေသမှာ လိုအပ်နေတဲ့ ကျောင်း ဆရာ၊ ဆရာမတွေကို ကင်းလွတ်ခွင့်ပေးဖို့ တောင်းဆိုကြတာ ဘယ်လိုမှ အရာ မထင်သလို ပြောလို့ မရခဲ့ဘူးလို့ သူက ပြောပါတယ်။ ပညာရေး ဝန်ထမ်းတွေအပါအဝင် တခြားဌာနက ဝန်ထမ်းတွေကလည်း စစ်မှုထမ်းဖို့ ခေါ်ယူရင် မသွားလို့ မရပဲ သွားရပြီး တချို့က စစ်သင်တန်းတွေ ပေးထားတာ…

Read More

မြဝတီ – အာရှလမ်းနဲ့ ရေး – ထားဝယ်လမ်းပိုင်းမှာ ပေါက်ကွဲမှုတွေကြောင့် နှစ်ယောက်သေ၊ ၁၀ ယောက်ဒဏ်ရာရပြီ၊ စစ်ရေးဆက်လက်တင်းမာ

စက်တင်ဘာ ၂ ၊၂၀၂၅ GG (VOM) ကရင်ပြည်နယ် ၊ မြဝတီ – ကော့ကရိတ်အာရှလမ်း နဲ့ တနင်္သါရီတိုင်းရှိ ရေး – ထားဝယ်လမ်းပိုင်းမှာ စက်တင်ဘာ ၁ ရက်နေ့က ဒရုန်းဗုံးနဲ့ မိုင်းပေါက်ကွဲလို့ နှစ်ယောက်သေပြီး လူ ၁၀ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က နေ့လယ် ၁ နာရီကျော်လောက်မှာ မြဝတီ – ကော့ကရိတ်အာရှလမ်းမှာရှိတဲ့ ယခင်ကဖျက်ဆီးခံထားရတဲ့ ကော့နွဲ့တံတားကို နလအ ဘက်မှ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းလုပ်ဆောင်နေချိန်မှာ ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး အမျိုးသားတယောက်သေဆုံးကာ ရှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” အဲဒီကော့နွဲ့တံတားက အရင်က ဖျက်ဆီးခံထားရတာ။အခုစစ်တပ်က ပြန်ပြင်နေတာပေါ့။စစ်တပ်က အာရှလမ်းကိုထိန်းချုပ်ပြီး ပြန်ဖွင့်နိုင်ဖို့လုပ်နေတဲ့သဘောရှိတယ်။မနေ့က အဲဒီတံတားပြင်တဲ့အဖွဲ့ကို ဒရုန်းနဲ့တိုက်ခိုက်ခံရတာပါ။သေတာကဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူး။တိုက်ပွဲတွေကတော့ဆက်တိုက်ရှိနေတယ်။” လို့ ကော့ကရိတ်ဒေသခံကပြောပါတယ်။ လက်ရှိ မြဝတီ – ကော့ကရိတ် အာရှလမ်းကို နလအက…

Read More

လေကြောင်း တိုက်ခိုက်မှုကြောင့် ပေါက်မြို့နယ် ဒေသခံတွေ စစ်ရှောင်

စက်တင်ဘာ ၂ – ၂၀၂၅ SN (VOM) မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ လေကြောင်း တိုက်ခိုက်ခံရမှုတွေ ဖြစ်ပွားနေတဲ့အတွက် မနေ့ စက်တင်ဘာ ၁ ရက်၊ ညနေ ၅ နာရီဝန်းကျင်ကစပြီး ဒေသခံ အများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်‌တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်နေ့မှ စတင်ကာ ဒီကနေ့ စက်တင်ဘာ ၂ ရက် မနက်ပိုင်းအထိ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာလို့ သိရပြီး ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းနဲ့ အနောက်မြောက်ခြမ်းရှိ ကျေးရွာတွေက ဒေသခံတွေ ရွာလုံးကျွတ် တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။ “လတ်တလော အခြေအနေက လုံးဝ မငြိမ်သေးတဲ့အတွက် စစ်ရှောင် လူဦးရေကို ကျွန်တော်တို့ စာရင်းကောက်လို့ မရသေးဘူး။ နောက်တချက်က အခုအချိန်မှာ လုံခြုံရေးအခြေအနေ…

Read More

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကျည်ကာရထားစီးပြီး တရုတ်နိုင်ငံ ပေကျင်း ရောက်ရှိ

