ဝန်းရံအားပေး ဖိုက်တင်ပလေး နှင့် မီးမွှေးကြသူများ

မန္တလေး-အောက်တိုဘာ ၂၉-၂၀၂၀ ဆွေလင်းထွန်း+နေလင်း (VOM) ခွေး၊ခွေးချင်းကိုက်ရင်တောင် ကိုယ့်ခွေးက အနိုင်ရစေချင်တဲ့ လူ့သဘာဝတွေကြောင့် မိမိတို့နှစ်သက်တဲ့ ပါတီ၊ မိမိတို့လိုလားတဲ့ ပါတီကို အုံနဲ့ကျင်းနဲ့ ဝန်းရံအင်အားပြတဲ့ ယဉ်ကျေးမှုအဖြစ် ၂၀၂၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲအကြိုမဲဆွယ်ပွဲတွေမှာ အထင်အရှားတွေ့နေရပါတယ်။ မိမိလိုလားတဲ့ ပါတီမဲဆွယ်ပွဲမှာ လူအင်အားများဖို့ ပါတီခေါင်းဆောင်တွေရဲ့ မေတ္တာရပ်ခံချက်တွေကို လစ်လျူရှုပြီး တီရှပ်အခမဲ့ဝေတာ၊ ရေသန့်ဗူး အခမဲ့ဝေတာ၊ စားသောက်စရာဝေကြတာ စသည်ဖြင့် လူတွေစုလှည့်လည်နေကြပါတယ်။ ဒီလိုကိုဗစ်ကာလ တာမြစ်ချက်တွေကို ချိုးဖေါက်လူစုတာ ရွေးကောက်ပွဲ မဲဆွယ်ကာလမို့လို့ လျှော့တွေးပေးလို့ရပေမယ် သင်္ကြန်မှာလိုလို ၊ တောင်ပြုံးပွဲ ၊ ကူနီပွဲတွေမှာလို လှည့်လည်သူချင်း စနောက်ရာကနေ ရန်ဖြစ်ကြ လူသေကြ ၊ ခေါင်းကွဲကြ ဇာတ်လမ်းတွေ အများအပြားတွေ့နေရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ နာဂစ်ဥပဒေလို့  တချိန်က အတိုက်ခံနိုင်ငံရေးသမားတွေ ဆိုခဲ့ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပတဲ့ သုံးကြိမ်မြောက်…

Read More

ပွဲငတ်နေခိုက် မဲဆွယ်လိုက်သည်နှင့် မဲဆွယ်မျိုးစုံအဖုံဖုံ

မန္တလေး- အောက်တိုဘာ ၂၈-၂၀၂၀ ဆွေလင်းထွန်း+နေလင်း( VOM) ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၆၀ အလို စက်တင်ဘာ ၆ ရက်နေ့ကစပြီး နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတာတွေ စတင်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တဲ့အချိန်ဟာ ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မို့ နိုင်ငံရေးပါတီတွေ အကြပ်ရိုက်ခဲ့ပါတယ်။ တပါတီနဲ့ တပါတီ သူ့အကဲခတ် ကိုယ့်အကဲခတ် စောင့်ကြည့်ရင်း ပါတီကြီးတချို့ရဲ့ခေါင်းဆောင်တွေ လမ်းပေါ်စထွက်ပြီး သွေးတိုးစမ်းရာကနေ ဝန်းရံသူဆိုတဲ့ လူအုပ်ကြီးတွေ လမ်းပေါ်မှာ အလျှိုလျှိုပေါ်လာခဲ့တာ အားလုံးအမြင်ဖြစ်ပါတယ်။   ဒီလို မဲဆွယ်လိုက်သူတွေထဲက တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့မေးခွန်းလေးတွေမေးကြည့်တော့ သူတို့ကြိုက်တဲ့ပါတီနိုင်စေချင်လို့ လိုက်တာဆိုတဲ့ အဖြေကလွဲပြီး မဲပေးရမယ့်အနေအထားကို လေ့လာမထားသူအများစုနဲ့ သူတို့နယ်က မဲပေးရမယ့် သူတို့ဝန်းရံတဲ့ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ နာမည်ကိုတောင် မသိသူအများစုဖြစ်တာကို ဗီအိုအမ်ကမေးမြန်းတာမှာ တွေ့ရှိရပါတယ်။   ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ အထွေထွေရွေးကောက်ပွဲ ကျင်းပရာမှာ ကိုဗစ်…

