စက်တင်ဘာ ၉ – ၂ဝ၂၅ KKO(VOM) ယနေ့ နံနက်ပိုင်းအချိန်ကပဲခူးတိုင်းဒေသကြီး၊ရေတာရှည်မြို့အနီးမှာ အင်အား ၄.၉ ရစ်(ခ်) တာစကေးရှိ မြေငလျင်ငယ်တခုလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းမိုး/ဇလညွှန်ကြားမှုဦးစီး ဌာနကတော့ ယနေ့ (၇-၉- ၂၀၂၅) ရက်၊(၀၉း၄၇း ၀၆)အချိန်ကရေတာရှည်မြို့ရဲ့အနောက်၊အနောက် တောင်ဘက်(၉)မိုင်ခန့်အကွာဗဟို ချက်တည်နေရာကိုဗဟိုပြုပြီးအင် အားပမာဏ ၄.၉ ရစ်(ခ်)တာစကေးအဆင့်ရှိမြေငလျင်တခုလှုပ်ခတ်ခဲ့တယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။ “အိမ်ကသိမ့်ခနဲတုန်သွားတယ်။သိ သာတယ်။လန့်ပြီးဘယ်ပြေးရမှန်းမသိဘူး”လို့ တောင်ငူမြို့မှာ နေထိုင်တဲ့ ဒေသခံပြည်သူတယောက်က ပြောပါတယ်။ ယနေ့ နံနက်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကိုတောင်ငူ၊ရေတာရှည်၊ပြွန်တန်ဆာ၊နေပြည် တော်၊ အုတ်တွင်းနဲ့ ဖြူးမြို့နယ်တို့မှာရှိကြတဲ့ဒေသခံပြည်သူတွေအနေနဲ့ သိရှိခံစားလိုက်ရတယ်လို့ သိရပါတယ်။ မြေငလျင်များသတင်းစင်တာက တော့ယခုလှုပ်ခတ်ခဲ့တဲ့မြေငလျင်ဟာမြေအောက်အနက် ၆ မိုင်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊တောင်ငူအ နောက်မြောက်ဘက် ၆ မိုင်ခန့်မှာ မဂ္ဂနီကျု ၄.၉ အဖြစ်လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ယခုနှစ် မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ၇.၇ အဆင့်ရှိ စစ်ကိုင်းနဲ့…
Read MoreMonth: September 2025
မန္တလေးမှာ ကလေးတွေကို ဖမ်းဆီးနှိပ်စက် တောင်းရမ်းခိုင်းနေတဲ့ အဖွဲ့တွေကို ဖမ်းဆီးဖို့ လို
စက်တင်ဘာ ၇ – ၂၀၂၅ SN (VOM) မန္တလေးမြို့မှာ ကလေးတွေကို ဖမ်းဆီးနှိပ်စက် တောင်းရမ်းခိုင်းနေတဲ့ အဖွဲ့တွေ ပေါ်ပေါက်နေပြီး သက်ဆိုင်ရာအနေနဲ့ ဥပဒေနဲ့အညီ ဖမ်းဆီး အရေးယူဖို့ လိုအပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေးမြို့တွင်း လူစည်ကားရာ လမ်းမကြီးတွေဖြစ်တဲ့ ၂၆ လမ်း၊ ၇၈ လမ်း၊ ၃၅ လမ်း၊ လမ်း ၈၀၊ ၆၂ လမ်းနဲ့ ဘူတာကြီးနဲ့ သိပ္ပံလမ်းတလျှောက် စတဲ့ နေရာတွေမှာ ကလေးငယ်တွေ အဖွဲ့လိုက် တောင်းရမ်းနေတတ်ပြီး အဆိုပါ နေရာတွေဟာ ယာဉ်အသွားအလာများတဲ့ နေရာတွေဖြစ်တာကြောင့် လိုက်လံ တောင်းရမ်းနေတဲ့ ကလေးငယ်တွေသာမက လမ်းသွားလမ်းလာတွေပါ ယာဉ်အန္တရာယ်ရှိနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။ “မန္တလေးမီးပွိုင့်တွေမှာ ကလေးတွေ စိတ်မပါဘဲ တောင်းနေတာ ခဏခဏမြင်ရတယ်။ တချို့ကလေးတွေဆို မျက်လုံးတဖက် မမြင်ရတာတို့ ဒဏ်ရာတွေနဲ့တွေ့ရတယ်။…
Read Moreသူတို့အိမ် အခန်း – ၄
