ပေကျင်း၊ စက်တင်ဘာ-၄-၂၀၂၅ မျိုးဆက်(VOM) တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ ပေကျင်းမှာပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားဘေးမှာ အသက်ရှည်စေမယ့် နည်းလမ်းအဖြစ် ကိုယ်တွင်းအင်္ဂါ အစားထိုးခြင်းဆိုင်ရာတွေကို နှစ်ယောက်သား ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။ ပူတင်က ဇီဝနည်းပညာဆန်းသစ်မှုတွေကြောင့် ထာဝရအသက်ကိုပင် ရနိုင်တယ်လို့ ပူတင်ရဲ့ ပြောဆိုချက်ကို ရုရှားဘာသာပြန်က ပြောကြားခဲ့တာကို အမှတ်မထင် အသံဖမ်းမိခဲ့တာဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ သမိုင်းဝင် တီအန်နန်မင် ရင်ပြင်မှာ အတူတကွ လမ်းလျှောက်ပြီး အစောင့်အရှောက်မဲ့အခိုက်အတန့်ကို တရုတ်အစိုးရပိုင် ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်မှုမှ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရှီကျင်းပင်နဲ့ ပူတင်တို့ရဲ့ အာဏာသက်တမ်းဟာ ၁၃ နှစ်နဲ့ ၂၅ နှစ် အသီးသီး ရှိနေပြီး နုတ်ထွက်ရန် ရည်ရွယ်ချက် အရိပ်အမြွတ်တောင် မပြောသေးပါဘူး။ သူတို့နှစ်ယောက်ရဲ့ နှစ်ကိုယ်ကြား ဆွေးနွေးမှုဟာ စီးပွားရေးနဲ့ နိုင်ငံရေးထက် ကျော်လွန်တဲ့ အမြင်တွေကို ဖော်ပြနေပါတယ်။ သူတို့နှစ်ယောက်…
Read MoreMonth: September 2025
လားရှိုးမှာ နလအ တပ်ဖွဲ့နဲ့ MNDAA တို့ ထပ်မံတွေ့ဆုံ
စက်တင်ဘာ ၄၊ ၂၀၂၅ Shy V (VOM) လားရှိုးမှာ နလအ တပ်ဖွဲ့နဲ့ MNDAA တို့ စက်တင်ဘာလ ၂ ရက်နေ့ကစပြီး ထပ်မံတွေ့ဆုံကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဆင်နှစ်ကောင် ဟိုတယ်မှာ စက်တင်ဘာလ ၂ ရက်နေ့က စည်းဝေးစတယ်။ MNDAA တွေ လားရှိုးထဲ ဝင်လာတယ်။ အများကြီးပဲ ဝင်လာတာတွေ့တယ်” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။ MNDAA တွေ ဝင်လာတော့ နလအ တပ်ဖွဲ့တွေက လမ်းရှင်းပေးနေတာလည်း တွေ့ရတယ်လို့ သူက ပြောပါတယ်။ “အရင်နေ့က ဘာတွေ ဆွေးနွေးကြလဲ မသိဘူး။ မအောင်မြင်ဘူးလို့ ပြောသံပဲကြားတယ်။ စစ်တပ်ဘက်ကေတာ့ ဒီ ၉ လပိုင်း ၉ ရက်နေ့ သိန္နီကို ပြန်ပေးဖို့ ပြောထားတယ်လို့ကြားတယ်” လို့ ဒေသခံ…
Read Moreလားရှိုးမှာ မိုင်းပေါက်ကွဲလို့ သုံးရက်အတွင်း အမျိုးသမီးတဦးအပါအဝင် ငါးဦးဒဏ်ရာရ
ဩဂုတ် ၄၊ ၂၀၂၅ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာလ ၁ရက်နေ့ကနေ ၃ရက်နေ့အတွင်း မိုင်းပေါက်ကွဲမှု တွေကြောင့် အမျိုးသမီးတဦး အပါအဝင် လူငါးဦးဒဏ်ရာရခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၃ ရက်မနေ့ မနက်ပိုင်းက လားရှိုးမြို့ ရပ်ကွက်(၁) ရန်တိုင်းအောင်ဘုရားအနီးမှာရှိတဲ့ အဟောင်း ပစ္စည်းရောင်းတဲ့ဆိုင်မှာ မိုင်းပေါက်ကွဲလို့ အဲမှာ အလုပ်လုပ်နေတဲ့လူ လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လားရှိုး မြို့ ခံတယောက်က ပြောပါတယ်။ “အဟောင်းပစ္စည်း ဝယ်တဲ့အထဲကနေ ပါလာတာထင်တယ် ထုရိုက်တော့ ကွဲတာပဲ။ မြေကြီးတောင် ဂလိုင်ပုံစံဖြစ် သွားတာ။ အဲဆိုင်က လူလေးယောက် ဒဏ်ရာရသွားတယ်” စက်တင်ဘာ ၁ ရက်နေ့မှာ လားရှိုးမြို့ရှောင်လမ်း အနီး မျှစ်ရှာနေတဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိလို့ ဒဏ်ရာ ရခဲ့ပါတယ်။ “ဟိုပိတ်ရွာက အဖွား မျှစ်လာရှာရင်း မိုင်းနင်းမိသွားတာ။ ခြေထောက်ဖြတ်လိုက်ရတယ်”လို့ လားရှိုးမြို့ခံတ…
Read Moreမြ၀တီမြို့နယ်က DKBA အဖွဲ့ချုပ်ရှိရာကို ဒရုန်ဗုံးနဲ့တိုက်ခိုက်ခံရ၊ အာရှလမ်းမှာ နလအက အင်အားအများအပြားသုံးပြီး ထိုးစစ်ဆင်နေ
စက်တင်ဘာ ၄ ၊ ၂၀၂၅ GG(VOM) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊DKBA ထိန်းချုပ်နယ်မြေရှိ ကျောက်ခက်ကျေးရွာမှာ ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ကျေးရွာအချို့မှာလည်းတိုက်ပွဲဖြစ်ပွားနေသလို မြဝတီ – ကော့ကရိတ်အာရှလမ်းမှာလည်း နလအမှ အင်အားအများအပြားနဲ့ထိုးစစ်ဆင်နေတာကြောင်းတိုက်ပွဲပြင်းထန်လာနေတယ်လို့သိရပါတယ်။ DKBA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ခက်ရွာကို ဒီနေ့ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၈ နာရီကျော်လောက်မှာ ဒရုန်းဗုံးနဲ့တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ဆေးရုံအဟောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့ကာ ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ ” ကျောက်ခက်က DKBA အဖွဲ့ချုပ်ရှိရာဘက်ပါ။ဒီနေ့မနက် တိုက်ခိုက်ခံရတာဟုတ်ပါတယ်။အခုကျောင်းတွေပိတ်လိုက်တယ်သိရတယ်။ သူက မြဝတီနဲ့ဆိုရင် တနာရီကျော်လောက်တော့သွားရတယ်။ခုထိတော့မြဝတီမှာက အခြေအနေအေးဆေးပါပဲ။ဘာမှမဖြစ်ဘူး။အာရှလမ်းဘက်မှာတော့တော်တော်လေးဖြစ်နေတယ်။ ” လို့ မြို့ခံတယောက်ကပြောပါတယ်။ လက်ရှိ မြဝတီမြို့နယ်ထဲက နို့ဖိုးရွာ နဲ့ ထီးမူရွာတွေဘက်မှာလည်း စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား နေပြီး မြေပြင်ထိုးစစ်အပြင် ဒရုန်းဗုံး ၊လေကြောင်းတိုက်ခိုက်မှုတွေပါရှိနေတယ်လို့သိရပါတယ်။ အလားတူ မြဝတီ – ကော့ကရိတ်အာရှလမ်းဘက်မှာတော့ စစ်တပ်က အာရှလမ်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအများအပြားသုံးပြီး…
Read Moreစစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်မယူရင် ယူကရိန်းကို ဆက်တိုက်မယ်လို့ ပူတင်သတိပေး
