မန္တလေး၊ ဇူလိုင်- ၁၁- ၂၀၂၆ VOM ပြင်ဦးလွင်မြို့ရဲ့ ခရီးသွားလုပ်ငန်း၊ ဒေသစီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်နိုင်ဖို့အတွက် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့တဲ့ ပြင်ဦးလွင်လေဆိပ်ကို ဒီကနေ့မနက်ပိုင်းမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။ လေဆိပ်ဖွင့်လှစ်ခြင်းဟာ အစိုးရရဲ့ ရက်(၁၀၀) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အထဲက အရေးပါတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်၊ ကျန်းမာ ရေးမြို့တော်၊ ပညာရေးမြို့တော်၊ IT မြို့တော်နဲ့ ကော်ဖီမြို့တော်အဖြစ် အဆင့်မြှင့်တင်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါသည့် အခြေခံအဆောက်အအုံတစ်ခုလည်း ဖြစ်တယ်လို့ နိုင်ငံ တော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြင်ဦးလွင်ဒေသနဲ့ ရှမ်းရိုးမဒေသတွေကို ခရီးသွားလုပ်ငန်းကွန်ရက်နဲ့ ပိုမိုချိတ်ဆက်ပေးနိုင်မှာဖြစ်သလို ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက် သစ်သီးဝလံ၊ ပန်းမန်နဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို ဒေသအသီးသီးအတွက်လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနဲ့ ဒေသစီးပွား ရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း…
Read MoreMonth: July 2026
သံဖြူဇရပ်မှာ လေပြင်းတိုက်လို့ ထိုင်တော်မူဘုရား အဆောက်အဦးအပါ အိမ် ၄၀ နီးပါး အမိုးလန် ၊ ပြိုကျ ပျက်စီးပြီး သစ်ပင်တွေလဲကျခဲ့
ဇူလိုင် ၁၁ ၊ ၂၀၂၆ GG (VOM) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ညက လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းစာကြည့်တိုက်နဲ့ ထိုင်တော်မူဘုရား အပါအဝင် လူနေအိမ် ၄၀ နီးပါး အမိုးလန်ထိခိုက် ပြိုကျပျက်စီးတာ သစ်ပင်တွေလဲကျတာတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။ f မနေ့က ဇူလိုင် ၁၀ ရက်နေ့ ၊ ည ၇ နာရီလောက်မှာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် အောင်ဇေယျရပ်ကွက် နဲ့ အောင်ကုသိုလ်ရပ်ကွက်တွေမှာ နေအိမ်တွေပြိုကျတာ ၊ အမိုးလန်ပျက်စီးတာ ၊ သစ်ပင်တွေ လဲကျခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” လူနေအိမ် ၃၅ လုံး ထိခိုက်ပျက်စီးတယ်။ အမိုးလန်ပျက်စီးတာများတယ်။ ပြိုကျတာက တဲအိမ်နှစ်အိမ်လောက်ရှိတယ်။ စာသင်ကျောင်း စာကြည့်တိုက် အမိုးလန်တာရှိတယ်။ ထိုင်တော်မူဘုရားက ပျက်စီးရှိတယ်။လမ်းပေါ်သစ်ပင်တွေလဲကျတာတော့ ညကတည်းက ရှင်းလင်းရေးလုပ်တယ်။ခုမနက်လည်း…
Read Moreကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ သုံးရက်ဆက်တိုက် ဖြစ်ပွား
