ဟွာဆောင်-၂၀ တိုက်ချင်းပစ်ဒုံးကျည်အတွက် စွမ်းအားမြင့်အင်ဂျင် မြောက်ကိုရီးယား စမ်းသပ်အောင်မြင်

ပြုံးယမ်း၊ စက်တင်ဘာ-၉-၂၀၂၅ ရတီ(VOM) မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်အတွက် အဆင့်မြင့်ဒုံးအင်ဂျင် စမ်းသပ်မှုအောင်မြင်ခဲ့ပြီး ခေါင်းဆောင်ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။ မြောက်ကိုရီးယားနိုင်ငံတော် ထူထောင်ခြင်း ၇၇ နှစ်ပြည့်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကာဗွန်ဖိုက်ဘာ၊ တခြားပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဒီစွမ်းအားမြင့်အင်ဂျင်ဟာ ကြီးမားတဲ့ တွန်းကန်အား ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ဒီအင်ဂျင်ရဲ့ နဝမအကြိမ်မြောက် နောက်ဆုံးမြေပြင်စမ်းသပ်မှုဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ကင်ဂျုံအန်ဟာ စမ်းသပ်မှုရလဒ်ကို ချီးကျူးခဲ့ပြီး နျူကလီးယားစွမ်းရည် ချဲ့ထွင်ရေးမှာ အရေးပါတဲ့ ပြောင်းလဲမှုတရပ်လို့ ပြောပါတယ်။ ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားစွမ်းရည် ချဲ့ထွင်ရေးအတွက် စိန်ခေါ်မှုတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ပြောဆိုခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ စက်တင်ဘာ ၁ ရက်နေ့က ကင်ဂျုံအန်ဟာ ဒုံးကျည် သုတေသနဌာနကို သွားရောက်ခဲ့ပြီး အင်ဂျင်အကြောင်း အချက်အလက်တွေကို စစ်ဆေးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက…

Read More

ကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်မှုနဲ့အတူ ပြည်တွင်းရွှေဈေး သိန်း ၈၀ နီးပါး ရောက်ရှိလာ

စက်တင်ဘာ ၉ – ၂၀၂၅ SS (VOM) လက်ရှိမှာ ကမ္ဘာ့ရွှေဈေး သမိုင်းတလျှောက် စံချိန်တင် အမြင့်ဆုံးဈေး ရောက်ရှိလာမှုနဲ့အတူ ပြည်တွင်း ဈေးကွက်မှာလည်း အခေါက်ရွှေ တကျပ်သား ကျပ် သိန်း ၈၀ နီးပါး ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာ တအောင်စ ဒေါ်လာ ၃၄၀၀ ကျော်ကို စတင်မြင့်တက် ရောက်ရှိလာတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၉ ရက်၊ မနက်ပိုင်းမှာ တအောင်စ ၃၆၅၂ ဒေါ်လာနဲ့ ဈေးဖွင့်ထားတဲ့အတွက် ၁၀ ရက်ကျော်အတွင်း တအောင်စ ဒေါ်လာ ၂၅၀ ကျော် မြင့်တက်လာတာကို တွေ့ရပါတယ်။ အဲဒီလို ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်း ရွှေဈေးနှုန်းတွေလည်း လိုက်ပါ မြင့်တက်လျက်ရှိတာမှာ ဒီကနေ့ စက်တင်ဘာ…

Read More

BGF နဲ့ နီးစပ်တဲ့ KNA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ရွှေက္ကိုလ်က ကုမ္ပဏီ ခြောက်ခုကို အမေရိကန် အရေးယူပိတ်ဆို့

စက်တင်ဘာ ၉ – ၂ဝ၂၅ KKO(VOM) BGF (နယ်ခြားစောင့်တပ်)နဲ့ နီးစပ်တဲ့ BGF ကနေအသွင်ကူးပြောင်းလာတဲ့ ကရင့်အမျိုး သားတပ်မတော် KNA က ထိပ်ပိုင်းခေါင်း ဆောင်နှစ်ယောက်အပါ လူပုဂ္ဂိုလ် ၃ ဦးနဲ့ ရွှေက္ကိုလ်မြို့အတွင်းက စီးပွားရေးကုမ္ပဏီ ၆ ခုကိုအမေရိကန်အစိုးရကဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရရဲ့ဒဏ်ခတ်အရေးယူမှုစာရင်းထဲမှာထိုင်းကအကျဥ်း‌ထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ ကျားဖြန့်ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရတဲ့ ရှီကျီကျန်း၊ BGF (ကရင်နယ်ခြားစောင့်တပ်) ကနေ အသွင်ပြောင်းလာတဲ့ ကရင့်အမျိုးသားတပ်မတော် KNA က ဗိုလ်မှူးကြီး စောမင်းမင်းဦးနဲ့ ဗိုလ်မှူးစောတင်ဝင်းတို့ပါဝင်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားကြပါတယ်။ ဒါအပြင် အဲဒီလူပုဂ္ဂိုလ် ၃ ခုနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ထိုင်း- မြန်မာနှစ်နိုင်ငံ မြဝတီနယ်စပ်က စီးပွား‌ ရေးလုပ်ငန်းကုမ္ပဏီအချို့ကိုပါအမေရိကန်အစိုးရက သူတို့ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာထည့်သွင်းလိုက်တယ်လို့ မေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့အကြီးအကဲ John K. Hurley က ထုတ်ဖာ်ပြောဆိုထားပါတယ်။ ဒါဟာအမေရိကန်အနေနဲ့…

