မိုင်းပေါက်မှာ “ဝ” တပ်ဖွဲ့က အမျိုးသား သုံးယောက်ကို သေဒဏ် ချမှတ်

ဖေဖော်ဝါရီ ၆၊ ၂၀၂၅။ NN(VOM) UWSA တပ်ဖွဲ့ ထိန်းချုပ်တဲ့ “ဝ” ဒေသ မိုင်းပေါက်မြို့မှာ ဒီမနက်ပိုင်းက အမျိုးသား သုံးယောက်ကို “ဝ” တပ်ဖွဲ့က သေဒဏ် ပေးလိုက်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ လူသတ်မှု ကျူးလွန်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ အမျိုးသား သုံးယောက်ကို လူမြင်ကွင်းထဲ ခေါ်လာပြီး “ဝ” တပ်ဖွဲ့ တရားစီရင်ရေးအဖွဲ့က သေဒဏ် ချလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ “လူငယ်လေးတွေပဲ ကားနဲ့ တင်ခေါ်လာပြီး ဈေးအနောက်က ကွင်းထဲမှာ လူသတ်လို့ဆိုပြီး သေဒဏ် အမိန့် ချလိုက်တာ” လို့ မိုင်းပေါက် မြို့ခံ တယောက်က ပြောပါတယ်။ အမိန့်ချပြီး နောက်မှာ သူတို့ကို တစ်နေရာကို ခေါ်ထုတ်သွားပြီး သေနတ်နဲ့ စီရင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ပစ္စည်းခိုးပြီး လူသတ်လို့ဆိုပြီး သေဒဏ် ပေးလိုက်တာ၊…

Read More

အာဇာနည်​ခေါင်း​ဆောင် ဦးဘဝင်းရဲ့သား NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ကွယ်လွန်

ဖေဖေါ်ဝါရီ ၆ – ၂၀၂၆ ပြီးခဲ့တဲ့ ရက်ပိုင်းက အ​မေရိကန်ပြည်​ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ ဆေးရုံတခုမှာ ဆေးကုသမှုခံယူနေရတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ဒီကနေ့ ​ဖေ​ဖော်ဝါရီ ၆ရက် ဝါရှင်တန်စံ​တော်ချိန် မနက် ၆နာရီ ၄၇ မိနစ်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ဒေါက်တာစိန်ဝင်းဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ မောင်နှမဝမ်းကွဲဖြစ်ပြီး ဗိုလ်ချုပ်​အောင်ဆန်းရဲ့အစ်ကိုရင်း ဦးဘဝင်းရဲ့ သားဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တဦးလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက လစ်လျူရှုပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အာဏာလွှဲ ပြောင်းခြင်း မရှိတဲ့ အတွက် ဒေါက်တာစိန်ဝင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ ကရင်အမျိုးသား အစည်းအရုံး KNU ဌာနချုပ် မာနယ်ပလောကို တောခိုခဲ့ပြီးနောက် NCGUB ကို ဖွဲ့စည်းက…

Read More

သူတို့အိမ် အခန်း – ၅၁

ဆူးငှက်     ၁၂နှစ်သားလောက်က VIP ——————————— မန္တလေးသင်္ကြန်ကို ကားနှင့် တစ်ခါမှ မလည်ဖူးသေးသော ကျွန်တော်သည် ၁၂နှစ်သား ၈တန်းနှစ်လောက်ကမူ VIP ဧည့်သည်အဖြစ် ဗဟိုမဏ္ဍပ်ပေါ်တွင် သင်္ကြန်တွင်းညတိုင်း ထိုင်ခွင့်ရသည်ကို မှတ်မိပါသည်။ ပြန်လှန် စဉ်းစားလိုက်တော့ သင်္ကြန်တွင် ဗဟိုမဏ္ဍပ်မပြောနှင့် အခြားအသင်းမဏ္ဍပ်များမှာပင် စင်ပေါ်မတက်ဖူးပါ။ ထို့ထက် အမှတ်တရပြောရလျှင် သည်ဖက်ခေတ် မြို့တော်ဝန်မဏ္ဍပ်၊ မြို့တော် မဟာသင်္ကြန် မဏ္ဍပ် စသည်တို့တွင်လည်း တစ်ခါမျှ မတက်ဖူး မထိုင်ဖူးပါ။ သင်္ကြန်နှင့် ပတ်သက်၍ ၈တန်းကျောင်းသားတုန်းကပဲ VIP ဖြစ်ခဲ့ဖူးပါသည်။ ထိုနှစ် ဗဟိုမဏ္ဍပ်က ၈၄လမ်း ကျောက်သွေးတန်းရှိ ဟံသာဝတီ သတင်းစာတိုက်ရှေ့တွင်ပဲ ဖြစ်သည်။ ထိုစဉ်က သင်္ကြန်ကို မြို့မိမြို့ဖများ ဌာနဆိုင်ရာများ ပူးပေါင်းဖွဲ့စည်းထားသည့် မန္တလေးမြန်မာ့ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ကျင်းပရေးကော်မီတီက ဦးစီးကျင်းပသည်။ ထို့ကြောင့် ဗဟိုမဏ္ဍပ်ကို ကော်မီတီ၏…