Read More

သတင်းတုသတင်းမှားနဲ့ အမုန်းစကားဖြန့်တာတွေ သတိထား

မန္တလေး-အောက်တိုဘာ ၂၇-၂၀၂၀ နေလင်း+ဆွေလင်းထွန်း (VOM) မြန်မာနိုင်ငံမှာ တံခါးဖွင့်မှုဝါဒကျင့်သုံးလာပြီးနောက် တယ်လီဖုန်းဆင်းကဒ်တွေဟာ လမ်းဘေးမှာ အလွယ်တကူဝယ်လာနိုင်တာမို့ တယ်လီဖုန်းသုံးနိုင်သူများပြားလာသလို ဖေ့ဘုတ်သုံးစွဲသူဟာလည်း သန်း ၂၀ ကျော်လာတယ်လို့ စောင့်ကြည့်လေ့လာသူတွေရဲ့ စာရင်းအရသိရပါတယ်။ ဒီလို လူအများသုံးစွဲလာနိုင်တာဟာ တဖက်ကကောင်းသလို အခြားတဖက်မှာလည်း အင်တာနက်နဲ့ မယဉ်ပါးသေးသူတွေ၊ ဆိုရှယ်မီဒီယာရဲ့သဘောသဘာဝကို နားလည်မှုအားနည်းသူတွေအတွက် အမှားတွေကို အလွယ်လက်ခံမိပြီး အမှန်ထင်ကာ ပြန်လည်ဖြန့်ဝေတာတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ တက်ခဲ့တဲ့ သာဓကတွေ ရှိနေပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ နိုင်ငံရေးပါတီတွေ၊ အစိုးရခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေနဲ့ တိုက်ခိုက်တာဟာ အရင်ထက် များပြားလာပါတယ်။ သတင်းတု သတင်းမှားတွေ ပျံ့နှံ့လာတာဟာ လူမှုကွန်ယက် ဖေ့ဘုတ်သုံးစွဲမှု မြင့်တက်လာတာက အကြောင်းရင်းတခု ဖြစ်ပြီး အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ကြေညာချက်တွေကို အတုလုပ်တာတွေ၊ ပါတီတခုနဲ့ တခုကြား…

Read More

တောင်ကုတ်က NLD ကိုယ်စားလှယ်လောင်း ၃ယောက်ကို AA က ဖမ်းထားတာနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ထုတ်ပြန်ချက်နောက်က ဂယက်

တောင်ကုတ်က NLD ကိုယ်စားလှယ်လောင်း ၃ယောက်ကို AA က ဖမ်းထားတာနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ထုတ်ပြန်ချက်နောက်က ဂယက်   အောက်တိုဘာ ၂၂-၂၀၂၀ ဆွေလင်းထွန်း(VOM)   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့တောင်ကုတ်ကလွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကိုအောက်တိုဘာ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ AA လက်နက်ကိုင်အဖွဲ့ကဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ NLD ပါတီက ကြေညာချက်တစောင်ကို အောက်တိုဘာ ၂၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာ ကိုယ်စားလှယ်လောင်းသုံးဦးဟာ ဥပဒေဖောက်ဖျက်သူတွေ မဟုတ်တာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ထုတ်ပြန်ချက်မှာ ကိုယ်စားလှယ်လောင်းသုံးဦးဟာ ဥပဒေဖောက်ဖျက်သူတွေ မဟုတ်ဘဲ AA အကြမ်းဖက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ပါ အချက်တွေဟာ အခြေအမြစ်မရှိဘဲ တဖက်သတ် ကောက်ချက်ချမှုသာ ဖြစ်ကြောင်းနဲ့  AA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေ‌ဟာ နောင်အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ရာမှာ ကြီးမားတဲ့ အဟတ့်အထားတခု ဖြစ်လာနိုင်တယ်လို့ ပါရှိပြီး…