ဆူးငှက် စစ်ကြီးအတွင်း ရွာအပြန် ————————- ကျွန်တော်သည် ထိုရပ်ကွက်လေးတွင် မွေးဖွားခဲ့ပါ၏။ တစ်နေ့ကပဲ အမေ့မှတ်ပုံတင်ဟောင်းလေး တွေ့လို့ လွမ်းလွမ်းဆွတ်ဆွတ် ပြန်ကြည့်လိုက်တော့ အမေ့ မွေးသက္ကရာဇ်က ၁၂၇၀ပြည့်နှစ် ဖြစ်သည်။ အမေ၁၉နှစ်သမီးမှာ မန္တလေးရောက်သည်ဆိုပြန်တော့ ၁၂၈၉ ၊ ၉၀ ဝန်းကျင် ဖြစ်မှာပေါ့။ မန္တလေးရောက်ပြီး ၄နှစ်လောက်မှ အစ်မကြီး မွေးသတဲ့။ အစ်မကြီးအရင် ၂နှစ်လောက်က သားဦး ယောက်ျားလေးကတော့ အဖတ်မတင်ဘူးတဲ့။ အစ်မကြီး မွေးတော့ အရင်သားဦးလို အဖြစ်မခံနိုင်တော့ ဆွေမျိုးအသိုင်းအဝန်းရှိရာ ရွာပြန်မွေးသတဲ့။ ရွာမှာ သားသမီးဖွားပြီး လအချို့နေပြီးမှ မန္တလေး ပြန်သည်။ သည်တစ်ခါ မန္တလေးအပြန်မှာ ကလေးနှင့်မို့ ရွာက အဘ အဖေ အဖိုးဦးလူနီနှင့် အဘမိထွေးပါ လိုက်လာသည်ဆိုသည်။ ၁၉၄၂ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီး မန္တလေးကို…
Read Moreဧရာဝတီတိုင်း တိုက်ပွဲရှိတဲ့ဒေသတွေမှာ စက်သုံးဆီဈေး အဆမတန်မြင့်တက်နေ
စက်တင်ဘာ၊ ၆-၂၀၂၅ KKL(VOM) ဧရာဝတီတိုင်းထဲက တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာစက် သုံးဆီဈေးနှုန်း တလီတာကိုကျပ် ၈၅၀၀ ကျော်အထိမြင့်တက်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လေးမျက်နှာ၊ ရေကြည် ၊ သာပေါင်း အင်္ဂပူစတဲ့ တိုက်ပွဲ ဖြစ်ပွားမှုရှိနေတဲ့ကျေးရွာတွေမှာ လက်ရှိ စက်သုံး ဆီတလီ တာကိုကျပ် ၈၅၀၀ အထိဈေးတက်လာပြီး တိုက်ပွဲတွေ မဖြစ်ခင်ကစက်သုံးဆီတလီတာကျပ် ၃၀၀၀ ဝန်းကျင် အထိသာဈေးပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ ”ဒီဘက်မှာ ဘယ်ဆိုင်ဝယ်ဝယ် ၈၅၀၀ နဲ့အထက်မှာပဲ။ များများလည်းဝယ်မရဘူး။ စက်သုံးဆီတွေနဲ့စားသောက်ကုန်တွေကို အကန့်အသတ်နဲ့ပဲသယ်ယူခွင့်ပြုထားလို့ ဒီဘက်မှာဈေးထိုးတက်နေတာ။”လို့ လေးမျက်နှာမြို့နယ်က ဒေသခံတယောက်ကပြောပါတယ်။ လေးမျက်နှာ၊ ရေကြည် ၊ သာပေါင်းနဲ့ အင်္ဂပူစတဲ့တိုက်ပွဲဖြစ်ပွားမှု ရှိနေတဲ့မြို့နယ်တွေထဲက ကျေးရွာတွေမှာလက်ရှိ စက်သုံး ဆီတလီတာကိုကျပ် ၈၅၀၀ အထိဈေးတက်လာ တဲ့အပြင်လိုသလောက်မရဖြစ်နေပြီး ရေသန့်ဗူးနဲ့ရောင်းတဲ့ အရပ်ထဲကဆိုင်တွေမှာသာ ဝယ်နေရတယ်လို့ ဆိုပါတယ်။ ”ငသိုင်းချောင်းမြို့အထွက် ပုသိမ် –…
Read Moreစစ်ပွဲပြီးဆုံးပါက ယူကရိန်းလုံခြုံရေးအတွက် တပ်ဖွဲ့ဝင်တွစေလွှတ်ဖို့ မဟာမိတ် ၂၆ နိုင်ငံ ကတိပြု
