စက်တင်ဘာ ၃ – ၂ဝ၂၅ KKO(VOM) ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲဝင်ဖို့နိုင်ငံရေးပါတီငယ်တွေနဲ့တိုင်း ရင်းသားပါတီအချို့ရုန်းကန်နေရပြီး သတ်မှတ်ကိုယ်စားလှယ်လောင်း အရေအတွက် တင်သွင်းဖို့ အခက်အခဲတွေရှိနေတယ်လို့ ပါတီနိုင်ငံရေးအသိုင်းအ ဝိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်(UEC)ရဲ့ရွေးကောက်ပွဲဆိုင်ရာသတ်မှတ်ချက်တွေဟာ အလွန်ကိုမြင့်မားနေတဲ့အတွက်နိုင်ငံရေးပါတီအများစုကတော့ပြည်ထောင်စုအဆင့်ကိုဝင်ရောက်ယှဥ်ပြိုင်ဖို့တွန့်ဆုတ်နေကြတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။ “ပြည်ထောင်စုအဆင့်ဝင်ဖို့ ဆိုတာကကြံ့ခိုင်ရေး(USDP)ပါတီကလွဲရင် ကျန်တဲ့ပါတီတွေအကုန်လုံးကခက် ခဲကြမှာပါပဲ။တ.စ.ညလို နဂိုထဲကရုံးခန်းပေါင်းများစွာရှိထားတဲ့ပါတီကြီးတွေတောင် သူတို့ကိုယ်စားလှယ်လောင်းကိစ္စတွေကအတော်ရုန်းကန်ရမယ့်အနေ အထားရှိပါတယ်”လို့ ပါတီနိုင်ငံရေးသမားတယောက်က VOM ကို ပြောပါတယ်။ ဒီလိုသတ်မှတ်ချက်တွေမြင့်မားလွန်းတာကြောင့် နိုင်ငံရေးပါတီတွေရဲ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် UEC ကိုတင်ပြတဲ့အခါမှာတော့ UEC ဘက်ကနေ ပြန်လည်ပြီးတော့ဖြေလျော့ပေးခဲ့တာတွေလည်းရှိခဲ့တယ်လို့ ပါတီနိုင်ငံ ရေးလုပ်ဆောင်သူတွေက ပြောပါတယ်။ ဒါအပြင်ဒီလိုဖြေလျော့ပေးတာတောင်မှ နိုင်ငံရေးပါတီတွေအနေနဲ့ တော်တော်လေးကိုကြိုးကြိုးစားစားရုန်းကန်လှုပ်ရှားနေကြရတယ်လို့လည်းပါတီနိုင်ငံရေးလုပ်ဆောင်နေသူတွေက ဆိုပါတယ်။ “ပြည်ထောင်စုအဆင့်ကမဲဆန္ဒနယ်တဝက်ကျော်လေ၊ တဝက်ကျော်မှပြည့်မီမယ်၊ပြည် ထောင်စုအဆင့်ဝင်မလား၊တိုင်းဒေသကြီးအဆင့်ဝင်မလားဆိုတာဒါကဟိုတုန်းထဲက တော်တော်လေးကိုနိုင်ငံရေးပါတီတွေအနေနဲ့စဉ်းစားရပါတယ်။UEC ရဲ့သတ်မှတ်ချက်တွေအတိုင်းဖြစ်နိုင်ပါ့မလား၊သတ်မှတ်အချိန်အတွင်းမှာမလုပ်နိုင်ရင် ငါတို့ပါတီဖျက် သိမ်းခံရမယ်ဆိုတဲ့စိုးရိမ်စိတ်တွေလည်းရှိခဲ့ပါတယ်။အဲ့အချိန်မှာပါတီတော်တော်များများကပြည်ထောင်စုအဆင့်ကိုတွန့်ဆုတ်ကြတာပေါ့”လို့ နိုင်ငံရေးပါတီတခုရဲ့တာဝန်ရှိသူတ ယောက်က VOM ကို အခုလိုဆက်ပြီး ပြောပြပါတယ်။…
