ဆူးငှက် အ.ထ.က ၁ က ၁၀တန်းကျောင်းသား —————————————— ကျွန်တော်တို့ ၁၀တန်းတက်တော့ ၁၀တန်း ဘီ အခန်းမှာပဲဖြစ်သည်။ ၁၀တန်း ဘီ က ရုံခန်းရှိသော ပင်မဆောင်ကြီး အပေါ်ထပ်ဖြစ်သည်။ အဆောက်အအုံကြီးက ကိုလိုနီခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံကြီးမို့ လှေကားကအစ ကြမ်းခင်းများ အထိ ခံ့ညားနေသည်။ အဆောက်အအုံ အပေါ်ထပ်၏ အရှေ့ဘက် အစွန်ဆုံးအခန်းက စာကြည့်တိုက် ဖြစ်သည်။ စာကြည့်တိုက်၏ အနောက်ဘက်က ၁၀တန်း အေ အခန်းဖြစ်သည်။ ပြီးလျှင် ကျွန်တော်တို့ ၁၀တန်းဘီ၊ ပြီးလျှင် ၁၀တန်း စီ အခန်းဖြစ်သည်။ ၁၀ တန်း ဒီကတော့ အောက်ထပ်က ရုံးခန်း၏ အရှေ့ဘက်ကဟု မှတ်မိနေသည်။ သည်တစ်ခါ ကျွန်တော်တို့ ၁၀တန်းဘီ၏ အတန်းပိုင်က ဆရာမ ဒေါ်ခင်မြမြအေး ဖြစ်ပါ၏။ ဆရာမက အတော်ချောသည်။ အထူးသဖြင့်…
Read MoreMonth: February 2026
မတ်လ ၁ ရက်နေ့ကစပြီး OWIC ကတ်ဖိုးငွေကို မြန်မာ့စီးပွားရေး ဘဏ်ကနေ ပေးသွင်းရမယ်
ဖေဖော်ဝါရီ ၁၁ – ၂၀၂၆ SS (VOM) ပြည်ပကို တရားဝင် အလုပ်သွားရောက် လုပ်ကိုင်မယ့် အလုပ်သမားတွေအနေနဲ့ OWIC (အလုပ်သမား သက်သေခံကတ်) ဖိုးငွေနဲ့ ပျောက်ဆုံး/ပျက်စီး ဒဏ်ကြေးကို မတ်လ ၁ ရက်နေ့ကစပြီး မြန်မာ့စီးပွားရေးဘဏ်ကနေ ပေးသွင်းရမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက မနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသိပေး ကြေညာထားပါတယ်။ OWIC ကတ် ပြုလုပ်ခွင့်ရရှိကြောင်း ကြေညာခြင်းခံရတဲ့ အလုပ်သမားတွေအနေနဲ့ လာမယ့် မတ်လ ၁ ရက်ကစပြီး OWIC ကတ်ဖိုး ၅၆၀၀ ကျပ်နဲ့ ပျောက်ဆုံး/ပျက်စီးပါက ဒဏ်ကြေးအဖြစ် နှစ်သောင်းနှစ်ထောင့် လေးရာကျပ်ကို မြန်မာ့စီးပွားရေး ဘဏ်ခွဲတွေကတဆင့် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်မှာ ဖွင့်လှစ်ထားတဲ့ “ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ” ရဲ့ ငွေစာရင်းအမှတ် OA-013904 ကို အလုပ်သမားကိုယ်တိုင်…
Read Moreသူတို့အိမ် အခန်း – ၅၃
ဆူးငှက် သူငယ်ချင်းအချို့၏ ဒုတိယအရွယ်လွန်ကာလ ———————————————— ကျွန်တော်တို့ ၁၀တန်းတက်ရမည့် နှစ်မှာပင် သူငယ်ချင်းသန်းဆောင်က ကျောင်းထွက်လိုက်သည်။ တကယ်တော့ သူငယ်ချင်းမို့သာ သန်းဆောင်ဟု ခေါ်သော်လည်း သူက အသက်ကြီးသည်။ ထို့ကြောင့် အပြင်မှာလည်း ကျှွန်တော်က သူ့ကို ကိုသန်းဆောင်ဟုပဲ ခေါ်ကာ ခင်ဗျားနှင့် ကျွန်တော်ဟုသာ ပြောဆိုခဲ့ပါသည်။ တကယ်တော့ ကျွန်တော်နှင့် မူလတန်း အလယ်တန်း က သူငယ်ချင်းတွေ အားလုံးလိုလိုက ကျွန်တော့်ထက် အသက်ကြီးကြပါသည်။ တချို့က လပိုင်း၊ တချို့က နှစ်ပိုင်းအတော်များများအထိ ကြီးကြပါသည်။ ထို့ကြောင့် နှုတ်ကျိုးနေသည့် သူငယ်ချင်း ၂ယောက် ၃ယောက်လောက်က လွဲလို့ ကျန်သူငယ်ချင်းများကို “ကို” တပ်၍ခေါ်ရပါသည်။ အခုတော့ နှုတ်ကျိုး၍ မင်းပဲ ငါပဲ ပြောခဲ့သည့် သူငယ်ချင်းများကိုပင် “ကို”တပ်၍ ခင်ဗျာ ကျွန်တော် ပြောရပါသည်။ ကိုသန်းဆောင်က အရင်ပြောခဲ့သည့်အတိုင်း လုပ်ငန်းကို…
