ချင်းတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေနဲ့အဖွဲ့ မင်းတပ်မှာ ကွာရန်တင်းဝင်တာ ရက်ပြည့်ပေမယ့် ထွက်ခွင့်မရလို့ မဲဆွယ်ခွင့်ဆုံးရှုံးနေ အောက်တိုဘာ- ၈- ၂၀၂၀ ရှိုင်းအောင်(VOM) ချင်းပြည်နယ်၊ မင်းတပ်မြို့ကနေ ကိုယ်စားပြုပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီစည်းရုံးရေးမှူး၊ ပါတီဝင်တွေဟာ မင်းတပ်မြို့က Quarantine Center မှာ Q ဝင်ရက်ပြည့်ပေမယ့်လို့ ကျော်နေပေမယ့် ပြန်မရတာကြောင့် မင်းတပ်မြို့မှာမဲဆွယ်စည်းရုံးဖို့ အခက်တွေ့နေကြပါတယ်။ Q ဝင်နေရတဲ့၊ CNLD ရဲ့ မင်းတပ်မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမနားကီးက VOM ပြောပြတာက “ အခက်အခဲတွေကတော့ ကျန်တဲ့ပါတီက ကိုယ်စားလှယ်လောင်းတွေက မဲဆွယ်စည်းရုံးရေးတွေလုပ်နေကြပြီလေ ကျနော်တို့ CNLD အနေနဲ့ မင်းတပ်မြို့မှာ မဲဆွယ်စည်းရုံးခွင့်မရှိဘူးဖြစ်သွားတယ်ပေါ့၊ ဒါကျတော်တို့အတွက် ပထမဦးဆုံးကြုံရတဲ့အခက်အခဲပါ၊ ဒီကနေပြန်ထွက်ပြီးတော့ မဲပြန်ဆွယ်မယ်ဆိုရင်လည်း Negative ပြပြ ဘယ်လိုပြပြပေါ့၊ ပြည်သူတွေက…
Read MoreCategory: Election
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့်ရပြီးတဲ့ တလအတွင်း ပါတီတချို့ နှောင့်ယှက်ခံရမှုနဲ့ ဆိုင်းဘုတ်ဖျက်ဆီးခံရမှုများ
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့်ရပြီးတဲ့ တလအတွင်း ပါတီတချို့ နှောင့်ယှက်ခံရမှုနဲ့ ဆိုင်းဘုတ်ဖျက်ဆီးခံရမှုများ အောက်တိုဘာ ၈-၂၀၂၀ ဆွေလင်းထွန်း + နေလင်း (VOM) စက်တင်ဘာ ၈ရက်ကနေ ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့အတွင်း နိုင်ငံရေးပါတီတချို့မှာ ဆိုင်းဘုတ်တွေဖျက်ခံရသလို မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုမှာ တလအတွင်း နှောင့်ယှက်ခံရတဲ့ဖြစ်စဉ်တွေ VOM က သိရှိထားတာတော့ ၆၀ကျော် ရှိခဲ့ပေမယ့် နိုင်ငံရေးပါတီတချို့ကတော့ ဒီထက်များတယ်လို့ ဆိုကြပါတယ်။ ဗီအိုအမ်က စုဆောင်းထားတဲ့အချက်အလက်တွေအရ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) ၁ကြိမ်၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) ၁ကြိမ်၊ တအာင်း(ပလောင်)အမျိုးသားပါတီ(TNP) ၄ကြိမ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ၈ကြိမ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ၂ကြိမ်၊ပြည်သူ့ပါတီ(PP) ၄ကြိမ်၊ ရခိုင်အမျိုးသားပါတီ(ANP) ၁ကြိမ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP) ၁ကြိမ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ၁ကြိမ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၄၁ကြိမ် ဆိုင်းဘုတ်ဖြုတ်ချ၊ ဖျက်စီးခံရတာကို သတင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာမှာတွေ့ရှိသလောက် စုဆောင်းထားတာဖြစ်ပါတယ်။ …
Read Moreတရုတ်နိုင်ငံရွှေလီနဲ့ကျယ်ဂေါင်မှာ အန်အယ်လ်ဒီအောင်နိုင်ရေးလှည့်လည်သူ ၃၀၀နီးပါး ဖမ်းဆီးခံရ
Read Moreရန်ကုန်တိုင်းမှာ ကရင်နဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းနေရာအတွက် ဆန္ဒမဲပေးခွင့်ရှိသူ (၃)သိန်းကျော်ရှိ
