ဝါရှင်တန်၊ စက်တင်ဘာ-၅-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (Department of Defense) ကို စစ်ဝန်ကြီးဌာန (Department of War) လို့ ပြောင်းလဲခေါ်ဖို့ ညွှန်ကြားလိုက်ပါတယ်။ ဒီအမိန့်ကို မနက်ဖြန်မှာ လက်မှတ်ထိုးမှာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး ပီဟတ်ဆက် ကို စစ်ဝန်ကြီးလို့ ခေါ်ဆိုရမှာလို့ ဆိုပါတယ်။ စစ်ဝန်ကြီးဌာနဆိုတဲ့နာမည်က ကာကွယ်ရေးဝန်ကြီးဌာနဆိုတဲ့ ကာကွယ်ရေးစွမ်းရည်ကိုပဲ အလေးပေးတဲ့နာမည်ထက် ပိုပြီးပြင်ဆင်မှုနဲ့ စိတ်ပိုင်းဖြတ်မှုရဲ့ အားကောင်းတဲ့ သတင်းစကားပေးနိုင်တယ်လို့ ထရန့်က ပြောပါတယ်။ ထရန့်ဟာ လွှတ်တော်ရဲ့သဘောတူညီချက်မရှိဘဲ ဌာနရဲ့နာမည်ကို တရားဝင်မပြောင်းလဲနိုင်တာကြောင့် အမြဲတမ်းနာမည်ပြောင်းလဲဖို့ ဥပဒေရေးရာနဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ဖို့ ဟတ်ဆက်ကို ညွှန်ကြားထားပါတယ်။ ဒီလိုပြောင်းလဲမှုမျိုးကို လွှတ်တော်က ထောက်ခံမယ်လို့လည်း ဒေါ်နယ်ထရန့်က ယုံကြည်နေပါတယ်။စစ်ဝန်ကြီးဌာနက ဂျော့ဝါရှင်တန်က တည်ထောင်ခဲ့တာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီးမှာ နာမည်ပြောင်းခဲ့တာဖြစ်ပါတယ်။ အမြဲတမ်းအမည်ပြောင်းလဲမှုအတွက် ကုန်ကျမယ့်ငွေပမာဏကို အိမ်ဖြူတော်က…
Read MoreMonth: September 2025
ကရင်ပြည်နယ်တဝှမ်းမှာ ရွေးကောက်ပွဲလုံခြုံရေးတာဝန်ယူသွားမယ်လို့ BGF ထုတ်ပြန်
စက်တင်ဘာ ၅ – ၂ဝ၂၅ KKO(VOM) ၂ဝ၂၅ ဒီဇင်ဘာမှာပြုလုပ်မယ့်မြန်မာ့ရွေးကောက်ပွဲကိုအပြည့်အဝထောက်ခံပြီးရွေးကောက်ပွဲလုံခြုံရေးနဲ့ တရားမျှတရေးတို့ကို ကရင်ပြည်နယ်တဝှမ်းမှာတာဝန်ယူဆောင် ရွက်သွားမယ်လို့ နယ်ခြားစောင့်တပ်(ကရင် ပြည်နယ်)BGF က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီထုတ်ပြန်မှုကို ယခုစက်တင်ဘာလ ၃ ရက်နေ့က BGF တပ်ဘက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီးရွေးကောက်ပွဲဟာဒီမိုကရေစီစနစ်ကိုဦးတည်ကာပြည်သူတွေရဲ့လုံခြုံအေးချမ်းတည်ငြိမ်သောဘဝကိုဖန်တီးနိုင်ဖို့အရေးပါတယ်လို့နားလည်ခံယူထားတယ်လို့လည်းရေးသားဖော်ပြထားပါတယ်။ ဒါအပြင်နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်) အနေနဲ့ယခုကျင်းပမယ့်ရွေးကောက်ပွဲမှာနိုင် ငံရေးပါတီတွေအပေါ် ခွဲခြားမှုမရှိဘဲတရားမျှတစွာကူညီလျှက်မဲဆန္ဒရှင်တွေရဲ့မဲပေးပိုင်ခွင့်အပေါ် အန္တရာယ်မရှိစေဖို့ အထူးအလေး ထားကူညီဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ်မှာရွေးကောက်ပွဲတည်ငြိမ်လုံခြုံစွာတရားမျှတစွာကျင်းပနိုင်ဖို့နဲ့အားလုံးပါဝင်သောရွေးကောက်ပွဲဖြစ်လာဖို့ကူညီဆောင်ရွက်ပေးသွားမယ်လို့ BGF နယ် ခြားစောင့်တပ်ဘက်က သူတို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဆက်လက်ပြီးမြန်မာ့အရေးနဲ့ စစ်ရေးအခြေ အနေတွေကိုလေ့လာသုံးသပ်သူတယောက်ကတော့ ယိုးဒယား-မြန်မာနယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့ သူရဲ့သုံးသပ်ချက်အမြင်ကိုအခုလိုပြောပြခဲ့ပါတယ်။ “ထိုင်း-မြန်မာနယ်စပ်ကလက်နက်ကိုင်တွေကကျားဖြန့်၊လူကုန်ကူး၊လက်နက်အရောင်းအ၀ယ်စသည်ဖြင့်မဟုတ်တာမှန်သမျှအကုန်လုပ်တဲ့အပြင်ဂိတ်ပေါင်းစုံဖွင့်ပြီးငွေရှာနေခဲ့တာနှစ်ပေါင်းသုံးဆယ်ကျော်ခဲ့ပါပြီ”လို့ သူက VOM ကို ပြောပါတယ်။ ဒါအပြင်ပြောင်းလဲလာတဲ့ကမ္ဘာ့အခြေအနေတွေအရအဲ့ဒီကရင်ပြည်နယ်ဒေသတွေမှာတရားမ၀င်လက်နက်ကိုင်အဖွဲ့အစည်းတွေကိုခွင့်မပြုတော့ဘဲအနှေးနဲ့အမြန်ကိုတရားဥပ ဒေစိုးမိုးမှုကိုတည်ဆောက်ပေးရတော့မယ်လို့ လေ့လာသုံးသပ်သူတွေကပြောပါတယ်။ နလအအနေနဲ့ရွေးကောက်ပွဲအပိုင်း – ၁ ကို ဒီဇင်ဘာ၂၈ ရက်မှာကျင်းပမှာဖြစ်ပြီးနိုင်ငံတဝန်းကမြို့နယ် ၁၀၂ မြို့နယ်မှာကျင်းပဖို့ရှိနေတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင်တော့မြို့နယ် ၁၂ မြို့နယ်မှာကျင်းပသွားမှာဖြစ်ပြီးအပိုင်းလိုက်ဆက်လက်ကျင်းပမယ့်နေ့ရက်တွေကိုလည်းထုတ်ပြန်ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က…
Read MorePPP ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ တွေ့ဆုံခြင်း
ပြည်သူ့ရှေ့ဆောင်ပါတီ ( People’s Pioneer Party) ပီသုံးလုံး ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်အနေနဲ့ မဲဆန္ဒနယ် အကုန်နီးပါး ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ ပီသုံးလုံးပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ဟာ ဒီကနေ့ စက်တင်ဘာ ၅ရက်နေ့မှာ မန္တလေးက ပါတီဝင်တွေ ရှမ်းပြည်မြောက်ပိုင်းက ပါတီဝင်တွေနဲ့ နှစ်နေရာခွဲပြီး မန္တလေးမှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲတွေအပြီးမှာ PPPပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ကို VOM အယ်ဒီတာချုပ် ဦးနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ပီသုံးလုံးပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်တဲ့ အရည်အချင်းနဲ့ အရေအတွက်တွေပြည့်ပြီလား ဘာအခက်အခဲတွေရှိနေသလဲ၊ ဘာတွေပြင်ဆင်ထားသလဲဆိုတာ စမေးကြည့်တော့ ရိုက်ကူး တည်းဖြတ် ရှိုင်းအောင်
Read Moreပြည်သူ့ရှေ့ဆောင်ပါတီ အနေနဲ့ ကိုယ်စားလှယ်လောင်း ငါးရာကျော်ရနေပြီ
