စက်တင်ဘာ ၈၊၂၀၂၅ GG(VOM) ပဲခူးတိုင်းအနောက်ပိုင်း ၊ မင်းလှမြို့နယ်နဲ့ အုတ်ဖိုမြို့နယ်ထဲက ကျေးရွာအချို့မှာ စက်တင်ဘာ ၇ ရက်နေ့ညနေပိုင်းက စက်တပ်လေထီးနဲ့ဗုံးကြဲတိုက်ခိုက်ခံရပြီး လူသုံးယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ အုတ်ဖိုမြို့နယ်ထဲက ကိုင်းကြီးရွာ၊ ချင်းစု၊ ဒေါင်းစပါးကွင်းရွာဘက်မှာ ဗုံးကြဲခံရတာဖြစ်ပြီး အမျိုးသားသုံးယောက်သေဆုံးကာ နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နဲ့ဘုန်းကြီးကျောင်းပျက်စီးခဲ့တယ်လို့သိရပါတယ်။ ” မနေ့ကညနေ ၅ ကျော်လောက်မှာဖြစ်တာပါ။သေတဲ့အထဲမှာ ချင်းစုရွာကခုနှစ်တန်းကျောင်းသားလေးနဲ့ အမျိုးသားတယောက်သေတယ်။ကိုင်းကြီးရွာက တယောက်သေတယ်။ ပြေးရင်းလွှားရင်းကို ထိပြီးသေကြတာလို့သိရတယ်။ဒဏ်ရာရတဲ့နှစ်ယောက်က ကျတော့သားအဖတွေ၊ ဒေါင်းစပါးကွင်းရာဘက်ကပါ။ခုဖြစ်တဲ့နေရာတွေက pdf တွေလည်းလှုပ်ရှားတာရှိတယ်။” လို့ အုတ်ဖိုဒေသခံကပြောပါတယ်။ အဆိုပါကျေးရွာတွေဘက်မှာ လတ်တလော ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးမရှိကြောင်းနဲ့ ထိခိုက်ဒဏ်ရာရတဲ့သားအဖနှစ်ယောက်မှာ ဆေးဝါးကုသမှုခံယူနေတယ်လို့သိရပါတယ်။ အလားတူ မနေ့ကညနေပိုင်းမှာပဲ မင်းလှမြို့နယ်ထဲက ထောက်ကြန့်ကျေးရွာနဲ့ တောင်ပြတ်ရွာဘက်မှာလည်း.စက်တပ်လေထီးနဲ့ဗုံးကြဲခံခဲ့ရပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ” အဲဒီရွာတွေက ရိုးမနဲ့နီးတဲ့နေရာတွေပါ။မြို့နဲ့ကျနည်းနည်းလှမ်းတယ်။မနေ့က စက်တပ်လေထီးနဲ့ကြဲတာ နှစ်ယောက်ထိတယ်။သေဆုံးတော့မကြားမိဘူး။ ” လို့ မင်းလှ ဒေသခံကပြောပါတယ်။ ပဲခူးအနောက်ပိုင်းရှိ…
Read MoreMonth: September 2025
သိမ်ကြီးစျေးအနီး YBS အချင်းချင်းတိုက်မိရာကနေ ကားငါးစီးဆင့်တိုက်မှုဖြစ်ပွား
စက်တင်ဘာ ၈ ၊၂၀၂၅ GG (VOM) ရန်ကုန်တိုင်း ၊ လမ်းမတော်မြို့နယ် သိမ်ကြီးစျေး နဲ့ ဂမုန်းပွင့်အနီးမှာ ဒီနေ့စက်တင်ဘာ ၈ ရက်နေ့မနက်ပိုင်းက YBS အချင်းချင်းဝင်တိုက်မိရာကနေ ကားငါးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က လှည်းကူး နဲ့ ဆူးလေပြေးဆွဲနေတဲ့ YBS 107 ကားနောက်ပိုင်းကို ရွှေတိဂုံဘုရားလမ်းမီးပွိုင့်မှာ နောက်ထပ် YBS တစီးက ဝင်ရောက်တိုက်မိရာကနေ YBS 107 မှ နောက်ထပ်ကားသုံးစီးကို ထပ်မံဆင့်တိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ YBS107 ကားမောင်းသူကတော့ ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးသွားတယ်လို့သိရပါတယ်။ ” မီးပွိုင့်ပျက်နေတာလားတော့မသိဘူး နှစ်ဖက်လုံးက ကားကိုမရပ်ပဲမောင်းတော့ ညီမတို့ကားအနောက်ပိုင်းကို တခြားကားကနေဖြတ်တိုက်ခံရတာပါ။ အဲဒီမှာ အရှိန်ထိန်းမရပဲ ကားကလည်သွားပြီး ဟိုဘက်လမ်းကြောမှာ ရပ်ထားတဲ့ကားသုံးစီးကိုထပ်တိုက်တာပါ။ ညီမတို့စီးလာတဲ့ကားသမားက ကားမှောက်မှာစိုးပြီး ထိန်းရင်းကနေ ထပ်တိုက်မိတာပါ။ ကားသမားကတော့ ပြေးသွားတယ်။လူတွေတော့ သိပ်မထိခိုက်ပါဘူး။ထပ်အတိုက်ခံရတဲ့ ကားအဖြူလေးကတော့ ကားထိပ်ပိုင်းပျက်စီးသွားတယ်။…
