စက်တင်ဘာ ၆ ၊ ၂၀၂၅ GG (VOM) မကြာမီကျင်းပမယ့် ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS-TOPIK)မှာ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူ ၆၀၀၀ ဝန်းကျင်ရှိကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရဲ့ စက်တင်ဘာ ၅ ရက်နေ့မှာထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။ ကိုရီးယားနိုင်ငံမှာ သုံးနှစ်အထက်တရားဝင် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံကို ၂၀၁၀ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း ပြန်လည်ရောက်ရှိခဲ့တဲ့ မြန်မာအလုပ်သမားတွေ အလုပ်ပြန်လည်သွားရောက်လုပ်ကိုင်နိုင်ရေအတွက် အထူး သီးသန့်ကျင်းပပေးတဲ့ စာမေးပွဲဖြစ်ပြီး ဖြေဆိုခွင့်ရသူတွေကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ကြေငြာပေးနေတာဖြစ်တယ်လို့သိရပါတယ်။ ” သုံးနှစ်အထက်နေခဲ့ပြီး ၂၀၁၀ နောက်ပိုင်းမှပြန်လာသူလည်းဖြစ်ရမယ်။ မွေးဖွားတဲ့ခုနှစ်ကလည်း ကန့်သတ်ချက်ရှိသေးတယ်။ကိုက်ညီမှဖြေလို့ရမှာဆိုတော့ အစိုးရအေဂျင်စီက နာမည်စာရင်းတွေထုတ်ပေးနေတယ်။အရင်စာမေးပွဲအောင်ပြီးသားလူတွေတောင်ခုထိမသွားရတာအများကြီးကို စာမေးပွဲတွေပဲထပ်ခေါ်နေတော့ အကုန်လုံးကပြောကုန်ကြပြီ။အောင်ပြီးသားလူတွေ သွားခွင့်ရဖို့လည်း လိုပါတယ်။” လို့ ကိုရီးယားဘာသာစကားသင်တန်းကျောင်းတခုမှ တာဝန်ရှိသူကပြောပါတယ်။ ပုံမှန်ကျင်းပခဲ့တဲ့ ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ အောင်မြင်ထားသူတွေ နဲ့ အဆိုပါ နှစ်စဥ်ကျင်းပတဲ့ အထူးသီးသန့်စာမေးပွဲအောင်မြင်ထားပြီးသူတွေကို ကိုရီးယားနိုင်ငံမှာ အလုပ်ရရှိရေးဆောင်ရွက်ပေးခြင်းမရှိဘဲ…
Read MoreMonth: September 2025
စစ်မှုထမ်းစာရင်းပါတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးအချို့က မိဘတွေထံဖုန်းဆက်ပြီးငွေ ကြေးတောင်းခံမှုတွေရှိနေ
စက်တင်ဘာ ၆ – ၂ဝ၂၅ KKO(VOM) စစ်မှုထမ်းစာရင်းပါတယ်ဆိုပြီး မန္တလေးမြို့ပေါ်ကရပ်ကွက် အုပ်ချုပ်ရေးမှူး(အုပ်ကြီး)အချို့ကမိဘတွေထံ ဖုန်းဆက်ပြီးငွေကြေးတောင်းခံမှုတွေရှိနေတယ်လို့ နစ်နာသူကာယကံရှင်ဖြစ်သူတွေက VOM သတင်းဌာနသို့ ပေးပို့ပြောပြလာပါတယ်။ မန္တလေးမြို့ပေါ်က ချမ်းမြသာစည်မြို့နယ် မြို့သစ်ရပ် ကွက် အုပ်ချုပ်ရေးမှူးဆိုပြီး ဖုန်းနံပါတ် 