Read Moreငွေလဲစနစ်နဲ့ နယ်စပ်ဂိတ်ကန့်သတ်မှုကြောင့် တန်းဆီ ပို့ကုန်လုပ်ငန်းရှင်တွေ ဈေးနှိမ်ခံ ရောင်းနေရ
ဖေဖော်ဝါရီ ၈၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် နယ်စပ်ဒေသထွက် တန်းဆီ ခေါ် ရေနံဆီသီး ကုန်ချောအဆီတွေကို ပြည်ပတင်ပို့ရာမှာ နိုင်ငံခြားငွေလဲလှယ်စနစ်ကန့်သတ်မှု၊ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ တရားဝင်တင်ပို့ခွင့် မရတာတွေကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေ အခက်အခဲမျိုးစုံကြုံနေရပြီး ဈေးနှိမ်ခံ ရောင်းချနေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဆီသီးအဆီကို အင်္ဂလန်နိုင်ငံဘက် ပို့မယ်ဆိုရင် ဈေးကောင်းရပေမယ့် ပို့ကုန်ရငွေကို ဒေါ်လာနဲ့ လက်ခံရရှိပြီးနောက် အစိုးရသတ်မှတ်နှုန်းနဲ့သာ ဘဏ်ကနေ မြန်မာကျပ်ငွေ ပြန်လဲရတဲ့အချိန်မှာ ဆုံးရှုံးမှုကြီးမားနေတယ်လို့ ဆိုပါတယ်။ ဆီသီးအဆီ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက “အင်္ဂလန်ကို ပို့ရင် ဈေးကောင်းတယ်၊ ရောင်းရလည်း မခက်ဘူး။ မြတ်လည်းမြတ်တယ်။ ဒါပေမယ့် ဒေါ်လာကို မြန်မာငွေ ပြန်လဲတဲ့အချိန်မှာပဲ အများကြီးရှုံးသွားတယ်” လို့ ပြောပါတယ်။ လက်ရှိ ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်း ပေါက်ဈေးအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အမေရိကန်…
Read Moreထိုင်းမှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ ကားအပါအဝင် ကား လေးစီး ဆင့်တိုက်မှုဖြစ်လို့ မြန်မာ ၁၈ ယောက် ဒဏ်ရာ ရ
ဖေဖော်ဝါရီ ၈ – ၂၀၂၆ SN (VOM) ထိုင်းနိုင်ငံမှာ မနေ့ ဖေဖော်ဝါရီ ၇ ရက်၊ မနက်ပိုင်းက မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ Isuzu ပစ်ကပ်ကား အပါအဝင် ကား လေးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး မြန်မာ ၁၈ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ ထိုင်းနိုင်ငံ၊ ချောင်ဘူရီခရိုင်၊ စီရာချာမြို့နယ်ထဲက အဝေးပြေး လမ်းမကြီးပေါ်က ပင်ထောင် (၃) စက်မှုဇုန်ရှေ့မှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး ပစ်ကပ်ကားပေါ် လိုက်ပါလာတဲ့ မြန်မာလုပ်သား အမျိုးသား ၁၀ ယောက်၊ အမျိုးသမီး ရှစ်ယောက် ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ပစ်ကပ်ကားက အရှိန်နဲ့ မောင်းလာရင်း တဖက် လမ်းကြောကိုပြောင်းဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ယာဉ်ကြော…
Read Moreဗန်းမောက်မြို့ကို အစိုးရတပ်နဲ့ SNA က ပြန်လည်ထိန်းချုပ်