Read More

ရွေးကောက်ပွဲကာလ သတင်းယူရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ

( နိုဝင်ဘာ ၈ရက်နေ့မှာကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် သတင်းဌာနအသီးသီးဟာ ပြင်ဆင်မှုမျိုးစုံလုပ်နေကြပြီဖြစ်တာမို့ အယ်ဒီတာတွေ၊သတင်းထောက်တွေအတွက် သိသင့်သိထိုက်တာတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ အငြိမ်းစားဌာနမှူးဖြစ်တဲ့ ဒေါ်တင်ထားဆွေက သူ့ရဲ့အတွေ့အကြုံတွေကို ဝေမျှထားတာဖြစ်ပါတယ်) အယ်ဒီတာ ( VOM) ရွေးကောက်ပွဲကာလ သတင်းယူရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ ရွေးကောက်ပွဲကာလ သတင်းထောက်တွေလိုက်နာရမယ့် ကျင့်ဝတ်တွေကို သက်ဆိုင်ရာ သတင်းဌာနတွေက ရွေးကောက်ပွဲ မတိုင်မီမှာ ထုတ်ပြန်လေ့ရှိပါတယ်။ ဥပမာ ဘီဘီစီက အယ်ဒီတိုးရီးယား ဂိုက်လိုင်းမှာ ရွေးကောက်ပွဲ သတင်းယူတာနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေ ဖော်ပြထားပေမယ့်လည်း ရွေးကောက်ပွဲနီးလာတဲ့အခါမှာ သတင်းထောက်တွေလိုက်နာရမယ့် ကျင့်ဝတ်စည်းမျဥ်းအသေးစိတ်ကို ထုတ်ပြန်ပေးပါတယ်။ ‌ ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ နိုင်ငံရေးအခြေအနေက အရင်လိုမဟုတ်ပဲ ပြောင်းသွားနိုင်တာကြောင့် သတင်းထောက်တွေ လိုက်နာရမယ့် ဂိုက်လိုင်းတွေ ကို ပြန်လည်သုံးသပ်ပြီး လိုအပ်တာတွေကို ဖြည့်စွက်ဖော်ပြပေးပါတယ်။ သတင်းတိုက်အသီးသီးက ရွေးကောက်ပွဲကာလ သတင်းယူတဲ့အခါမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေ ထုတ်ပြန်ထားလေ့ရှိတာမို့…

Read More

“စွမ်းအင်လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းမလဲ”

“စွမ်းအင်လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းမလဲ” သွေး (စစ်ကိုင်း)၊ စက်တင်ဘာ ၂၅၊ ၂၀၂၀ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် စွမ်းအင်ရရှိရေးဟာ အထူးပဲ အရေးကြီးပါတယ်။ စွမ်းအင်ရင်းမြစ်တွေ ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံမှာ စွမ်းအင်ထုတ်လုပ်ရေး အတွက် ကောင်းမွန်အဆင်ပြေတဲ့ နည်းလမ်းတွေကို ထည့်သွင်း စဉ်းစားရမှာပါ။ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) ပိုထုတ်လုပ်ဖို့ ဦးတည်ကြိုးပမ်း သွားမယ် ဆိုရင် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း ဝန်းကျင်ပဲ လျှပ်စစ်မီး ရရှိသေးတာ ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိဖို့ မျှော်မှန်းထားပါတယ်။ လျှပ်စစ်စွမ်းအင်ကို ရေ၊ လေ၊ ဘူမိအပူကနေ ထုတ်ယူနိုင်ပြီး လက်ရှိမှာတော့ အများဆုံး ထုတ်လုပ်နေတာက ရေအားသုံး…

