ကာတာရှိ ဟားမတ်စ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး အစ္စရေး လေကြောင်းတိုက်ခိုက်

ဒိုဟာ၊ စက်တင်ဘာ-၁၀-၂၀၂၅ ရတီ(VOM) အစ္စရေးဟာ ကာတာနိုင်ငံမှာ ဟားမတ်စ်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ငါးယောက်သေဆုံးခဲ့တယ်လို့ ဟားမတ်စ်တို့က ပြောပါတယ်။ ဒါပေမယ့် ထိပ်တန်းခေါင်းဆောင်တွေကတော့ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ အစ္စရေးအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တာလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ ဟားမတ်စ်ခေါင်းဆောင်တွေကို တိကျတဲ့ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ အစ္စရေးမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဟားမတ်စ်ရဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးမှူး Khalil al-Hayya ကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဟားမတ်စ်ကတော့ ကိုယ်စားလှယ်အဖွဲ့ဝင်အားလုံး ဘေးကင်းတယ်လို့ ဆိုပေမယ့် al-Hayya ရဲ့သားအပါအဝင် အခြားငါးယောက် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ နေတန်ယာဟုကတော့ အကြမ်းဖက်ခေါင်းဆောင်တွေအတွက် နောက်ဆုံးနေ့တွေရောက်လာပြီ လို့ ပြောကြားခဲ့ပြီး ဂျေရုဆလင်မှာ တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ လူခြောက်ယောက်သေဆုံးတဲ့ ပစ်ခတ်မှုကို တုံ့ပြန်တာဖြစ်တယ်လို့…

Read More

နိုင်ငံရေးပါတီ လေးခုကို ပယ်ဖျက်လိုက်တဲ့အပေါ် ဝေဖန်မှုတွေမြင့်တက်

စက်တင်ဘာ ၁၀ – ၂၀၂၅ KKO(VOM) ရွေး/ကော်(UEC)က နိုင်ငံရေးပါတီ လေးခုကို သတ်မှတ်ချက်မပြည့်မီဟုဆိုကာ ပယ်ဖျက်လိုက်မှုအပေါ် မြန်မာ့ပါတီနိုင်ငံရေးနယ်ပယ်လောက မှာဝေဖန်သံတွေထွက်ပေါ်နေပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်(UEC)က စက်တင်ဘာ ၉ ရက်နေ့၊ညပိုင်းအချိန်မှာပြည်ထောင်စုတဝှမ်းလုံးမှာယှဉ်ပြိုင်ဖို့ရှိနေတဲ့ နိုင်ငံရေးပါတီ သုံး ခုဖြစ်တဲ့ ခမောက်လို့လူသိများတဲ့အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ အပါအဝင်အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊အမျိုး သမီးပါတီ(မွန်)နဲ့ တိုင်းနဲ့ ပြည်နယ်အဆင့်မှာဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ကို ပယ်ဖျက်လိုက်တယ်လို့ထုတ်ပြန်ကြေညာခဲ့တာပါ။ ” UEC ကနိုင်ငံရေးပါတီ ၄ ခုကိုစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်နဲ့ မပြည့်မီဘူးဆိုပြီးအခုဖျက်သိမ်းလိုက်တယ်။ ကျန်တဲ့နိုင်ငံရေးပါတီတွေအနေနဲ့လည်း ရွေးကောက်ပွဲအနီးမှာ ဒီလိုမျိုးတွေဖြစ်လာမလားဆိုပြီး စိုးရိမ်‌နေကြတယ်ပေါ့၊ဒါကကျန်တဲ့နိုင်ငံရေးပါတီတွေအတွက်လည်းမျက်ခုံးလှုပ်စရာ‌ဖြစ်လာပါတယ်”လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ တယောက်က VOM ကို ပြောပါတယ်။ ရွေး/ကော်(UEC)က အခုလိုနိုင်ငံရေးပါတီ ၄ ခုကိုပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်ကြေညာခဲ့မှုအပေါ် ဝါရင့်ပါတီနိုင်ငံရေးသမားတယောက်ဖြစ်သူ ဦးကိုကိုကြီးက မှတ်ချက်တစုံတရာပေးလိုခြင်းမရှိဘူးလို့ VOM ရဲ့မေးမြန်းမှုကိုယနေ့နံနက်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။ “ရွေးကောက်ပွဲဝင်နိုင်တဲ့အဆင့်မရှိလို့ ပါဝင်ခွင့်မရှိဘူးလို့ ပြောချင်ပြောပေါ့၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြစ်မှုပြစ်ဒါဏ်မရှိဘဲ…

