ပန်းအိုးဆိုတာ ပန်းပင်ရဲ့ အဝတ်အစား ၊ အိမ်ရဲ့ အလှကျက်သရေနဲ့ ထည်ဝါခမ်းနားမှုဟာ ပန်းအိုးနဲ့ပန်းပင်ကလည်း အဓိကကျတာမို့ မိတ်ဆွေရဲ့ တန်ဖိုးကြီးတဲ့အိမ်တော်မင်္ဂလာ ပိုမိုလှပတင့်တယ်ဖို့ ဖွေးဖွေးပန်းအိုးနဲ့ ဥယျာဥ်သုံး ပစ္စည်းဆိုင်ကို ကြွလှမ်းခဲ့ပါ ဖွေးဖွေးတို့က စောင့်ကြိုနေပါတယ်။ အဆွေတော်တို့အိမ်တော်မင်္ဂလာကို ပန်းပင်ပန်းအိုးတွေနဲ့ ပိုမိုလှပတင့်တယ်ဖို့ အကြံဥာဏ်တွေရချင်ရင် ဖွေးဖွေးတို့နဲ့ ဆက်သွယ်ဖို့ Phway ‘s Pardise ရဲ့ပဲ့ကိုင်ရှင် မသဲစုကဖိတ်ခေါ်ထားပါတယ်။
Read MoreMonth: February 2026
စပါးစျေးကွက်မကောင်းတဲ့အတွက် ထပ်ပြီးရှုံးမှာကြောက်လို့ တောင်သူတွေ နွေစပါးကို မစိုက်လိုကြ
ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၆ CC (VOM) စပါးစျေးကွက်က အကျဘက်မှာရှိနေပြီး စျေးကွက်မကောင်းတဲ့အတွက် ထပ်မံပြီး အရှုံးနဲ့ရင်ဆိုင်ရမှာ စိုးရိမ်တာကြောင့် တောင်သူတွေအနေနဲ့ ယခုနှစ်မှာ နွေစပါးကို စိုက်ပျိုးလိုခြင်း မရှိကြောင်း တောင်သူတွေက ပြောပါတယ်။ တောင်သူတွေအနေနဲ့ အရှုံးကိုရင်ဆိုင်ရနိုင်တဲ့အတွက် နွေစပါးကို မစိုက်ပျိုးလိုပေမယ့်လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက နွေစပါးကို မဖြစ်မနေ စိုက်ပျိုးခိုင်းနေတာကြောင့် တောင်သူတွေမှာ အခက်တွေ့နေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ နွေစပါးစိုက်ပျိုးဖို့အတွက် ဆည်ရေသောက်ဧရိယာအတွင်းရှိ နွေစပါးစိုက်ပျိုးနိုင်တဲ့ လယ်ဧကတွေကို ဆည်ရေတွေ စတင်လွှတ်ပေးနေပြီး စိုက်ပျိုးမှုကို တောင်သူအစီအစဥ်နဲ့ စပါးပက်ကြဲခြင်းအစား အစေ့ချစက်သုံးပြီးသာ စပါးမျိုးစေ့ချ စိုက်ပျိုးရမှာ ဖြစ်တယ်လို့ သိရပါတယ် ။ ” နွေစပါးမလုပ်ချင်ဘူး ။ခုစပါးစျေးနဲ့ဆိုရင် ရှုံးမယ်ဆိုတာ သိနေတယ်။ တွက်လို့ရတယ်လေ။ အရင်နှစ်နွေစပါးကလည်း ရှုံးတယ်။ ခုမိုးစပါးလည်း ရှုံးတယ်။ အခုဒီနှစ်နွေစပါးပါ ထပ်ရှုံးရင် ကျွန်တော်တို့ ဘယ်လိုမှ…
Read Moreမြစ်သားမြို့နယ် ၊ သစ်တက်ကုန်းဆည်မှာ ညီအစ်ကိုနှစ်ယောက် ရေနစ်သေဆုံး
ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း ၊ မြစ်သားမြို့နယ် ၊ သစ်တက်ကုန်းဆည်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်က အမျိုးသားနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသား နှစ်ယောက်ဟာ အသက် ၁၈ နှစ်နဲ့ အသက် ၂၁ နှစ်အရွယ်ရှိ ညီအစ်ကိုတွေဖြစ်ပြီး ကူမဲမြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ကြောင်း သိရပါတယ်။ ” ညီက ရေနစ်တာကို အစ်ကိုက လိုက်ကယ်ရင်းကနေ ညီအစ်ကိုနှစ်ယောက်လုံး ရေနစ်သေဆုံးတာလို့ သိရတယ် ။သူတို့က ကူမဲကနေ မြစ်သားကို လာပြီး ကွန်ပစ်ငါးဖမ်းကြတာလို့သိရတယ်။ သူတို့နဲ့အတူ လာသူတွေလည်းရှိတယ်။ ရေနစ်တော့ အတူပါလာသူတွေက အကြောင်းကြားလို့ ကယ်ဆယ်ရေး လုပ်ခဲ့တာပါ ။…