Read More

ဆန္ဒပြပွဲတွေ ပြင်းထန်လာပြီးနောက် နီပေါဝန်ကြီးချုပ် ရာထူးနုတ်ထွက်

ခတ္တမန္ဒူ၊ စက်တင်ဘာ-၉-၂၀၂၅ ရတီ(VOM) နီပေါနိုင်ငံမှာ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေး ဆန္ဒပြပွဲတွေ အရှိန်မြင့်လာပြီးနောက် နီပေါဝန်ကြီးချုပ် ကေအီရှာမာအိုလီဟာ ဒီကနေ့မှာ ရာထူးကနေ နုတ်ထွက်လိုက်ပါတယ်။ လူမှုကွန်ရက်မီဒီယာ ပိတ်ပင်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မနေ့က ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူများကြား ပဋိပက္ခတွေအတွင်း အနည်းဆုံး လူ ၁၉ ယောက် သေဆုံးပြီးနောက် ဝန်ကြီးချုပ် နုတ်ထွက်ခဲ့တာပါ။ အသက် ၇၃ နှစ်ရအရွယ် ဝန်ကြီးချုပ် အိုလီက ဆန္ဒပြပွဲများအတွင်း သေဆုံးမှုအတွက် အလွန်စိတ်မကောင်းဖြစ်မိတယ်လု့ ပြောပါတယ်။ “ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ နောက်ထပ်ခြေလှမ်းတွေလှမ်းတွေအတွက် ဝန်ကြီးချုပ်ရာထူးကနေ ဒီကနေ့ နုတ်ထွက်လိုက်ပြီ ” လို့ နီပေါသမ္မတ Ram Chandra Poudel ထံ ပေးတဲ့ နုတ်ထွက်စာမှ ဝန်ကြီးချုပ် အိုလီက ပြောပါတယ်။ ဆန္ဒပြပွဲတွေအတွင်း ခတ္တမန္ဒူမှာ လူ…

Read More

ဖားကန့်မှာ လက်နက်ကြီးကြောင့် တယောက် သေဆုံးပြီး ကိုးယောက် ဒဏ်ရာ ရ

စက်တင်ဘာ ၉ – ၂၀၂၅ SN (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ စက်တင်ဘာ ၉ ရက်၊ မနက် အစောပိုင်းက လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် တယောက် သေဆုံးပြီး ကိုးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ၁ နာရီဝန်းကျင်က ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောင်းကျေးရွာနဲ့ ဆိပ်မူကျေးရွာ ရပ်ကွက် (၃) မှာ လက်နက်ကြီး ကျရောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘဇံချောင်းကျေးရွာက ပြင်းထန်ဒဏ်ရာ ရရှိသူ လေးယောက်အနက် တယောက် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ကနဦး စာရင်းအရကတော့ သေဆုံးသူ အပါအဝင် ခုနစ်ယောက် ဒဏ်ရာရ။ ဒါပေမယ့် ညတွင်းချင်း ဆေးခန်းပို့တာနဲ့ အသေးစား ထိတာတွေရှိတယ်။ ဒါကြောင့် စုစုပေါင်း ဒဏ်ရာရ ၁၀…

Read More

သူတို့အိမ် အခန်း(၅)

