မီးရထားလက်မှတ် အွန်လိုင်းစနစ်နဲ့ဝယ်ယူမှုကနေ မှောင်ခိုရောင်းဝယ်တာမရှိနိုင်

ဖေဖော်ဝါရီ၁၀-၂၀၂၆ KKL(VOM) မီးရထားလက်မှတ်ကို အွန်လိုင်းစနစ်နဲ့ဝယ်ယူမှုကနေ မှောင်ခိုရောင်းဝယ်မှုတွေ မရှိနိုင်ဘူးဆိုတဲ့အကြောင်းနေပြည်တော် ပျဥ်းမနားဘူတာ ရုံပိုင်ကြီးဦးကျော်မိုးလွင်က ပြောပါတယ်။ ဒီကနေ့ မနက် မနေ့က ပျဥ်းမနားဘူတာမှာ မနေ့က အင်တာနက်လိုင်းတွေအခက်အခဲရှိခဲ့လို့ ဘူတာဝန်ထမ်းတွေနဲ့ခရီးသည်တွေ အခက်ကြုံခဲ့ရတဲ့ကိစ္စကိုသွားမေးတဲ့အချိန်မှာ ရုံပိုင်ကြီးက မရှိနိုင်တဲ့အကြောင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။ “အဲ့ဒီအခြေအနေက မရှိနိုင်သေးဘူး ပြောရရင် လေယာဥ်လက်မှတ်ကျတော့ ကျွန်တော်တို့လောက်လည်းမများတာလည်းပါသလို လေယာဥ်ဆိုတာက အဆင့်မြင့်တဲ့သူတွေပဲစီးကြတာပါ လေယာဥ်ကျတော့ ခရီးသည်ကနည်းတယ်လေကျွန်တော်ကို့က မြန်မာတစ်နိုင်ငံလုံးဆိုတော့ ခရီးသည်ကများတယ် အခုမီးရထားလက်မှတ်က ဟိုတုန်းကထည်းက ပြင်ရာဖျက်ရာမရှိရဘူးလို့ဆိုထားတယ် မီးရထားမထွက်ဖြစ်ဘူးဆိုရင် ငွေပြန်အမ်းပေးတယ် လက်မှတ်ဝယ်ပြီးမစီးဖြစ်ဘူးဆိုရင်တော့ပြန်အမ်းမပေးတော့ဘူး။ နောက်ဆိုရင်ဖြစ်ကောင်းဖြစ်သွားနိုင်ပေမယ့် လက်ရှိအခြေအနေကတော့မဖြစ်နိုင်သေးဘူး ကျွန်တော်တို့က ဒီစနစ်ကိုဖြစ်လာအောင်အခုမှ အခြေပြုတာဖြစ်တဲ့အတွက် လက်ရှိတော့ နာမယ်ပြောင်းပေးတို့ ရက်ပြောင်းပေး မှတ်ပုံတင်ပြောင်းပေးတို့က မဖြစ်နိုင်သေးဘူး။ လက်မှတ်ကခရီးသည်တစ်ယောက်ကိုရောင်းပြီးသွားရင် နောက်ခရီးသည်တစ်ယောက်ကို ရောင်းလို့မရဘူး အဲ့ဒီလက်မှတ်နဲ့လည်း နောက်ခရီးသည်ကိုပြောင်းပေးလို့မရဘူး တကယ်လို့ပြောင်းပေးမယ်ဆိုရင်တော့ မှောင်ခိုတွေပါလာမယ် ဒီလူမလိုက်ဖြစ်ပါဘူး ဒီလူကိုပြောင်းပေးပါဆိုရင်လက်မှတ်မှောင်ခိုကိစ္စတွေပေါ်လာနိုင်မယ် လက်ရှိတော့အွန်လိုင်းကနေ စပြီးလုပ်ဆောင်နေတာလည်းဖြစ်တဲ့အပြင်ခုနက ကျွန်တော်ပြောခဲ့တဲ့ အချက်အလက်…

Read More

စစ်တပ်လော်ဘီလို့ အများစွပ်စွဲကြတဲ့ ဇော်ဘုန်းဟိန်းကို ၆၆( ဃ)နဲ့ ထောင် ၂ နှစ်ထပ်မံ ချမှတ်

ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၆ GG(VOM) စစ်တပ်လော်ဘီလို့ အများစွပ်စွဲကြတဲ့ အမျိုးသားရေးလှုပ်ရှားသူ ဇော်ဘုန်းဟိန်းကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ တောင်ဒဂုံတရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ လူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်မိုးမိုးခိုင်က တောင်ဒဂုံရဲစခန်းမှာ အမှုဖွင့် တရားစွဲဆိုထားတဲ့ ပုဒ်မ ၆၆ ( ဃ) အတွက် ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဟုတ်ပါတယ် ။ ဒီနေ့ တောင်ဒဂုံတရားရုံးက အမိန့်ချလိုက်တာပါ ။နောက်ထပ် ရင်ဆိုင်ရမယ့် အမှုမကျန်တော့ဘူး သိရတယ်။ အခုအမိန့်ချလိုက်တာက မိုးမိုးခိုင် စွဲထားတဲ့ အမှုပါ ။အရင်ကလည်း ကိုဇော်ဘုန်းဟိန်းက ထောင်ဒဏ်ချခံထားရတာ ရှိသေးတယ် ။ ” လို့ ကိုဇော်ဘုန်းဟိန်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ် ။ ပြီးခဲတဲ့ ၂၀၂၅ ခုနှစ်…

Read More

မှော်ဘီမှာ ဆီဘောက်ဆာကားရဲ့ ဆီသိုလှောင်ကန်ထဲဆင်းပြီး သန့်ရှင်းရေးလုပ်တဲ့ အမျိုးသားနှစ်ယောက် အောက်ဆီဂျင်ပြတ် သေဆုံး

ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၆ CC (VOM) ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအနီး ၊ မြို့ရှောင်လမ်းဘေးမှာ ရပ်ထားတဲ့ ဆီ ဘောက်ဆာကားအတွင်းမှာ အမျိုးသားနှစ်ယောက် အောက်ဆီဂျင်ပြတ်ပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဖေဖော်ဝါရီ ၉ ရက်နေ့ ၊ ည ၆ နာရီကျော်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ အဆိုပါ အမျိုးသား နှစ်ယောက်ဟာ ဆီဂါလန် ၇၅၀၀ ဆံ့တဲ့ ဆီဘောက်ဆာကားရဲ့ ဆီသိုလှောင်ကန်ထဲကို ဆင်းပြီး ဆီဂျိုးတွေကို ရှင်းလင်းရာကနေ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ” မင်္ဂလာဒုံ နဲ့ မှော်ဘီ အစပ်ပေါ့။ CNG ဂက်စ်ဆိုင်နားမှာပါ ။ ကားကိုရပ်ထားပြီး ဆီကန်ကိုသန့်ရှင်းရေး လုပ်ကြရင်း ဖြစ်တာလို့ သိရတယ်။ သေတာက ကားသမားတွေပဲလား…

Read More

ဒလအိမ်ခြံမြေစျေး အဆမတန် မြင့်တက်နေပေမယ့် အရောင်းအဝယ် အေးနေ

ဖေဖော်ဝါရီ ၁၀ – ၂၀၂၆ SN (VOM) ရန်ကုန် – ဒလတံတား ဖွင့်လှစ်ပြီးနောက် ဒလမြို့မှာ အိမ်ခြံမြေစျေးတွေ အဆမတန် မြင့်တက်လာပေမယ့် အရောင်းအဝယ် အေးနေဆဲ ဖြစ်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။ လက်ရှိမှာ ဒလ အိမ်ခြံမြေဈေးတွေဟာ တံတားမပြီးခင်ကထက် ၃၅ ရာခိုင်နှုန်းဝန်းကျင် ထပ်မံ မြင့်တက်လာတာ ဖြစ်ပေမယ့် အဝယ်မလိုက်ဖြစ်နေပြီး အများစုက ဈေးကွက် အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။ “ဒလ အိမ်ခြံမြေဈေးကတော့ တက်တာတော့ မှန်တယ်။ ဒါပေမယ့် ဝယ်သူမှမရှိတာ။ investor တွေရော၊ investment တွေရောကတော့ လက်ရှိအနေအထားမှာ ငြိမ်နေတယ်။ ရောင်းသူတွေကလည်း ဒီတံတားကြီး ပြီးသွားပြီဆိုတဲ့နောက်မှာ ဈေးပိုလိုချင်လာကြတာပေါ့။ အဲဒီတော့ ကြိုက်ဈေးတွေ အပြိုင်အဆိုင် ခေါ်ကြတယ်။ ဒါပေမယ့်လည်း တကယ်တမ်းကျ မြေပြင်မှာက…