Read More

ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းမှုမှာ တိုင်းရင်းသားတွေထဲက ယုံကြည်ရသူတွေပါရင် ပိုကောင်းနိုင်

ဖေဖော်ဝါရီ ၅ – ၂၀၂၆ SN (VOM) ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းမှုမှာ တိုင်းရင်းသားတွေထဲက ယုံကြည်ရသူ၊ အရည်အချင်းရှိတဲ့သူတွေ ပါဝင်လာမယ်ဆိုပါက တိုင်းပြည်အတွက် ပိုမို ကောင်းမွန်နိုင်တဲ့ အရွေ့တခု ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး အကဲခတ် လေ့လာသူတွေက ပြောပါတယ်။ ပြည်​ထောင်စု အတိုင်ခံဥပ​ဒေ ပြဋ္ဌာန်းချက်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ကောင်စီ ဖွဲ့စည်းနိုင်ဖို့အတွက် နိုင်ငံတော် သမ္မတအနေနဲ့ သင့်တော်မယ့် ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပေးဖို့ လမ်းညွှန်သွားမယ်ဆ်ိုတာမျိုး တွေ့ရှိရတဲ့အတွက် ဖွဲ့စည်းလာမယ့် ကောင်စီမှာ သင့်တော်ကောင်းမွန်တဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်လာနိုင်သလို တိုင်းရင်းသားထဲမှာလည်း ယုံကြည်ရတဲ့ ပုဂ္ဂိုလ်တွေ ရှိနေတာကြောင့် တိုင်းရင်းသားတွေလည်း ပါဝင်လာလိမ့်မယ်လို့ ယူဆထားကြောင်း ပြောပါတယ်။ “တိုင်းရင်းသားတွေ ပါဝင်လာနိုင်မယ် ဆိုရင်တော့ နိုင်ငံအတွက် ပိုပြီးကောင်းမွန်တဲ့ အရွေ့တခု ဖြစ်လာနိုင်ပါတယ်။…

Read More

သူတို့အိမ် အခန်း – ၅၀

ဆူးငှက် ခြေကျင် သင်္ကြန် ——————— ကျွန်တော် အခု ၁၀တန်းတက်ရမည့် နှစ်အထိ မန္တလေးသင်္ကြန်ကို ကားဖြင့် မလည်ဖူးပါ။ ကားဖြင့် လည်သည်ဟု ဆိုသည်မျာ ထိုစဉ်က သင်္ကြန်တွင် ဂှစ်ကားအမိုးဖြုတ် ဘောနက်ပေါ် ပေပါပြား အစားတင်ပြီး လူ၂၀လောက် စု၍ နေ့ရောညပါ လည်ကြသည်ကို ဆိုလိုပါသည်။ ၇တန်းနှစ် သင်္ကြန်တုန်းကတော့ ဦးကြီးကောင်းရင်၏ သောင်းမေတ္တာ ဘတ်စ်ကားကြီးနှင့် မန္တလေးတောင်၊ ရန်ကင်းတောင်၊ သခင်မတောင် တောင်သုံးလုံးကို လူကြီးတစ်ယောက် ၃ကျပ်၊ ကလေးတစ်ယောက် ၁ကျပ်နှင့် လိုက်ပို့စဉ် အမေနှင့် သားအမိနှစ်ယောက် လိုက်ကြပြီး အပြန်မှာ ဒရိုင်ဘာကိုစိန်ဝင်းက အဆစ်ဟု ဆိုပြီး ဝါးတန်းဘက် ရေပက်ခံ ထွက်ဖူးတာပဲ ရှိပါသည်။ တကယ်တမ်း ငယ်စဉ်ကတည်းက သင်္ကြန်ဆိုလျှင် ညရောက်မှ အဘနှင့် ခြေကျင်လည်ဖူးတာပဲ ရှိခဲ့သည်။ အဘက အကြိုနေ့ဆိုလျှင် မဝေးလှသော…

Read More

ကိုးကန့်အဖွဲ့ဖမ်းသွားတဲ့ မန်စယ်ရွာသားတွေ ပြန်လွှတ်ပေးဖို့ ရှမ်းကျောင်းသားသမဂ္ဂ တောင်းဆို