ပြည်သူ့ရှေ့ဆောင်ပါတီ ( People’s Pioneer Party) ပီသုံးလုံး ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်အနေနဲ့ မဲဆန္ဒနယ် အကုန် နီးပါးဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ ပီသုံးလုံးပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ဟာ ဒီကနေ့ စက်တင်ဘာ ၅ရက်နေ့မှာ မန္တလေးက ပါတီဝင်တွေ၊ ရှမ်းပြည်မြောက်ပိုင်းက ပါတီဝင်တွေနဲ့ နှစ်နေရာခွဲပြီး မန္တလေးမှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲအပြီး ရှမ်းပြည်မြောက်ပိုင်းကနေ ရွေးကောက်ပွဲယှဥ်ပြိုင်မယ့် ဦးအောင်ဆန်းဇော်ကို VOM အယ်ဒီတာချုပ် ဦးနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး တည်းဖြတ် ရှိုင်းအောင်
Read MoreSky vila ကွန်ဒို အပျက်အစီးတွေအောက်က ရုပ်အလောင်း နှစ်ခု ထပ်မံတွေ့ရှိ
မန္တလေး၊ စက်တင်ဘာ – ၅- ၂၀၂၅ SA(VOM) မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်က ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa အဆောက်အအုံ အပျက်အစီးတွေကို ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်နေချိန် ဒီကနေ့ စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းက အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးရဲ့ ရုပ်အလောင်းတွေကို ထုတ်ယူနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က နေသိရပါတယ်။ Sky Villa အဆောက်အအုံ A အဆောင်ကို ရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ အောင်မြေသာစံမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက အဆောင် (A)၊ ပထမထပ် Hall ခန်းအတွင်းမှာ ၄ နာရီ ၂၀ မိနစ်က အမျိုးသား တဦးရဲ့ ရုပ်အလောင်းနဲ့ ၄ နာရီ ၃၅ မိနစ်မှာ အမျိုးသမီး တဦးရဲ့ ရုပ်အလောင်းတွေကို ထပ်မံထုတ်ယူနိုင်ခဲ့ပြီး မာလာမေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။…
Read Moreနမ့်ဖတ်ကာ – နမ့်ခမ်းလမ်းမှာ ကားတစီး ဘရိတ်ပေါက် ထိုးကျရာက ကားရော နေအိမ် နှစ်အိမ်ပါ မီးလောင်ပျက်စီး
စက်တင်ဘာ ၅၊ ၂၀၂၅ Shy V (VOM) နမ့်ဖတ်ကာ – နမ့်ခမ်းလမ်း၊ ၁၂ မိုင်မှာ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်က ဒီဇယ်တင်ထားတဲ့ ကားတစီး ဘရိတ်ပေါက် ထိုးကျသွားရာက ကားရော နေအိမ် နှစ်အိမ်ပါ မီးလောင် ပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကားက နောက်ပြန်လှိမ့်ပြီး လမ်းအောက်က အိမ် နှစ်အိမ်ပေါ် ထိုးကျ တိမ်းမှောက်သွားတာ။ ကားလည်း မီးလောင်သွားတယ်။ အဲဒီ နေအိမ် နှစ်အိမ်လည်း မီးလောင်သွားတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။ အဲဒီကားက နမ့်ဖတ်ကာကနေ နမ့်ခမ်းဘက် ဒီဇယ် တင်လာတဲ့ ၁၂ ဘီးကား ဖြစ်ပြီး လမ်းမပေါ် ကားတစီး ပျက်နေတာကြောင့် ဆွဲပေးဖို့ အကူအညီ တောင်းလို့…
Read Moreလက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၁)