ရန်ကုန်တိုင်းမှာ ကရင်နဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းနေရာအတွက် ဆန္ဒမဲပေးခွင့်ရှိသူ (၃)သိန်းကျော်ရှိ ရန်ကုန်၊အောက်တိုဘာ ၇-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်းမှာ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ကရင်နဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်းနေရာကို ဆန္ဒမဲပေးခွင့်ရှိသူ (၃)သိန်းကျော်ခန့်ရှိတယ်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP)မှ ဒေါ်နော်အုံးလှကပြောပါတယ်။ “လက်ရှိစာရင်းတွေအရတော့ ခရိုင်ကပေးထားတာရှိတယ်၊ မြေပြင်ကို ကွင်းဆင်းမကောက်နိူင်တော့ မသိဘူး”လို့ ဒေါ်နော်အုန်းလှကပြောပါတယ်။ ဒေါ်နော်အုံးလှဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ ကိုယ်စားပြုပြီး ရန်ကုန်တိုင်းမှာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်းအဖြစ်ဝင် ရောက်ယှဉ်ပြိုင်မယ့်သူတစ်ဦး ဖြစ်ပါတယ်။ ရန်ကုန်တိုင်းမှာပြုလုပ်မယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ကရင်တိုင်းရင်သားရေးရာဝန်ကြီးနဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကရင်လူမျိုး ကျား (၁၀၈၆၂၆)ဦး ၊ မ (၁၂၇၅၁၁)ဦး စုစုပေါင်း(၂၃၆၁၃၅)ဦးနဲ့ ရခိုင်လူမျိုး ကျား (၄၇၄၉၆)ဦး ၊ မ (၆၃၄၅၂)ဦး စုစုပေါင်း (၁၁၀၉၄၇)ဦးတို့ဖြစ်ပြီး စုစုပေါင်း (၃၂၇၀၈၂)ဦးရှိတယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊မြို့နယ်ကော်မရှင်အဖွဲ့တွေ့ရဲ့ အောက်တိုဘာ ၁ရက်နေ့မှာ ဒုတိယအကြိမ်ကပ်ထားကြေညာမှု မဲစာရင်းတွေအရ သိရပါတယ်။…
Read Moreဒေါ်အောင်ဆန်းစုကြည်နဲ့ပြိုင်မယ့် ဦးဒေးဗစ်လှမြင့်ရဲ့ပါတီ ကော့မှူးမှာ ဆိုင်းဘုတ်ထောင်ခွင့်မရသေး
ဒေါ်အောင်ဆန်းစုကြည်နဲ့ပြိုင်မယ့် ဦးဒေးဗစ်လှမြင့်ရဲ့ပါတီ ကော့မှူးမှာ ဆိုင်းဘုတ်ထောင်ခွင့်မရသေး အောက်တိုဘာ ၇-၂၀၂၀ နေလင်း(VOM) ဦးဒေးဗစ်လှမြင့်ဦးအောင်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) ဟာ ရွေးကောက်ပွဲစည်းရုံးရေးအနေနဲ့ ပါတီရဲ့ကိုယ်စားလှယ်လောင်းမိတ်ဆက် ဆိုင်းဘုတ်ကို ကော့မှူးမြို့မှာ ထောင်ဖို့ စည်ပင်သာယာမှာ ခွင့်ပြုမိန့်တင်ပေမယ့် ဒီနေ့ထိ ခွင့်ပြုချက်မရသေးဖြစ်နေပါတယ်။ ရန်ကုန်တိုင်း ကော့မူးမြို့နယ်က ဈေးပိုင်းနဲ့ မြို့သစ်နေရာ ၂ခုမှာ ၅ပေ ၉ ပေရှိတဲ့ ကိုယ်စားလှယ်လောင်း ကြော်ငြာဆိုင်းဘုတ်ကို ထောင်ဖို့ ကော့မှုးစည်ပင်သာယာဌာနမှာ စက်တင်ဘာ ၂၄ ရက်ကတည်းက တင်ခဲ့ပေမယ့် ဒီနေ့သွားမေးတဲ့အခါ ကိုဗစ်ကြောင့်တင်ခွင့်မပေးနိုင်သေးဘူးလို့ စည်ပင်သာယာက အကြောင်းပြန်တဲ့အကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) ရဲ့ ဥက္ကဋ္ဌလည်းဖြစ် ကော့မှူးကနေ ပြည်သူ့လွှတ်တော်နေရာကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးဒေးဗစ်လှမြင့်ပြောပြတာက “ ၂၄ ရက်နေ့ရက်စွဲနဲ့ကတည်းစာတင်ထားတာ စည်ပင်ဦးစီးမှူးက ဖုန်းဆက်လာကြည့်မယ်ပြောတယ် ဒီနေ့ထိ မခေါ်လို့ စည်ပင်ရုံးလိုက်သွားတော့…
Read Moreပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးဝေဖြိုး ( မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ )
ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးဝေဖြိုး ( မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ) အောက်တိုဘာ ၅ ရက် ၂၀၂၀ ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၄၁၂ယောက်သေဆုံးပြီး ၁သောင်းရှစ်ထောင်နီးပါးကူးစက်ခံနေရတဲ့ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနက အွန်လိုင်းကနေ အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။ ဒီကနေ့ VOM ကိုချိတ်ဆက်လာတဲ့ နိုင်ငံရေးပါတီတွေထဲကနေ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မြင်းခြံမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဝေဖြိုးနဲ့ မိတ်ဆက်ပေးပါရစေ။ #voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် #လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ #ဝေဖြိုး Zawgyi ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးဝေဖြိုး ( မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ )…
Read Moreကန်နီရွာက အန်အယ်လ်ဒီမြို့နယ်အလုပ်အမှုဆောင်ရဲ့အိမ်ဖျက်စီးခံရတာနဲ့ပတ်သက်လို့ သူတို့တတွေ ဘာပြောကြသလဲ
ကန်နီရွာက အန်အယ်လ်ဒီမြို့နယ်အလုပ်အမှုဆောင်ရဲ့အိမ်ဖျက်စီးခံရတာနဲ့ပတ်သက်လို့ သူတို့တတွေ ဘာပြောကြသလဲ ပခုက္ကူ-အောက်တိုဘာ-၅-၂၀၂၀ နေလင်းဖြူ(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကန်နီရွာမှာ NLD ပါတီအလုပ်အမှုဆောင် ဦးမြင့်နိုင်ရဲ့နေအိမ်ကို အောက်တိုဘာ ၃ ရက်နေ့ညက ရာချီတဲ့လူအုပ်က ဖျက်စီးခဲ့ပါတယ်။ NLD ပါတီစည်းရုံးရေးသီချင်းတွေကို အသံချဲ့စက်နဲ့ဖွင့်ချိန် ဒေသခံ ကိုနေဝင်းဆိုသူက လာရောက်ပိတ်ခိုင်းရာက အချင်းများပြီးအပြန်အလှန်ထိုးနှက်တာတွေဖြစ်ခဲ့ကြတယ်လို့ ဖြစ်စဉ်မှာပါသူတွေအပြောအရ သိပါတယ်။ ဒီဖြစ်စဉ်မှာ အိမ်ရှင် ဦးမြင့်နိုင် ဓါးခုတ်ခံရသလို အသံချဲ့စက်လာရောက်ပိတ်ခိုင်းသူ ကိုနေဝင်းလည်း ထိုးနှက်ခံရတဲ့ဒဏ်ကြောင့် ပခုက္ကူဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေရပါတယ်။ ဒီဖြစ်စဉ်မှာ ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ကားနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ကားတွေလည်း ဖျက်စီးခံရသလို ဦးမြင့်နိုင်ရဲ့အိမ်နဲ့ အိမ်တွင်းပစ္စည်းတွေ ၊ ကားတွေ ၊ ဆိုင်ကယ်တွေ ပျက်စီးခဲ့ပါတယ်။ ဒီအကြောင်း နေအိမ်ဖျက်စီးခံရသူ ကိုမြင့်နိုင်နဲ့ အမှုဖွင့်ခံရပြီး ဆေးရုံတက်နေသူ ကိုနေဝင်းတို့ဘက်က ဘာတွေပြောထားသလဲ ? ပခုက္ကူက ဗီအိုအမ်သတင်းထောက် ကိုနေလင်းဖြူပေးပိုးထားတဲ့ ရုပ်သံသတင်းကို…
Read Moreပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးအောင်နိုင်စိုး ( တံတားဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ)
ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးအောင်နိုင်စိုး ( တံတားဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ) အောက်တိုဘာ ၅ ရက် ၂၀၂၀ ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၄၁၂ယောက်သေဆုံးပြီး ၁သောင်းရှစ်ထောင်နီးပါးကူးစက်ခံနေရတဲ့ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနရဲ့ စတူရီယိုကို မဲဆွယ်ဖို့လိုအပ်နေတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအတွက် အသုံးပြုခွင့်ပေးပြီး အွန်လိုင်းကနေ အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။ ဒီကနေ့ VOM ကိုချိတ်ဆက်လာတဲ့ နိုင်ငံရေးပါတီတွေထဲကနေ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မြို့တံတားဦးနယ် ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးအောင်နိုင်စိုးနဲ့ မိတ်ဆက်ပေးပါရစေ။ #voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် # Zawgyi ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးအောင်နိုင်စိုး ( တံတားဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း…