ဖေဖော်ဝါရီ ၉ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ အလုံးစုံ ပြန်လည် ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ SNA တပ်မဟာ (၆၁၄) က သတင်းထုတ်ပြန်ထားပါတယ်။ ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပြီး မြို့ကို ပေးလိုက်ရပြီး ရက်ပိုင်းအတွင်းမှာ SNA က အစိုးရတပ်ရဲ့ အကူအညီနဲ့ မြို့အနောက်ခြမ်းကနေ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ စစ်ဆင်ရေးကာလ လေးလကျော် ကြာမြင့်ခဲ့ပြီးနောက် KIA ပူးပေါင်းတပ်တွေ ယာယီစိုးမိုးထားတဲ့ ဗန်းမောက်မြို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မနေ့…
Read Moreကန့်ဘလူမြို့မှာ ကုန်စည်အဝင် မရှိတော့တဲ့အတွက် ရိက္ခာပြတ်လုနီးနေ
ဖေဖော်ဝါရီ ၉ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ အစိုးရ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ ပိတ်ဆို့ ဟန့်တားမှုတွေကြောင့် ကုန်စည်အဝင် မရှိတော့ဘဲ ရိက္ခာပြတ်လပ်ပြီး ကုန်ဈေးနှုန်း မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ကန့်ဘလူမြို့ကို အစိုးရတပ်နဲ့ ပြည်သူ့စစ်တွေ အဝင်အထွက် ပိတ်ဆို့ထားသလို မြို့ပြင်မှာလည်း ဒေသတွင်း လက်နက်ကိုင်တပ်တွေက အဲဒီမြို့ကိုသွားမယ့် ကုန်တင်ကားတွေကို ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်နေလို့ ကုန်စည်စီးဆင်းဖို့ ခက်နေတယ်လို့ သိရပါတယ်။ “ဘယ်သူ့ဘက်ကိုမှ လိုက်ပြီး ပြောတာမဟုတ်ဘူး။ တကယ်တမ်းက ကန့်ဘလူ ကျွန်းလှဘက်ကိုသွားတဲ့ ကုန်ကားမှန်ရင် လမ်းတင် ဖမ်းပြီး ပစ္စည်းတွေဆွဲချ လုပ်နေတာက လက်နက်ကိုင်တပ်တွေပါ။ အဲဒီဂိတ်တွေက ပိုက်ဆံကောက်တာတွေလည်း အရမ်းများတယ်။ ဒါကြောင့် ကန့်ဘလူနယ်ထဲ ကုန်အဝင် မရှိတော့တာ။ အဲဒီမှာ အစိုးရတပ်တွေဘက်ကလည်း မြို့ကို…
Read Moreအွန်လိုင်းကဝယ်ယူထားတဲ့ ရထားလက်မှတ်တွေ ထုတ်ပေးမယ့်အချိန် လိုင်းကျနေလို့ ပျဥ်းမနားဘူတာဝန်ထမ်းတွေနဲ့ ခရီးသည်တွေအခက်ကြုံခဲ့
ဖေဖော်ဝါရီ ၉-၂၀၂၆ KKL(VOM) မြန်မာ့မီးရထားဆီက အွန်လိုင်းကနေ ခရီးသည်တွေရဲ့ ဝယ်ယူထားတဲ့ကြိုတင်လက်မှတ်တွေအတွက် အထောက်အထားပြန်ပေးဖို့ လက်မှတ်တွေထုတ်ရမယ့်အချိန်မှာ အင်တာနက်လိုင်းကျနေတဲ့အတွက် အခုလ ၈.၂.၂၀၂၆ ရက်နေ့က နေပြည်တော် ပျဥ်းမနားဘူတာ ရုံပိုင်ကြီးနဲ့ဝန်ထမ်းတွေနဲ့ခရီးသည်တွေ အခက်ကြုံခဲ့ကြတယ်လို့ သိရပါတယ်။ “မနေ့က ဖြစ်ခဲ့တာက မနက် ၁၀ နာရီလောက်လိုင်းက ကျကျသွားတယ် အွန်လိုင်းကို လက်ပ်တော့နှစ်လုံးနဲ့ရောင်းချပေးနေတဲ့အချိန်မှာ လက်မှတ်လာယူတဲ့အချိန် လိုင်းကကျသွားတယ် သုံးမရတော့ဘူး အဲ့ဒီတော့ကျွန်တော်တို့ဖက်ကတော်တော်အခက်အခဲဖြစ်သွားတယ် ပထမနေ့ကဆိုရင်ခရီးသည်တော်တော်အဆင်ပြေတယ် ရထားပေါ်ထိတောင်လက်မှတ်လိုက်ရောင်းပေးတာ အမှန်ကတော့ဖုန်းနဲ့လက်မှတ်ဖြတ်ပြီးမှ ဖုန်းနဲ့လက်မှတ်ဖြတ်တဲ့သူတွေလည်း