မော်စကို၊ စက်တင်ဘာ-၄-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းအနေနဲ့ စစ်ပွဲအဆုံးသတ်ရေးအတွက် သဘောတူညီချက် မယူဘူးဆိုရင် ရုရုားရဲ့ စစ်ရေးရည်မှန်းချက်အားလုံးကို အောင်မြင်ဖို့ စစ်ပွဲကို ဆက်ပြီတိုက်သွားမယ်လို့ သမ္မတပူတင်က သတိပေးပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံမှာကျင်းပတဲ့ စစ်ရေးပြပွဲကို တက်ရောက်ပြီးနောက် ပူတင်က အခုလို ပြောဆုလိုက်တာပါ။ အမေရိကန်သမ္မတက စစ်ပွဲပြီးဆုံးဖို့ နားချစည်းရုံးမှုတွေ လုပ်ခဲ့ပြီး ထရန့်ရဲ့ စိတ်ရင်းမှန်ကို ချီးကျူးခဲ့ပေမယ့် စစ်ပွဲရပ်ရေးကိုတော့ ရုရှားခေါင်းဆောင်က ယခုထိ လုပ်ဆောင်ခြင်းမရှိသေးပါဘူး။ ကီဗ်ယက်ကို သွားရောက်လည်ပတ်နေတဲ့ ယူကေကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီက ထရန့်ဟာ ပူတင်ကို စားပွဲဝိုင်းဆီခေါ်လာနိုင်ခဲ့ပြီး ဖိအားပေးမှုတွေ လုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။ ယူကေကဲ့သို့သော နိုင်ငံတွေဟာ ပူတင်ကို နောက်ထပ် စီးပွားရေးဖိအားပေးဖို့နဲ့ ယူကရိန်းကို ဆက်လက်ထောက်ပံ့မှုတွေ လုပ်ဖို့ ဆန္ဒရှိကြောင်း ပြောပါတယ်။ ထရန့်ဟာ လွန်ခဲ့တဲ့ လက အလာစကာမှာ ပူတင်နဲ့ ထိပ်သီးဆွေးနွေးခဲ့ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ထိပ်သီးဆွေးနွေးဖို့…
Read Moreဘားအံ သံလွင်တံတားကနေ ထိုင်းကုန်စည်တွေ ဖြတ်သန်းခွင့်မပြုဘဲ ဖမ်းဆီးနေ
စက်တင်ဘာ ၄ – ၂၀၂၅ SN (VOM) ထိုင်းနိုင်ငံထုတ် ကုန်စည်တွေကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ သံလွင်တံတားကနေ ဖြတ်သန်းခွင့်မပြုဘဲ သက်ဆိုင်ရာနယ်မြေ တာဝန်ရှိသူတွေက ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့က ကုန်ပစ္စည်း ၃၅ မျိုးကို ယာယီတင်သွင်းခွင့် ပိတ်ပင်လိုက်ပြီးတဲ့နောက် ထိုင်းနိုင်ငံထုတ် ကုန်စည်တွေ တင်ဆောင်ထားတဲ့ ယာဉ်တွေကို သံလွင်တံတားကနေ ဖြတ်သန်းခွင့် မပြုတော့သလို တခြား ကုန်တင်ယာဉ်တွေကိုလည်း ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ဘားအံမြို့မှာ ဖြတ်သန်းခွင့် မပြုတော့ဘူးလို့ သိရပါတယ်။ “ယိုးဒယား ထိုင်းထုတ်ကုန်ပစ္စည်းတွေ သံလွင်တံတား ကျော်ပြီး ဖြတ်လို့မရတော့ဘူး။ ပြည်တွင်းထုတ် ငရုတ်၊ ကြက်သွန် စားသောက်ကုန် ပစ္စည်းတွေကတော့ သွားလာလို့ရတယ်။ ထိုင်းထုတ်ပစ္စည်းတွေကတော့ နိုင်ငံခြားက တင်သွင်းတဲ့ပစ္စည်း ၃၅…
Read Moreအာဖဂန်မှာ ၅ ဒဿမ ၂ အဆင့်ငလျင် ထပ်လှုပ်၊ သေဆုံးသူ ၁၄၀၀ ကျော်ရှိလာ