Read Moreရွေးကောက်ပွဲကာလ သတင်းယူရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ
( နိုဝင်ဘာ ၈ရက်နေ့မှာကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် သတင်းဌာနအသီးသီးဟာ ပြင်ဆင်မှုမျိုးစုံလုပ်နေကြပြီဖြစ်တာမို့ အယ်ဒီတာတွေ၊သတင်းထောက်တွေအတွက် သိသင့်သိထိုက်တာတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ အငြိမ်းစားဌာနမှူးဖြစ်တဲ့ ဒေါ်တင်ထားဆွေက သူ့ရဲ့အတွေ့အကြုံတွေကို ဝေမျှထားတာဖြစ်ပါတယ်) အယ်ဒီတာ ( VOM) ရွေးကောက်ပွဲကာလ သတင်းယူရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ ရွေးကောက်ပွဲကာလ သတင်းထောက်တွေလိုက်နာရမယ့် ကျင့်ဝတ်တွေကို သက်ဆိုင်ရာ သတင်းဌာနတွေက ရွေးကောက်ပွဲ မတိုင်မီမှာ ထုတ်ပြန်လေ့ရှိပါတယ်။ ဥပမာ ဘီဘီစီက အယ်ဒီတိုးရီးယား ဂိုက်လိုင်းမှာ ရွေးကောက်ပွဲ သတင်းယူတာနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေ ဖော်ပြထားပေမယ့်လည်း ရွေးကောက်ပွဲနီးလာတဲ့အခါမှာ သတင်းထောက်တွေလိုက်နာရမယ့် ကျင့်ဝတ်စည်းမျဥ်းအသေးစိတ်ကို ထုတ်ပြန်ပေးပါတယ်။ ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ နိုင်ငံရေးအခြေအနေက အရင်လိုမဟုတ်ပဲ ပြောင်းသွားနိုင်တာကြောင့် သတင်းထောက်တွေ လိုက်နာရမယ့် ဂိုက်လိုင်းတွေ ကို ပြန်လည်သုံးသပ်ပြီး လိုအပ်တာတွေကို ဖြည့်စွက်ဖော်ပြပေးပါတယ်။ သတင်းတိုက်အသီးသီးက ရွေးကောက်ပွဲကာလ သတင်းယူတဲ့အခါမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေ ထုတ်ပြန်ထားလေ့ရှိတာမို့…
Read Moreပါတီမိတ်ဆက်(ရခိုင်အမျိုးသားပါတီ-ANP)
ပါတီမိတ်ဆက်(ရခိုင်အမျိုးသားပါတီ-ANP) မန္တလေး၊စက်တင်ဘာ ၃၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီရဲ့ နိုင်ငံရေးမှုဝါဒဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်ကို VOMသတင်းထောက်လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးထွန်းအောင်ကျော် – ရခိုင်ပြည်နယ် ၆၃ ၊ ရန်ကုန်တိုင်းမှာ ၁ယောက်၊ ဧရာဝတီတိုင်းမှာ ၄နေရာ စုစုပေါင်း၆၈နေရာအပြည့် ကျွန်တော်တို့ဝင်ပြိုင်တယ်။ ဒါပေမယ့် ကျောက်ဖြူမဲဆန္ဒနယ်မှာတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁ယောက်ကို ပြည်ထဲရေးဝန်ကြီးဌာနကကန့်ကွက်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ကနေ ဖယ်လိုက်တယ်။ ဒါကြောင့် ကျနော်တို့အခုယှဉ်ပြိုင်ဖို့အတွက် အရေအတွက် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၃နေရာမှာ ၆၇နေရာကျနော်တို့ပြိုင်မှာပါ။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးထွန်းအောင်ကျော် – ကျနော်တို့ပါတီမှုဝါဒမှာပါတဲ့အတိုင်းပေါ့ ကျနော်တို့က တန်းတူညီမျှဖို့အတွက် တိုင်းရင်းသားပြည်နယ်အပါအဝင်တည်ထောင်ဖို့ဆိုတဲ့ အခုမြန်မာနိုင်ငံမှာအားလုံးတန်းတူညီမျှဖို့အတွက်ဆောင်ရွက်မယ်။ စစ်မှန်တဲ့ အမည်ခံပြည်ထောင်စုမဟုတ်ဘဲနဲ့ စစ်မှန်တဲ့ပြည်ထောင်စုပေါ်ပေါက်ဖို့အတွက်ကျနော်တို့လုပ်မယ်။ နောက်တစ်ခုက ဒီမိုကရေစီဟာ ကျနော်တို့နားလည်ပြီးသလို ဒီထက်ပိုပြီးတော့ ရင့်ကျက်…
Read More