09-956132315 နဲ့ စစ်မှု ထမ်းစာရင်းပါဝင်တယ်ဆိုတဲ့သူတွေထံသို့ဆက်သွယ်ကာ စစ်မှုမထမ်းချင်ပါက ငွေကြေးကိစ္စတွေကို ညှိနှိုင်းဖို့ဆက်သွယ်အကြောင်း ကြားလာပြီးငွေကြေးကိုလည်း စစ်မှုထမ်းမပါဝင်တာကို ပါဝင်တယ်ဆိုပြီးလိမ်လည်တောင်းခံလာတာဖြစ်တယ်လို့ နစ်နာသူတွေကပြောပါတယ်။ စစ်မှုထမ်းစာရင်းမှာပါဝင်တယ်ဆိုပြီးငွေကြေးလိမ်လည်တောင်းခံတဲ့ ချမ်းစည်ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကာယကံရှင်တယောက်တို့ ပြောကြားထားတဲ့ ၇ မိနစ်ကျော်ကြာမြှင့်တဲ့ အပြန်အလှန်စကား ပြောဆိုထားကြတဲ့ ဖုန်းအသံဖိုင်တခုကိုလည်း VOM ကသက်သေအဖြစ်ရရှိထားပါတယ်။ “သူပြောပုံအရဆိုရင် ပိုက်ဆံနဲ့ဖြေရှင်းလို့ရတယ်ပေါ့။စစ်မှုထမ်းကရန်ကုန်ရော မန္တလေးရောခေါ်နေတာကြာပြီ။အိမ်ကသားလည်းစစ်မှု ထမ်းစာရင်းပါတယ်။အဲဒါကိုမိဘတွေအနေနဲ့ ဘယ်လိုလုပ်မလဲဆိုပြီး စစ်မှုထမ်းမသွားချင်ရင်ငွေပေးလို့ရတယ်။ သူကတဆင့်မြို့နယ်မှူးကို ညှိနှိုင်းပေးမယ်။ နောက်စစ်မှုထမ်းကင်းလွတ်ခွင့် စာရွက်လည်း သူယူပေးမယ်ဆိုပြီး ငွေကြေးတောင်းခံညှိနှိုင်းလာတာဖြစ်တယ်”လို့ ညှိနှိုင်းခံရတဲ့ ကာယကံရှင်တယောက်က VOM ကို ပြောပြပါတယ်။ စစ်မှုထမ်းကိစ္စအတွက် ချမ်းစည်ထဲက…
Read Moreဗန်းမော်ကိုဆန်တက်သွားတဲ့ စစ်သင်္ဘောတွေ ကသာမြို့ကို ညပိုင်းက စုန်ဆင်းရောက်ရှိလာ
စက်တင်ဘာ ၆-၂၀၂၅ SKT(VOM) ကသာမြို့ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဇူလိုင်လ(၂၆)ရက်က၊ ဗန်းမော်မြို့ကိုဆန်တတ်သွားတဲ့ စစ်သင်္ဘောအုပ်စုဟာ ကသာမြို့ဆိပ်ကမ်းကို စက်တင်ဘာလ(၅)ရက် ည၆နာရီကျော်က စုန်ဆင်းဝင်ရောက်ဆိုက်ကပ်လာခဲ့ပြီဖြစ်ပါတယ်။ မန္တလေးဝေါဝိန်ဆိပ်ကမ်းကနေ ဇူလိုင်(၁၇)ရက်က စစ်သင်္ဘောအုပ်စုဟာဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း မြစ်အထက်ပိုင်းကိုဆန်တတ်လာခဲ့ပြီး ကသာမြို့ဆိပ်ကမ်းကို ဇူလိုင်လ(၂၅)ရက်နေ့ ၁၂နာရီမှာ ဝင်ရောက်ခဲ့ကာတစ်ညအိပ်ပြီးနောက်ရက်ဇူလိုင်လ(၂၆)ရက်နံနက်ပိုင်းမှာ ဆန်တက်ထွက်ခွာသွားကာ ခုလိုတလကျော်အကြာမှာပဲ ကသာမြို့ဆိပ်ကမ်းကိုပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ပြန်လည်စုန်ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စုဟာ ကသာမြို့အနီး ရေပိုင်နက်ထဲကိုရောက်တာနဲ့စစ်သင်္ဘောက ပစ်ခတ်တာကြောင့် မိုးတားလေးကျေးရွာ ဈေးအပေါက်တည့်တည့် နေအိမ်ပေါ်ကျပေမယ့် မပေါက်ကွဲခဲ့သလို၊ ကသာမြို့အထွက်မိဿလင်းကျေးရွာဂိတ်ကိုလည်း ပစ်ခတ်ခဲ့တယ်လို့ မြေပြင်သတင်းအရသိရပါတယ်။ ကသာမြို့ဆိပ်ကမ်းကနေ ဗန်းမော်မြို့ကို ဆန်တတ်သွားတဲ့ စစ်သင်္ဘောအုပ်စုမှာ စစ်သုံးပစ္စည်း၊လူနဲ့ရိက္ခာ၊ဆေးဝါးတွေပါဝင်ပြီး၊တလကျော်ကြာတဲ့အထိ ပြန်လည်စုန်ဆင်းဖို့ကြန့်ကြာခဲ့ပါတယ်။ ကသာမြို့အထွက်မှာလည်း အထက်မိုးတားလေးကျေးရွာကနေ တိုက်ပွဲစတင်ခဲ့ပြီး၊မြစ်ကမ်းရိုးတလျောက်နဲ့ ရွှေကူမြို့တွေမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ ဒါအပြင်ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွဲနေချိန်ဖြစ်တာမို့ စစ်ကူသင်္ဘောတွေရောက်လာတဲ့တွက်ဩဂုတ်လမှာ ဗန်းမော်တိုက်ပွဲ ပိုမိုပြင်းထန်ခဲ့ပါတယ်။ ဗန်းမော်က စုန်လာတဲ့ ၁၁ စီး၊ ရွှေကူမှာ ၁စီး ပေါင်း၁၂ စီး၊…
Read Moreမီဒီယာသမားဘဝကနေ နိုင်ငံရေးလောကကိုဝင်မယ့် ကိုမင်းဒင်
ပြည်သူ့ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်အနေနဲ့ မဲဆန္ဒနယ် အကုန်နီးပါး ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ ဒီထဲမှာ မန္တလေးတိုင်း အောင်မြေသာစံ မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်အတွက် ပြည်သူ့ပါတီကိုယ်စား ယှဥ်ပြိုင်မယ့်သူကတော့ မန္တလေးခေတ်ဂျာနယ် အယ်ဒီတာချုပ် ကိုမင်းဒင် ခေါ် ဦးရန်နိုင်ဝင်းဖြစ်ပါတယ်။ ကိုမင်းဒင်အနေနဲ့ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ပါတီနိုင်ငံရေးထဲ ဝင်ပါရလဲ၊ နိုင်ငံရေးကို သေချာလေ့လာပြီးပြီလားဆိုတာကို VOM အယ်ဒီတာချုပ် ဦးနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး တည်းဖြတ် ရှိုင်းအောင် #voiceofmyanmar #VOM #ကိုမင်းဒင် #PP #ဦးရန်နိုင်ဝင်း
Read Moreငြိမ်းချမ်းရေးကို အဓိကထားလုပ်မယ့် ပြည်သူ့ပါတီ (PP )
ပြည်သူ့ပါတီ ( People Party) ဥက္ကဋ္ဌ ဦးကိုကိုကြီးဟာ မန္တလေးတိုင်းအတွင်းက ပြည်သူ့ပါတီဝင်တွေ၊ ရပ်မိရပ်ဖတွေ တွေ့ဆုံပွဲ တခု မန္တလေးမှာ ဒီနေ့ စက်တင်ဘာ၆ ရက်မနက်က ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက သူတို့ပါတီအနေနဲ့ တိုင်းပြည်အတွက်အရေးကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးကို အဓိကထားလုပ်ဆောင်မယ့်အေကြာင်း ထည့်သွင်းပြောကြားသွားပါတယ်။ ပြည်သူ့ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်အနေနဲ့ မဲဆန္ဒနယ် အကုန်နီးပါး ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကို တွေ့ဆုံပွဲအပြီးမှာ VOM အယ်ဒီတာချုပ် ဦးနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ပြည်သူ့ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်တဲ့ အရည်အချင်းနဲ့ အရေအတွက်တွေပြည့်ပြီလား ဘာအခက်အခဲတွေရှိနေသလဲ၊ ဘာတွေပြင်ဆင်ထားသလဲ၊ ဘဏ္ဍာငွေ ဘယ်လိုရှာဖွေသလဲဆိုတာ မေးကြည့်ထားပါတယ်။ ရိုက်ကူး တည်းဖြတ် ရှိုင်းအောင် #voiceofmyanmar #VOM #ဦးကိုကိုကြီး #PP #ပြည်သူ့ပါတီ
Read Moreရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ထိုင်းဝန်ကြီးချုပ်သစ် အနုတင် ကတိပြု
ဘန်ကောက်၊ စက်တင်ဘာ-၆-၂၀၂၅ ရတီ(VOM) ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်က လစ်လပ်နေတဲ့ အစိုးရအဖွဲ့ကို ဦးဆောင်ပြီး ရွေးကောက်ပွဲသစ်ကျင်းပမယ့် ကတိကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ပြောပါတယ်။ ရှေးရိုးစွဲ စီးပွားရေးလုပ်ငန်းရှင်ကြီး အနုတင်ချာဗီရာကွန်းကို သောကြာနေ့ မှာ လွှတ်တော်က ဝန်ပြီးချုပ်အဖြစ် အတည်ပြုလိုက်ပြီးနောက် ရာထူးကဖယ်ရှားခံရတဲ့ ပေတုန်တန်ရှင်နာဝပ်ထရာနေရာကို ဆက်ခံခဲ့ပြီး ဖြူထိုင်ပါတီရဲ့ ဆန့်ကျင်ဘက်အဖွဲ့တွေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့ပါတယ်။ လွှတ်တော်အမတ်နေရာ အများဆုံးရရှိထားတဲ့ ပြည်သူ့ပါတီ လေးလအတွင်း လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်ကျင်းပရမယ်ဆိုတဲ့ ကတိနဲ့အတူ သူ့ကို ဝန်ကြီးချုပ်နေရာကို ထောက်ခံခဲ့တာပါ။ “သဘောတူညီချက်အားလုံးကို လိုက်နာသွားမယ်” လို့ သောကြာနေ့က သူ့ပါတီရုံးချုပ်အပြင်ဘက်မှာ ပြောခဲ့ပါတယ်။ မိမိတာဝန်ထမ်းဆောင်ချိန်တိုအတွင်းမှာ ထိုင်းနိုင်ငံရဲ့ စိတ်ဓါတ်နဲ့ ခွန်အားကို ပြန်ယူပေးမယ်လို့ သူကပြောပါတယ်။ ပဋိပက္ခတွေကို မနှစ်သက်ဘူးလို့ ဆိုပါတယ်။ သူ့အနေနဲ့ ဘယ်လိုမှ အပေးအယူ၊ ဖိနှိပ်မှုနဲ့ လက်စားချေတွေ မရှိဘူး လို့ အနုတင်က ပြောပါတယ်။…
Read Moreသူတို့အိမ် အခန်း – ၃