ဆူးငှက် ဇေယျတု သာသနာတော် (၂၅၄၃) ခု၊ ကောဇာသက္ကရာဇ် (၁၃၆၁)ခု၊ ဂိမှ(နွေ)ဥတု လဆန်းပက္ခ ဇေဋ္ဌမာသ စန္ဒြမာသ နယုန်လဆန်း ၈ရက်၊ စနေနေ့၊ ညနေ စက်နာရီ ၃နာရီ ၅၈ မိနစ်အချိန်၌ မန္တလေးမြို့ ရတနာဘုမ္မိရပ်၊ မြတောင်ကျောင်းတိုက်၊ မဏိဥက္ကဋ္ဌ အဘယရံသီ ခဏ္ဍသိမ်တော်ကြီးတွင်၊ မန္တလေးမြို့၊ လက်ဆည်ကန်ရပ်၊ ရဟန်းဒါယိကာ လူထုဦးလှ၊ ရဟန်းဒါယိကာမ လူထုဒေါ်အမာတို့ ၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူသော မန္တလေးမြို့၊ ရွှေဝါဝင်းကျောင်း၊ မဏိရတနာ ရာမ မြတောင်ကျောင်းတိုက် ဆရာတော်ကို ဥပဇ္ဈယ်ပြု၍၊ မန္တလေးမြို့၊ မြတောင်ကျောင်းတိုက်၊ ဇမ္ဗူအေးစာချကျောင်းဆရာတော်ကို အနုသာသက ဆရာတော်ပြုပြီး (၁) တောင်ထီးလင်းတိုက် ဘဒ္ဒန္တဇောတိကာဘိဝံသ ဆရာတော်၊ (၂) မစိုးရိမ်တိုက်သစ် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ဆရာတော်၊ (၃) မြင်းဝန်မင်းကြီးတိုက်…
Read Moreအမေရိကန်ရှိ ဟွန်ဒိုင်းကားစက်ရုံကို လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေ ဝင်စီးပြီး လူ ၅၀၀ နီးပါးကို ဖမ်းဆီး
ဝါရှင်တန်၊ စက်တင်ဘာ-၆-၂၀၂၅ ရတီ(VOM) အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က ဟွန်ဒိုင်းစက်ရုံမှာ လူ ၅၀၀ နီးပါးကို လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒါဟာ သမ္မတ ထရန့်ရဲ့ ဒုတိယသက်တမ်းအတွင်း အကြီးဆုံး လုပ်ငန်းခွင်စစ်ဆေး ဖမ်းဆီးမှုဖြစ်ပါတယ်။ ဧက ၃၀၀၀ ကျယ်တဲ့ ဒီစက်ရုံမှာ ဖမ်းဆီးခံရသူ အများစုဟာ ကိုရီးယားနိုင်ငံသားတွေ့ဖြစ်ပြီး လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့ အဲဒီစက်ရုံကို ပြီးခဲ့တဲ့ တနှစ်က လည်ပတ်ခဲ့တာပါ။ တောင်ကိုရီးယားအစိုးရကတော့ ဒီဖြစ်စဏ်အပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ တောင်ကိုရီးယားနိုင်ငံသားတွေရဲ့ အခွင့်အရေးကို လေးစားဖို့ အမေရိကန်ကို တိုက်တွန်းခဲ့ပါတယ်။ ပြည်တွင်းလုံခြုံရေးဌာနကတော့ တရားမဝင် အလုပ်ခန့်ထားမှုတွေနဲ့ အခြားသော စွပ်စွဲချက်တွေကြောင့် ရှာဖွေရေးလုပ်ခဲ့တယ်လို့ ပြောပါတယ်။ “ဒါဟာ လပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ မှုခင်းစုံစမ်းရေးဖြစ်ပြီး သက်သေအထောက်အထားတွေ စုဆောင်းခဲ့တာ၊ မေးမြန်းခဲ့တာ၊ စာရွက်စာတမ်းတွေ စုဆောင်းခဲ့တာတွေပါဝင်ပြီး တရားရုံးရဲ့ ရှာဖွေရေးဝန်ခံကို ရယူဖို့အတွက် ဒီသက်သေအထောက်အထားတွေကို…
Read Moreမြောက်ကိုရီးယားမှာ ကြားဖြတ်နားထောင်ရေးစက်တပ်ဆင်ဖို့ အမေရိကန် အထူးတပ်ဖွဲ့ ကြိုးပမ်းခဲ့