Read Moreမြစ်ကြီးနားလေဆိပ်ကို အသေခံဒရုန်းနဲ့တိုက်ခိုက်ခံရမှုကို တားဆီးနိုင်ပေမယ့် လေကြောင်းခရီးစဥ်တွေ ဖျက်သိမ်းခဲ့ရ
ဖေဖေါ်ဝါရီ ၁၃ ၊ ၂၀၂၆ CC (VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနားလေဆိပ် နဲ့ အနီးတဝိုက်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပြီး လေကြောင်းခရီးစဥ်တွေ အားလုံးဖျက်သိမ်း လိုက်ရတယ်လို့ စုံစမ်းသိရှိရပါတယ် ။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းမှာ မြစ်ကြီးနား လေဆိပ်နဲ့ အနီးတဝိုက်ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့က FPV Suicide Drome သုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုကို အစိုးရတပ်ဘက်က ဟန့်တား နိုင်ခဲ့တယ်လို့ အစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ် ။ အလားတူ ညနေပိုင်းမှာလည်း လေဆိပ်အနီးရှိ အဆောက်အဦတခုပေါ်ကို ဒရုန်းဗုံးကျရောက် ပေါက်ကွဲမှု ရှိခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။ ” ခုညနေ လေဆိပ်နားက ဘိုးဘွားရိပ်သာ ခေါင်မိုးပေါ်ကို ဒရုန်းဗုံးကျသေးတယ်။ခေါင်မိုးပေါ်က ရေစင်ပေါ်ကိုကျတာ…
Read Moreသူတို့အိမ် အခန်း ၅၅
ကျွန်တော် ပုံဆွဲသမား —————————– ကျွန်တော်တို့ ၁၀တန်းဘီ၏ အင်္ဂလိပ်စာကို ဆရာကြီးဦးလှအောင်က သင်သည်။ ထိုနှစ်က စပြီး အင်္ဂလိပ်စာက သင်ရိုးပြောင်းသည်။ မှတ်မိကြမှာပေါ့ ချင်ပင်ဇီတို့ ဖလောရင့် နိုက်တင်ဂေးတို့ ဖြစ်သွားသည်။ စံနစ်သစ်ဆိုလား၊ အင်္ဂလိပ်စာကို မြန်မာလို ပြောမသင်ရ။ အင်္ဂလိပ်လိုပဲ ရှင်းပြရမည်တဲ့။ ဆရာကြီးဦးလှအောင်က သူ့အင်္ဂလိပ်စာ သင်ရိုးသစ်အတွက် ပြဋ္ဌာန်းစာအုပ်ထဲက သရုပ်ဖော်ပုံတွေကို ၂၀လက်မ × ၃၀လက်မ အရွယ် ပုံကြီးများ ဆွဲရန် ဘယ်သူ တာဝန်ယူနိုင်မလဲဟု မေးသည်။ သည်တော့ မော်နီတာ ကိုပေါစံ အပါအဝင် အတန်းသား အားလုံးက ကျွန်တော့်ကို လှမ်းကြည့်နေကြသည်။ ထိုအခါ ကထိန်တွင် ပဒေသာပင် လက်စွမ်းပြခဲ့သော ကျွန်တော်က ဆရာကြီးဦးလှအောင် ပေးသော တာဝန်ကို ရဲရဲ ယူလိုက်ပါ၏။ ထို့ကြောင့် ကျောင်းက အပြန်…
Read Moreဒလ တံတား ယာဉ်ဖြတ်သန်းခွင့်ကို တန်ချိန်အလိုက် ကောက်ခံမယ်