ပါရီ၊ စက်တင်ဘာ-၅-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက်ရတာနဲ့ ယူကရိန်းမှာ ကြည်း၊ ရေ၊ လေတပ်တွေ စေလွှတ်ဖို့ အနောက်အုပ်စု မဟာမိတ် ၂၆ နိုင်ငံက တရားဝင်ကတိပြုထားတယ်လို့ ပြင်သစ်သမ္မတ မက်ခရိုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ယူကရိန်းအရေး ကူညီဖို့ ဆန္ဒရှိသူများ မဟာမိတ်အဖွဲ့ နိုင်ငံ ၃၅ နိုင်ငံဆွေးနွေးအပြီးမှာ သူက ဒီလိုပြောကြားခဲ့တာပါ။ အမေရိကန်ကတော့ လေကြောင်းထောက်ပံ့မှု ဖြစ်နိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က မကြာသေးခင်က ပြောကြားခဲ့ပါတယ်။ ယူကရိန်းလေပိုင်နက်ကို ကာကွယ်ရေးအတွက် သမ္မတထရန့်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဇီလန်စကီးကလည်း ပြောဆိုထားပါတယ်။ ရုရှားရဲ့ စစ်ယန္တရားကို စီးပွားရေးနည်းလမ်းနဲ့ ရပ်တန့်ဖို့ ဥရောပသမဂ္ဂဟာ အမေရိကန်နဲ့အတူ ရုရှားရေနံနဲ့ ဓာတ်ငွေ့တင်သွင်းမှုတွေ ရပ်တန့်ဖို့ လုပ်ဆောင်သင့်တယ်လို့ ဒေါ်နယ်ထရန့်က တိုက်တွန်းနေပါတယ်။ အဖွဲ့ဝင် ၂၇ နိုင်ငံပါတဲ့ ဥရောပသမဂ္ဂက ၂၀၂၇ ခုနှစ်အကုန်မှာ ဓာတ်ငွေ့နဲ့…
Read Moreကျောက်မဲ ကုန်းကော်ရွာမှာ လက်နက်ကြီးကျလို့ လူနှစ်ယောက် သေဆုံး
စက်တင်ဘာ ၅၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ခေးနင်းကျေးရွာအုပ်စု၊ ကုန်းကော်ရွာမှာ ဒီကနေ့ စက်တင်ဘာလ ၅ ရက်နေ့ မနက် အစောပိုင်းက လက်နက်ကြီး ကျလို့ လူ နှစ်ဦး ထိုခိုက် သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကျောက်မဲ မြို့ပြင်ဘက် လက်နက်ကြီးကျတယ်ဆိုတာ ဟုတ်တယ်။ မြို့နဲ့ ဝေးပါတယ်။နှစ်ယောက်ထိသွားတာပါ။ သေဆုံးသွားပါတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ သေဆုံးသွားသူတွေက အမျိုးသား တယောက်နဲ့ အမျိုးသမီးတယောက်လို့ ကနဦး သိရပြီး အဲဒီဘက်ရွာမှာ မရှောင်ကြတဲ့ သူတွေရှိသေးတယ်လို့ သူက ပြောပါတယ်။ ခိုက်တုန်ဟုန်းရွာရဲ့ အနောက်ဘက်က မက်မန်း ကုံးကော်/ကုန်းကော်ရွာ ဖြစ်ပြီး လမ်းမကြီးဘေးကနေ အတွင်းထဲ ဝင်ရတဲ့ရွာဖြစ်ကာ လမ်းတွေလည်း ပိတ်ထားတယ်လို့ သူက…
Read MoreSky vila ပြိုကျကွန်ဒိုမှာ အလောင်းတွေ ဖော်လို့ရနေဆဲမို့ ၂၀၀ ဝန်းကျင်ရှိလာ
မန္တလေး၊ စက်တင်ဘာ – ၅- ၂၀၂၅ SA(VOM) မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်က ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa အဆောက်အအုံ အပျက်အစီးတွေကို ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်နေချိန် ဒီကနေ့ စက်တင်ဘာ ၅ ရက်မနက်ပိုင်းက အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအပျက်အစီးတွေကြားကနေ ဒီကနေ့အချိန်ထိ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိတာမှာ ၂၀၀ ဝန်းကျင် ရှိပြီဖြစ်ပါတယ်။ Sky Villa အဆောက်အအုံ A အဆောင်အား မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၅.၉.၂၀၂၅ ရက်နေ့တွင် အဆောင် (A) မှ အမျိုးသား(၁)ဦး၏ ရုပ်အလောင်းအား ၁၀ :၀၅ အချိန်တွင် ထပ်မံထုတ်ယူနိုင်ခဲ့ပြီး မာလာမေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့…