ဆူးငှက်   ပွဲအကြို တီးလုံးတိုက် ——————– ဝါဆိုလပြည့်ကျော်၁ရက်နေ့မှာ သဖန်းကျောင်း ဝါဆိုပန်းကပ်ပွဲမှာ တီးမှုတ်သီဆိုကြဖို့ နယုန်လဆန်းလောက် ကတည်းက အမျာအားကြသော ဥပုသ်နေ့တိုင်းလိုလို တီးလုံးတိုက်ကြသည်။ စိုင်ပြွန်ဝင်း၏ အနောက်ဘက်လမ်းကြား မြောက်ထိပ်မှာ ကျွန်တော်တို့က ပါပါကြီးဟုခေါ်သော ဦးဉာဏ်သိန်း ဒေါ်လှဝင်းလေး အိမ်ရှိသည်။ သူ့အိမ်က ၂ထပ်အိမ် အိမ်ဝင်းလည်းကျယ်သည်။ ဦးဉာဏ်သိန်းက သဖန်းသားမဟုတ်။   သို့သော် ဒေါ်လှဝင်းလေးက သဖန်းသူမို့ သဖန်း ဝေယျာဝစ္စ မှန်သမျှ ဒိုင်ခံလုပ်ကိုင်ပေးသည်။ သဖန်းကျောင်း ဘုန်းကြီးဦးသုမန၏ ဒကာရင်းလည်း ဖြစ်းဆောင် ဖွဲ့စည်းခဲ့ကြသော “သဖန်းရွာ လူကြီးလူငယ် ငွေစုအသင်း” ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။ စကားစပ်လို့ ပြောရလျှင် ထိုငွေစုအသင်းက အသင်းဝင်ထားသူများ ထံမှ စုကြေးငွေများကို ညနေတိုင်လျှင် လယ်ဂျာ စာရင်းစာအုပ်တစ်အုပ်ကိုင် လွယ်အိတ်တစ်လုံးလွယ်ကာ အမှုဆောင်လူကြီးများက အလှည့် ကောက်ခံရသည်။   ကြေးမှိုစာလုံးလေးနှင့်…

Read More

လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂)

ဆူးငှက် (၁) “မိုးရေတွေ အဖွေးသားနဲ့ ထွန်ရေးသွား မပြင်နိုင်။ တဲဝက ထိုင်။ မိုးသီးကဖြိုင်၊ တိမ်စိုင်က မြှေး လယ်ကွင်း ဒလဟာနဲ့ ဆင်တန်ဆာ ယဉ်ပါဘိတယ် ပြည့်တွက်မို့လေး …” ကျွန်တော်က … ကဗျာကို ဖတ်ရင်း ပျော်ရွှင်လာသည်။ လေးငါးခြောက်နှစ်သားအရွယ်မို့ ကဗျာပါ စာသားတွေ၏ အဓိပ္ပာယ်ကို ဂဃနဏ မသိ… ။သို့သော် ကဗျာလေးဖတ်ပြီး ကြည်နူးလာသည်။ သည်စာမျက်နှာမှာပဲ နောက်ထပ်ကဗျာတစ်ပုဒ် ပါလာသည်။ ကျွန်တော် ဝမ်းသာသွားသည်။ ဖတ်ဦးမှလေ … “ငှက်ကလေး သေးသွယ် လှိုင်းကို စီးတော့မယ်၊ ချစ်စဖွယ် မြည်တဲ့တေး ဝန်းကျင် အနှံ့ ကြွေး ညနေအေး ဆည်းဆာရွှင် သာလှပေတယ် ထင် လှိုင်းဘောင်ဘင်နဲ့ သူ ချိုတေး ခင်မင်မိတယ်လေး …” … တဲ့။ ကဗျာတွေကို ပုံနှိပ်ဖော်ပြထားသော…

Read More

အမေရိကန်မှာ ဖမ်းဆီးခံရတဲ့ ဟွန်ဒိုင်းစက်ရုံ အလုပ်သမားတွေ ပြန်လွှတ်ပေးရေး သဘောတူညီချက်ရ

ဆိုးလ်၊ စက်တင်ဘာ-၈-၂၀၂၅ ရတီ(VOM) အမေရိကန်နိုင်ငံ ဂျော်ဂျီယာရှိ ဟွန်ဒိုင်းစက်ရုံကို လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုအတွင်း ဖမ်းဆီးခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်နဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။ လုပ်စဉ်စဉ်တွေ ပြီးမြောက်ရင် ဖမ်းဆီးခံရသူတွေကို ပြန်လည်ခေါ်ဆောင်ဖို့ စင်းလုံးငှားလေယာဉ်တစင်း စေလွှတ်မယ်လို့ တောင်ကိုရီးယားသမ္မတရုံးအကြီးအကဲက ပြောပါတယ်။ နောက်နောင်မှာ ဒီလိုဖြစ်စဉ်တွေကနေ ကာကွယ်ဖို့ အာဏာပိုင်တွေဟာ ဗီဇာစနစ် မြှင့်တင်ဖို့ ကြိုးစားနေကြောင်း သူက ပြောပါတယ်။ အမေရိကန်နိုင်ငံရှိ အကြီးမားဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပရောဂျက်များထဲမှ တခုဖြစ်တဲ့ ဟွန်ဒိုင်း ဘက်ထရီစက်ရုံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေကြောင်း တွေ့ရှိတယ်ဆိုကာ တောင်ကိုရီးယားနိုင်ံငံသား ၃၀၀ ကျော်ကို အမေရိကန်အာဏာပိုင်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခဲ့ပါတယ်။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းဟာ ဒီကနေ့မှာ အမေရိကန်ကို သွားရောက်မယ်လို့ နှစ်နိုင်ငံ သတင်းဌာနတွေက…