ဖေဖော်ဝါရီ ၁၀ – ၂၀၂၆ SS (VOM) မြန်မာ – ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား ယာဉ်ဖြတ်သန်းခွင့်ကို လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး တန်ချိန်အလိုက် ကောက်ခံသွားမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနက အသိပေး ကြေညာထားပါတယ်။ တံတားဖြတ်သန်း အသုံးပြုခကို ယာဉ်အမျိုးအစား လေးမျိုး ခွဲခြားကောက်ခံမှာဖြစ်ပြီး အိမ်စီးကား ၃ တန်အောက် (Land Cruiser, Wish, Alphard, Double Cab, Super Custom) ကို ၅၀၀ ကျပ်၊ ခရီးသည်တင်ယာဉ် (ငယ်) ၆ တန် (ကင်တာ၊ လိုက်ထရပ်၊ ဒိုင်နာ) ကို ၁,၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါအပြင် ခရီးသည်တင်ယာဉ် (လတ်/ကြီး) ၂၁…
Read Moreပြည်ပပြန်လည် ထွက်ခွာခွင့်ကို ထွက်ခွာမယ့်နေ့မှ ချပေးသလို နောက်ကျမှပေးတာတွေကြောင့် ပြည်ပမှာအလုပ်လုပ်ရသူတွေ အခက်တွေ့
ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၆ GG (VOM) ခွင့်ပြန်လုပ်သားတွေကို ပြည်ပပြန်လည် ထွက်ခွာခွင့်ပြုကြောင်း ချပေးရာမှာ ပြည်ပကို ထွက်ခွာရမယ့် နေ့ရက် ညနေပိုင်းမှာမှ အမည်စာရင်း ချပေးခြင်း ၊ ထွက်ခွာခွင့် ပြုဖို့တင်ပြထားတဲ့ ရက်ကျော်လွန်ပြီးမှ အမည်စာရင်း ချပေးတာမျိုးတွေ ဖြစ်ပေါ်နေတယ်လို့ အခက်ကြုံသူတွေအပြောအရ သိရပါတယ်။ အဲဒီအတွက် ပြည်ပ ထွက်ခွာမယ့်ရက် ညနေပိုင်းမှ အမည်စာရင်းချပေးခံရသူ ၊ ထွက်ခွာခွင့် ပြုဖို့တင်ပြထားတဲ့ ရက်ကျော်လွန်ပြီးမှ အမည်စာရင်း ချပေးခြင်းခံရသူတွေဟာ လေယာဥ်လက်မှတ်ခတွေ ဆုံးရှူံးသလို ပြည်ပနိုင်ငံရှိ အလုပ်ရှင်ကိုလည်း တောင်းပန်ရတာတွေအထိ လုပ်နေကြရတယ်လို့ သိရပါတယ်။ ” ထွက်ခွာခွင့် ပြန်ချပေးတော့ ပြန်ထွက်ဖို့ တင်ပြထားတဲ့နေ့ ညနေဘက်ကြီးမှ ချပေးတယ်။ လေယာဉ်ချိန်အများစုက မနက်ပိုင်း နေ့ခင်းပိုင်း များတော့ အဆင်မပြေတော့ဘူးလေ ။ ရက်ကို ကြိုမကျတဲ့သူတွေတွက်ဆုံးရူံးမူတွေ များနေပါပြီ။ တချို့ဆို…
Read Moreထိုက်သူပန် ယာဥ်လိုင်း ဖွင့်ပွဲအထိမ်းအမှတ် နေပြည်တော်-ရန်ကုန်-မန္တလေး အခမဲ့သုံးရက်ပြေးဆွဲပြီးရင် လားရှိူး မူဆယ်ထိ တိုးချဲ့ပြေးဆွဲမယ်
ဖေဖော်ဝါရီ ၁၀-၂၀၂၆ KKL(VOM) ထိုက်သူပန်ယာဥ်လိုင်းဟာ နေပြည်တော်-ရန်ကုန်၊ နေပြည် တော် – မန္တလေး ခရီးစဥ်အပြင် ရန်ကုန် နေပြည်တော် နဲ့ မန္တလေး နေပြည်တော်ခရီးစဥ်တွေကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစပြီး ယာဥ်လိုင်းဖွင့်ပွဲနဲ့အတူ အခမဲ့ ၃ ရက်တာပြေးဆွဲပေးမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာ နေပြည်တော်-ရန်ကုန်ခရီးစဥ်ခရီးသည်(၁၀၀)၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်မှာ ခရီးသည်(၅၀) အတွက် ညနေ ၅ နာရီမှာ စတင်မှာပါ။ ရန်ကုန်-မန္တလေးခရီးစဥ်ကိုတော့ ခရီးသည် (၄၀) မန္တလေး-ရန်ကုန်ခရီးစဥ်မှာလည်း ခရီးသည်(၄၀) လက်ခံပြီး ည ၇ နာရီ စတင်ထွက်ခွာပြေးဆွဲပေးသွားမှာပါ။ ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ နေပြည်တော်- ရန်ကုန်ခရီးစဥ်ကို ခရီးသည်(၅၀)၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်ကို ခရီးသည် (၅၀)နဲ့ ညနေ ၅ နာရီမှာ ပြေးဆွဲမှာဖြစ်ပြီး ရန်ကုန်-မန္တလေးခရီးစဥ်မှာ ခရီးသည် (၄၀) မန္တလေး-ရန်ကုန်ခရီးစဥ်လည်း…
Read Moreထန်တလန်မှာ လေကြောင်း တိုက်ခိုက်မှုဖြစ်ပြီး ခြောက်ယောက် သေဆုံး
ဖေဖော်ဝါရီ ၁၀ – ၂၀၂၆ SN (VOM) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်၊ နေ့လယ်ပိုင်းက လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးကာ ခုနစ်ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ထန်တလန်မြို့နယ်၊ တလန်ခွါကျေးရွာမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံး၊ ဒဏ်ရာရမှုတွေအပြင် စာသင်ကျောင်းနဲ့ အဆောက်အအုံတွေလည်း ထိခိုက် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ “တလန်ခွါရွာကျောင်းနဲ့ ဘောလုံးကွင်းနားက အိမ်ဆောက်နေကြတဲ့ နေရာမှာ ပေါက်ကွဲမှုဖြစ်တာပါ။ ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်အဆင့်တွေလည်း ပါတယ်။ သေဆုံးသူ အရေအတွက်က ဆက်တိုးလာနိုင်တယ်” လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။ ဒါအပြင် ဒီကနေ့ မွန်းလွဲ ၂ နာရီ…
Read Moreပေါက်မြို့နယ် တောင်ပိုင်းက ချက်ကန်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့
ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၆ CC (VOM) မကွေးတိုင်း ၊ ပေါက်မြို့နယ် တောင်ပိုင်းရှိ ၊ ချက်ကန်ရွာမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ မနက် ၁၀ နာရီလောက်ကစပြီး ၁၁ နာရီလောက်အထိ အစိုးရတပ်က လေကြောင်းကနေ ဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ရေးသတင်းရင်းမြစ်က ” လူဒါဇင်ချီ သေတယ်တော့ သိရတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိတယ်။ များတယ် သိရတယ်။ ကျန်တဲ့ အခြေအနေကတော့ မသိရသေးဘူး ။ ” လို့ ပြောပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်ခံရတဲ့ ချက်ကန်ရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် ပေါက်မြို့နယ် တောင်ပိုင်းထဲက ကျေးရွာတချို့ဘက်တွေမှာ…
Read More