ဖေဖော်ဝါရီ ၄၊ ၂၀၂၅ NN(VOM) လားရှိုးမြို့နယ် မန်စယ်ရွာမှာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA က ဖမ်းဆီးထားတဲ့ ရွာသား ကိုးယောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ရှမ်းကျောင်းသား သမဂ္ဂက မနေ့က စာထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။ မန်စယ်ရွာထဲမှာ ကိုးကန့်တပ်ဖွဲ့က ရွှေတူးဖော်ရေးလုပ်ငန်းတွေ လုပ်မယ်ဆိုတာကို ရွာသားတွေက ကန့်ကွက်ခဲ့ကြပြီး အဲဒီထဲက ကိုးယောက်ကို ဖမ်းဆီးထားတာဖြစ်ပါတယ်။ ဖမ်းထားတဲ့ ကိုးယောက်ထဲက သုံးယောက်ကတော့ ရိုက်နှက်ခံထားရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ ရွာသားတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ “ရွာနားက လယ်ကွက်ထဲမှာ ကိုးကန့်အဖွဲ့က ရွှေတူးမယ်ဆိုပြီး လာလုပ်တာပါ။ ဒါကို ရွာသားတွေက မဖြစ်နိုင်ဘူးဆိုပြီး ကန့်ကွက်ကြတာ။ အဲဒီတော့ သူတို့ စိတ်ဆိုးပြီး လူတွေကို အကုန်ခေါ်သွားတာပါ။ ကိုးယောက်ကိုတော့ မလွှတ်သေးဘူး” လို့…

Read More

ရွှေဘို ကိုးပင်ဂိတ် အတက်လမ်းပိုင်းမှာ ကားအစီးရေ ၄၀၀ နီးပါး ပိတ်မိနေ

ဖေဖော်ဝါရီ ၄ – ၂၀၂၆ SN (VOM) မြစ်ကြီးနား – မန္တလေးလမ်းပိုင်းရှိ အဓိက လမ်းပိုင်းတချို့ ပိတ်ထားဆဲ ဖြစ်တာကြောင့် ရွှေဘိုမြို့ အရှေ့ဘက်က ကိုးပင်ဂိတ် အတက်လမ်းပိုင်းမှာ ကားအစီးရေ ၄၀၀ နီးပါး ပိတ်မိနေတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။ အဲဒီ မြစ်ကြီးနား – မန္တလေး လမ်းပိုင်းကို နှစ်ဖက် တပ်ဖွဲ့တွေက စစ်ရေး အခြေအနေအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှ စတင်ကာ ပိတ်ထားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “ကိုးပင်ဂိတ်က အဆင်းကားတွေတော့ သွားလို့ရတယ်။ အတက်ကားတွေတော့ ခုထိ ပိတ်ထားတုန်းပါပဲ။ မြစ်ကြီးနား – ရွှေဘို ဗျူဟာကားလမ်းပိုင်း တချို့လည်း ပိတ်ထားဆဲပါ။ ကွင်းလမ်းတွေက သွားမယ်ဆိုလည်း လမ်းတွေမကောင်း၊ လုံခြုံရေး အခြေအနေလည်း မကောင်းတော့…

Read More

နေပြည်တော် အဟာရသုခစျေးက အခြေခံစားသောက်ကုန်​ဈေးကွက်

ဖေဖော်ဝါရီ ၄-၂၀၂၆ KKL(VOM) နေပြည်တော် အဟာရသုခစျေးမှာ ခရမ်းချဥ်သီးစျေးနှုန်းက ဗမာသီးရော ရှမ်းသီးရော တပိဿာ ၅၀၀၀ နဲ့ ပေါက်နေပြီး လက်လီစျေးကွက်မှာတော့ ၂၅ ကျပ်သားကို ၃၀၀၀ နဲ့ ၃၅၀၀ လောက်ရောင်းချနေတဲ့အတွက်အတွက် အကျဖက်မှာမရှိပဲနဲ့ စျေးကွက်မာနေတယ်လို့ သိရပါတယ်။ “ခရမ်းချဥ်သီးက ဒီနှစ်တနှစ်လုံး စျေးမကျဘူးစိုက်တာနောက်ကျတာလည်းပါတယ်။ နောက်ကျတော့ထွက်အားနည်းတယ်။ မနှစ်ကရေကြီးထားတော့အပင်တွေ ရေတိုက်စားခံရတယ် နွမ်းပြီးခြောက်ကုန်တယ် အဲ့တော့ ထွက်အားနည်းတော့ စျေးကွက်မှာ မာနေတာပေါ့” လို့ အဟာရသုခစျေး ချောပွဲရုံ ကပြောပါတယ်။ အဟာရသုခစျေးက ပွဲရုံတွေမှာ ခရမ်းချဥ်သီးစျေးကွက်ကတော့လက်ရှိ တိုင်ထောင်ခရမ်းချဥ်က ၃၅၀၀ ကျပ် ဗမာသီးကျောက်မဲသီးဆိုရင် ၃၈၀၀ ပေါက်နေပါတယ်။ “သီးနှံက ထွက်အားများရင် စျေးကွက်ပျော့တာပေါ့ အဲ့ဒါဆိုစားသုံးသူတွေအတွက်အဆင်ပြေတာပေါ့ အခုတော့စားတော့စားကြတယ် စျေးကြီးတဲ့အခါကျတော့စားသုံးမှု နည်းတာပေါ့” လို့ ချောပွဲရုံ ပိုင်ရှင်ကဆက်ပြီးပြောပါတယ်။ အိမ်ရှင်မတွေအတွက် မရှိမဖြစ် ကြက်သွန်နီနဲ့ကြက်သွန်ဖြူ ကတော့…