ဆူးငှက် ၂၉လမ်း ဈေးလမ်းမ ——————– “ရှေးတုန်းက မြစ်ဆိပ်ဆိုတာ ဒီနားပေါ့။ သင်္ဘောတွေ ဆိုက်တဲ့နေရာ လေ”” ဟု လူကြီးသူမများ ပြောစကားကို တအံ့တသြ နားထောင်ရင်း ဒေါင်းရိုးသင်္ဘောတန်းဟူ သော ရပ်ကွက်နာမည်ကို ဆီသည်ချောင်ဟူသော အမည်ထက် နှစ်သက်ခဲ့တာ ဝန်ခံပါသည်။ အိမ်လိပ်စာပေးတိုင်း ဒေါင်းရိုးသင်္ဘောတန်းရပ် စိုင်ပျိုရိပ်သာဝင်းအတွင်းဟု ရေးသားရတာကို မြိန်ယှက်ခဲ့သည်။ မည်သို့ဆိုစေ ရပ်ကွက်၏ အဓိက လမ်းဖြစ်သည့် စိုင်ပျိုရိပ်သာဝင်းရှေ့က ၂၉လမ်းသည် ဈေးလမ်းမအဖြစ် အချက်အချာကျသည်။ မြစ်ဆိပ်နှင့် ဈေးချိုကို ဟင်းသီးဟင်းရွက် ကုန်၊ ကောက်ပဲသီးနှံကုန်တွေကိုတော့ ဒီလမ်းကပဲ သယ်ပို့ကြရသည်။ အနောက် ကျွန်းထဲဆီမှ ပဲစိမ်းစားဥ လှည်းတန်းကြီးလာလျှင် ကျွန်တော်တို့သည် လှည်းမြီး ခိုကာ ရိုင်ပတ်ကြားမှ ပဲစိမ်းစားဥများ ဆွဲဖြုတ်ပြေးကြရသည်။ သဘောကောင်းသော လှည်းသမား တစ်ယောက် တစ်လေကမူ ကျွန်တော်တို့မြင်သည်နှင့် ပဲစိမ်းစားဥတစ်တွဲ ဖြုတ်ယူပြီး…
Read Moreဒေါ်ဒေါ်လူထုဒေါ်အမာနှင့် ခရီးသွားခြင်း
ဆူးငှက် ဒေါ်ဒေါ်လူထုဒေါ်အမာနှင့် ခရီးတချို့ထွက်ဖူးပါသည်။ အလွန်ပျော်စရာကောင်းပါ၏။ ခရီးအများစုမှာ ဒေါ်ဒေါ့်အိမ်ကကားနှင့် ဖြစ် သည်။ မှတ်မိသလောက် ထွက်ဖူးသော ခရီးအချို့မှာ အနီးအနားဆိုလျှင် ဝါးချက်ဆေးရုံ (၁ဝ)နှစ်မြောက်ပွဲ၊ အလ္လကပ္ပ ဝမ်းပြေရွာက ဒသမမြောက် ရွှေကျင်သာသနာပိုင် မြောင်းမြ ဆရာတော် ကမ္ပည်းမော်ကွန်း ကျောက်စာဗိမာန်ဖွင့်ပွဲ၊ ကျောက်ဆည် မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မစာကြည့်တိုက်ဖွင့်ပွဲ၊ ဆရာသိန်းဖေမြင့် အမှတ်တရအခမ်းအနား ဘုတလင်၊ ပန်းချီဆရာကြီး ဦးအောင်ခင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ချင်းတွင်း နတ်ကျွန်းအောင်မြေခရီး၊ ဆရာ လင်းယုန်မောင်မောင် မွေးနေ့ မုံရွာနှင့်ဆင်ဖြူကျွန်း အောင်ဗလစာကြည့်တိုက်ဖွင့်ပွဲတို့ဖြစ်သည်။ ဒေါ်ဒေါ်က စာပေခရီးဆိုလျှင် တစ်အုပ်တစ်မကြီး သွားရတာပျော်ပုံရသည်။ ကျွန်တော်လိုက်ဖြစ်ခဲ့သော ခရီးအများစုမှာ ဆရာညီပုလေး အထိန်းသိမ်းခံနေရစဉ် သွားရသောခရီးများမို့ ဒေါ်ဒေါ့်မှာ ကားရှိသော်လည်း ကားမောင်းပို့မည့်သူ ကသီလင်တရှိသည်။ အလ္လကပ္ပ ဝမ်းမြေ့သွားစဉ်က ကိုအော်ပီကျယ်မောင်းသည်ထင်ပါ့။ ဆရာညီပုလေး ပြန်လွတ်ချိန်ခရီးကတော့ ဆင်ဖြူကျွန်းအောင် ဗလစာကြည့်တိုက် ဖွင့်ပွဲဖြစ်သည်။ ချင်းတွင်းနှင့်…
Read Moreကင်ဂျုံအန်နဲ့ တောင်ကိုရီးယား လွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံနှုတ်ဆက်ခဲ့