Read More

နေတိုးအဖွဲ့ဝင် ပိုလန်ထဲကို ရုရှားဒရုန်းတွေ ပထမဆုံးအကြိမ် ဝင်ရောက်

ဝါဆော၊ စက်တင်ဘာ-၁၀-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းအနောက်ပိုင်းကို ရုရှားက တိုက်ခိုက်စဉ်အတွင်း ပိုလန်လေပိုင်နက်ထဲကို ရုရှားဒရုန်းတွေ အကြိမ်ကြိမ် ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ ပိုလန်စစ်တပ်က ပြောပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို လုံးလုံးလျားလျားကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံထဲကို ရုရှားဒရုန်းတွေ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့တာဖြစ်ပြီး ကြားဖြတ်ပစ်ချခဲ့တယ်လို့ ပိုလန်စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ ပိုလန်နဲ့ နေတိုးလေယာဉ်တွေ ဖြန့်ကျက်ချထားပြီးနောက် စစ်ဆင်ရေးဆောင်ရွက်မှု ပြီးဆုံးသွားခဲ့ပြီလို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်ခ် က အရေးပေါ်အစည်းအဝေးခေါ်ယူပြီနောက် ပြောပါတယ်။ဒါဟာ ပိုလန်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အမှန်တကယ် ခြိမ်းခြောက်မှုဖြစ်စေတဲ့ ရန်စမှု လို့ ပိုလန်က ပြောပါတယ်။ ရုရှားကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး။ ပိုလန်ကို ဝင်ရောက်လာတဲ့ ဒရုန်းတွေဟာ ယူကရိန်းအပေါ် နောက်ဆုံးလေကြောင်းတိုက်ခိုက်မှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး သမ္မတဇီလန်စကီးကတော့ ဒါဟာ ဥရောပအတွက် အလွန်အန္တရာယ်များတဲ့ စံနမူနာတခုလို့ ပြောပါတယ်။ ဒီလို…