Read Moreအစ္စရေးတောင်ပိုင်း လေဆိပ်ကို ယီမင်အခြေစိုက် ဟူသီအဖွဲ့ ဒရုန်းနဲ့ တိုက်ခိုက်
တဲလ်အဗစ်၊ စက်တင်ဘာ-၈-၂၀၂၅ ရတီ(VOM) အစ္စရေးတောင်ပိုင်းရှိ လေဆိပ်တခုကို ဟူသီသူပုန်တွေရဲ့ ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လူနှစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြှောင်ဒေသမှာ စစ်ဆင်ရေးတွေ တိုးချဲ့နေချိန်မှာ ဟူသီတို့ရဲ့ တိုက်ခိုက်မှု ထွက်ပေါ်လာတာဖြစ်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ ဂါဇာစီးတီးနဲ့ ဝန်းကျင်ဒေသမှာ စစ်ဆင်ရေးတွေ တိုးလုပ်မယ်လို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။ ဒေသခံတသိန်းလောက် ရွှေ့ပြောင်းပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဂါဇာစစ်ပွဲ စတင်ပြီးနောက်ပိုင်း ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ယီမင်အခြေစိုက် ဟူသီအဖွဲ့ဟာ အစ္စရေးကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သြဂုတ်လက အစ္စရေး လေကြောင်းတိုက်ခိုက်မှုမှာတော့ ဟူသီအဖွဲ့ ထိပ်တန်း တာဝန်ရှိသူတွေ သေဆုံးခဲ့ပါတယ်။ အစ္စရေး လေဆိပ်ကို နောက်ဆုံးတိုက်ခိုက်မှုကြောင့် နှစ်ဖက်စလုံးအနေနဲ့ တိုက်ခိုက်မှုတွေ ပိုမိုအရှိန်မြှင့်တင်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ ဒီအတောအတွင်း…
Read Moreလားရှိုးမှာ ဒုက္ခသည်တွေ ထပ်တိုးလာလို့ အစားအသောက်နဲ့ နေရာထိုင်ခင်း အကူအညီတွေလိုအပ်
စက်တင်ဘာ ၈၊ ၂၀၂၅။ NN(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ကျောက်မဲနှင့် သီပေါမြို့တွေက ထွက်ပြေးလာ တဲ့ စစ်ရှောင်တွေ နေ့စဉ် တိုးလာနေတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခ သည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ ကျောက်မဲမြို့နယ်အတွင်း နလအ တပ်နဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲကြောင့် လားရှိုးမြို့ ပေါ်ကို ထွက်ပြေးလာတဲ့ စစ်ရှောင် ၅၀၀ ကျော် ရှိနေပြီး နောက်ထပ် ထွက်ပြေးလာသူတွေလည်း ရှိနေတာကြောင့် နေရာထိုင်ခင်းတွေ အခက်အခဲရှိနေတယ်လို့ ဒုက္ခသည် အရေး ကူညီပေးနေသူ တယောက်က ပြောပါတယ်။ “ရှမ်းယဉ်ကျေးမှုခမ်းမမှာက လူမဆန့်တော့ဘူး။ နောက်ထပ်နေရာတွေတော့ ကျွန်တော်တို့ ထပ်ရှာဖို့ လုပ်နေရတယ်။ အခု လူတွေက ထပ်တိုးနေတော့ စားသောက်ရေးအတွက် လည်း အကူအညီလိုနေပါတယ်” ရှမ်းမြောက်ဒေသ တိုက်ပွဲတွေကြောင့် လားရှိုးကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို…