ပေကျင်း၊ စက်တင်ဘာ-၄-၂၀၂၅ ရတီ(VOM) တောင်ကိုရီးယား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၀ူဝန်ဆစ်ခ်ဟာ တရုတ်နိုင်ငံ ပေကျင်းမှာပြုလုပ်တဲ့ စစ်ရေးပြပွဲကို တက်ရောက်ခဲ့ပြီး ချီတက်ပွဲမစခင်မှာ သူနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးတဲ့ နှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ အဲဒီစစ်ရေးပြပွဲကို ရုရှားသမ္မတ ဗလာဒီမာပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဌဟာ ကင်ဂျုံအန်အပြင် ရုရှားသမ္မတပူတင်၊ တရုတ်သမ္မတ ရှီကျင်းပင်တို့နဲ့လည်း စကားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ကင်ဂျုံအန်ထံကို သတင်းစကားပါးနိုင်ကြောင်း ပူတင်က ၀ူဝန်ဆစ်ခ်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ၀ူဝန်ဆစ်ခ်ကတော့ စိန်ခေါ်မှုတွေ ကြုံတွေ့နေရသော်လည်း ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အရေးကြီးကြောင်းနဲ့ အဲဒီရည်ရွယ်ချက်အတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောခဲ့ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်စစ်တပ်ဟာ…
Read Moreမန္တလေးနဲ့ အနီးတဝိုက်မှာ ပြင်းထန်တဲ့ငလျင်လှုပ်ခတ်လို့ မြို့ခံလူထု အလန့်တကြားဖြစ်ခဲ့ရ
မန္တလေး၊ စက်တင်ဘာ- ၄- ၂၀၂၅ ဒီကနေ့ စက်တင်ဘာ ၄ ရက်နေ့ ၁၀ နာရီ ၅၂ မိနစ် အချိန်က ၄.၂ အဆင့်ရှိငလျင်တခုဟာ မန္တလေးမြို့ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာကြောင့် မြို့ခံတချို့ အထိတ်တလန့်ဖြစ်ခဲ့ကြပါတယ်။ မြောက်ပြင်ဘက်ရောက်နေသူတဦးကတော့ ” ကျနော် ကားပစ္စည်းသွားဝယ်နေတုန်း ငလျင်လှုပ်တာနဲ့ကြုံလိုက်တာ အနီးနားဝန်းကျင်ကလူတွေ အကုန် လမ်းပေါ်ထွက်ပြေးကြတာတွေ့ရတာပဲ ခါရမ်းသွားတာဆိုတော့ စိုးရိမ်ကြမှာပဲလေ” လို့ ပြောပါတယ်။ ဒါအပြင် မန္တလေးမြို့ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ၄.၂ အဆင့်ရှိ ငလျင်ကြောင့် မန္တလေးနဲ့အနီးတဝိုက်က ဒေသတချို့မှာလည်း ငလျင်လှုပ်တဲ့ဒဏ်ကို သိသာစွာ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ စက်တင် ဘာလ ၃ ရက်နေ့အထိ ငလျင်လှုပ်ခတ်မှု အကြိမ်ပေါင်း ၂၂၆ ကြိမ်ရှိတယ်လို့ ဖော်ပြထားပြီး ဒီကနေ့နဲ့ဆိုရင် ၂၂၇ ကြိမ်မြောက်…
Read More