ဇူလိုင် ၁၁ – ၂၀၂၆ SS (VOM) ချင်းပြည်နယ် (တောင်ပိုင်း) က တိုက်ပွဲတွေပြင်းထန်နေတဲ့ ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်တွေမှာ ဇူလိုင် ၉ ရက်ကနေ ၁၁ ရက်အထိ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဇူလိုင် ၁၁ ရက်၊ မနက် ၆ နာရီ ၁၀ မိနစ်ဝန်းကျင်ကနေစပြီး မနက် ၆ နာရီ ၃၅ မိနစ်ဝန်းကျင်အထိ ကန်ပက်လက်မြို့နယ် အရှေ့ခြမ်းမှာ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့သလို ဆက်လက်ပြီး မင်းတပ်မြို့နယ် (အရှေ့ဘက်) မှာလည်း မနက် ၆ နာရီ၊ မိနစ် ၄၀ ကနေ မနက် ၇ နာရီ ၁၂ မိနစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့…
Read Moreရခိုင်ပြည်ရေဘေး ပိုမို ဆိုးရွားလာနေပြီး ပိတ်မိနေသူတွေ ရှိနေသလို သေဆုံးသူအရေအတွက်လည်း တိုးလာနေ
ဇူလိုင် ၁၁ – ၂၀၂၆ SN (VOM) လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ မိုးရွာသွန်းမှု ပိုမို များပြားလာပြီး ရေထုထည် ပိုပြီးမြင့်တက်လာတာကြောင့် ကျေးရွာတချို့ ရွာလုံးကျွတ် ရေနစ်မြုပ်မှုတွေ ရှိနေပြီး ပိတ်မိနေသူတွေလည်း ရှိနေတဲ့အပြင် သေဆုံးသူ အရေအတွက်လည်း တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဇူလိုင် လဆန်းပိုင်းကတည်းကစပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာဖြစ်ကာ ဇူလိုင် ၇ ရက်နေ့မှာတော့ ရေကြီးမှုအခြေအနေ စတင် ဆိုးရွားလာပြီး လက်ရှိမှာတော့ မြို့နယ် ရှစ်မြို့နယ်ထက်မနည်း ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်လျက်ရှိကာ ဒေသခံပြည်သူ တသိန်းကျော်ဝန်းကျင် ရေဘေးသင့်နေတယ်လို့ သိရပါတယ်။ လက်ရှိ ရေကြီးမှုဖြစ်စဉ်အတွင်း ကယ်ဆယ်ရေးအင်အား မလုံလောက်မှုတွေလည်း ရှိနေတယ်လို့ သိရပြီး အစွန်အဖျားကျေးရွာတွေက နေအိမ်တွေမှာ ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ခြင်း မရှိဘဲ ပိတ်မိနေသူတွေလည်း ရှိနေတာကြောင့် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့…
Read Moreထိုင်း မြန်မာနယ်စပ် ၊ မြန်မာဘက်ခြမ်း မင်းလက်ပံ – ဖလူး – ဝေါလေဘက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး လေကြောင်းကနေလည်း ဆက်တိုက်ဗုံးကြဲနေ
ဇူလိုင် ၁၁ ၊ ၂၀၂၆ GG (VOM) ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ထိုင်း – မြန်မာနယ်စပ်က မင်းလက်ပံ – ဖလူး – ဝေါလေ ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းကနေလည်း ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။ အစိုးရတပ်တွေက မင်းလက်ပံရွာ နဲ့ ဖလူးရွာကို သိမ်းပိုက်နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်း ထောင်နဲ့ချီပြီး စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်နေသလို လက်နက်ကြီးလည်း ပစ်ကူပြီး လေေကြာင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ပေးနေတယ်လို့ သိရပါတယ် ။ ” ဒီနေ့ဆိုရင် ငါးရက်ရှိပြီ ။ လေယာဥ်နဲ့လည်း နေ့တိုင်းလာကြဲတယ်။ လက်နက်ကြီးတွေလည်း ပစ်တယ်။ မင်းလက်ပံက KK Park အကျော်မှာရှိတာ ။ဖလူးနဲ့ မင်းလက်ပံက မဝေးဘူး ။ အခုတော့ ပစ်ခတ်နေကြတုန်းပဲ ။ထိုင်းနယ်စပ်က ရွာတွေနဲ့လည်း သောင်ရင်းမြစ်ပဲခြားတာဆိုတော့ ဟိုဘက်ကလူတွေလည်း…
