နေပြည်တော် ဇွန် ၂ – ၂၀၂၆ KKL(VOM) မနက်ဖြန် ကျင်းပမယ့် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာနက အွန်လိုင်းလိမ်လည်မှုနဲ့ပတ်သက်ပြီး ဥပဒေကြမ်းတင်သွင်းဖို့ကိစ္စတခုနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကို စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က နှစ်ဦး စုစုပေါင်းကိုယ်စားလှယ် လေးယောက်တို့က မေးခွန်းမေးမြန်းထားပါတယ်။ ဒါ့အပြင်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနဲ့သက်ဆိုင်တဲ့ကော်မတီဖွဲ့စည်းမှုနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြမှုနဲ့ အတူ အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ တာဝန် လုပ်ပိုင်ခွင့် ရပိုင်ခွင့်နဲ့ သက်တမ်းတွေကို ကိုယ်စားလှယ်တဦးက ရှင်းလင်းတင်ပြသွားမှာဖြစ်ပြီး အဖွဲဝင်ဦးရေ အဖွဲ့ဝင်အမည်စာရင်း ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေရဲ့အမည်စာရင်းကို ဖတ်ကြားတင်သွင်းသွားမှာဖြစ်ပါတယ်။ #voiceofmyanmar #VOM #အမျိုးသားလွှတ်တော်
Read MoreMonth: June 2026
သူတို့အိမ် အခန်း (၁၂၈)
ဆူးငှက် ကျွန်ုပ်တို့၏ ယုံကြည်ချက် တဲ့ ————————————– “ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ၏ နိုင်ငံသား လုပ်သားပြည်သူများ ဖြစ်ကြကုန်သော ကျွန်ုပ်တို့သည် ဤကမ္ဘာ၌ လူတို့၏ အားနည်းချက်များကို အမြတ်ထုတ်၍ မသိနားမလည်သော လူများစုအပေါ်တွင် စာနာမှု ညှာတာ ထောက်ထားမှု စသည့် ကောင်းမြတ်သောတရားများကို မျက်ကွယ်ပြု၍ မတရားသဖြင့် ချယ်လှယ်နိုင်ကြသော ဝိသမလောဘသားများ၏ ဝိသမစီးပွားရေးစံနစ်ဆိုးများ ရှိနေသရွေ့ ကာလပတ်လုံး လူသားအပေါင်းသည် လူမှုဒုက္ခများမှ မလွတ်မြောက်နိုင်ဟု အလေးအနက် ယဲုကြည်သည်။ ထို့ကြောင့် ဤ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် တွင် လူလူချင်း မတရားချယ်လှယ်၍ မတရားစီးပွားရှာစားသော ဝိသမစံနစ်များကို ချုပ်ငြိမ်းစေပြီး တရားမျှတမှုကို အခြေခံသော ဆိုရှယ်လစ် စီးပွားရေးစနစ်ကို တည်ဆောက်နိုင်မှသာလျှင် တိုင်းရင်းသား ပြည်သူအပေါင်းသည် လူ့ပရောဂကြောင့် ပေါ်ပေါက်လာရသော လူမှုဒုက္ခအပေါင်းမှ လွတ်မြောက်ကြလျက် ဗြဟ္မစိုရ်တရားများ ထွန်းကားနိုင်မည့် သာယာဝပြောသော…
Read Moreလူ ၄၀ ကျော် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရတဲ့ နမ့်ခမ်းက ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဟာ သတ္တုတွင်းသုံး ယမ်းတွေလို့ TNLA ထုတ်ပြန်
ဇွန် ၁၊ ၂၀၂၆ Shv V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ရာ နမ့်ခမ်းမြို့ ကောင်းတပ်ရွာမှာ မနေ့ မေလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက ယမ်း သိုလှောင်ရုံ ပေါက်ကွဲမှုမှာ လူ သေဆုံးမှု ၄၀ ကျော်လာပြီး ၇၀ ကျော် ဆေးရုံတင်ထားရကြောင်း လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ “မနေ့ မေလ ၃၁ ရက်နေ့က နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်ပွားမှုမှာ သေဆုံးသူ မနေ့တရက်အတွင်း ၄၆ လောင်းရှိတယ်” လို့ ကူညီ ကယ်ဆယ်နေသူ အမျိုးသား တယောက်က ပြောပါတယ်။ နမ့်ခမ်းပြည်သူ့ဆေးရုံကနေ အလောင်း ၄၆ လောင်းကို မီးသဂြိုလ်စက်သို့ ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။ ကျန်ရှိနေတဲ့ ထိခိုက် ဒဏ်ရာရလူနာ ၇၄ ယောက်ကိုလည်း နမ့်ခမ်းပြည်သူ့ဆေးရုံသို့…