Read MoreMonth: September 2025
အိန္ဒိယ ပန်ဂျပ်ပြည်နယ်မှာ ကျေးရွာ ၁၄၀၀ ကျော်ရေဘေးသင့်လို့ လူ ၃၀ သေ
ဒေလီ၊ စက်တင်ဘာ-၃-၂၀၂၅ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့ ရေကြီးမှုတွေကြောင့် လူ ၃၀ ထက်မနည်းသေဆုံးပြီး သုံးသိန်းငါးသောင်းကျော် ရေဘေးသင့်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြစ်တွေနဲ့ ရေလှောင်ကန်တွေရဲ့ ရေမျက်နှာပြင်က အန္တရာယ်ရှိအဆင့်နီးပါးထိ မြင့်တက်လာတဲ့အတွက် ပြည်နယ်အတွင်းက ခရိုင် ၂၃ ခုလုံးကို ရေကြီးဒဏ်သင့်ဒေသအဖြစ် အာဏာပိုင်တွေက ကြေညာထားပါတယ်။ ကျေးရွာပေါင်း ၁၄၀၀ မှာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ မြေနိမ့်ပိုင်းနဲ့ ရေဘေးဒဏ်သင့်ဒေသတွေကနေ နှစ်သောင်း ခန့်ကို ရွှေ့ပြောင်းပေးခဲ့ပြီး ဒုက္ခရောက်နေတဲ့ မိသားစုတွေအတွက် ခိုလှုံရန်နေရာနဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ကယ်ဆယ်ရေးစခန်းရာနဲ့ချီ ဖွင့်လှစ်ထားပါတယ်။ ပြည်နယ်အတွက် အရေးပေါ်အကူအညီတွေ တောင်းခံထားတယ်လို့ ပန်ဂျပ်ဝန်ကြီးချုပ် ကပြောပါတယ်။ ဒါဟာ ၁၉၈၈ ခုနှစ်ကတည်းက ပြည်နယ်မှာကြုံတွေ့ဖူးတဲ့ အဆိုးရွားဆုံးရေကြီးမှုတွေလို့ ဆိုပါတယ်။ ပန်ဂျပ်ပြည်နယ်ကို အိန္ဒိယရဲ့ ရိက္ခာကျီလို့ လို့ အမြဲတမ်းခေါ်ဝေါ်ကြပြီး ဂျုံနဲ့…
Read Moreသီပေါမှာ လေကြောင်း ဗုံးကြဲခံရတာ ဆယ်ကြိမ်ရှိ
စက်တင်ဘာ ၃၊ ၂၀၂၅ Shy V +NN (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဘောကြိုရွာမှာ စက်တင်ဘာလ ၃ ရက်နေ့မွန်းလွဲ ၁ နာရီ ခွဲကျော်ခန့်က လေကြောင်း ဗုံးကြဲလို့ လူ တယောက်ထိခိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အမျိုးသား တယောက် ထိတယ်။ ဦးမောင်ဇော်။ လက်မောင်းထိတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ သီပေါ ဘော်ကြိုရွာ နတ်စင်ထိပ်နား နေ့လယ် ၁ နာရီခွဲကျော်ခန့်က လေကြောင်း ဗုံးကြဲသွားတာလို့ သူက ပြောပါတယ်။ “ဒဏ်ရာက မစိုးရိမ် ရပါဘူး။ သီပေါမှာ ဇူလိုင်လ ၄ ရက်နေ့ကစ စက်တင်ဘာ ၃ ရက်နေ့အထိ လေကြောင်း ဗုံးကြဲတာ ၁၀ ကြိမ်ရှိပြီ” လို့ နောက်ထပ် ဒေသခံ တယောက်က…