ကဘူးလ်၊ စက်တင်ဘာ-၃-၂၀၂၅ရတီ(VOM)အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာ ရစ်ချ်တာစကေး ၆ အဆင့် ငလျင်လှုပ်ခတ်ပြီးနောက် နှစ်ရက်အကြာမှာ ၅ ဒဿမ ၂ အဆင့်ရှိ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်က ဒီဒေသမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် လူ ၁၄၀၀ ကျော်သေဆုံးပြီး ၃၀၀၀ လောက်ဒဏ်ရာရခဲ့တယ်လို့ တာလီဘန်အစိုးရက ဆိုပါတယ်။ ငလျင်ကြီးအပြီး ကယ်ဆယ်ရေးလုပ်တဲ့နေရာမှာ မြေပြိုမှုတွေကြောင့် လမ်းတွေပိတ်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်အခဲဖြစ်နေပါတယ်။တောင်တန်းဒေသရှိ ကျေးရွာတွေမှာ အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးအဖွဲ့တွေကို ရဟတ်ယာဉ်တွေနဲ့ စေလွှတ်ထားပါတယ်။ ရုရှားတနိုင်ငံတည်းကပဲ တရားဝင် အသိအမှတ်ပြုထားတဲ့ တာလီဘန်အစိုးရကတော့ နိုင်ငံတကာအကူအညီတောင်းခံထားပါတယ်။ ကုလသမဂ္ဂက အရေးပေါ်ရန်ပုံငွေထုတ်ပေးပြီး ဗြိတိန်ကလည်း ဒေါ်လာ ၁ဒဿမ ၃ သန်း ကူညီပေးဖို့ ကတိပြုထားပါတယ်။ အာဖဂန်နစ္စတန်မှာ ငလျင်မကြာခဏလှုပ်ခတ်မှုတွေကြုံခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ရက်က ငလျင်ကတော့ နှစ်အနည်းငယ်အတွင်းမှာ အပြင်းထန်ဆုံးတခုဖြစ်ပါတယ်။…
Read Moreကျူးကျော်ဆိုင်ခန်းတွေနဲ့ အဆောက်အဦတွေကို ဖယ်ရှားရှင်းလင်းတဲ့ကိစ္စ နဲ့ ယာဥ်ရပ်နားခ အဆမတန်ကောက်ခံနေတာတွေအပေါ် ဝေဖန်မှုတွေမြင့်တက်
မန္တလေး၊ စက်တင်ဘာ- ၃- ၂၀၂၅ SA(VOM) ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ ကျူးကျော်အဆောက်အဦတွေနဲ့ ဆိုင်ခန်းတွေကို ဖယ်ရှားရှင်းလင်းပြီး စည်းကမ်းမလိုက်နာသူတွေကို အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတဲ့ လက်ကမ်းစာစောင်တွေ လိုက်လံဝေငှပြီး ဖယ်ရှားရှင်းလင်းသွားဖို့ မှာသွားတဲ့အကြောင်း ဆိုင်ခန်းရှင်တွေဆီက သိရပါတယ်။ မန္တလေးမြို့တော်ကို သန့်ရှင်းသာယာလှပပြီး ခေတ်မီမြို့တော်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ မြို့တော်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ်အတွင်း အဓိက လမ်းမကြီးများ၊ လမ်း၊ ပလက်ဖောင်း၊ ရေမြောင်းများပေါ်တွင် ကျူးကျော်စုပုံ၊ တည်ခင်း၊ ပစ္စည်းထားရှိခြင်း၊ ကျူးကျော်ဆောက်လုပ်ထားရှိခြင်း၊ ကျူးကျော်ရောင်းချခြင်းများကိုဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတဲ့ အကြောင်း ပါဝင်ပါတယ်။ ဒီတပတ်အတွင်း စည်းကမ်းမလိုက်နာသူတွေကို အရေးယူထားမှုရှိသလားဆိုတာကို မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီရဲ့ အခွန်ဌာနမှုးကို ဆက်သွယ်မေးမြန်းပေမယ့် အဲ့ဒီကိစ္စတွေကို မြို့နယ်အထွေထွေ ဦးစီးဌာနက အရေးယူဆောင်ရွက်တာဖြစ်တယ်လို့ ပြောပါတယ်။ ဆိုင်ခန်းတွေ၊ အဆောက်အဦတွေ ကျူးကျော်တည်ခင်း ဆောက်လုပ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပုဒ်မ-၁၀၆(စ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာလမ်း၊စင်္ကြံ၊ ပလက်ဖောင်းများပေါ်တွင်…