ပေကျင်း၊ စက်တင်ဘာ-၂-၂၀၂၅မျိုးဆက်(VOM)မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ တရုတ်မှာကျင်;ပမယ့် စစ်ရေးပြချီတက်ပွဲကို တက်ရောက်ဖို့အတွက် နယ်စပ်ကို ကျည်ကာရထားနဲ့ဖြတ်ပြီး မြို့တော်ပေကျင်းကို ရောက်ရှိနေပြီလို့ သတင်းဌာနတွေက ဒီကနေ့ နေ့လယ်ပိုင်းမှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မယ့် ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ ချီတက်ပွဲမှာ ကင်ဂျုံအန်ဟာ တရုတ်သမ္မတ ရှီကျင်းပင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အခြားကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ တွေ့ရမယ့် သူ့ရဲ့ ပထမဆုံးနိုင်ငံတကာပွဲလည်း ဖြစ်ပါတယ်။ သူဟာ ကျည်ကာရထားနဲ့ မြောက်ကိုရီးယားကနေ ထွက်ခွာခဲ့ပြီး အင်္ဂါနေ့က တရုတ်နိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ရထားပေါ်မှာ လတ်ဆတ်တဲ့ပင်လယ်စာနဲ့ တခြားကောင်းမွန်တဲ့ဟင်းလျာတွေကို ပြင်သစ်ဝိုင်လို အဖျော်ယမကာတွေနဲ့ တည့်ခင်းဧည့်ခံတဲ့ စားသောက်ဆိုင်တခုလည်း ပါဝင်ပါတယ်။ကင်ဂျုံအန်ဟာ တနင်္လာနေ့က ပြုံယမ်းမှ ထွက်ခွာခဲ့သော်လည်း ရထားရဲ့ လေးလံတဲ့ အကာအကွယ်ကြောင့် နှေးကွေးစွာ ခရီးဆက်ရတာပါ။ စစ်ရေးပြအခမ်းအနားကို ကင်ဂျုံအန် တက်ရောက်မှုဟာ ၁၉၅၉ ခုနှစ်ကတည်းက တရုတ်စစ်ရေးပြအခမ်းအနားသို့ မြောက်ကိုရီးယားခေါင်းဆောင်တယောက် ပထမဆုံးအကြိမ်…

Read More

တရုတ်သမ္မတ အပါအဝင် ဒုသမ္မတတို့နဲ့ နလအ ဥက္ကဋ္ဌ တို့တွေ့ဆုံ

စက်တင်ဘာ ၃ – ၂ဝ၂၅ KKO(VOM) တရုတ်သမ္မတ အပါအဝင် ဒုသမ္မတတို့နဲ့ နလအ ဥက္ကဋ္ဌ တို့တွေ့ဆုံခဲ့မှုဟာ မြန်မာ့အရေးကိုတရုတ်အ‌နေနဲ့ အထူးစိတ်ဝင်နေသည်ကို ပြသလိုက်တာဖြစ်တယ်လို့ တရုတ်-မြန်မာအရေးကို လေ့လာသုံးသပ်သူတွေက ရှုမြင်ထားကြပါတယ်။ တရုတ်နိုင်ငံကို အလုပ်သဘော ခရီးရောက်ရှိနေတဲ့ ယာယီသမ္မတ နလအ ဥက္ကဋ္ဌဟာ သူရဲ့ခရီးစဉ်အတွင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဦးစွာတွေ့ဆုံခဲ့မှုအပြီး ဒီကနေ့ စက်တင်ဘာ ၂ ရက်နေ့မှာ တရုတ်နိုင်ငံရှိ ကျောက်ယွိထိုင်နိုင်ငံတော်ဧည့်ဂေဟာမှာ တရုတ်နိုင်ငံ ဒုတိယသမ္မတ H.E. Mr. Han Zheng နဲ့ ထပ်မံပြီးတော့ သီးသန့်တွေ့ဆုံ ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “ဒီတွေ့ဆုံမှုတွေကထူးခြားတယ်လို့ပြောရင်ရပါတယ်။ဒါကမြန်မာ့အရေးကိုတရုတ်အထူးစိတ်ဝင်နေတာကိုလည်းပြသတဲ့သဘောဖြစ်ပါတယ်”လို့ တရုတ်-မြန်မာအရေးကိုလေ့လာသုံးသပ်သူ တယောက်က VOM ကိုပြောပါတယ်။ ဒါအပြင် နလအ ဥက္ကဋ္ဌ ဟာ ယခုတရုတ်ပြည်ခရီးစဉ်အတွင်းမှာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ အပါအဝင် လာအိုနိုင်ငံ သမ္မတတို့နဲ့ သီးသန့်…

