ငလျင်ဒဏ်ထိခဲ့တဲ့ မင်းတုန်းမင်းကောင်းမှု မဟာဗောဓိဘုရား ပြင်ဆင်ဖို့ သက်ဆိုင်ရာခွင့်ပြုချက်နဲ့ အလှူငွေ လိုအပ်

မန္တလေး၊ ဖေဖော်ဝါရီ- ၂၁-၂၀၂၆ Voice Of Myanmar မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊အကွက်အမှတ်(၆၉၀) (၄၁-၂)လမ်းကြား(၇၁-၇၂)လမ်းကြားမှာတည်ရှိတဲ့ မဟာဗောဓိဘုရားဟာ ၂၀၂၅ မတ်လ ၂၈ ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အဆောက်အဦနဲ့ မဟာရံတံတိုင်းတွေ အတော်ပျက်စီးခဲ့ပါတယ်။ ဒီပျက်စီးမှုတွေကို ပြင်ဆင်ဖို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ ခွင့်ပြုမိန့်နဲ့ အလှူရှင်တွေ လိုအပ်နေတယ်လို့ မဟာဗောဓိဘုရား ဂေါပက အဖွဲ့ကပြောပါတယ်။ မဟာဗောဓိဘုရားကို ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီးရဲ့ ရတနာပုံမြို့တည်နန်းတည်အထိမ်းအမှတ်အဖြစ် (၁၂၂၁)ခုနှစ်မှာ သီဟိုဠ်ကျွန်းကနေ မဟာဗောဓိပင်ကြီးအား အများပြည်သူများ ဖူးမျှော်ကြည်ညိုစေရန်အတွက် ဝင်းခင်းနဲ့ ပင့်ဆောင့်ခဲ့တာလို့ သိရပါတယ်။ အဲဒီနောက်ရတနာပုံမြို့တော်အတွင်းလှည့်လည်အပူဇော်ခံခဲ့ပြီး မဟာနွယ်စဉ်ရပ်မှာ ရွှေဖျင်းအိုကြီး (၄)လုံးခံ စိုက်ပျိုးတည်ထားကိုးကွယ်ခဲ့ရာကနေ ဒီနှစ် (၁၃၈၇)ခုနှစ်မှာ မဟာဗောဓိပင်ကြီးဟာ သက်တော် (၁၆၅)နှစ်ပြည့် ခဲ့ပြီးဖြစ်ပါတယ်။ ရှေးဟောင်းသမိုင်းဝင် မဟာဗောဓိပင်ဘုရားကြီးသက်တော် (၁၆၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မဟာဗောဓိပင် ဘုရားဂေါပကအဖွဲ့က (၂၇-၂-၂၀၂၆)ရက်နေ့ ညနေမှာ…

Read More

တောင်ဒဂုံ ယောက်ကော်ပန်းခြံအနီးမှာ ပျောက်ဆုံးသွားတဲ့ ကလေးငယ်နှစ်ယောက်ကို ‌သေဆုံးလျက်ပြန်လည်တွေ့ရှိ

ဖေဖော်ဝါရီ ၂၁ – ၂ဝ၂၆ KKO(VOM) ရန်ကုန်မြို့၊တောင်ဒဂုံ ယောက်ကော်ပန်းခြံအနီးမှာ ပျောက်ဆုံးသွားတဲ့ ကလေးငယ်နှစ်‌ ယောက်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ မနက်ပိိုင်းမှာ ‌သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ တညနဲ့ တရက် ပျောက်ဆုံး‌နေခဲ့တဲ့ ကလေးငယ်နှစ်ဦးဟာ သူတို့နေထိုင်ရာအနီးက မြေကွက်လပ်တစ်ခုက ရေအိုင်မှာ ရေနစ်သေဆုံးသွားခဲ့တာဖြစ်နိုင်တယ်လို့ အဲဒီအနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေရဲ့ ပြောကြားမှု‌တွေအရ သိရပါတယ်။ “ဟိုတနေ့ညနေက ကလေးတွေကစားနေရင်းနဲ့ပျောက်သွားတယ်ပေါ့။ တယောက်ယောက်က ဖမ်းခေါ်သွားတယ်ပဲထင်တာပါ။ မိဘတွေလည်းလိုက်ရှာတယ် အနီးပတ်ဝန်းကျင်ကလူတွေလည်းလိုက်ရှာတယ်။ ဘယ်လိုမှမတွေ့ဘူး။အခုမနက်ကျမှ ဂိုဒေါင်ဆောက်ဖို့ပြင်ဆင်နေတဲ့ မြေကွက်လပ်တခုက ရေကန်တော့မဟုတ်ဘူးပေါ့။ ရေဝပ်နေတဲ့နေရာလေးတစ်ခုမှာ ‌ကလေးတွေကို သေဆုံးလျက်ပြန်တွေ့တယ်။ကလေးအလောင်းတွေပုပ်ပွနေပြီ။ ကလေး မိဘတွေလည်းရင်ကွဲမတတ်ပါပဲ”လို့ အဲဒီယောက်ကော်ပန်းခြံအနီးမှာ အလုပ်လုပ်ကိုင်သူတယောက်က VOM ကို ပြောပါတယ်။ အဲဒီကလေးငယ်နှစ်ယောက်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ယောက်ကော်ပန်းခြံအနီး ဆော့ကစားနေရင်း ညနေ ၄ နာရီခန့်က သူတို့မိဘတွေရှိရာ နေအိမ်သို့ပြန်လည်…