Read Moreမန္တလေးမှာ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa မှာ အသက်ဆုံးရှုံးရသူတိုင်းကို တယောက် သိန်း(၁၀၀) ကုမ္ပဏီကထောက်ပံ့ ၊ တိုက်ခန်းဝယ်ယူထားသူတွေကတော့ မူလဝယ်ထားတဲ့စျေးအတိုင်းရယူလို
မန္တလေး စက်တင်ဘာ ၈-၂၀၂၅ SA(VOM) Sky Villa ကွန်ဒိုအဆောက်အဦဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့ နေ့လယ်အထိ ငါးလအတွင်း သေဆုံးသူရုပ်အလောင်း ၂၀၆ တွေ့ရှိထားကာ အသက်ရှင်လျက်ဒဏ်ရာနဲ့ ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၂၀၆ယောက်ထဲကနေ ဆက်သွယ်လို့ရတဲ့ ကျန်ရစ်သူမိသားစုအတွက် သေဆုံးသူတယောက်ချင်းဆီကို သိန်း(၁၀၀) Sky Villaကို တာဝန်ယူရတဲ့ NTL ကုမ္ပဏီက ဒီကနေ့မှာ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီကနေ့ ထောက်ပံ့ငွေပေးအပ်ပွဲမှာ ပထမအသုတ်အနေနဲ့ ဆက်သွယ်လို့ရသူ ၇၂ ဦးကို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေရှေ့မှာ ပေးအပ်တာတွေ့ရပါတယ်။ ဒီထောက်ပံ့ငွေပေးအပ်ပွဲမှာ NTL ကုမ္ပဏီပိုင်ရှင်ရဲ့ဇနီး ဒေါ်သက်သက်ခိုင်၊NTL ကုမ္ပဏီရဲ့ SKY Villa…
Read Moreစစ်ရေး ပိုမိုတင်းမာလာလို့ လေးကေ့ကော်ဒေသခံတွေတကျော့ပြန် စစ်ရှောင်
စက်တင်ဘာ ၈ ၊၂၀၂၅ GG (VOM) ကရင်ပြည်နယ်ထဲက KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ လေးကေ့ကော်ဒေသကို စစ်တပ်မှ လေကြောင်းတိုက်ခိုက်နေသလို DKBA နဲ့ BGF ဘက်ကလည်း အင်အားအများအပြားနဲ့ တပ်စခန်းအထိုင်တွေချထား တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။ လက်ရှိမှာ BGF က မြဝတီမြို့အထွက်မှ ကားလမ်းမတလျှောက် မေတ္တာလင်းမြိုင်၊လေးကေ့ကော်၊မယ်ထော်သလေးအထိကို အင်အားအများအပြားနဲ့ လုံခြုံရေးရယူထားပြီး DKBA က မင်းလက်ပံ၊ဖလူး၊ဖလူးကြီး၊ကျောက်ခက်နဲ့ သေ့ဘောဘိုးကနေ ဝေါလေ လမ်းတလျှောက်ကို ထိန်ချုပ်ထားပြီး အင်အားအများအပြားနဲ့ အထိုင်တပ်စခန်း တွေချထားတယ်လို့သိရပါတယ်။ ” ဒီနေ့မနက် လေးကေ့ကော်နဲ့ ရသေဂူအကြားကို နှစ်ကြိမ်ကြဲသွားတယ်။လူထိခိုက်ဘာညာတော့မကြားမိဘူး။အခုက DKBA နဲ့ BGF ကလည်း နယ်မြေတွေမှာ အင်အားအများအပြားသုံးပြီး တပ်စခန်းတွေချထားတယ်။အခု BGF နဲ့စစ်တပ်က စစ်ရေးရောလုံခြုံရေးရောပူးပေါင်းလုပ်နေသလို DKBA ဘက်ကလည်း ရွေးကောက်ပွဲလုပ်ရင်ကူညီမယ်တရားဝင်ပြောလာတယ်ဆိုတော့ တိုက်ပွဲဖြစ်မှာကို ဒေသခံတွေစိုးရိမ်ပြီး ရှောင်ကြပြီပေါ့။ စစ်တပ်ကလည်းစစ်ကြောင်းထိုးနေ တယ်။တချို့…
Read Moreအောင်ပန်းမှာ နွားပွဲစားအချင်းချင်း စကားများပြီး ကားနဲ့တိုက်သတ်