Read Moreပူတင် ၊ ကင်ဂျုံအန်တို့နဲ့ပေါင်းပြီး ရှီကျင်းပင်က အမေရိကန်ကို ဆန့်ကျင်နေကြောင်း ဒေါ်နယ်ထရန့် စွပ်စွဲ
ဝါရှင်တန် ၊ စက်တင်ဘာ-၃-၂၀၂၅ ရတီ (VOM) တရုတ်သမ္မတ ရှီကျင်းပင်ဟာ ရုရှားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေနဲ့ပေါင်းပြီး အမေရိကန်ကို ဆန့်ကျင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စွပ်စွဲပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားမှာ တရုတ်သမ္မတက မဟာမိတ်နိုင်ငံခေါင်းဆောင်တွေနဲ့ တက်ရောက်နေချိန်မှာ ထရန့်က အခုလို မှတ်ချက်ပြု စွပ်စွဲလိုက်တာပါ။ အမေရိကန်ကို ဆန့်ကျင်ဖို့ ပူးပေါင်းကြံစည်နေတဲ့ ဗလာဒီမာပူတင်နဲ့ ကင်ဂျုံအွန်းတို့ကို လေးစားပါတယ် လို့ ထရန့်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ တရုတ်၊ ရုရှားနဲ့ အခြားနိုင်ငံများကြား ဆက်ဆံရေး နွေးထွေးမှုဟာ ကမ္ဘာ့ဇာတ်ခုံမှာ အမေရိကန်အတွက် စိန်ခေါ်မှု ဖြစ်စေတယ်ဆိုတဲ့ ယူဆချက်ကို ထရန့်က ယခင်က ပယ်ချခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်က တရုတ်နိုင်ငံကို ပေးအပ်ခဲ့တဲ့ ကြီးမားသော ထောက်ပံ့မှုနဲ့…
Read Moreဥတ္တရသီရိမှာ ရွှေအိုးစည် Express လမ်းဘေးချောက်ထဲမှောက်လို့ နှစ်ယောက်သေ ၊ ခုနှစ်ယောက်ဒဏ်ရာရ
စက်တင်ဘာ ၃ ၊ ၂၀၂၅ GG (VOM) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ကျွဲရှင်းကျေးရွာ၊ တောင်ညို – ကျွဲရှင်းလမ်းဆုံမှာ ” ရွှေအိုးစည် “ခရီးသည်တင် Express ကား ချောက်ထဲထိုးကျတိမ်းမှောက်မှုဖြစ်ပြီး နှစ်ယောက်သေဆုံးကာ ခုနှစ်ယောက်လောက်ထိခိုက်ဒဏ်ရာရတယ်လို့ကနဦးသိရပါတယ်။ ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့ ၊နေ့လယ်ပိုင်းမှာ ကားကတိမ်းမှောက်ပြီး ချောက်ထဲထိုးကျချိန် အောက်မှာရှိတဲ့ ဆိုင်ကယ်ပြင်ဆိုင်ကို ထပ်မံဝင်တိုက်ခဲ့ကာ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ဆိုင်ကယ်၀ပ်ရှော့ဆရာက နေရာမှတင် ပွဲချင်းပြီးတယ်။၀ပ်ရှော့ပိုင်ရှင် လင်မယားလည်း ဒဏ်ရာပြင်းထန်တယ်။ကလေးကတော့ တွေ့ပြီ ညှပ်နေလို့ ဆွဲထုတ်ရတယ်။” လို့ ဖြစ်စဥ်သိသူဒေသခံကပြောပါတယ်။ လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကိုပို့ဆောင်ထားကြောင်း ၊ ဒဏ်ရာရရှိသူတွေထဲမှာ ပြင်းထန်သူတွေပါဝင်တယ်လို့ သိရပါတယ်။ ” ကားက ချောက်ထဲကျပြီး အောက်က ဆိုင်ကယ်ပြင်ဆိုင်ကိုဝင်တိုက်မိတယ်။အဲဒီမှာ အဲဒီဆိုင်ကယ်ပြင်ဆိုင်ကတယောက်သေတယ်။ကားပေါ်ကတယောက်သေတယ်။ဒဏ်ရာရသူတွေထဲမှာလည်း ပြင်းထန်သူတွေပါတယ်။ဆေးရုံတော့အချိန်မီအကုန်ပို့ပေးခဲ့တာပဲ။” လို့ ဒေသခံ…
Read More