Read More

ဟောင်ကောင်မှာ မုန်တိုင်းကြောင့် စာသင်ကျောင်း၊ လုပ်ငန်းနဲ့ ပို့ဆောင်ရေးတွေ ပိတ်သိမ်း ရပ်နားထားရ

ဟောင်ကောင်၊ စက်တင်ဘာ-၈-၂၀၂၅ မျိုးဆက်(VOM) ဟောင်ကောင်ကို ချဉ်းကပ် တိုက်ခတ်နေတဲ့ မုန်တိုင်း တာပါချ် မုန်တိုင်းဒဏ်ကြောင့် ဒီကနေ့မှာတော့ ကျွန်းရှိ ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ သယ်ယူပို့ဆောင်ရေးတွေကို ပိတ်သိမ်းရပ်နားထားရပါတယ်။ မုန်တိုင်းဟာ ဟောင်ကောင်ကနေ ၁၇၀ ကီလိုမီတာအကွာမှ ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး လေပြင်းတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် မြို့ရဲ့ ဗဟိုချက်နေရာအများအပြားကို ထိခိုက်စေခဲ့ကာ လေယာဉ်အချို့ ပျံသန်းမှုများ ရပ်ဆိုင်းခဲ့ပါတယ်။ တနင်္လာနေ့ မနက်ပိုင်းအထိ လမ်းတွေမှာ အပျက်အစီးတွေ သိပ်မတွေ့ရဘဲ ထိခိုက်မှု အနည်းငယ်သာရှိခဲ့ပါတယ်။ ဖယ်ရီသင်္ဘောတွေ၊ ဘတ်စ်ကားတွေနဲ့ ရထားတွေအပါအဝင် သယ်ယူပို့ဆောင်ရေး အများစုကို ယာယီရပ်ဆိုင်းထားပါတယ်။ ဟောင်ကောင် မိုးလေဝသ ဌာနက ဒုတိယမြောက်အမြင့်ဆုံး သတိပေးချက်ထုတ်ပြန်ထားပြီး မနက် ၁၁ နာရီအထိ ဆက်လက်ထားရှိမယ်လို့ ကြေညာခဲ့ပါတယ်။ မြို့တော်ရဲ့ ပညာရေးဌာနကတော့ သတိပေးချက် လျှော့ချပါက လုပ်ငန်းတွေပြန်လုပ်နိုင်ပေမယ့် ကျောင်းတွေကိုတော့တနေ့လုံး ပိတ်ထားမယ်လို့ ပြောပါတယ်။…

Read More

ထီးချိုင့် လေကြောင်းတိုက်ခိုက်မှု လေးယောက် သေဆုံး

စက်တင်ဘာ ၈ – ၂၀၂၅ SS (VOM) စစ်ကိုင်းတိုင်း၊ ထီးချိုင့်ဒေသမှာ နလအရဲ့ စစ်သင်္ဘောတွေအတွက် လုံခြုံရေးအဖြစ် လိုက်ပါလာတဲ့ လေယာဉ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် လေးယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အဆိုပါ စစ်သင်္ဘောတွေဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကနေ ဧရာဝတီ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတာဖြစ်ပြီး မနေ့ စက်တင်ဘာ ၇ ရက်၊ ညနေ ၄ နာရီခွဲ ဝန်းကျင်က ထီးချိုင့်ဒေသ ဖြတ်သန်းချိန် မြစ်ကမ်းနံဘေး ကျေးရွာတွေဖြစ်တဲ့ ကမ်းနီ၊ မောင်းကုန်းနဲ့ ဘိုကုန်းကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “စစ်သင်္ဘောတွေ အပေါ်ကနေ လုံခြုံရေး လိုက်ပါလာတဲ့ Y-12 အမျိုးအစား လေယာဉ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။…

Read More
✕
VOM News

FREE
VIEW