Read More

မဟာမုနိဘုရားကြီး ​မြောက်မုခ် ၄၅လမ်းကို တလမ်း​မောင်းပြန်သတ်မှတ်

မန္တလေး၊ ဇန်နဝါရီ – ၆ – ၂၀၂၆ SA(VOM) မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီးမြောက်ဘက် ၄၅ လမ်း မှာ ၈၁ လမ်းကနေ ၈၄ လမ်းအထိ အရှေ့ကနေ့ အနောက်ဘက်ကိုပဲ မောင်းနှင်ရမယ်လို့ ပြန်လည်သတ်မှတ်ထားပါတယ်။ ဒါပေမယ့် သတိမထားမိသူတွေက အနောက်ကနေ အရှေ့ဘက်ကို မောင်းနှင်နေကြတာတွေ ရှိပါတယ်။ “ဟုတ်ပါတယ် ၄၅ လမ်းက လမ်းတအားပိတ်လို့ မကြာခင်ကပဲ ၈၁ က​နေ ၈၄ ထိ အ​ရှေ့အ​နောက်ပဲ ခွင့်ပြုထားပါတယ်” လို့ စည်ပင်သာယာ လမ်းတံတားဌာန တာဝန်ရှိသူက ​ပြောပါတယ်။ မန္တလေးမြို့မှာ တလမ်းမောင်းတွေ သတ်မှတ်ထားတာရှိပြီး အဲ့ဒီလမ်းတွေကနေ လမ်းပြောင်းပြန်မောင်းတာမျိုး စစ်ဆေးတွေ့ရှိရင် အရေးယူခံရနိုင်တယ်လို့ သိရပါတယ်။ ချမ်းအေးသာစံမြို့နယ်ထဲမှာဆိုရင် ၂၉ လမ်း ကို ၈၄ လမ်းကနေ ၈၆ လမ်းအထိ…

Read More

မိုင်းရယ် ငွေလိမ်ဂိုဏ်း ဖမ်းဆီးချိန်မှာ အစိုးရတပ်ကို “ဝ” တပ်က ကူညီ

ဖေဖော်ဝါရီ ၆၊ ၂၀၂၅ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ် ဟိုက်ပုကျေးရွာအတွင်းမှာ အခုလ ၃ ရက်နေ့ မနက်က တရုတ်နိုင်ငံသားတွေ ပါဝင်တဲ့ ငွေလိမ်ဂိုဏ်းကို အစိုးရတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား အယောက် ၃၃၀ ကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းမိတဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ မိုင်းရယ်မြို့မှာ စစ်ဆေးနေတယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ “ဖမ်းမိတာ အများကြီးပဲ၊ သတင်းရလို့ ဝိုင်းပြီး ဖမ်းကြတာ။ အခု မိုင်းရယ်မှာ စစ်နေတယ်” လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ မိုင်းရယ်မြို့နယ်ထဲမှာ ငွေလိမ်ဂိုဏ်းတွေ စခန်းချနေတာ လနဲ့ချီ ရှိနေပြီ ဖြစ်ပြီး ဒေသခံတွေ သတင်းပေးတာကြောင့် အစိုးရတပ်က ဝေဟင်ကနေ ကင်းထောက် စုံစမ်းတာတွေလုပ်ပြီး ဝင်ဖမ်းခဲ့တာလို့ အစိုးရဘက်က သတင်းထုတ် ပြန်ပါတယ်။ ဖမ်းဆီးမှုအတွင်းမှာ တရုတ်နိုင်ငံသား…

Read More

မန်စယ်ရွာသား ကိုးယောက် အမြန်ဆုံး ပြန်လွှတ်ဖို့ ရှမ်းအဖွဲ့အစည်း ၁၁ ဖွဲ့ တောင်းဆို

ဖေဖော်ဝါရီ ၆၊ ၂၀၂၅။ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မန်စယ်ရွာအတွင်းမှာ ကိုးကန့် လက်နက် ကိုင်တပ်ဖွဲ့ MNDAA က ဖမ်းဆီးသွားတဲ့ ကျေးရွာသား ကိုးယောက်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ရှမ်းအဖွဲ့အစည်း ၁၁ ဖွဲ့က ဒီနေ့မှာ စာထုတ် တောင်း ဆိုလိုက်ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ရွာသား ကိုးယောက်ဟာ MNDAA တပ်ဖွဲ့ရဲ့ ဖမ်းဆီးရိုက်နှက် ခံထားရပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ရှမ်းအဖွဲ့အစည်းတွေရဲ့ စုပေါင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မန်စယ်ရွာအနီးမှာ MNDAA တပ်ဖွဲ့က ရွှေတူးဖော်ဖို့ လုပ်နေတာကို လက်မ ခံဘဲ ကန့်ကွက်ခဲ့တာကြောင့် ကျေးရွာသား ၃၆ ယောက်ကို MNDAA ကဖမ်း ဆီး သွားခဲ့ပြီး အဲဒီထဲက ကိုးယောက်ကို ဆက်လက် ဖမ်းဆီးထားတာ ဖြစ်ပါ တယ်။ “အခုဆို ခြောက်ရက်ရှိပြီ။ သူတို့…