Read More



Unicode သေသည်ထိ အမှိုက်ကောက်မယ် ရှိုင်းအောင် (VOM) အဖြူရောင်ရှပ်အင်္ကျ ီခပ်နွမ်းနွမ်းနဲ့ ပုဆိုးတိုတိုဝတ်ထားတဲ့ အသက်ရှစ်ဆယ်ကျော်လောက်ရှိမယ့် အဘိုးအိုဟာ တုန်တုန်ယင်ယင်နဲ့ ပေတရာလမ်းပေါ်က အမှိုက်စလေးတွေကိုတစ်ခုပြီးတစ်ခု ကောက်ပြီး လေးပေလောက်မြင့်တဲ့ ဘီးနှစ်လုံးပါ အစိမ်းရောင်အမှိုက်ပုံကြီးထဲကို ထည့်လိုက်ပါတယ်။ သူဟာ အဲလိုအမှိုက်တွေကို ကောက်ထည့်ပြီး အမှိုက်ပုံးကို နောက်ပြန်ဆွဲပြီးတော့ ခြေလှမ်းကို ဖြေးညှင်းစွာ တရွေ့ရွေ့ လှမ်းကာ ဈေးကြီးရှိတဲ့ ဘက်ကို ဦးတည်ပြီးသွားနေပါတယ်။ အချိန်အားဖြင့်တော့ ဧပြီနွေရဲ့အပူချိန်မလာသေးခင် ဆောင်းအကြွင်းအကျန်အအေးဓါတ်လေးရှိသေးတဲ့ ရောင်နီလာစ၊ လမ်းတွေကို မြင်ရယုံအချိန် နေရာကတော့ စစ်ကိုင်းမြို့ရဲ့ မြို့မဈေးအနီးမှာပါ။ လမ်းပေါ်မှာ တဒုတ်ဒုတ် မြည်ပြီးလိမ့်နေတဲ့ သူ့အမှိုက်ပုံး ဘီးလုံသံ စည်းချက်ကို အဖော်ပြုပြီး ရှိသမျှအင်အားတွေစုစည်းထားတဲ့ ခြေလှမ်းတွေနဲ့ အမှိုက်တွေအများဆုံးရှိတဲ့ စစ်ကိုင်းမြို့က မြို့မဈေးလမ်းမပေါ်က အမှိုက်တွေကို ကောက်ပြီး ဈေးထောင့်မှာ အသင့်ရှိတဲ့ အမှိုက်ကားပေါ်ကို တင်ပေးဖို့ သူသွားနေတာပါ။ သူကောက်စရာတွေကောက်ထည့် တင်ပေးပြီးရင်…

Read More

ဂမ္ဘီယာ နှင့် မြန်မာ အမှု

The Gambia v Myanmar ဂမ်ဘီယာ နှင့် မြန်မာ အမှု ၂၅ နိုဝင်ဘာ ၂၀၁၉ တင်ထားဆွေ   မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှု နဲ့စပ်လျဉ်းပြီး လိုက်နာရမယ့် ဥပဒေ ကန့်သတ်ချက်တွေရှိပါတယ်။ ဒီဥပဒေကန့်သတ်ချက်တွေကဘာတွေလဲ၊ ဒီဥပဒေကန့်သတ်ချက်တွေကို ဂမ်ဘီယာက ရင်ဆိုင်ဖြေရှင်းဖို့ဘာတွေလိုသလဲ၊ The European Journal of International Law ဘလော့ခ်မှာဖော်ပြထားတဲ့ဥပဒေဆိုင်ရာသုတေသီ Thomas Van Poecke, Marta Hermez နဲ့ Jonas Vernimmen တို့ရဲ့ဆောင်းပါးကို မှီငြမ်းပြီးဆွေးနွေး တင်ပြပါမယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး International Court of Justice, ICJ ဆိုတာဘာလဲ အပြည်ပြည်ဆိုင်ရာတရားရုံးက ကုလသမဂ္ဂရဲ့တရားစီရင်ရေးဆိုင်ရာအဖွဲ့အစည်းဖြစ်ပါတယ်။ ကုလသမဂ္ဂပဋိညာဉ်နဲ့အညီ၁၉၄၅ ဇွန်လမှာ အပြည်ပြည်ဆိုင်ရာတရားရုံးကိုဖွဲ့စည်းခဲ့ပြီး၁၉၄၆ခုနှစ် မှာလုပ်ငန်းစတင်ပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံးကနယ်သလန်နိုင်ငံ သဟိဂ်မြို့၊ ငြိမ်းချမ်းရေးနန်းတော် Peace…