Read Moreဟံသာဝတီမြို့ဟောင်း မြို့ရိုးနဲ့ ကျုံးကို ပြန်လည်ထိန်းသိမ်းဖို့ နေအိမ်တွေ ဖျက်ပေးဖို့ညွှန်ကြားမှုအပေါ် ပြန်လည်စဥ်းစားသုံးသပ်ပေးဖို့ တောင်းဆို
စက်တင်ဘာ ၅၊ ၂၀၂၅ GG(VOM) ပဲခူးမြို့ရှိ ဟံသာဝတီမြို့ဟောင်းမြို့ရိုးနဲ့ ကျုံးကို ပြန်လည်ထိန်းသိမ်းဖို့အတွက်ဆိုပြီး ကျုံးနဲ့ မြို့ရိုးနယ်နမိတ်အတွင်းတည်ဆောက်ထားတဲ့ နေအိမ်တွေကို ဖျက်သိမ်းပြောင်းရွှေ့ပေးဖို့ အာဏာပိုင်တွေဘက်က ညွှန်ကြားလာမှုအပေါ် ပြန်လည်စဥ်းစားသုံးသပ်ပေးစေလိုကြောင်း နေအိမ်ပိုင်ရှင်တွေက တောင်းဆိုလိုက်ပါတယ်။ နေအိမ်တွေဖျက်ပေးရမယ့်ကိစ္စက ရပ်ကွက်နေထိုင်တဲ့ အခြေခံလူတန်းစား၊ လူလတ်တန်းစားအားလုံးအတွက် ဆုံးရှုံးနစ်နာမှုကြီးမားပြီး အချို့သော မိသားစုတွေမှာဆိုရင် အိမ်ခြေယာမဲ့ဘဝကိုရောက်ရှိသွားနိုင်တယ်လို့ ရပ်ကွက်နေထိုင်သူတွေဆီကသိရပါတယ်။ “အင်းဝင် အရှေ့ဘက်ခြမ်းတွေပါ။ညီမတို့မြေတွေက ညီမတို့ ဘိုးဘွားတွေလက်ထက်ကတည်းက နေလာတာပါ။ဘိုးဘွားပိုင်မြေပါ။ဂရမ်တော့မရှိပါဘူး။အခုက ကျုံးနဲ့ ပေ ၂၀၀ မလွတ်လို့ ဖျက်ပေးရမယ့်အထဲပါသွားတာပါ။ဆုံးရှုံးမှုကတော့ ပြောမပြတတ်အောင်ပါဘဲ။ညီမတို့ ငယ်ငယ်လေးထဲက အိမ်ငှားမနေခဲ့ဖူးဘူး။အခု အိမ်ဖျက်ပြီးဖယ်ရတော့မယ်ဆိုတော့အိမ်ငှားဖို့ကြတော့လည်းအဆင်မပြေဘူး။အိမ်ငှားတာက လချုပ်တွေဆိုတော့ ညီမတို့လို့ တနေ့လုပ်တနေ့စားတွေအတွက်ဒုက္ခရောက်ပါတယ်။” လို့ ဖျက်သိမ်းခံရမယ့် အိမ်ထဲပါဝင်တဲ့ နေအိမ်ပိုင်ရှင် တယောက်ကပြောပါတယ်။ နေအိမ်တွေဖျက်ပေးရမယ့်နေရာတွေကတော့ကျုံးနဲ့ မြို့ရိုးအနီးရှိ ဆိုရှယ်လစ်ရပ်ကွက် ၊ပုဏ္ဍားစုရပ် ကွက်၊ စကြာခြံရပ်ကွက် ၊မှော်ကန်ရပ်ကွက် နဲ့ အလင်းရောင်ရပ်ကွက်ရှိ နေအိမ်တွေကို စက်တင်ဘာလ ၃…
Read Moreဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါခံစားနေရကြောင်း ဗြိတိန်အခြေစိုက်သတင်းဌာန ရေးသားဖော်ပြလာ