Read More

ရွှေအသင်းဥက္ကဋ္ဌ ဖမ်းဆီးခံရပြီးနောက် ရွှေအရောင်းဝယ်ရပ်လုနီးပါးဖြစ်

ဖေဖော်ဝါရီ ၆ – ၂၀၂၆ SS (VOM) ရန်ကုန်တိုင်း ရွှေအသင်းဥက္ကဋ္ဌ အပါအဝင် ရွှေလုပ်ငန်းရှင် သုံးယောက် ဖမ်းဆီးခံရပြီးနောက် ရွှေအပိုင်းအရောင်းဝယ်အားလုံး ရက်အကန့်သတ်မရှိ ပိတ်ထားတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ “အရောင်းဝယ်တွေ အားလုံးကတော့ ရပ်ထားကြတယ်။ ဘာဆက်ဖြစ်မလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြတဲ့ သဘောပေါ့။ သိန်း ၁၀၀ အောက်ကျမှ ဈေးပြန်ဖွင့်လာနိုင်တယ်။ ရွှေလုပ်ငန်းတွေ တချို့ကတော့ ရွှေဈေး သိန်း ၁၀၀ ဖြစ်သွားကတည်းက ရှောင်နေကြတာ။ တချို့ ခေါ်ယူစစ်ဆေးခံနေရတယ် ကြားပေမယ့်လည်း YGEA က လူတွေလို့တော့ မကြားမိဘူး။ အခု အဖမ်းခံရမှသာ သိတာ” လို့ ရွှေကုန်သည် တယောက်က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ…

Read More

ဖားကန့်မှာ အင်ဂျင်ဝိုင်အဟောင်းချက်စက်ရုံက လို့ ယူဆရတဲ့ အနံ့ဆိုးတွေ ဒေသခံတွေ ဆိုးဆိုးဝါးဝါး ခံစားနေရ

ဖေဖော်ဝါရီ ၆၊ ၂၀၂၆ Shy V (VOM) ဖားကန့်မှာ အင်ဂျင်ဝိုင်အဟောင်းချက်စက်ရုံက လို့ ယူဆရတဲ့ အနံ့ဆိုးတွေ ဇန်နဝါရီ ၅ ရက်နေ့ညနေပိုင်းကစ ဒီကနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက် ၃ နာရီ ဝန်းကျင်ခန့်အထိ ဒေသခံတွေ ဆိုးဆိုးဝါးဝါး ခံစားရနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “တော်တော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်တာ ဒီတခါ။ လူတွေ အဓိက ထိခိုက်တာကတော့ ကလေးငယ်တွေ မူးတာတွေ၊ မူးလဲတာတွေ ရှိတယ်လို့ သိရတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ အနံ့ဆိုးက အင်ဂျင်ဝိုင်ဟောင်း ချက်စက်ရုံက စွန့်ပစ်တဲ့ ပစ္စည်း ရေထဲကို၊ ဥရုချောင်းထဲကို စွန့်ပစ်ရာကနေ နံတယ်လို့ ယူဆရပြီး အရင်ချိန်တွေတုန်းက သူတို့ ဘယ်လိုချက်သလဲဆိုတာကတော့ မသိဘူးလို့ သူက ပြောပါတယ်။ အနံ့ဆိုးကို…

Read More

သဘာဝဘေးဆိုင်ရာ ခန့်မှန်းချက်တွေကို Myanmar Weather Forecast အက်ပလီကေးရှင်းမှာ ကြည့်ရှုနိုင်

ဖေဖော်ဝါရီ ၆ – ၂၀၂၆ SN (VOM) မိုးလေဝသ သဘာဝဘေးဆိုင်ရာ ရက်နီး/ရက်ဝေး ခန့်မှန်းချက်တွေကို Myanmar Weather Forecast အက်ပလီကေးရှင်းမှာ အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်ပြီဖြစ်တယ်လို့ မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က ပြောပါတယ်။ Myanmar Weather Forecast အက်ပလီကေးရှင်းကို Software Engineer ကိုဇင်နောင်နောင်သက်ရဲ့ အကူအညီနဲ့ မိုးလေဝသနဲ့ ICT နည်းပညာ ပေါင်းစပ် ဖန်တီးထားတာဖြစ်ပြီး သဘာဝဘေး ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ IT နည်းပညာနဲ့ လူထုဆီ အလျင်အမြန် သတင်းရောက်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။ “ဒီ အက်ပလီကေးရှင်းမှာ ငလျင်ကလွဲလို့ တခြားသော သဘာဝဘေး အန္တရာယ်တွေ ဖြစ်နိုင်ခြေ ကြိုတင်ခန့်မှန်းချက်တွေကို သိရှိနိုင်မှာပါ။ ငလျင်နဲ့ ပတ်သက်လို့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ လှုပ်ခတ်သွားတဲ့ အခြေအနေလေးတွေကိုလည်း သိရှိနိုင်ပါမယ်။…

Read More
✕
VOM News

FREE
VIEW