Read More

မသန်စွမ်း သမီးအရင်းကို အဓမ္မပြုကျင့်ပြီးကိုယ်ဝန်ဖျက်ချခိုင်းသည့် ဖခင်ကိုဖမ်းမိ

စက်တင်ဘာ ၁၀ – ၂၀၂၅ KKL(VOM) ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ မသန်စွမ်းသမီးအရင်းဖြစ်သူကို အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ရချိန်မှာ ဖျက်ချခိုင်းတဲ့ ဖခင်ကိုဖမ်းဆီးရမိထားပြီလို့ ဒေသခံကူညီပေးသူတွေဆီက သိရပါတယ်။ မိသားစုက ခြိမ်းခြောက်တာခံရပြီး သက်ဆိုင်ရာကိုမတိုင်ရဲတာကြောင့် ကျူးလွန်သူဖခင်ကို ရပ်ကွက်ကတိုင်ကြားချိန်မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး စက်တင်ဘာ ၈ ရက်မှာ တိမ်းရှောင်နေတဲ့ မအူပင်မြို့နယ်ဘက်မှာ မိသားစုဝင်တွေရဲ့ အကူအညီနဲ့ ဖမ်းဆီးခံရတာလို့သိရပါတယ်။ “အဓမ္မပြုကျင့်ခံရသူက မသန်စွမ်းသမီးအရင်းပါ။ဖခင်အရင်းက ပထမတကြိမ် သားမယားပြုကျင့်တာခံရပြီး ကိုယ်ဝန်ရလာတော့ ဖျက်ချခိုင်းလို့ ဖျက်ချခဲ့ရတာ။ ပတ်ဝန်းကျင်ကို ထုတ်ပြောရင်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတာ။အခု ဒုတိယအကြိမ် အဓမ္မပြုကျင့်တာခံရလို့ကိုယ်ဝန်ထပ်ရလာတော့မှ ရပ်ကွက်က ဝိုင်းတိုင်လို့ တိမ်းရှောင်ရင်းဖမ်းမိတာ။” ဖြစ်စဥ်ကို သိရှိသူတယောက်က ပြောပါတယ်။ မသန်စွမ်းသမီးကို ဖခင်ဖြစ်သူက၂၀၂၄ခုနှစ်ထဲမှာပထမ အကြိမ် အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန် ၅ လကျော်ရှိချိန်မှာ ဖခင်ဖြစ်သူက ကိုယ်ဝန်ကိုဖျက်ချခိုင်းတာဖြစ်ပြီး ဒုတိယ အကြိမ် ၂၀၂၅ခု နှစ်ထဲမှာ အဓမ္မ…

Read More

ဝက်လက်နဲ့ လက်ပံတန်းမှာ လေကြောင်း၊ ဒရုန်းအသုံးပြု တိုက်ခိုက်မှုကြောင့် ခြောက်ယောက်သေဆုံး

စက်တင်ဘာ ၁၀ – ၂၀၂၅ SS (VOM) စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ မနေ့ စက်တင်ဘာ ၉ ရက်က လေကြောင်း၊ ဒရုန်း အသုံးပြု တိုက်ခိုက်မှုကြောင့် ခြောက်ယောက်သေဆုံးကာ ၁၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဆိုပါ ဖြစ်စဉ်တွေမှာ ဝက်လက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လေးယောက် သေဆုံးကာ ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို လက်ပံတန်း မြို့နယ်မှာတော့ ဒရုန်းအသုံးပြု တိုက်ခိုက်ခံရမှုကြောင့် နှစ်ယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဝက်လက်မြို့ ဖြစ်စဉ်မှာ မနေ့ ညနေ ၆ နာရီခွဲဝန်းကျင်က အဆိုပါမြို့နယ် အရှေ့ခြမ်းရှိ သစ်ဆိမ့်ရွာ၊ အင်ဒေါင်းရွာ၊ ရုံးပင်ကုန်းရွာ၊ မင်းကုန်းရွာ၊ နဘဲပင်လှရွာနဲ့ တပ်ရွာတို့မှာ…

Read More

လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၃)

ဆူးငှက် ကျွန်တော် မွေးဖွားကြီးပြင်းသည်က မန္တလေး အနောက်ပြင် မဟာလောကရံသီ အိမ်တော်ရာ စေတီတော်တောင်ဖက်မုခ်ရှိ ဒက္ခိဏဝန်ကျောင်းတိုက်၏တောင်ဘက်ကပ်လျက် စိုင်ပြွန်ရိပ်သာဝင်းအတွင်းဖြစ်သည်။ ထို့ကြောင့် အိမ်တော်ရာ စေတီတော်က ဆွေဘုရားမျိုးဘုရားဖြစ်နေသည်။ အိမ်တော်ရာ ဘုရားဝင်းအတွင်း တောင်ဘက်စောင်းတန်း၊ အရုဏ်ခံ ကျောက်ချောဇရပ်၊ ဘုတလင်ဇရပ်၊ နောင်တော်ကြီးဘုရား၊ ခုနစ်နေ့ ခုနစ်နံဇရပ်၊ ကျိုက်ထီးရိုးဘုရား၊ သံဇရပ်၊ ဒေါ်ကြမ်းဇရပ်၊ ဦးကျော်ဇရပ်နှင့် ဆယ့်လေးခန်း ဇရပ်တို့သည် ကျွန်တော်တို့ အမြဲမပြတ် ရောက်ရှိ နားခိုဆော့ကစားသည့် နေရာများဖြစ်သည်။ ထို သာသနိက နေရာများအနက် ဆယ့်လေးခန်းဇရပ် ကြီးကတော့ နားခိုဆော့ကစားဖို့ထက် ဘာသာရေးအရ လေ့လာမှတ်သား နာယူစရာ ဇရပ်ကြီးလည်း ဖြစ်၏။ ဆယ့်လေးခန်းဇရပ်ကြီးမှာ နိပါတ်ပန်းချီကျော် ဦးချစ်မြဲ၏ ဗုဒ္ဓဝင်ပန်းချီကားတွေရှိသည်။ ဇရပ်ကြီး၏ မူလပုံစံက ကျယ်ပြန့်လွတ်လပ်ပြီး အလင်းရောင် ကောင်းစွာ ရသည်။ အနောက်ဖက်ခြမ်းမှာလည်း ဧရာမကွပ်ပျစ်ကြီးရှိသည်။ လူကြီးတွေက ကွပ်ပျစ်ကြီးပေါ် နားနေကြသည်။…

Read More

ဟင်္သာတမြို့လယ်ခေါင်က သွားဆေးခန်းမှာ ဆရာဝန်နဲ့ဇနီးကို ဆေးခန်းအတွင်းဝင်ရောက်သတ်ဖြတ်မှုဖြစ်

စက်တင်ဘာ ၉၊၂၀၂၅ GG (VOM) ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့လယ်ခေါင်ရှိ ပါဆယ်လမ်းမှာဖွင့်လှစ်ထားတဲ့ သွားဆေးခန်းတခုမှာ ဆေးခန်းပိုင်ရှင် သွားဆရာဝန် နဲ့ဇနီးဖြစ်သူတို့ ဓားနဲ့ထိုးသတ်ခံခဲ့ရပြီး နောက်ထပ်နှစ်​ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီလောက်မှာ အမည်မသိ အမျိုးသားတ​ယောက်က ဆေးခန်းကိုရောက်လာပြီးနောက် သွားဆရာဝန်ဖြစ်သူ ဒေါက်တာတင်မောင်ထွန်းနဲ့ ဇနီးဖြစ်သူဒေါ်ဇင်မီမီသက်တို့ကို ဓားနဲ့ထိုးသတ်ခဲ့သလို နောက်ထပ်မိသားစုဝင်တယောက်ဖြစ်တဲ့ အဘွားနဲ့ဆေးခန်းအကူအမျိုးသမီးကိုပါ ဓားနဲ့ထိုးတာကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ” ဆရာ့အမျိုးသမီးက နေရာမှာပဲ ပွဲချင်းပြီးသေတယ်။ ဆရာကတော့ ဆေးရုံရောက်တော့အသက်မရှိတော့ဘူး။ အဖွားက ပါးပါးလေးဘဲ ရှပ်ထိတာမို့လို့ မစိုးရိမ်ရသလို ကောင်မလေးက လည်းမစိုးရိမ်ရပါဘူး။ အဖွားက ဆရာ့အမျိုးသမီးရဲ့အမေပါ။ ဆရာတို့ အလောင်းကိုတော့ အိမ်ကိုပြန်သယ်ပြီး ထုံးစံတိုင်း သုံးရက်ထားပြီးမှ သဂြိုလ်မယ်လို့တော့သိရတယ်။အနုကြမ်းစီးတာလား ဘာလားတော့သေချာမသိပေမယ့် ဘာပစ္စည်းမှတော့ယူမသွားဘူးလို့သိရတယ်။ဆရာကြီးတို့မိသားစုကသဘောကောင်းတဲ့မိသားစုပါ။အရမ်းနှမြောစရာကောင်းသလို စိတ်မကောင်းဖြစ်ရပါတယ်။” လို့ ဖြစ်စဥ်သိရှိတဲ့ ဒေသခံကပြောပါတယ်။ လက်ရှိမှာ သွားဆရာဝန်ဇနီး​ေမာင်နှံကို သတ်သွားတဲ့…