Read More

ဖားဆောင်းမြို့နယ်ရှိ ပွန်ချောင်းတံတား မိုင်းထောင် ဖျက်ဆီးခံရ

ဖေဖော်ဝါရီ ၂၁ – ၂၀၂၆ SS (VOM) မနေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ ညနေ ၄ နာရီခွဲက ကရင်ပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ ပွန်ချောင်းတံတား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရတယ်လို့ အစိုးရသတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။ အဲဒီ တံတားကို KNPP၊ KNDF အဖွဲ့တွေနဲ့ PDF အမည်ခံအကြမ်း ဖက်သောင်းကျန်းသူတွေက မိုင်းထောင် ဖျက်ဆီးတာဖြစ်ပြီး တံတားရဲ့ အရှေ့ဘက် ချဉ်းကပ်လမ်းနဲ့ ကပ်လျက် တံတားတိုင်အမှတ်၊ K-2 မှ P-4 အထိ အရှည် ၆၅ ပေခန့် ကျိုးကျ ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီ တံတားဟာ ဖားဆောင်းမြို့ရဲ့ အရှေ့မြောက်ဘက် မီတာ ၁၈၀၀ ခန့်အကွာ ဝမ်အောင်း – ချိကွဲ – စောင်းလော့…

Read More

Vapeနဲ့ ဆက်စပ်ပစ္စည်း ၊ ရှီရှားကို တင်သွင်းခြင်း ၊တင်ပို့ခြင်း ၊ သိုလှောင်ခြင်း ၊ ဖြန့်ဖြူးခြင်း ၊ ရောင်းချခြင်းနဲ့ အသုံးပြုခွင့် တားမြစ်

ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၆ GG (VOM) မြန်မာနိုင်ငံမှာ ဆေးလိပ်အစားထိုးအဖြစ် အသုံးပြုနေတဲ့ Vape ၊ Vape စက်ပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် ရှီရှားကို တင်သွင်းခြင်း ၊တင်ပို့ခြင်း ၊ သိုလှောင်ခြင်း ၊ ဖြန့်ဖြူးခြင်း ၊ ရောင်းချခြင်းနဲ့ အသုံးပြုခြင်းကို ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ် ။ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုများဥပဒေအရ တားမြစ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူကို VOM မှ ဆက်သွယ်မေးမြန်းခဲ့ရာ ” ဝန်ကြီးဌာနကနေ ထုတ်ပြန်ပေးသွားမယ် ” ဆိုပြီး ပြန်လည် ဖြေကြားခဲ့ပါတယ်။ တားမြစ်ထားမှုကို ဖောက်ဖျက်ကျူးလွန်ပါက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုများဥပဒေအရ ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း ၊ ထောင်ဒဏ်အနေနဲ့ဆိုရင် အနည်းဆုံး…

Read More

အစိုးရတပ် စစ်ကြောင်းတွေကြောင့် ပုလဲမြို့မှာ စစ်ရေးအခြေအနေ တင်းမာလာနေ

ဖေဖော်ဝါရီ ၂၀ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ အစိုးရတပ်က နည်းလမ်း​ပေါင်းစုံနဲ့ အင်အားဖြည့်ပြီး ကျေးရွာတွေအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် စစ်ရေးအခြေအနေ တင်းမာမှုတွေ ရှိလာနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ ဖေဖော်ဝါရီ ၁၉ ရက်ကလည်း အစိုးရတပ်က ရဟတ်ယာဉ် နှစ်စင်းနဲ့ မနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိ စုစုပေါင်း ၁၂ ကြိမ် ပျံသန်းကာ ပုလဲမြို့နယ်အတွင်း အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မနေ့ နေ့လယ် ၁ နာရီဝန်းကျင်မှ စတင်ကာ ပုလဲမြို့ပေါ်ကနေ အနောက်ဘက် မြကုန်း၊ မင်းတိုင်ပင်၊ ကုက္ကိုကုန်း ရွာဘက်တွေကို ဦးတည် ထိုးစစ်ဆင်လာတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေ မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။…