Read More“လူချွန်လူကောင်း” သီချင်းရဲ့ ဂယက်နဲ့ အနက်
စက်တင်ဘာ ၃ – ၂၀၂၅ SS (VOM) ဂီတပညာရှင် အလင်္ကာကျော်စွာ မြို့မငြိမ်း ရေးစပ်ခဲ့ပြီး လူသိများ ထင်ရှားခဲ့တဲ့ “လူချွန်လူကောင်း” သီချင်းရဲ့ တန်ဖိုးကို နားလည်ရင် မဲဆွယ်တဲ့နေရာမှာ မသုံးသင့်ဘူးလို့ ဆရာမြို့မငြိမ်းရဲ့ မြေးဖြစ်သူ ဆရာပါရမီရွှန်းက ပြောပါတယ်။ “လူချွန်လူကောင်း” သီချင်းကို ရွေးကောက်ပွဲ မဲဆွယ်ရာမှာ အသုံးပြုနိုင်ဖို့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF) ခမောက်ပါတီက ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာ ခွင့်ပြုချက် တောင်းခံခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ ဆရာမြို့မငြိမ်းရဲ့ မြေးတော်စပ်သူက အခုလို တုံ့ပြန် ပြောဆိုခဲ့တာပါ။ “ဒီသီချင်းရဲ့ တန်ဖိုးကို နားလည်တယ် ဆိုလို့ရှိရင် ဒီလိုနေရာမျိုးမှာသုံးဖို့ လုံးဝ မသင့်တော်ပါဘူး။ ကျွန်တော်တို့ မိသားစုဝင်တွေ အနေနဲ့က ဒီလို ရည်ရွယ်ချက်မျိုးနဲ့ သုံးမယ်ဆိုရင်တော့ ခွင့်ပြုဖို့အကြောင်း မရှိပါဘူး။ ဆရာမြို့မငြိမ်းကို…
Read Moreသူတို့အိမ်အခန်း – ၂
ဆူးငှက် စိုင်ပျိုဗီလာ ———– အဘတို့ အမေတို့ မန္တလေးရောက်သည်နှင့် ဦးလေးပိုက် နှင့် ဒေါ်ချစ်ချစ်တို့ ဝင်းကြီးထဲ ဦးတိုက်ရောက်ရှိ ကြသည်။ ဝင်းထဲမှာလည်း ရောက်နှင့်နေကြသူတွေ ရှိသတဲ့။ ဝင်း အနောက်ဖက် ပုဏ္ဏားမြေမှာလည်း အခပေး တဲထိုးနေကြ သူတွေလည်း ရှိသတဲ့။ ဦးလေးပိုက်တို့ ဝင်းကြီးက ပြပေါက် ပတ်လည်လောက် ကျယ်သည်။ အရှေ့ခြမ်းမှာက သစ်သားဆီဆုံကြီးတွေနှင့် သုခရတနာအမည်ရှိ ဆီစက်တဲကြီး ရှိသည်။ ဝင်းလယ်မှာ အုတ်ခုံမြင့်နှင့် တစ်ထပ်အိမ်မြင့်ကြီး ရှိသည်။ လမ်းဖက်မျက်နှာပြု ဝင်းထိပ်မှာတော့ မန်ကျည်းပင်ကြီးတွေ ရှိသည်။ ဝင်းထဲ အနောက်ဖက် အဝင်စမှာလည်း သစ်ချိုပင်ကြီး တစ်ပင်ရှိ၏။ သုူ့မြောက်ဘက် အိမ်ကြီးအနောက်ဖက်မှာ ကုက္ကိုပင်ကြီးတစ်ပင်ရှိသည်။ ဗမာကုက္ကိုမျိုးမို့ အရွက်နုလျှင် ဆီကျက် ကြက်သွန်စိမ်း မြေပဲထောင်းတို့နှင့် သုတ်စားနိုင်သတဲ့။ ဦးလေးပိုက်နှင့် ဒေါ်ချစ်ချစ်တို့ ဝင်းကြီးထဲမှာ ဝင်းလယ် အိမ်မြင့်ကြီး၏ အနောက်ဘက်…