Read More

အဆုံးသတ်နိုင်ဖွယ်မရှိသေးသည့်အမေရိကန်-အာဖဂန် အကြာရှည်ဆုံးစစ်ပွဲ 

မျိုးဆက်(VOM)     ၂၀၀၁ခုနှစ်စက်တင်ဘာ၁၁ရက်တွင်နယူးယောက်ရှိကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံနှင့်ဝါရှင်တန်ဒီစီရှိပင်တဂွန်စစ်ဌာနချုပ်တို့ကိုအယ်လ်ခိုင်ဒါအဖွဲ့ကတိုက်ခိုက်ခဲ့ပြီးနောက်စတင်ခဲ့သည့်အမေရိကန်၏အာဖဂန်စစ်ပွဲမှာ၁၈နှစ်ကြာကာလအတွင်းချဉ်းနှင်းလာပြီဖြစ်သည်။     လူသုံးထောင်နီးပါးသေဆုံးခဲ့သည့်တိုက်ခိုက်မှုအတွက်ဦးဆောင်ခဲ့သူအယ်လ်ခိုင်ဒါအကြမ်းဖက်ခေါင်းဆောင်အိုစမာဘင်လာဒင်ကိုလွှဲပြောင်းပေးရေးအာဖဂန်နစ္စတန်တွင်အစိုးရဖြစ်နေသည့်တာလီဘန်တို့ကိုတောင်းဆိုသော်လည်းပယ်ချအပြီးတွင်သမ္မတဂျော့ဒဗလျူဘုရှ်ကစစ်ရေးအရလက်တုံ့ပြန်ခဲ့ပြီးအာဖဂန်စစ်ပွဲစခဲ့လေသည်။     လက်ရှိအချိန်ထိအာဖဂန်စစ်ပွဲကြောင့်နေတိုးတပ်ဖွဲ့ဝင်၃၅၀၀နီးပါးကျဆုံးခဲ့ပြီး၎င်းတို့ထဲမှ၂၃၀၀ကျော်မှာအမေရိကန်တပ်ဖွဲ့ဝင်များဖြစ်ကာ၂၀၁၉ခုနှစ်အထိစစ်ရေးအသုံးစရိတ်ဒေါ်လာ၉၇၅ဘီလီယံကျော်ကျခံသုံးစွဲခဲ့ရသဖြင့်အမေရိကန်အနေဖြင့်လည်းအဖက်ဖက်မှအထိနာစေသည်။     ကာလရှည်စစ်ပွဲအဆုံးသတ်ရေးအမေရိကန်၏ကနဦးချဉ်းကပ်မှုမှာတာလီဘန်အဖွဲ့နှင့်လက်ရှိအုပ်ချုပ်နေသည့်အာဖဂန်အစိုးရအကြားစေ့စပ်ညှိနှိုင်းပေးရေးဖြစ်သည်။သို့သော်သမ္မတဂါနီဦးဆောင်သည့်လက်ရှိအာဖဂန်အစိုးရသည်အနောက်အုပ်စုကတင်မြောက်ထားသည့်ရုပ်သေးအစိုးရဟုတာလီဘန်တို့ကသမုတ်ပြီးတွေ့ဆုံဆွေးနွေးရေးကိုအကြိမ်ကြိမ်ပယ်ချခဲ့ခြင်းကြောင့်ရွေးချယ်ခွင့်မရှိတော့သည့်အမေရိကန်အနေဖြင့်တာလီဘန်များနှင့်ဆွေးနွေးခြင်းပြုခဲ့ရသည်။     အဆိုပါကာလရှည်စစ်ပွဲဆင်နွှဲနေခြင်းအတွက်အမေရိကန်ပြည်သူများကအပြည့်အ၀ထောက်ခံခြင်းမရှိတော့သလိုအစိုးရအနေဖြင့်လည်းစစ်ပွဲအဆုံးသတ်ရေးဦးတည်လုပ်ဆောင်နေပြီးလွန်ခဲ့သည့်နှစ်ကတည်းကအချက်လေးချက်အပေါ်အခြေခံကာတာလီဘန်များနှင့်ကြိမ်ဖန်များစွာဆွေးနွေးခဲ့သည်။   