ဒေတာကောင်းတော့အားလုံးအဆင်ပြေတယ် ပြီးတော့မှ သူတို့ကို ထောက်အထားအတွက် လက်မှတ်ထုတ်ရမှာလေ အဲ့ဒီအချိန်ကျမှလိုင်းကျနေတော့ ပရင့်ထုတ်လို့မရတော့ဘူး အဲ့လိုဖြစ်တော့ ဖုန်းပါတဲ့သူတွေကို စခရင်ရှော့ရိုက်ပြီးအထောက်အထားလုပ်ပေးခဲ့သလို ဖုန်းမပါတဲ့သူတွေကိုတော့ လက်မှတ်ဖြတ်ပြီး ငွေသွင်းပေးပြီးပါပြီဆိုပြီးအထောက်အထားလေးတွေ လုပ်ပေးလိုက်ရပါတယ် အမှန်တော့ အွန်လိုင်းကဝယ်ထားတဲ့လက်မှတ်တွေကို ဘူတာကို တနာရီကြိုရောက်ပြီးသူတို့လာထုတ်ရင်ထုတ်ပေးရမှာပါ အခုလို ဖြစ်သွားခဲ့တာပါ” လို့ ပျဥ်းမနားဘူတာက ရုံပိုင်ကြီး ဦးကျော်မိုးလွင်က ပြောပြပါတယ်။ မနေ့က…
Read Moreချင်းပြည်နယ်နဲ့ မကွေးတိုင်းမှာ စစ်ရေးအခြေအနေ တင်းမာမှုတွေရှိနေ
ဖေဖော်ဝါရီ ၉ – ၂၀၂၆ SS (VOM) ချင်းပြည်နယ် (တောင်ပိုင်း) က မတူပီ၊ ကန်ပက်လက်၊ မင်းတပ်မြို့တွေနဲ့ မကွေးတိုင်းအတွင်းက ပေါက်မြို့နယ်မှာ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှု၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် လူသေဆုံး၊ ဒဏ်ရာရမှုတွေရှိနေတဲ့အပြင် ဒေသခံတွေလည်း တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ချင်းတောင်ပိုင်းက မတူပီ၊ ကန်ပက်လက်၊ မင်းတပ်မြို့တွေမှာ မနေ့ ဖေဖော်ဝါရီ ၈ ရက်၊ တရက်တည်းမှာတင် လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးကာ ၁၀ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ မတူပီမြို့က ချန်းပြန်း (က) ကျေးရွာမှာ မနေ့ နေ့လယ် ၁၂ နာရီ ၃၃ မိနစ်ဝန်းကျင်က လေကြောင်း တိုက်ခိုက်မှု သုံးကြိမ်၊ မွန်းလွဲ ၂ နာရီ…
Read Moreနတ်တလင်းမှာ ဒရုန်းဗုံးကြဲခံရလို့ PDF တပ်ဖွဲ့ဝင်တွေ သေဆုံးနဲ့ ဒဏ်ရာရရှိခဲ့
ဖေဖော်ဝါရီ ၉ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်းအနောက်ပိုင်း ၊ နတ်တလင်းမြို့နယ် ၊ အရှေ့ခြမ်းရှိ ကျေးရွာတချို့နဲ့ ပဲခူးရိုးမ အစပ်နေရာတွေမှာ လေကြောင်းကနေ ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခံခဲ့ရပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဝင်တွေ သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့ မနက်ပိုင်းမှာ အစိုးရတပ်က ဒရုန်းဗုံး ကြဲချ တိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၊ တိုက်ခိုက်မှုက ကန်သာယာ ကျေးရွာရှိ PDF တပ်ဖွဲ့ရဲ့ ကင်းစခန်းပြုလုပ်ထားတဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ကာ PDF အဖွဲ့ဝင် ခုနှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ” အဲဒီဘက်တွေက သွားလာလို့လည်း မရဘူး ။ လက်နက်ကိုင်တွေ စိုးမိုးနယ်မြေလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ သတင်းကြားတာတော့ ခုနှစ်ယောက်လို့တော့ ကြားတယ်။ ထပ်သေတာတွေလည်း ရှိတယ်လို့တော့…
Read More