Read More

ဖားကန့်ဒေသက G 12 ကျောင်းသားအားလုံး ကားမိုင်းစာစစ်ဌာနမှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမယ်ဆိုလို့ အခက်တွေ့နေ

ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၆ GG (VOM) ဖားကန့်ဒေသမှာရှိတဲ့ G 12 ကျောင်းသူကျောင်းသားတွေအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကားမိုင်းမြို့စာစစ်ဌာနမှာ သွားရောက် ဖြေဆိုကြရမယ်ဆိုတာကြောင့် မိဘတွေမှာ အခက်အခဲဖြစ်နေရတယ်လို့ စုံစမ်း သိရှိရပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ နယ်မြေအခြေအနေအရဖားကန့် ၊ လုံးခင်း ၊ ဆိုင်းတောင် ဒေသတွေကG12 ကျောင်းသား ကျောင်းသူအားလုံးဟာ ကားမိုင်းမြို့မှာ စာမေးပွဲသွားရောက် ဖြေဆိုရမှာဖြစ်ကြောင်း ၊ ကားမိုင်း နဲ့ ဖားကန့်ကို နေ့ချင်းပြန်သွားရောက်ပြီး စာမေးပွဲဖြေဆိုဖို့ မဖြစ်နိုင်တဲ့အတွက် ညအိပ်သွားရောက် နေထိုင်ပြီး စာမေးပွဲ ဖြေဆိုကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ” ဆိုင်းတောင်ဘက်က တောလက်နက်ကိုင်အဖွဲ့တွေရှိတယ် ။ ဖားကန့်နဲ့လုံးခင်းက စစ်တပ်ရှိတယ် ။ နယ်မြေအခြေအနေက မတည်ငြိမ်ဘူး ။ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တဲ့ အခြေအနေကရှိနေတယ်။ ကားမိုင်း – ဖားကန့်လမ်းပိုင်းကြတော့…

Read More

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်ဆစ်ကိုဆက်လက်တင်မြောက်

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။ NN(VOM) ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်ဆစ်ကို ဆက်လက်တင်မြောက်လိုက် တယ်လို့ RCSS တပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ထိုင်း၊ မြန်မာ နယ်စပ် လွိုင်တိုင်းလျဲန်းမှာရှိတဲ့ RCSS ဌာနချုပ်မှာ ကျင်းပတဲ့ စတုတ္တအကြိမ် ကောင်စီကွန်ဂရက်က အခုလိုဆုံးဖြတ်ခဲ့တာပါ။ “ပြောရရင်တော့ အခုနိုင်ငံရေး အခင်းအကျင်းအရရော၊ ရှေ့လုပ်ငန်းစဉ်တွေ ရှိသေးတာကြောင့် အားလုံးက ဗိုလ်ချုပ်ကြီးယွက်ဆစ်ကိုပဲ ဆက်ပြီးထား လိုက်တာလို့ ပြောလို့ရတယ်”လို့ လွိုင်တိုင်းလျန်းပွဲကို သွားရောက်ခဲ့တဲ့ ရှမ်းအမျိုးသားတယောက်က ပြောပါတယ်။ ဒီကွန်ဂရက်ကနေ လာမယ့် လေးနှစ်တာကာလအတွင်း ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ရပ်တည်၍ နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းအတိုင်း ညှိနှိုင်းဖြေရှင်းသွားမယ်လို့” RCSS ဘက်က ပြောပါတယ်။ ဒါ့အပြင် ပထမအကြိမ် သျှမ်းပြည် အမျိုးသားညီလာခံက အတည်ပြုခဲ့တဲ့…