Read Moreနေပြည်တော် အခြခံပညာကျောင်းတွေ စတင်ဖွင့်တဲ့နေ့ ပညာရေးဝန်ကြီး ကျောင်းသားတွေရဲ့အခက်အခဲတွေမေးမြန်း
နေပြည်တော် ဇွန် ၁ – ၂၀၂၆ KKL(VOM) ဒီကနေ့ ဇွန်လ ၁ ရက်နေ့မနက်ပိုင်းက နေပြည်တော်က အခြေခံပညာကျောင်းတွေမှာရှိကြတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ ဒီနေ့မနက်ကစပြီး စာသင်ကြားနေကြပြီဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းမှာပဲ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Dr.ဒေါ်ချောချောစိန် နေပြည်တော် အထက(၆) ကိုရောက်ရှိပြီးကျောင်းသားကျောင်းသူတွေ ကျောင်းသုံးစာအုပ်တွေရရှိခြင်းရှိမရှိကို မေးမြန်းပြီး ကျောင်းသားမိဘတွေကိုကျောင်းမျက်နှာစာရှေ့မှာ သွားရောက်တွေ့ဆုံပြီး ကျောင်းသုံးစာအုပ်ရရှိမှုက်ို မေးမြန်း အတည်ပြုခဲ့ပါတယ်။ လက်ရှိ နေပြည်တော်မှာ ကျောင်းအပ်နှံတဲ့အခြအနေကတော့ ပြီးခဲ့တဲ့ ၂၀၂၅/၂၀၂၆ ပညာသင်နှစ်မှာ ကျောင်းသားကျောင်းသူဦးရေ နှစ်သိန်းသုံးသောင်းကျော်အပ်နှံခဲ့ကြတယ်လို့သိရပြီး အခု ၂၀၂၆/၂၀၂၇ ပညာသင်နှစ်အတွင်းလက်ရှိအချိန်အထိ ကျောင်းသားကျောင်းသူ ဦးရေ တသိန်းရှစ်သောင်းကျော်ကျော်အပ်နှံမှုရှိခဲ့တဲ့အတွက် မနှစ်ကထက် ကျောင်းအပ်နှံမှု ရာခိုင်နှုန်းလျှော့နည်းခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကနေ အခုဇွန်လကုန်အထိ မြန်မာနိုင်ငံတစ်ဝှမ်းက အခြခံပညာကျောင်းတွေကို ကျောင်းအပ်နှံရေးရက်သတ္တပါတ်အဖြစ်သတ်မှတ်ပြီး…
Read Moreလားရှိုးမှာ ကျောင်းမြေနဲ့ တပ်ပိုင်မြေပေါ် ဆောက်ထားတဲ့ နေအိမ်တွေ ဖျက်ဆီးခံရ
ဇွန် ၁၊ ၂၀၂၆ Shv V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကျောင်းပိုင်မြေနဲ့ တပ်ပိုင်မြေတွေပေါ် ဆောက်လုပ်ထားတဲ့ နေအိမ်တွေကို မေလကုန်ပိုင်းအတွင်း အာဏာပိုင်တွေက ဆက်တိုက် ဖျက်ဆီးနေပြီး နေအိမ်ပိုင်ရှင် အများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြတယ်လို့ ဒေသခံတွေက VOM ကို ပြောပါတယ်။ မေလ ၃၁ ရက် မနက်ပိုင်းမှာ လားရှိုးမြို့ အမှတ် (၅) ရပ်ကွက်ရှိ အခြေခံမူလတန်းကျောင်း (အမက-၁၀) ပိုင် မြေနေရာပေါ် ဆောက်လုပ်ထားတဲ့ နေအိမ်တွေကို ဖျက်ဆီးခဲ့တာဖြစ်ပြီး အိမ် ၁၀ လုံးကျော် ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတယောက်က “ရပ်ကွက် ၅ က အမက (၁၀ )ကျောင်းရဲ့ မြေနေရာပါ။ အရင်က ကြံဖန်ရောင်းထားတဲ့ မြေတွေ။ ကျူးကျော်လို့ ပြောရမှာပေါ့။ ၁၇ အိမ် ပါသွားတယ်။…
Read Moreမကွေးတိုင်းအတွင်း စစ်ရေးအခြေအနေကြောင့် နေရပ်စွန့်ခွာသူဦးရေ မြင့်တက်လာ