စက်တင်ဘာ ၈ – ၂၀၂၅ SN (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့မှာ ဒီကနေ့ စက်တင်ဘာ ၈ ရက်၊ မနက်အစောပိုင်းက နွားပွဲစား အချင်းချင်း စကားများ ရန်ဖြစ်ရာက ကားနဲ့ တိုက်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောင်ပန်းမြို့ကနေ ကလောမြို့ဘက်အထွက် ညောင်ပင်ထောင်ရပ်ကွက်၊ စာသင်ကျောင်းအနီး ကားလမ်းပေါ်မှာ ဒီကနေ့ မနက် ၁ နာရီခွဲဝန်းကျင်က အခင်းဖြစ်ပွားခဲ့တာလို့ သိရပြီး ကားနဲ့ အတိုက်ခံရသူကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “သူတို့နှစ်ယောက်က သူငယ်ချင်း၊ ပျော်ဘွယ်ဇာတိ၊ တရွာတည်းသားတွေ။ သူတို့ နွားပွဲစားအဖွဲ့တွေ KTV ကနေအပြန်မှာ အခုလိုဖြစ်တာ။ နွားသယ်တဲ့ ၁၀ ဘီးကားပေါ့။ အဲဒီကားနဲ့ အတူတူ ပြန်လာကြရင်း ကားပေါ်မှာ စကားများလာကြတာ။ နှစ်ယောက်လုံးကလည်း မူးနေတာ။ ညောင်ပင်ထောင်ရပ်ကွက်…
Read Moreပြည်တွင်းမှာလူသုံးများတဲ့ VPN အချို့ချိတ်ဆက်မရမှုတွေ ပြန်လည်ဖြစ်ပွား
စက်တင်ဘာ ၇ – ၂ဝ၂၅ KKO(VOM) ယခုရက်ပိုင်းအတွင်းပြည်တွင်းမှာလူသုံးများတဲ့ VPN တွေချိတ်မရတဲ့ပြဿနာဖြစ်ပေါ်နေပြီးဒါဟာအချို့ သော VPN တွေအနေနဲ့ပိတ်ပင်ခံရတာဖြစ်နိုင်တယ်လို့နည်းပညာကျွမ်း ကျင်သူတွေက VOM ကိုသုံးသပ် ပြောပြပါတယ်။ Facebook မှာ VPN ချိတ်မရပေမယ့်အခြားသော TikTok,YouTube တို့ကဲ့သို့သော Social လူမှုကွန်ရက်တွေကတော့လွယ်လွယ်ကူကူအသုံး ပြုလို့ရနေသေးတယ်လို့လူမှု့ကွန် ရက်အသုံးပြုသူ User တွေကပြောပါတယ်။ “VPN ချိတ်မရဘူးဆိုတာကလူသုံးများတဲ့ VPN တွေပါ။လူအရမ်းအ သုံးများတဲ့ VPN တွေပေါ့လေ၊ဒါတွေကလူသုံးတာအရမ်းများလာတဲ့အခါပိတ်သွားတာမျိုးဖြစ်တတ်တယ်။တချို့ VPN တွေဆိုအပြီးပိတ်သွားတာမျိုးသုံးမရတာမျိုးရှိတတ်ပါတယ်။ဒါပေမဲ့ Free VPN တွေကအများကြီးရှိတော့တခုမရတခုချိတ်သုံးကြည့်ရမှာပါ။။VPN အား လုံးကိုလိုက်ပိတ်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။VPN အမျိုးအစားပေါင်းများစွာရှိနေပါတယ်”လို့ မြန်မာနိုင်ငံသားအိုင်တီနည်းပညာရှင်တယောက်က VOM ကို ပြောပါတယ်။ အခုလို VPN အများစုကိုအသုံးပြုလို့မရတာ VPN တွေအပိတ်ခံရတာဟာသိပ်စိုးရိမ်စရာမလိုဘဲ၊Google နဲ့ Play Store တွေမှာ Free VPN အမျိုးအစားပေါင်းများစွာရှိနေတဲ့အတွက် မိမိတို့နဲ့ဖုန်းနဲ့ ကိုက်ညီမယ့်သင့်တော်မယ့်…
Read Moreအမေရိကန်မှာ Hyundai စက်ရုံအလုပ်သမားတွေ ဖမ်းဆီးခံရမှု တောင်ကိုရီးယားအစိုးရ အရေးပေါ် စည်းဝေး