Read More

နီပေါ Gen Z တွေ ဆန္ဒပြပွဲ ၁၉ ယောက်သေဆုံး ၊ လူမှုကွန်ရက်ပိတ်ပင်တားမြစ်ချက် အစိုးရ ပြန်ရုပ်သိမ်း

ခတ္တမန္ဒူ၊ စက်တင်ဘာ-၉-၂၀၂၅ ရတီ(VOM) နီပေါနိုင်ငံမှာ လူမှုကွန်ရက်တွေကို ပိတ်ပင်မှုကြောင့် လူ ၁၉ ယောက်သေဆုံးခဲ့တဲ့ Gen Z လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေအပြီးမှာ နီပေါအစိုးရက ထုတ်ပြန်ထားတဲ့ တားမြစ်မိန့်ကို ရုပ်သိမ်းလိုက်ပါတယ်။ တနင်္လာနေ့က မြို့တော် ခတ္တမန္ဒူရှိ လွှတ်တော်အဆောက်အအုံအတွင်းသို့ လူငယ်ထောင်ပေါင်းများစွာ အင်အားသုံးဝင်ရောက်ခဲ့ပြီး Facebook နှင့် YouTube အပါအဝင် လူမှုကွန်ရက်ပလက်ဖောင်း ၂၆ ခုပိတ်ပင်မှု ရုတ်သိမ်းဖို့ တောင်းဆိုခဲ့သလို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ တနင်္လာနေ့ညနက်ပိုင်းက ကျင်းပခဲ့သော အရေးပေါ်ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် Gen Z လူငယ်တွေရဲ့ တောင်းဆိုမှုများကို တုံ့ပြန်မ့အဖြစ် ပိတ်ပင်မှုရုတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်ဝန်ကြီး Prithvi Subba Gurung ကပြောပါတယ်။ မြို့တော်ပြင်ပ အခြားမြို့ငယ်တွေမှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ Instagram ကဲ့သို့သော လူမှုကွန်ရက်ပလက်ဖောင်းတွေကို…