Read Moreခေတ်သစ်ပိုးလမ်းမ၊ ကူမင်း-ကျောက်ဖြူ လမ်းမကြီးပေါ်က စစ်ကစားကွက်များ
MT(VOM) နေပြည်တော်ကနေ ကျောက်ဖြူအထိ၊ ကူမင်းကနေ ကပ္ပလီပင်လယ်အထိ သွယ်တန်းမယ့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ဆိုတာ စက္ကူပေါ်မှာတော့ အင်မတန်လှပတဲ့ ရွှေရောင်လမ်းမကြီးပါပဲ။ ဒါပေမဲ့ လက်တွေ့မြေပြင်မှာတော့ ဒီလမ်းမကြီးဟာ ဗုံးဆန်တွေ၊ သွေးတွေ၊ ပြီးတော့ သေနတ်သံတွေကြားထဲမှာ ပိတ်မိနေပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” ဟာ မြန်မာ့မြေပုံကို ဇောက်ထိုးမိုးမျှော် ပြောင်းလဲပစ်ခဲ့ရုံတင်မကဘဲ တရုတ်ရဲ့ ပထဝီနိုင်ငံရေးအိပ်မက်ကိုပါ လှုပ်ခါပစ်လိုက်တာပါ။ ၁၀၂၇ စစ်ဆင်ရေး ကာလ ကနေ ဦးမင်းအောင်လှိုင် တရုတ်ပြည်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အထိ မြေပြင်ရဲ့ အလှည့်အပြောင်းတွေကို ဆန်းစစ်ကြည့်ပါမယ်။ ရှမ်းမြောက်၊ မန္တလေး နှင့် ရခိုင် စစ်မျက်နှာ သုံးခု၏ မဟာဗျူဟာမြောက် ဆက်စပ်မှု ပိုးလမ်းမကြီးရဲ့ လမ်းကြောင်းကို ကြည့်ရင် ရှမ်းမြောက် (အဝင်တံခါး)၊ မန္တလေး (အချက်အချာဗဟို)…
Read Moreမင်းတပ်၊ ကန်ပက်လက်နဲ့ ယောဒေသက စစ်ရှောင်တွေ တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး အကူအညီတွေ လိုအပ်နေ
ဇူလိုင် ၁၀ – ၂၀၂၆ SN (VOM) ချင်းပြည်နယ် (တောင်ပိုင်း) ရှိ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်းအတွင်းရှိ ယောဒေသက စစ်ရှောင်တွေဟာ လက်ရှိ မိုးရာသီကာလအတွင်း တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေ ရှိနေပြီး အရေးပေါ်ဆေးဝါးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ အစိုးရတပ်ရဲ့ မြေပြင် ထိုးစစ်အပြင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံ နှစ်သောင်းခွဲဝန်းကျင် နီးစပ်ရာရွာတွေ၊ လယ်တောတွေနဲ့ တောတောင်တွေထဲ စစ်ဘေး တိမ်းရှောင်နေရတာဖြစ်ပြီး လက်ရှိမှာ စစ်ရှောင်တွေဟာ ရာသီတုပ်ကွေးရောဂါအပြင် ရိက္ခာပြတ်လပ်မှု၊ အမိုးအကာ မလုံလောက်မှု စတဲ့ အခက်အခဲတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ “လတ်တလောကလည်း အစိုးရတပ် စစ်ကြောင်းတွေက နေရာအနှံ့ဖြန့်ကျက်ထားတယ်။ သွားလို့လာလို့ မကောင်းဘူးပေါ့။ ဒါကြောင့် လိုအပ်တဲ့ ရိက္ခာတွေ၊ ဆေးဝါးတွေ သယ်ယူနိုင်ဖို့က အတားအဆီးတွေ…
Read Moreခရီးလမ်းကြန့်ကြာလို့ အပျက်အဆီးတွေရှိတာကြောင့် ချင်းတွင်းအထက်ပိုင်းဒေသထွက် ပဲတွေ စျေးကျ
မုံရွာ ဇူလိုင်-၁၀ -၂၀၂၆ MW(VOM ) ခရီးလမ်းကြန့်ကြာလို့ အပျက်အဆီးတွေရှိတာကြောင့် ချင်းတွင်းအထက်ပိုင်းဒေသထွက် ပဲတွေ စျေးကျနေတယ်လို့ မုံရွာပွဲစားတွေဆီကသိရပါတယ်။ “အညာထွက်သီးနှံတွေက ရေလမ်းပွင့်ရင်ရောက်ပါတယ်။ တန်ဆာခစျေးကြီးတော့ ကုန်းလမ်းကမသုံးကြဘူး။ တချို့မော်တော်တွေဆိုရင် သင်္ကြန်မတိုင်ခင်က ကုန်တွေတင်လိုက်တာ ဇွန်လကုန်မှရောက်လာတာပါ။ အချိန်ကြာတော့ ပိုးပါတာ။မှိုတက်တာတွေဖြစ်တယ်။ အဲဒါတွေကိုကုန်သည်နဲ့ မော်တော်ပိုင်စကားပြောကြရတယ်။ စျေးကွက်မှာရောင်းထွက်အောင် ပြန်သန့်စင်ရတဲ့စရိတ်တွေ တက်သွားတာပေါ့။ မြေထောက်ပဲတို့ ပုဂံပဲတွေမှာပိုးပါရင် ရောင်းမရတော့ဘူး။”လို့ ချင်းတွင်းအထက်ပိုင်းကုန်စည်ပွဲစားကပြောပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲကြီး၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲဆန်၊ နှမ်း၊ ပဲဖတ်၊ ကုလားပဲအုပ်စု၊ ပဲစဥ်းငုံသီးနှံတွေ စျေးကောင်းပြီး အရောင်းအဝယ်သွက်နေပေမယ့် အညာဒေသထွက် ပဲ စျေးတွေကျနေတာပါ။ “ဒီနှစ်က တောင်သူတွေ အထွက်နည်းကြတယ်။ ပြည်ပဝယ်လက်မရှိရင် ပဲစျေးကဆက်ကျနေအုံးမှာပါ။ ပြည်ပဝယ်လက်ရှိပြီး ပြည်တွင်းသုံးလည်းရှိတဲ့ပဲဆိုရင်တော့ စျေးတက်တာပေါ့။ အရင် တရုတ်ကဝယ်ရင် ကားလမ်းကနေတိုက်ရိုက်သွားလို့ရတယ်။ ၂ညအိပ်၃ရက်ဆိုရောက်ပြီ။ အခုကကားလမ်းကအဆင်မပြေဘူး။ ရေလမ်းကနေပို့ခိုင်းပြန်တော့ လချီကြာတယ်။ပို့ဆောင်စရိတ်ကြီးမြင့်တယ်။ အစစအရာရာ…
Read Moreရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ ရေကြေီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုတွေ ရှိနေ
ဇူလိုင် ၁၀ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ တောင်ကုတ်မြို့နယ်နဲ့ ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့မှ စတင်ကာ ဒီကနေ့အချိန်အထိ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြစ်ရေ၊ ချောင်းရေတွေ လျှံတက်လာပြီး မြေနိမ့်ပိုင်းနေရာတွေနဲ့ ရေစီးရေလာ မကောင်းတဲ့ ကျေးရွာတချို့မှာ ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်လျက်ရှိကာ ရေစီးသန်မှုကြောင့် ဇူလိုင် ၇ ရက်ကနေ ၉ ရက်အထိ ရေစီးနဲ့မျောပါ သေဆုံးသူ သုံးယောက်အထိ ရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။ “ရေကြီးနေတာက ကျေးရွာအနေနဲ့ဆို ရခိုင်မှာ ရွာပေါင်း ၈၀ လောက်ရှိမယ်။ ဒေသခံ…
Read Moreအမျိုးသားစာပေ တသက်တာဆုရ စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း ကွယ်လွန်
ဇူလိုင် ၁၀ – ၂၀၂၆ SN (VOM) အမျိုးသားစာပေ တသက်တာဆုရ စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ဟာ ဒီကနေ့ ဇူလိုင် ၁၀ ရက်၊ မနက်ပိုင်းက ကွယ်လွန်သွားပြီဖြစ်တယ်လို့ စာပေလောက အသိုင်းအဝိုင်းက သိရပါတယ်။ ဆရာမကြီးဟာ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ ကုတင် (၁၀၀၀) စစ်ဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ကာ ကွယ်လွန်ချိန်မှာ အသက် (၈၆) နှစ် ရှိပြီဖြစ်တယ်လို့ သိရပြီး ကြွင်းကျန်ရစ်တဲ့ ဥတုဇရုပ်ကလပ်ကို လာမယ့် ဇူလိုင် ၁၂ ရက် (တနင်္ဂနွေနေ့) နေ့လယ် ၁ နာရီမှာ မင်္ဂလာဒုံစစ်ဆေးရုံ ငြိမ်းအေးဇရပ်မှ မင်္ဂလာဒုံ စစ်သင်္ချိုင်းကို ပို့ဆောင် မီးသင်္ဂြိုဟ်ကာ အရိုးပြာကို မန္တလေးတိုင်း ပုဂံ – ညောင်ဦးကို ပို့ဆောင် ဂူသွင်းမှာဖြစ်တယ်လို့ သိရပါတယ်။ ဆရာမကြီး ကွယ်လွန်တာနဲ့…
Read More