ဆိုးလ်၊ စက်တင်ဘာ-၇-၂၀၂၅ မျိုးဆက်(VOM) တောင်ကိုရီးယားအစိုးရက အရေးပေါ်အစည်းအဝေးကျင်းပပြီး အမေရိကန်ရှိ Hyundai စက်ရုံမှာ လူပေါင်းရာချီဖမ်းဆီးခံရတဲ့ ကိစ္စကို အမြန်ဆုံးတုံ့ပြန်ဖို့ ကတိပေးလိုက်ပါတယ်။ ဂျော်ဂျီယာပြည်နယ်က စက်ရုံဆီကို ဆိုးလ်က သံတမန်တွေစေလွှတ်ထားပြီး Hyundai နဲ့အတူ စက်ရုံလုပ်ကိုင်တဲ့ LG Energy Solution ကလည်း အမေရိကန်ကို လုပ်ငန်းခရီးစဉ်အများစုကို ခေတ္တရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ အရေးပေါ်အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်း က နိုင်ငံသားတွေဖမ်းဆီးခံရတဲ့အတွက် နိုင်ငံခြားကိုရီးယားလူမျိုးကာကွယ်ရေးတာဝန်ခံအဖွဲ့ကို အစိုးရက ဖွဲ့စည်းထားပြီး လိုအပ်ရင် ဝါရှင်တန်ကိုသွားနိုင်တယ်လို့ သူက ဆိုပါတယ်။ “ဒီဖြစ်ရပ်ကိုသိရတာနဲ့ သမ္မတက အမေရိကန်ရဲ့ဥပဒေစိုးမိုးရေးလုပ်ဆောင်ချက်တွေဟာ ကျွန်တော်တို့နိုင်ငံသားတွေရဲ့အခွင့်အရေးတွေ သို့မဟုတ် ကိုရီးယားရင်းနှီးမြုပ်နှံမှုကုမ္ပဏီတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို မတရားကန့်သတ်ခံရမှုမရှိစေရဘူးလို့ အလေးပေးပြောခဲ့တယ်” လို့ သူက ဆိုပါတယ်။ ဘက်ထရီစက်ရုံမှာ တရားမဝင်အလုပ်လုပ်နေတာတွေ့ရှိရတဲ့ လူ ၄၇၅ ယောက်ကို အမေရိကန်အရာရှိတွေက ဖမ်းဆီးထားပါတယ်။…
Read Moreလန်ဒန်မှာ ပြုလုပ်တဲ့ ပါလက်စတိုင်းအရေးဆန္ဒပြပွဲ လူ ၄၀၀ ကျော် အဖမ်းခံရ
လန်ဒန်၊ စက်တင်ဘာ-၇-၂၀၂၅ ရတီ(VOM) အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ထားပေမယ့် လန်ဒန်မြို့လယ်ခေါင်က ပါလီမန်ရင်ပြင်မှာ ပါလက်စတိုင်းအရေးလှုပ်ရှားမှုအဖွဲ့ရဲ့ဆန္ဒပြပွဲမှာ လူ ၄၂၅ ယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အစိုးရရဲ့ တားမြစ်ချက်ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာ ရာနဲ့ချီတဲ့လူတွေ စုဝေးခဲ့ကြပြီး အချို့က လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်တယ်၊ ပါလက်စတိုင်းအရေးလှုပ်ရှားမှုကို ထောက်ခံတယ် ဆိုဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြပါတယ်။ ဖမ်းဆီးခံရသူအများစုm တားမြစ်ထားတဲ့အဖွဲ့ကို ထောက်ခံမှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့အတွက်နဲ့ အခြားအများဆိုင်အမိန့်အာဏာချိုးဖောက်မှုတွေအတွက် လူ ၂၅ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဇူလိုင်လမှာ အစိုးရက အကြမ်းဖက်မှုဆိုင်ရာဥပဒေအရ ပါလက်စတိုင်းအရေးလှုပ်ရှားမှုအဖွဲ့ကို တားမြစ်ခဲ့ပြီး အဖွဲ့ဝင်ဖြစ်ခြင်း သို့မဟုတ် ထောက်ခံခြင်းကို ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ ရာဇဝတ်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတွေဟာ နှုတ်နဲ့ရိုင်းပြပြောဆိုတာ၊ လက်သီးနဲ့ထိုးတာ၊ ခြေနဲ့ကန်တာ၊ တံတွေးထွေးတာ၊ အရာဝတ္ထုတွေပစ်တာ တွေလည်း ပြုလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။…
Read More