ဝါရှင်တန်၊ စက်တင်ဘာ-၆-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် ရေတပ်အထူးတပ်ဖွဲ့ (Navy SEALs) ဟာ ဒေါ်နယ်ထရန့် ပထမအကြိမ် သမ္မတသက်တမ်းအတွင်း မြောက်ကိုရီးယားမှာ ကြားဖြတ်နားထောင်ရေးစက်တခု တပ်ဆင်ဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့ဘူးလို့ နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ် အစောပိုင်းက လျှို့ဝှက်စစ်ဆင်ရေးတခု အကောင်အထည်ဖော်ခဲ့တယ်လို့ ဆိုထားပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်ရဲ့ ဆက်သွယ်ရေးတွေကို ချုပ်ကိုင်ဖို့ ရည်ရွယ်ခဲ့တာလို့ ဖော်ပြထားပါတယ်။ အဲဒီအချိန်တုန်းက နိုင်ငံနှစ်နိုင်ငံဟာ အဆင့်မြင့် ဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရအရာရှိတွေနဲ့ ရေတပ် တပ်ဖွဲ့ဝင်တွေ အပါအဝင် လူ ၂၀ ကျော်နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အချက်အလက်တွေကို အခြေခံထားတာလို့ နယူးယောက်တိုင်းက ဆိုပါတယ်။ ရေတပ်အထူးတပ်ဖွဲ့တဖွဲ့က ညဘက်မှာ ရေငုပ်သင်္ဘောတွေသုံးပြီး မြောက်ကိုရီးယားကို ချဉ်းကပ်ခဲ့ကာ ကမ်းစပ်ဆီကို စတင်ရေကူးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယား လှေငယ်တစီး…
Read Moreမြဝတီမှာ BGF နဲ့ နလအတပ် စစ်ရေးပူးပေါင်းလှုပ်ရှားနေပြီး သင်္ဃန်းညီနောင်ကို ပြန်ထိန်းချုပ်
စက်တင်ဘာ ၆ ၊ ၂၀၂၅ GG (VOM) မြဝတီမြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်နဲ့ BGF တပ်တွေပူးပေါင်းထိုးစစ်ဆင်ကာ လက်ရှိသင်္ဃန်းညီနောင်မြို့သစ်ကို စစ်တပ်မှပြန်လည်ထိန်းချုပ်လိုက်သလို မြဝတီဇုန်မှာလည်း စစ်တပ်က အင်အားဖြန့်ကျက်ပြီး လုံခြုံရေး ပြန်လည်ရယူလာတယ်လို့ သိရပါတယ်။ လက်ရှိ သင်္ဃန်းညီနောင်မြို့သစ်ကို စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် လုံခြုံရေးရယူထားပြီး မြို့အဝင်ကစပြီး သွားလာခွင့်ပိတ်ထားတာကြောင့် မြဝတီ – ကော့ကရိတ်တောင်ပေါ်လမ်းဟောင်းကနေသွားလာမှုရပ်သွားသလို သင်္ဃန်းညီနောင်၊မဲကနယ်၊ဝှေ့ရှမ်း၊ကွင်းကလေးရွာမှ ပြည်သူတွေလည်း လတ်တလော စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။ ” မဲကနယ်၊ဝှေ့ရှမ်း၊ ညီနောင်ဘက်တွေသွားလို့မရတော့ဘူး။ အရင်က လမ်းမှာနယ်ခြားစောင့်တပ်ရှိတယ်။ပြီးရင် လက်နက်ကိုင်တပ်တွေရှိတယ်။အခုက နယ်ခြားစောင့်တပ်ပဲရှိတော့တယ်။အဲနေရာကစပြီး ပိတ်လိုက်တာသွားမရတော့ဘူး။ဒါကြောင့် လမ်းဟောင်းကမနေ့ကစပြီးသွားလို့မရတော့ဘူး။ညီနောင်မှာစစ်တပ်က ပြန်ရောက်နေပြီ။ အဲဒီဘက်ကလူတွေလည်းရှောင်နေကြရတယ်။တိုက်ပွဲတွေဖြစ်နေတော့ ပစ်ခတ်နေတာ မနေ့ကတနေ့လုံးပဲ။ညအထိဆက်တိုက်ပဲ။ဒီနေ့မနက်တော့ငြိမ်နေတယ်။” လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ လက်ရှိမှာ စစ်တပ်နဲ့ BGF တပ်တို့ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ကြောင်း ၊ အာရှလမ်းသစ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအများအပြားသုံးပြီး အပြင်းအထန်ထိုးစစ်ဆင်နေတဲ့အတွက် ဒေသတွင်းလက်နက်ကိုင်တပ်တွေနောက်ဆုတ်ပေးလိုက်ရတယ်လို့ လည်းသတင်းတွေအရသိရပါတယ်။ အာရှလမ်းသစ် တိုက်ပွဲမှာ…
Read More