Read Moreသူတို့ အိမ်
ဆူးငှက် အဖွင့် ထိုအချိန်က ဈေးချိုတော် အနောက်ဖက် ရွှေတချောင်းမြောင်း ကျော်လိုက်တာနှင့် မြေလွတ်မြေရိုင်းတွေ ဖြစ်သည်။ အနောက် မိကျောင်းတံတားနားမှာ ပုဏ္ဏားရွာစုလေးရှိ၏။ ပုဏ္ဏားရွာစုလေး အနောက်ဖက်မှာတော့ ဘုန်းကြီး ကျောင်းတိုက်ကြီးတွေ ရှိသည်။ ထိုအနီးအနား အထင်ရှားဆုံး ဖြစ်တာက မဟာလောကရံသီ အိမ်တော်ရာ စေတီကြီး ဖြစ်ပါ၏။ အိမ်တော်ရာစေတီကြီးက ကောဇာ သက္ကရာဇ် ၁၂ဝ၉ ခု၊ နတ်တော်လဆန်း ၁၁ ရက် ကတည်းက ပုဂံမင်း တည်ထားခဲ့ခြင်း ဖြစ်ပါ၏။ ထို့ကြောင့် ၁၂၂၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်နေ့မှ ထီးသိမ်းးနန်းသိမ်း အောင်မြင်သော ရတနာပုံမ် မန္တလေးနေပြည်တော် မတည်ခင်ကတည်းက မဟာ လောကရံသီ အိမ်တော်ရာ စေတီတော်ကြီး တည်ရှိနေခြင်းဖြစ်၏။ ဘုန်းကြီးကျောင်းတိုက်ကြီးတွေ၊ ပုဏ္ဏားရွာစုလေးတွေကလည်း အိမ်တော်ရာ စေတီကြီးနှင့်အတူ တည်ရှိခဲ့ကြခြင်း ဖြစ်သည်။ အညာကျေးလက်တောရွာများမှ မန္တလေး…
Read Moreလူ ၈၀၀ ကျော်သေဆုံးခဲ့တဲ့ အာဖဂန်ငလျင်ကြောင့် နိုင်ငံတကာအကူအညီတွေ တာလီဘန်အဖွဲ့တောင်းခံ
ကဘူးလ်၊ စက်တင်ဘာ-၂-၂၀၂၅ ရတီ (VOM) တနင်္ဂနွေညနေက အာဖဂန်နစ္စတန်အရှေ့ပိုင်းမှာ ရစ်ချ်တာစကေး ၆ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် လူ ၈၀၀ ကျော်သေဆုံးခဲ့ပြီးနောက် နိုင်ငံတကာ အကူအညီတွေ တောင်းခံထားတယ်လို့ တာလီဘန်တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ကုလသမဂ္ဂဟာ အစားအစာတွေနဲ့ အရေးပေါ် နေထိုင်စရာတွေအပါအဝင် အကူအညီတွေ ဖြန့်ဝေဖို့ ပြင်ဆင်နေကြောင်း အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးက ပြောပါတယ်။ ဒီမြေငလျင်ဟာ တောတောင်ထူထပ်ပြီး ဝေးလံတဲ့ ကူနာပြည်နယ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ လမ်းတွေပိတ်ဆို့နေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခဲနေပြီး ငလျင်သင့် ဒေသတွေနဲ့ အကူအညီလိုအပ်တဲ့ နေရာတွေကို ကယ်ဆယ်ရေးတွေလုပ်ဖို့ ရဟတ်ယာဉ်တွေ အသုံးပြုနေရပါတယ်။ လူအများအပြား အပျက်အစီးတွေအောက်မှာ ပိတ်မိနေပြီး ကျေးရွာတွေတရွာလုံး ပျက်စီးခဲ့တဲ့ နေရတွေရှိပြီး သေဆုံးသူအရေအတွက် သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တာလီဘန်တွေကတော့ နိုင်ငံတကာအကူအညီတွေ တောင်းခံထားပြီး…