Read More

မြောက်ဒဂုံမှာ လူရွယ်အမျိုးသားတယောက် သစ်ပင်ပေါ်ကနေ ကြိုးဆွဲချသတ်သေမှု ဖြစ်ပွား

စက်တင်ဘာ ၉ – ၂ဝ၂၅ KKO(VOM) မြောက်ဒဂုံမြို့နယ်မှာ လူရွယ်အမျိုးသားတယောက် မိမိကိုယ့်ကိုသတ်သေအဆုံးစီရင်ခဲ့မှုတခု ဒီကနေ့ မနက်ပိုင်းမှာ ပွားခဲ့တယ်လို့ နယ်မြေခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။ မိမိကိုယ့်ကိုသတ်သေသွားခဲ့တဲ့ အမျိုးသားဟာ အသက် ၃ဝ ဝန်း ကျင်ခန့် ရှိတဲ့လူရွယ်တယောက်ဖြစ်တယ်လို့ လူမှုကူညီရေးသမားတွေက ပြောပါတယ်။ သူ့ကိုဒီနေ့ စက်တင်ဘာ ၉ ရက်၊နံနက်ပိုင်းအချိန်မှာမြောက်ဒဂုံမြို့နယ်၊(၃၇)ရပ်ကွက်အတွင်းက သစ်ပင်ကြီးတခုအပေါ်မှာသေဆုံးလျက်အနေအထားနဲ့တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်းလူမှုကူညီရေးသမားတွေကဆိုပါတယ်။ “ဖြစ်တာကတော့ ညထဲကဖြစ်တယ်လို့ခန့်မှန်းရပါတယ်။Body ကတော့ ဒီနေ့မနက်မှတွေ့ကြရတာပေါ့လေ။အသက်က ၃ဝ ပတ်ချာ လည်လောက်ရှိမယ်။ပုံစံလူရွယ်ပိုင်းထဲကပါပဲ။ အမျိုးသားပါ၊ဘာကြောင့်အခုလိုလုပ်သွားလဲတော့မသိရပါဘူး။ဒီအနီးပတ်ဝန်းကျင်ရပ်ကွက်တွေထဲကလည်းမဟုတ်ဘူးလို့ပြောပါတယ်”လို့ နယ်မြေခံလူမှုကူညီရေးအသင်းက တာဝန်ရှိသူတယောက်က VOM ကိုပြောပြပါတယ်။ လက်ရှိမှာတော့ သေဆုံးသူရဲ့ Dead Body ကိုဝန်းရံမှူးလူမှုကူညီကယ် ဆယ်ရေးအသင်းက သစ်ပင်ပေါ်ကနေခက်ရာခဲဆစ်အောက်သို့ချခဲ့ရပြီးအသင်းကကားနဲ့ပင်မြောက်ဥက္ကလာပဆေးရုံကြီးသို့ပို့ ဆောင်ကူညီပေးထားတယ်လို့ သိရပါတယ်။ ယခုနှစ်ပိုင်းတွေအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သတ်သေခဲ့တဲ့ဖြစ်စဉ်တွေဟာ ရန်ကုန်မြို့မှာအများ အပြားရှိခဲ့တယ်လို့လည်း လူမှုကူညီရေးသမားတွေရဲ့ပြောပြမှုအရ သိရပါတယ်။ “သူက ခဲရာခဲဆစ် ကြိုးပမ်းပြီးဘဝကို အရှုံးပေးသွားတယ်။ကြိုးစားရှင်သန်ကြပါ”လို့…

Read More

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်တနှစ်ကျခံဖို့ တရားရုံးချုပ် အမိန့်ချ

ဘန်ကောက်၊ စက်တင်ဘာ-၉-၂၀၂၅ မျိုးဆက်(VOM) ထိုင်းတရားရုံးချုပ်ဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောင်ဒဏ်တနှစ်ကျခံဖို့ ဒီကနေ့မှာ အမိန့်ချမှတ်လိုက်ပြီး ရှင်နာဝပ်ထရာ နိုင်ငံရေးမိသားစုအတွက်တော့ နောက်ထပ် ထိုးနှက်ချက်တခုဖြစ်လာပါတယ်။ သက်ဆင်ဟာ ယခင်ထောင်ဒဏ်ကို ဆေးရုံမှာ ဥပ‌ဒေနဲ့မညီဘဲ သွားရောက်နေထိုင်မှု စွဲချက်ကို ဆုံးဖြတ်ရာမှာ ထောင်ထဲမှာ တနှစ်ကျခံဖို့ ဆုံးဖြတ်ခဲ့တာပါ။ သက်ဆင်နဲ့ သူမိသားစုဟာ ၂၀၀၁ ခုနှစ်မှာ သက်ဆင် ပထမဆုံးအကြိမ် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက်မှစပြီး ထိုင်းနိုင်ငံရေးကို လွှမ်းမိုးခဲ့ပါတယ်။ သူရဲ့ သမီး ပေတုန်တန်ရှင်နာဝပ်ထရာဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပေမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်စောင်း ဟွန်ဆန်နဲ့ တယ်လီဖုန်းပြောဆိုမှု အသံဖိုင်ပေါက်ကြာပြီးနောက် ကျင့်ဝတ်သိက္ခာချိုးဖောက်မှုရှိတယ်ဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ပြီးခဲ့တဲ့လမှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ အသက် ၇၆ နှစ်ရှိဖခင်နဲ့ အတူ ဒီကနေ့ တရားရုံးသို့လိုက်ပါလာခဲ့တဲ့ ပေတုန်တန်ကတော့ စီရင်ချက်အပြီးမှာ သူမ၏ဖခင်အတွက် စိုးရိမ်မိ ပေမယ့် သူမနဲ့ မိသားစုဟာ…

Read More
✕
VOM News

FREE
VIEW