အယ်လ်ခိုင်ဒါနှင့်အိုင်အက်စ်ကဲ့သို့သောစစ်သွေးကြွအဖွဲ့များကိုတာလီဘန်တို့ကအာဖဂန်တွင်အခြေချလှုပ်ရှားခွင့်မပြုရေး၊အမေရိကန်နှင့်နေတိုးတပ်ဖွဲ့ဝင်များအာဖဂန်မြေမှအပြီးတိုင်းရုပ်သိမ်းရေး၊အမေရိကန်-တာလီဘန်-အာဖဂန်အစိုးရတို့အကြားသုံးပွင့်ဆိုင်ဆွေးနွေးရေးနှင့်နိုင်ငံအတွင်းအပစ်အခတ်ရပ်ဆဲရေးတို့ဖြစ်သည်။     ဆွေးနွေးပွဲကာလများအတွင်းအမေရိကန်အပါအ၀င်နေတိုးတပ်ဖွဲ့ဝင်များအာဖဂန်မြေမှရုပ်သိမ်းမည့်အချိန်ကာလကိုမကြေညာသေးသရွေ့မည်သည့်ကတိက၀တ်မှပေးမည်မဟုတ်ကြောင်းတာလီဘန်ကိုယ်စားလှယ်များက  အခိုင်အမာပြောဆိုထားသည်။     နှစ်ဘက်အကြားအာဖဂန်စစ်ပွဲအဆုံးသတ်ရေးဆွေးနွေးမှုများတွင်ကာတာနိုင်ငံဒိုဟာမြို့တွင်ပြုလုပ်သောကိုးကြိမ်မြောက်အစည်းအဝေးအပြီးသဘောတူညီချက်မူကြမ်းတစ်ရပ်ကိုစက်တင်ဘာလဆန်းတွင်ပထမဆုံးအကြိမ်ထုတ်ပြန်နိုင်ခဲ့သည်။     မူကြမ်းအရ  တပ်ဖွဲ့ဝင်၅၄၀၀ကိုရုပ်သိမ်းပေးသွားမည်ဟုအမေရိကန်ဘက်ကသဘောတူထားသည်။လက်ရှိတွင်အာဖဂန်၌တပ်ဖွဲ့ဝင်၁၄၀၀၀နီးပါးရှိနေပြီးရုပ်သိမ်းရေးသဘောတူညီချက်အတွက်  ဒေါ်နယ်ထရန့်အတည်ပြုရန်လိုအပ်နေသေးသည်။     ယင်းသို့တပ်ဖွဲ့ဝင်များကို  ရုပ်သိမ်းပေးခြင်းအတွက်အပြန်အလှန်အားဖြင့်  တာလီဘန်တို့သည်အယ်ခိုင်ဒါနှင့်အိုင်အက်စ်ကဲ့သို့သောအကြမ်းဖက်အဖွဲ့များကိုနိုင်ငံအတွင်းအခြေချလှုပ်ရှားခြင်းများကိုခွင့်မပြုရေးအာမခံရတော့မည်ဖြစ်သည်။     တာလီဘန်တို့အစဉ်တစ်စိုက်တောင်းဆိုခဲ့သည့်အတိုင်းတပ်ဖွဲ့ဝင်များရုပ်သိမ်းရေးအမေရိကန်ကကနဦးသဘောတူခဲ့ခြင်းမှာထင်သလောက်အောင်မြင်ခြင်းမရှိသည့်၁၈နှစ်ကြာအာဖဂန်စစ်ပွဲအတွင်းမှသိက္ခာရှိစွာဆုတ်ခွာရေးအတွက်ပြင်ဆင်လာပုံရသည်။     