ဇွန် ၁ – ၂၀၂၆ SN (VOM) မကွေးတိုင်းအတွင်း အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်ဦးရေ သိသာစွာ မြင့်တက်နေဆဲဖြစ်ပြီး အထူးသဖြင့် ဆော၊ ပေါက်၊ မြိုင်နဲ့ ပခုက္ကူမြို့နယ်တွေမှာ လူဦးရေ သောင်းနဲ့ချီ အိုးအိမ်စွန့်ခွာနေကြရပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့မှာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကစပြီး ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁)၊ ညောင်ဦးမြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၄၁၅) နဲ့ အောင်သာရွာမှ ပြည်သူ့စစ်တွေ ပူးပေါင်းထားတဲ့ စစ်ကြောင်းဟာ မြစ်ခြေမြို့အတွင်း ဝင်ရောက်နေတာကြောင့် မြို့ပေါ်က ဒေသခံတွေ အပါအဝင် အနီးအနားရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံ ရှစ်သောင်းကျော် စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့…
Read Moreအခြေခံပြည်သူတွေရဲ့ သောကပင်လယ်ဝေတဲ့ နေ့ရက်များ
KKA(VOM) လက်ရှိ မြန်မာနိုင်ငံရဲ့လူမှုစီးပွားဝန်းကျင်ကို တခွန်းတည်းနဲ့ဖော်ပြရရင် “အသက်ရှူရကျပ်ခြင်း”လို့ပဲ ဆိုရပါမယ်။ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ နောက်ဆက်တွဲ ဂယက်ဟာ အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေးက နေ့စဉ်နဲ့အမျှ ပိုမိုကျပ်တည်းလာနေပြီး၊ ဆင်းရဲမွဲတေမှု အနက်ရှိုင်းဆုံး အခြေအနေကို ဦးတည်ရွေ့လျားနေပါတယ်။ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အဓိက အခက်အခဲဟာ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်မှုပဲ ဖြစ်ပါတယ်။ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ဆေးဝါး စတဲ့ အခြေခံ မီးဖိုချောင်သုံးနဲ့ လူသုံးကုန်ပစ္စည်းတွေဟာ အခြေခံလူတန်းစားတွေကိုဆောက်တည်ရာမရလောက်အောင် နေ့စဉ်နဲ့အမျှ ဈေးနှုန်းတွေ မြင့်တက်နေတာနဲ့ ကြုံတွေ့နေရပါတယ်။ တစ်ချိန်က အခြေခံလူတန်းစားအများစု မှီခိုအားထား စားသုံးခဲ့ရတဲ့ ဆန်ကြမ်းတအိတ်ကိုပဲ အခုအခါ ငွေကျပ် တသိန်းခွဲ အထိ ရှိလာပြီး၊ အခြေခံစားသောက်ကုန်ဖြစ်တဲ့ စားသုံးဆီဈေးနှုန်းကလည်း သာမန်မိသားစုတွေ မတတ်နိုင်တဲ့ အနေအထားကို ရောက်ရှိနေပါတယ်။ ငွေကြေးဖောင်းပွမှုနဲ့အတူ မြန်မာကျပ်ငွေတန်ဖိုး အရှိန်အဟုန်နဲ့…
Read Moreနယူးဒေလီဆီသို့ ခြေဆန့်ခြင်း (အိန္ဒိယ-မြန်မာ နိုင်ငံရေးစစ်တုရင်ကွက်)
MT(VOM) ကမ္ဘာ့ပထဝီနိုင်ငံရေးဟူသည်မှာ အစဉ်အမြဲ ရွေ့လျားပြောင်းလဲနေသော တိမ်တောင်များနှင့် တူလှပေသည်။ အိမ်နီးချင်းနိုင်ငံဟူသည် ရွေးချယ်ခွင့်မရှိဘဲ ပထဝီဝင်က ပေးအပ်သော ကံကြမ္မာတစ်ခုဖြစ်လေသည်။ မြန်မာနှင့် အိန္ဒိယတို့၏ ဆက်ဆံရေးသည် ခေတ်အဆက်ဆက် နိုင်ငံခေါင်းဆောင်ကြီးများ၏ အပြန်အလှန် သွားလာဆက်ဆံမှု သမိုင်းဝင်ဖြစ်ရပ်များစွာဖြင့် ပြည့်လွှမ်းနေခဲ့လေသည်။ လွတ်လပ်ရေး မရမီကာလများဆီသို့ မျှော်ကြည့်လျှင် မြန်မာ့အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အိန္ဒိယခေါင်းဆောင်ကြီး ပန်ဒစ်နေရူးတို့၏ သမိုင်းဝင်တွေ့ဆုံမှုများ၊ အာရှတိုက်၏ ကံကြမ္မာကို ပူးတွဲပုံဖော်ရန် ကြိုးပမ်းခဲ့မှုများသည် ခေတ်သစ် နှစ်နိုင်ငံဆက်ဆံရေး၏ အုတ်မြစ်ပင် ဖြစ်လေသည်။ ၁၉၄၇ ခုနှစ် လန်ဒန်သွားရာလမ်း ဒေလီ၌ ရပ်နားစဉ် ဗိုလ်ချုပ်အောင်ဆန်းအား နေရူးက အနွေးထည်ကုတ်အင်္ကျီ ခြုံလွှမ်းပေးခဲ့သည့် ဖြစ်ရပ်မှာ နိုင်ငံရေးအရသာမက ပုဂ္ဂိုလ်ရေးအရပါ နက်ရှိုင်းလှသော သံယောဇဉ်၏ ပြယုတ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ [1] ထို့နောက် လွတ်လပ်ရေးရပြီးစ ဝန်ကြီးချုပ် ဦးနုနှင့် အိန္ဒိယဝန်ကြီးချုပ် နေရူးတို့၏ ခေတ်တွင်မူ…
Read Moreကနီ၊ မင်းကင်းနယ် ချင်းတွင်းမြစ်အနောက်တကြောမှာ ဒေသခံ သောင်းနဲ့ချီ နေရပ်စွန့်ခွာနေရ
ဇွန် ၁ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်းအတွင်းက ကနီ၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်တကြောမှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် ဒေသခံ သောင်းနဲ့ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ ကနီမြို့နယ်အတွင်းမှာ အစိုးရတပ်က အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းနေတဲ့အပြင် လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေလည်း ရှိနေတဲ့အတွက် ကျေးရွာပေါင်း ၄၀ ကျော်မှ ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ “ကနီမှာက ဧပြီလ ၂၈ ရက်နေ့ကတည်းက စစ်ကြောင်းတွေ ရောက်နေတာ။ အဲဒီအချိန်ကတည်းက ဒေသခံတွေ စစ်ရှောင်နေကြရတာ။ အခုဆို စစ်ရှောင်ကာလ တလကျော် ကြာလာပြီ။ အချိန်ကြာရင်ကြာသလို စားဝတ်နေရေး ခက်ခဲလာကြပြီ။ ဒီကြားထဲ ပစ်တာခတ်တာတွေလည်း ရှိခဲ့တော့ လူသေဆုံးတာတွေလည်း ရှိတယ်။ နေအိမ်တွေ၊ စစ်ရှောင်တဲတွေ မီးဘေးသင့်၊…
Read Moreကျောင်းစဖွင့်တဲ့နေ့မှာပဲ မြောက်ဥက္ကလာ ဝေဘာဂီက အထကကျောင်းမှာ မိုးကြိုးပစ်ခံရပြီး ကျောင်းဆရာမနဲ့ ကလေးနှစ်ယောက် ဒဏ်ရာရရှိ
ဇွန် ၁ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်(၅)ရပ်ကွက်၊ ဓမ္မသုခလမ်းရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှာ ဒီကနေ့ ဇွန် ၁ ရက်နေ့ ၊ နေ့လယ်ပိုင်းက မိုးကြိုးပစ်ခံရပြီး ကျောင်းဆရာမ နဲ့ ကျောင်းသားလေး နှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။ နေ့လယ် ၂ နာရီ ၃၅ မိနစ်လောက်မှာ ကျောင်းဆင်းချိန် ကျောင်းဝင် / ထွက်ပေါက်အနီးရှိ ကုက္ကိုပင်ကို မိုးကြိုးပစ်ချရာကနေ ဆရာမတယောက် ၊ ကျောင်းသားနှစ်ယောက်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ကြောင်း လက်ရှိ မြောက်ဥက္ကလာဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ် ။ ” သုံးယောက်လုံး မြောက်ဥက္ကလာဆေးရုံမှာပါ။ကျောင်းသားလေးနှစ်ယောက်မှာ တယောက်က ဘယ်ဘက်ပါးပွန်းပဲဒဏ်ရာနဲ့ ဘယ်ဘက်နားထင် ဒဏ်ရာရပါတယ်။ ကျောင်းဆရာမက ခြေထောက်နဲ့ လက်မှာ ဒဏ်ရာရပါတယ်။ ဒဏ် ရာတွေက စိုးရိမ်စရာမရှိပါဘူး။…
Read More