Read More

နောင်ပိန်ဘက်မှာ မပြင်းထန်ပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

စက်တင်ဘာ ၂၊ ၂၀၂၅ Shy V (VOM) ကျောက်မဲမြို့နယ် နောင်ပိန်ဘက်မှာ လကိရှိ ကြိုကြား တိုက်ပွဲသံ ကြားနေရပေမယ့် ပြင်းထန်မှုမရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “တိုက်ပွဲ ငြိမ်နေတယ်ဆိုပေမယ့် နောင်ပိန်နားမှာကြိုကြား ကြိုကြား အသံတွေတော့ ကြားနေရတာပေါ့။ ပြင်းပြင်းထန်ထန် မဖြစ်သေးပါဘူး။ စစ်ရေးတင်းမာနေတယ်။ ပြင်းထန်နိုင်ချေရှိတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ပြောသလောက် တိုက်ပွဲ ပြင်းထန်တာ မဟုတ်ပဲ ပစ်ခတ်တာ နည်းနည်းတော့ ရှိတာကြားရပေမယ့် စစ်ရေး ပြင်ဆင်နေတုန်းပါလို့ သူက ပြောပါတယ်။ ကျောက်မဲမြို့ထဲ လောလောဆယ် အေးဆေးပါဘဲ။ TNLA တွေလည်းမြို့ပြင် ခံစစ်တွေမှာဘဲ နေတာ။ စစ်တပ်က ထိုးမယ်ဆိုနောက် သုံးရက်လောက်မှ သိသာနိုင်မယ်လို့ သူက ရှင်းပြပါတယ်။ “စစ်တပ်က ကျောက်မဲနဲ့ တမိုင်ခန့် ရောက်လာပြီဆိုတဲ့ သတင်းလည်း မှားတယ်။…

Read More

ကျောက်မဲမြို့နယ်က ရွာ ၂ ရွာကို လေကြောင်း ဗုံးကြဲခံရလို့ ၂ ဦး ထိခိုက် ဒဏ်ရာရ

ဩဂုတ် ၃၁၊ ၂၀၂၅ Shy V (VOM) ကျောက်မဲမြို့နယ်၊ ပုံဝိုးကျေးရွာအုပ်စု၊ ပန်သပြေရွာ နဲ့ ကျောက်မဲမြို့နယ်၊ နားခေါ်ကျေးရွာအုပ်စု၊ လွယ်ခေါ်ရွာမှာ ဩဂုတ်လ ၂၉ နဲ့ ၃၀ ရက်နေ့ည နှစ်ညအတွင်း လေကြောင်း ဗုံးကြဲခံရလို့ ၂ ဦး ထိခိုက် ဒဏ်ရာရကာ နေအိမ် တချို့ ထိခိုက်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကျောက်မဲမြို့ထဲေတာ့ မဟုတ်ပါဘူး။ လွယ်ခေါ်ရွာနဲ့ ပန်သပြေရွာပါ။ ပန်သပြေက ကျောက်မဲ – မိုင်းလုံ မိုးကုတ်လမ်းက တောင်ပေါ်ရွာလေ။ ပလောင်ရွာ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ပန်သပြေမှာတော့ ဆရာလေး တပါး ထိခိုက်ပြီး လွယ်ခေါ်မှာတော့ ရွာသား တယောက် ထိခိုက်တာကြောင့် လူ ၂ ယောက် လောက်ထိခိုက်သွားတယ်လို့ သူက ပြောပါတယ်။…

Read More

ဗိုလ်ချုပ်အောင်ဆန်းလမ်း လက်ဆည်ကန်ရပ်က လူထုတိုက်

ဆူးငှက် တကယ်တော့ ကျွန်တော်က ကျွန်တော့်အထက်က အစ်မ (ဒေါ်ခင်ဝင်းနွယ်) နှင့် ပတ်သက်၍ လူထုတိုက်သို့ စတင်ရောက်ဖူးသည်။ ၁၉၇၀ကျော်ကာလ ဝန်းကျင်ကပေါ့။ ထို့နောက် ကျွန်တော်က ဆောင်းပါးလေးတွေရေးဖြစ်တော့ ဆရာညီပုလေးကတဆင့် စာရေးဆရာ အသိုင်းအဝန်းနှင့် ရင်းနှီးလာသည်။ ဤသို့ဖြင့် လက်ဆည်ကန်ရပ်က လူထုတိုက်သို့ မကြာခဏ ရောက်ဖြစ်သည်။ ဆရာညီပုလေးက မထင်မှတ်ဘဲ ခရီးရှည်ထွက်သွားချိန်နောက် ကိုယ်တိုင်က ပန်းချီလေး ဒီဇိုင်းလေး မတောက်တခေါက် ဝါသနာပါ၊ မဖြစ်စလောက် ရေးချွတ်ဖြစ်တာ သိတော့ အစ်မဒေါ်တင်ဝင်း(လူထု)နှင့် ကိုကျော်စိုးဝင်း (ဆရာကြည်လင်အေး) တို့က လူထုကြီးပွားရေးစာအုပ်တိုက်က ထုတ်ဝေသော စာအုပ်အချို့၏ စာအုပ်အပြင်အဆင်ပိုင်း (ထိုစဉ်က ဂယ်လီပရု(ပ်) ထုတ်ပြီး ၊ ကွန်ပြူတာစီပြီး စာမူအချောများကို ကပ်ကြေးဖြင့်ညှပ်၊ တစ်ဖက်ချောဂျပ်ပေါ် ကော်ဖြင့် ကပ်ကာ Lay Out ဆင် ဖလင်ရိုက်ရသည်) ကို တာဝန်ပေးသည်။ နောက်…