Read More

ဖမ်းဆီးထားတဲ့ မန်စယ်ရွာသားတွေ ကိုးကန့်တပ်ဖွဲ့ ပြန်လွှတ်

ဖေဖော်ဝါရီ၂၀၊ ၂၀၂၆။ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မန်စယ်ကျေးရွာအနီးမှာ ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ရဲ့ ရွှေတူးဖော်ရေးလုပ်ငန်းကို ကန့်ကွက် လို့ အဖမ်းခံခဲ့ရတဲ့ မန်စယ်ရွာသား ကိုးယောက်ကို ကိုးကန့်တပ်ဖွဲ့က မနေ့က ပြန်လွှတ် ပေး လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ “ကိုးရက်နေ့က လေးယောက် လွှတ်ပေးတယ်။ မနေ့က ကျန်တဲ့သူတွေကို ပြန်လွှတ်လိုက်ပြီလို့” မိသားစုဝင်နဲ့ နီးစပ်တဲ့သူ တယောက်က ပြောပါ တယ်။ လွတ်မြောက်လာတဲ့ ကျေးရွာသားတွေကို ကျေးရွာအခြေစိုက် ကိုးကန့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ခေါ်ယူမေးမြန်းတာတွေ လုပ်ခဲ့ပြီးမှ နေအိမ်ကို ပြန်ပို့ပေး လိုက်တာလို့ ဒေသခံတွေဆီကနေသိရပါတယ်။ ကျေးရွာအနီး ရွှေတူးနေလို့ လယ်မြေတွေ ပျက်စီးနိုင်တဲ့အတွက် ကျေးရွာသား တစ်ရာကျော်က ကိုးကန့်တပ်ဖွဲ့ တာဝန်ရှိသူတွေကို ကန့်ကွက်ခဲ့တာမှာ ရွာ သား ၃၆ ယောက် ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီထဲက…

Read More

NP သတင်းဌာနရဲ့ သတင်းတင်ဆက်သူ ကိုကျော်မျိုးမင်းကို ရုပ်ရှင်အစည်းအရုံးက အမည်ပျက်စာရင်းသွင်း

ဖေဖော်ဝါရီ ၂၀ – ၂၀၂၆ SN (VOM) NP သတင်းဌာနမှ သတင်းတင်ဆက်သူ ကိုကျော်မျိုးမင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အမည်ပျက်စာရင်း သွင်းလိုက်တယ်လို့ အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပြောပါတယ်။ ကိုကျော်မျိုးမင်းဟာ ရုပ်ရှင်အနုပညာရှင်တွေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီမှုမရှိတဲ့ အသုံးအနှုန်းတွေ၊ သုံးစွဲခြိမ်းခြောက် ကြိမ်းမောင်းခြင်း၊ ခိုင်မာတိကျမှု မရှိ၊ မှန်ကန်မှုမရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး သိက္ခာကျအောင် စွပ်စွဲပြောဆိုခြင်း‌တွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်တဲ့အချက်​တွေအရ သိရပါတယ်။ ဒါကြောင့် ကိုကျော်မျိုးမင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်အနုပညာရှင်တွေရဲ့ မိတ်ဖက်အဖြစ်မှ ပယ်ဖျက်ကာ အမည်ပျက်စာရင်း တင်သွင်းရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “မီဒီယာတွေက ရိုးရိုးသားသားဆို ကျွန်တော်တို့ လေးစားပြီးသားပါ။ အခုက တော်တော်ကို တရားလွန်လွန်းလာလို့ အမည်ပျက်စာရင်း သွင်းရတာ” လို့ ဦးကြည်စိုးထွန်းက VOM ကို…

Read More

မြစ်ကြီးနားလေဆိပ် ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံရပြီး MNA လေယာဥ်ထိမှန်ခဲ့

ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနားလေဆိပ်မှာ မနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ၊ ၈ နာရီကျော်လောက်က ဒရုန်းဗုံးတိုက်ခိုက်ခံရပြီး ခရီးသည်တင်လေယာဥ်ဖြစ်တဲ့ MNA လေယာဥ်ကို လက်နက်ကျည် ထိမှန်ခဲ့တယ်လို့ သိရပါတယ် ။ ” သိရသလောက်ကတော့ ခရီးသည် ၇၀ လောက် ပါတယ် ။ည ၈ နာရီ ကျော်လေယာဉ်ပါ ။ လေယာဉ်အမြီး ပိုင်းထိသွားတယ်။ မီးသတ်ကားနှစ်စီးသွားငြိမ်းတာတွေ့တယ်။ ” လို့ ဒေသခံက ပြောပါတယ်။ MNA လေယာဥ်ရဲ့ အမြီးပိုင်းကို ဒရုန်းဗုံးထိမှန်ကာ မီးလောင်ခဲ့တာ ဖြစ်ပြီး ခရီးသည်တွေတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ ” လေယာဥ်က တက်တော့မယ်ဆဲဆဲပါ ။ ပစ္စည်းတွေ လည်းတင်ပြီးနေပြီ ။ အဲဒီမှာ…

Read More
VOM News

FREE
VIEW