Read More

မြေထုချပ် တိုးဝင်တဲ့ ဖြစ်စဉ်ကြောင့် ငလျင်လှုပ်ရှားမှုတွေ ဆက်ရှိနေနိုင်

ဖေဖော်ဝါရီ ၅ – ၂၀၂၆ SS (VOM) မြန်မာနိုင်ငံမှာ ငလျင်လှုပ်ရှားမှုကို ဖြစ်စေတဲ့ ပြတ်ရွေ့တွေ ရှိနေတဲ့အပြင် အိန္ဒိယမြေထုချပ်က မြန်မာမြေထုချပ်အောက် တိုးဝင်နေတဲ့ ဖြစ်စဉ်ကြောင့် ငလျင်လှုပ်ရှားမှုတွေ ကြုံတွေ့ရနိုင်‌သေးတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ မြေငလျင်ဌာနခွဲ (နေပြည်တော်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးနဲ့ ဘူမိဗေဒ ပညာရှင်တွေက ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ လူသိများ ထင်ရှားတဲ့ စစ်ကိုင်းပြတ်ရွေ့၊ အနောက်ဘက်မှာဆိုပါက ကဘော်ပြတ်ရွေ့၊ အရှေ့ဘက်မှာ ကျောက်ကြမ်းပြတ်ရွေ့၊ နန်းမပြတ်ရွေ့အပြင် ကုလားတန်ပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ ရွှေလီပြတ်ရွေ့၊ ဖာပွန်ပြတ်ရွေ့၊ မြောက်ဦးပြတ်ရွေ့ စတဲ့ ပြတ်ရွေ့ကြီးတွေ ရှိနေသလို ပြတ်ရွေ့ငယ်များစွာလည်း တည်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါအပြင် မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်းနဲ့ အနောက်မြောက်ဘက်ခြမ်းတွေမှာ ဆိုရင်လည်း အိန္ဒိယမြေထုချပ်ဟာ ယူရေးရှားမြေထုချပ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ မြန်မာမြေထုချပ်အောက်ကို…

Read More

သူတို့အိမ် – ၄၉

ဆူးငှက်     တီးဝိုင်းရှိရာ တကောက်ကောက် ————————————— ၉တန်းစာမေးပွဲအပြီး ကျောင်းပိတ်ရက်မှာ ညပိုင်းတွင် ညဈေးတန်းသွားသည့်အပြင် တီးဝိုင်းတစ်ခု ၏ ပွဲစဉ်ကို စုံစမ်းကာ ထိုတီးဝိုင်း ရှိသည့်နေရာသို့ လိုက်လံ ကြည့်ရှုခြင်း ဖြစ်သည်။ ထို တီးဝိုင်းမှာ မိုးကေသီ ဖြစ်ပါသည်။ ထိုစဉ်ကာလ မိုးကေသီမှာ ဟည်းထ ကျော်ကြားနေသည်။ တစ်ဘက်က စတီရီယိုတေးများ အရှိန်အဟုန်နှင့် ခေတ်စားလာ သောကြောင့် ရှဲလ်ကဲ့သို့ တီးဝိုင်းများက လူငယ်ကြိုက်အဖြစ် နာမည်ကျော်လျှက်ရှိသည်။ ထိုအချိန်တွင် မိုးကေသီက အရွယ်သုံးပါးအတွက် ကျေနပ်စရာ တီးဝိုင်းကြီး ဖြစ်နေပါသည်။ မိုးကေသီကဲ့သို့ ကျော်ကြားထင်ရှားလာသည့် တီးဝိုင်းတစ်ဖွဲ့လည်းရှိသည်။ ဂီတမှုး တေးပြုစာဆို ဦးဘသိန်း၏ လက်ရင်းတပည့် ဖြစ်သူ ကိုခင်မောင်သန်း ဂီတမှူးအဖြစ် တာဝန်ယူ ထူထောင်သည့် တေးချစ်သူ ဖြစ်သည်။ ကိုခင်မောင်သန်း၏ ရွှင်လန်းချမ်းမြေ့ပါစေသီချင်းကလည်း ယနေ့တိုင် ထင်ရှားလှသည်။…

Read More
✕
VOM News

FREE
VIEW