Read More

အမရပူရက စားသောက်ဆိုင်ကို ဆီဘောက်ဆာကားဝင်တိုက်လို့ ဆိုင်မီးလောင်ပြာကျခဲတဲ့အပြင် လူသုံးယောက်သေ၊ ဒဏ်ရာရသူတွေရှိနေ

စက်တင်ဘာ ၁ ၊ ၂၀၂၅ GG (VOM) မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊မြစ်ငယ်နဲ့ ကျောက်စိမ်းဘုရားလမ်း​ပေါ်က ကောင်းကောင်းနန်းတော် စားဥယျာဉ်ကို ဆီဘောက်ဆာကား ဝင်တိုက်ပြီး မီးလောင်မှုဖြစ်ပွားကာ လူသုံးယောက်သေဆုံးမှုရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။ ဖြစ်စဥ်မှာ ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့ မနက် ၆ နာရီ ၄၅ မိနစ်လောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း မနက်ခင်း လူစည်ကားချိန်ဖြစ်ပွားခဲ့တာဖြစ်လို့ ထိခိုက်ဒဏ်ရာရရှိသူ ရှစ်ယောက်လောက် ရှိနေတယ်လို့ ကနဦးသိရပါတယ်။ ” လောလောဆယ် သိရတာ သေဆုံးသူသုံးဦးသိရတယ်။ ဒဏ်ရာရသူတွေ လည်းရှိတယ်။အထဲမှာတာဝန်ရှိသူတွေက စိစစ်ဆဲဆိုတော့ ကျွန်တော်တို့ဝင်လို့မရသေးဘူး သေချာမသိရသေးဘူး။ ပြောကြတာတော့ ဆီဘောက်ဆာကားကဝင်တိုက်တာလို့ပြောပါတယ်။” လို့ မြေပြင်ကူညီရေးရောက်ရှိနေတဲ့ မဏိစလ လူမှုကူညီရေးအသင်းဝင်ကပြောပါတယ်။ လက်ရှိမှာ မီးငြိမ်းသွားပြီးနောက် မီးလောင်မှုအခြေအနေနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရသူ ၊သေဆုံးသူတွေကို စိစစ်နေပြီး ရှင်းလင်းရေးလုပ်နေကြောင်း၊ မီးလောင်မှုကြောင့် ဆိုင်တဆိုင်လုံးမီးလောင်ကျွမ်းပြာကျသွားတယ်လို့သိရပါတယ်။ “ပထမနှစ်လောင်းတွေ့တယ်။ပြီးတော့တလောင်းထပ်တွေ့တယ်။ ဒဏ်ရာရသူလည်းများတယ်။မနက်ပိုင်းလူစည်ချိန်မှာဖြစ်သွားတော့ ထိခိုက်မှုပိုများသွားတယ်ထင်ပါတယ်။”…

Read More

သိန္နီမှာ ဌာနဆိုင်ရာ တချို့ ပြန်ဝင်တော့မယ့် သတင်းထွက်ပေါ်

စက်တင်ဘာ ၁ ၊၂၀၂၅ Shy V (VOM) သိန္နီမှာ ဒီရက်ပိုင်းအတွင်း ဌာနဆိုင်ရာ တချို့ ပြန်ဝင်လာတော့မယ့် သတင်းထွက်ပေါ်နေပါတယ်။ “သိန္နီမှာ လဝက နဲ့ ထွေအုပ် ဝင်လာတော့မယ်လို့ ပြောတယ်။ အိမ်နားက AA တပ်ဖွဲ့‌ဝင်တွေတော့ ပစ္စည်း ရွှေ့နေတာတွေ့တယ်” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။ နလအ သုံ့ပန်းတချို့ နလအ တပ်စခန်းဟောင်းထဲ နေရာ ယူထားတာတွေ့ရပြီး စရဖ တွေလည်း အရပ်ဝတ်နဲ့ စိမ့်ဝင်နေတာ ကြာပြီလို့ ဒေသခံ တချို့က ပြောပါတယ်။ “ဩဂုတ် လကုန် သိန္နီမှာ နလအရဲ့ ဌာနဆိုင်ရာတွေ ဝင်မယ်ဆိုတာ ဟုတ်တယ်။ စက်တင်ဘာလ ၁၀ ရက်နေ့ လို့လည်း ကြား‌ နေတယ်။” လို့ အမျိုးသား တယောက်ကလည်း ပြောပါတယ်။ လားရှိုးနဲ့…

Read More
✕
VOM News

FREE
VIEW