သို့သော်တပ်ဖွဲ့ဝင်များရုပ်သိမ်းလိုက်ပါကစစ်သွေးကြွများပြန်လည်ခေါင်းထောင်လာပြီးအမေရိကန်နှင့်မဟာမိတ်များကိုတိုက်ခိုက်လာနိုင်ခြေနှင့်ပတ်သက်ပြီးအနောက်အုပ်စုကတွက်ဆနေသည့်အပြင်တာလီဘန်တို့၏အကြမ်းဖက်မှုများပိုမိုမြင့်တက်လာမည်ကိုလည်းအာဖဂန်ပြည်သူများကစိုးရိမ်နေကြသည်။     လက်ရှိတွင်အာဖဂန်နစ္စတန်၌၂၂၉ခရိုင်ကိုအစိုးရကထိန်းချုပ်ထားပြီး၅၉ခရိုင်ကိုတာလီဘန်တို့ကထိန်းချုပ်ထားကာကျန်၁၁၉ခရိုင်ကိုမည်သည့်ဘက်ကမျှထိန်းချုပ်ထားနိုင်ခြင်းမရှိကြောင်းအစီရင်ခံစာများတွင်ဖော်ပြသည်။ယင်းမှာအစိုးရအဖြစ်မှ၂၀၀၁ခုနှစ်တွင်ပြုတ်ကျခဲ့သော်လည်းလက်ရှိအချိန်တွင်အာဖဂန်ရှိနယ်မြေများကိုပိုမိုထိန်းချုပ်ထားနိုင်ခဲ့သည့်သဘောဖြစ်သည်။     နိုင်ငံတွင်းပဋိပက္ခဖြစ်ပွားနေသည့်တာလီဘန်နှင့်အာဖဂန်အစိုးရကြားတွင်  ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့မရှိပေ။  လက်တွေ့ဆွေးနွေးမည်ဆိုပါကအာဖဂန်အစိုးရဟောင်းဖြစ်သည့်တာလီဘန်တို့ကလည်းနယ်မြေစိုးမိုးပိုင်ဆိုင်ရေးနှင့်အာဏာခွဲဝေမှုများကိုလက်ရှိအစိုးရအားတောင်းဆိုလာနိုင်သည်။     ထို့ကြောင့်အာဖဂန်စစ်မြေပြင်မှသိက္ခာရှိစွာဆုတ်ခွာရေးအမေရိကန်အတွက်နောက်ထပ်စိန်ခေါ်မှုမှာတာလီဘန်နှင့်အာဖဂန်အစိုးရအကြားတွေ့ဆုံဆွေးနွေးရေးဖြစ်ပြီး  အန္တိမပန်းတိုင်မှာသုံးဦးသုံးဖလှယ်တွေ့ဆုံကာအပစ်အခတ်ရပ်စဲရေးပင်ဖြစ်သည်။     စစ်ပွဲအဆုံးသတ်လိုသည့်အမေရိကန်အနေဖြင့်နှစ်ဘက်အကြားမဖြစ်မနေကြားပွဲစားလုပ်နေရပုံရှိပြီှးတပ်ဖွဲ့ဝင်များရုပ်သိမ်းရေးအပါအ၀င်တာလီဘန်တို့နှင့်သဘောတူညီချက်မူကြမ်းတစ်ရပ်ကိုစက်တင်ဘာလဆန်း၌ထုတ်ပြန်နိုင်ခဲ့ခြင်းက  ထင်သာမြင်သာတိုးတက်မှုတစ်ရပ်ဟုဆိုနိုင်သည်။     သို့သော်ယင်းသဘောတူညီချက်ထုတ်ပြန်အပြီးမကြာမီတာလီဘန်ထိပ်တန်းခေါင်းဆောင်များ၊အာဖဂန်သမ္မတဂါနီတို့နှင့်စက်တင်ဘာ၈ရက်တွင်အမေရိကန်နိုင်ငံမေရိလန်း၌သီးခြားစီပြုလုပ်မည့် …

Read More
VOM News

FREE
VIEW