Read Moreဖားကန့်မှာ စစ်ရေးတင်းမာလို့ ကျောင်းနဲ့မြို့နယ်ရုံးတွေ ယာယီပိတ်ပြီး ဒေသခံတွေ တိမ်းရှောင်နေကြ
စက်တင်ဘာ ၂၊၂၀၂၅ GG (VOM) ဖားကန်မြို့ပေါ်မှာ စစ်ရေးတင်းမာလာတဲ့အခြေအနေတွေကြောင့် မြို့ပေါ်ရှိ စာသင်ကျောင်းတွေ ယာယီပိတ်လိုက်သလို မရှိကထောင်ရပ်ကွက်ရှိ ဒေသခံအချို့လည်း နေရာရွှေ့ပြောင်းနေကြတယ်လို့ ဒေသခံဆီက သိရပါတယ်။ ကျောင်းတွေကို စက်တင်ဘာ ၂ ရက်နေ့မှစပြီး စက်တင်ဘာလ ၇ ရက်နေ့အထိ အခြေအနေအရ ယာယီပိတ်ထားမှာဖြစ်သလို မြို့နယ်ရုံးကိုလည်းပိတ်ထားမယ်ဆိုပြီး ကျောင်းဘက်က အသိပေးထားပါတယ်။ ” ဒီနေ့မနက်က စပြီးကျောင်းတွေပိတ်လိုက်တယ်သိရတယ်။ကျောင်းတွေကိုတော့ ခဏပိတ်ထားဖို့ တပ်ဘက်က ပြောတာလို့သိရတယ်။တိုက်ပွဲကပိုပြင်းထန်လာမယ့်အခြေအနေရှိတော့ ခုလိုကြိုသတိပေးတာ တော်သေးတာပေါ့။ မရှိကထောင်ရပ်ကွက်က တိုက်ပွဲနဲ့နီးတဲ့အခြမ်းကသူတွေလည်းရွှေ့နေကြတယ်။ရပ်ကွက်ကနေရှောင် ကြဖို့ သတင်းတွေကလည်းထွက်နေတယ်။ဘယ်အဖွဲ့ကဘယ်လိုပြောလဲတော့သေချာမသိကြဘူး။” လို့ ဖားကန့် မြို့ခံကပြောပါတယ်။ လက်ရှိမှာတော့ မရှိကထောင်ရပ်ကွက်ရှိ ရေအေးချောင်းဘက်နေထိုင်သူအချို့က နေရာရွှေ့ပြောင်းပြီး ရှောင်ကြသူတွေရှိပြီး အချို့ကတော့ ဇေယျယျုံဘုန်းကြီးကျောင်းနဲ့သီလရှင်ကုန်းမှာ ခတ္တနေထိုင်နေကြတယ်လို့သိရပါတယ်။ ” ရေအေးချောင်းမှာနေပါတယ်။တိုက်ပွဲပစ်ခတ်တဲ့နေရာနဲ့နီးနေရာကသူတွေသူတို့ဘာသာရွှေ့နေကြတာပါ။ဘယ်အဖွဲ့ကမှ ရွှေ့ပြောင်းခိုင်းတာမျိုးမရှိသေးဘူး။မရှောင်တဲ့သူတွေလည်းရှိပါတယ်။ ” လို့ ရပ်ကွက်ဒေသခံကပြောပါတယ်။ လက်ရှိမှာ စစ်တပ်က ဖားကန့်မြို့အတွင်းမှာ စစ် အင်အားတိုးမြှင့်ချထားပြီး…
Read Moreပြည်တွင်းရွှေဈေး ၇၈ နီးပါးအထိ ပြန်လည် မြင့်တက်လာ