စက်တင်ဘာ ၅ – ၂ဝ၂၅ KKO(VOM) ဗြိတိန်အခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ The Independent သတင်းဌာနက ဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါခံစားနေရကြောင်း ရေးသားဖော်ပြလာပါတယ်။ The Independent သတင်းဌာနရဲ့ ရေးသားဖော်ပြမှုတွင် အသက် ၈၀ နှစ်ရှိနေပြီဖြစ်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါဆိုးရွားစွာခံစားနေရပြီးဆေးကုသခွင့်မရရှိဘူးလို့ ရေးသားထားတာကိုတွေ့ရပါတယ်။ သို့သော်လည်း ယခုသတင်းအပေါ်အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်ပတ်သက်သူ နေပြည်တော်သတင်းအရင်းအမြစ်တယောက်ကတော့ ယခုဒီသတင်းက ဖြစ်နိုင်ချေနည်း ပါးတယ်လို့ သူကပြောပါတယ်။ “မဟုတ်ပါ။ အန်တီစုကအရင်တုန်းကလိုထောင်ထဲမှာမဟုတ်ပါ။ ပြင်ပနေရာတစ်နေရာမှာလုံခြုံစွာနဲ့အကျယ်ချုပ်နဲ့ပြည့်စုံစွာနေထိုင်နေရပါတယ်။ အဲလိုတော့သိရတယ်”လို့ သူက VOM ကို ပြောပြပါတယ်။ ဒါအပြင် NLD ပါတီနဲ့နီးစပ်တဲ့ဝါရင့်နိုင်/ကျဉ်း(နိုင်ငံရေးအကျဉ်းသားဟောင်း)တယောက်ကလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးသူသိထားသလောက်ကို အခုလိုဆက်ပြီး ပြောပြခဲ့ပါတယ်။ “အန်တီကျန်းမာရေးနဲ့ ပတ်သက်လို့က အန်တီကသွားရောဂါပေါ့။သွားကျန်းမာရေးကတော့သိပ်မကောင်းဘူးလို့သိရပါတယ်။ ကျန်တဲ့ရော ဂါကြီးကြီးမားမားကတော့အန်တီမှာရှိတယ်လို့မကြားမိပါဘူး။သွားနဲ့ ပတ်သက်တဲ့ရောဂါတော့အန်တီမှာရှိတယ်။ အခုသတင်းကလည်းအတည်ပြုဖို့ကျွန်တော်တို့အနေနဲ့ အလွန်ခက်ပါတယ်။မှတ်ချက်ပေးဖို့လည်းခက်ပါတယ်။ အန်တီကျန်း မာရေးဘယ်လိုအနေအထားရှိလဲပေါ့လေ၊ ဒါကသိရဖို့ခက်နေပါတယ်။ နေပြည်တော်အကျဉ်းထောင်ကလည်းသိတဲ့အတိုင်းလုံခြုံရေးတွေထူထပ်များပြားပါတယ်။ အန်တီတို့ကိုထားတဲ့နေရာဆိုရင်အစောင့်တွေထူထပ်တယ်။ အဝင်၊အထွင်ခက်တယ်ဆိုတော့ကျွန်တော်တို့လည်း အန်တီကျန်းမာရေးသတင်းအချက်အလက်တွေနဲ့ပတ်သက်လို့လက်…
Read Moreအင်းလေး ဖောင်တော်ဦးဘုရား စက်တင်ဘာ ၆ ရက်နေ့ ပြန်ဖွင့်မယ်
စက်တင်ဘာ ၅ – ၂၀၂၅ SS (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ငလျင်ဒဏ်သင့် အင်းလေး ဖောင်တော်ဦးဘုရားကို မနက်ဖြန် စက်တင်ဘာ ၆ ရက်နေ့၊ မနက် အစောပိုင်းမှာ ပြန်လည် ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ အဆိုပါဘုရား ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောပါတယ်။ အဆိုပါ အင်းလေး ဖောင်တော်ဦးဘုရားကို ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် မတ်လ ၃၀ ရက်၊ နေ့လယ်ပိုင်းမှ စတင်ကာ ယာယီ ပိတ်ထားခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ပြင်ဆင်မှုလုပ်ငန်းတွေ ပြီးစီးနေပြီဖြစ်တဲ့အတွက် မနက်ဖြန် စက်တင်ဘာ ၆ ရက် (တော်သလင်းလပြည့်နေ့)၊ မနက် ၄ နာရီဝန်းကျင်မှ စတင်ကာ ပြန်လည် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “ပြင်ဆင်မှုအပိုင်းကတော့ အားလုံး ပြီးသွားပါပြီ။…
Read More