စက်တင်ဘာ ၂ – ၂၀၂၅ SS (VOM) ကမ္ဘာ့ရွှေဈေး ပြန်လည် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း ရွှေဈေးနှုန်းတွေ လိုက်ပါ မြင့်တက်လျက်ရှိတာမှာ ဒီကနေ့ စက်တင်ဘာ ၂ ရက်၊ မနက်ပိုင်းမှာတော့ အခေါက်ရွှေ တကျပ်သား ၇၈ နီးပါးဝန်းကျင်နဲ့ ဈေးဖွင့်လာတာ တွေ့ရပါတယ်။ ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်၊ နေ့လယ်ပိုင်းကစပြီး အကျဘက်ကို သုံးရက်တာ ရောက်ရှိခဲ့ပေမယ့် ဩဂုတ် ၂၃ ရက်၊ မနက်ပိုင်းကစလို့ ဆက်တိုက်ဆိုသလို ဈေးနှုန်း ပြန်လည် မြင့်တက်လာတာမှာ လက်ရှိမှာတော့ ခုနစ်ဆယ့်ခုနစ်သိန်း ရှစ်သောင်းဝန်းကျင်ကို ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ “အဓိက ကတော့ ကမ္ဘာ့ဈေးတက်လို့ ပြည်တွင်းဈေးလည်း ပြန်တက်လာတာပါ။ လက်ရှိ ဒေါ်လာဈေးကတော့ အကျဘက်မှာ ငြိမ်နေတယ်ပြောရမယ်။ ကျရင်လည်း ၂၀၊ ၃၀။…
Read MoreSky Villa ကွန်ဒိုပြိုကျမှု သေဆုံးသူတွေအတွက် ဂရုဏာကြေးပေးမယ့်အပေါ် ဝေဖန်မှုတွေရှိ
စက်တင်ဘာ ၂ ၊ ၂၀၂၅ GG (VOM) ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီး ငါးလကျော်အကြာမှာ Sky Villa ကွန်ဒိုဆောက်လုပ်ခဲ့တဲ NTL ဆောက်လုပ်ရေးကုမ္ပဏီက ငလျင်ကြောင့် Sky Villa ကွန်ဒိုပြိုကျခဲ့ရမှုမှာ သေဆုံးခဲ့ရသူတွေကို ဂရုဏာကြေးအဖြစ် တယောက်ကို သိန်း ၁၀၀ ကျပ်နူန်းထောက်ပံ့ပေးသွားမယ်လို့ အသိပေး ကြေငြာလာပါတယ်။ သေဆုံးသူတွေကိုသာ ဂရုဏာကြေးအဖြစ်ပေးအပ်မယ့်အကြောင်း အသိပေးထားတာတွေ့ရပြီး တိုက်ခန်းဝယ်ယူထားသူတွေနဲ့ပတ်သက်လို့ ကုမ္ပဏီဘက်က လျော်ကြေးပေးခြင်း စတဲ့တစုံတရာ ဆောင်ရွက်ပေးတာမျိုးမရှိသေးကြောင်း ၊ တိုင်းအာဏာပိုင်တွေ အနေနဲ့လည်း ငလျင်ပြိုကျမှုနဲ့ပတ်သက်ပြီး ကွန်ဒိုဆောက်လုပ်သူတွေကို အရေးယူတာမျိုးမတွေ့ရသေးဘူးလို့ မန္တလေးမြို့ခံတွေဝေဖန်မှုတွေရှိနေပါတယ်။ ” သေဆုံးသူကိုပဲ သိန်း ၁၀၀ ပေးမယ်ကြေညာတာတွေ့ရတယ်။ပြောရရင် အဲဒီကွန်ဒိုမှာနေတာက တကယ့်သူဌေးတွေပဲနေကြတာ။သူတို့ပေးတဲ့ပိုက်ဆံကို ဘယ်လိုမက်မှာလဲ။သေတဲ့လူကသေကုန်ပြီ။သူတို့ကခုမှ လျော်ကြေးတောင်မဟုတ်ဘူး ဂရုဏာကြေးဆိုတော့ မခက်ဘူးလား။ ခုထိလည်း အလောင်းတွေက တွေ့ရတုန်းပဲ။အစိုးရဘက်ကလည်း ဒါနဲ့ပတ်သက်လို့ အရေးယူတာဘာညာ ခုထိမကြားဘူး။” လို့ မြို့ခံတယောက်ကပြောပါတယ်။ လက်ရှိမှာ…
Read More