ပါတီမိတ်ဆက် Democratic Party-Myanmar ဒီမိုကရက်တစ်ပါတီ (မြန်မာ) VOM ရဲ့ နိုင်ငံရေးပါတီ မိတ်ဆက်တဲ့ကဏ္ဍအတွက် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေကို VOMသတင်းထောက် ကိုညီသစ်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ဒီမိုကရက်တစ်ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက် အရေအတွက်ဝင်ပြိုင်ဖို့ရှိပါသလဲ DPM – ကျွန်တော်တို့က ၃၃ ယောက် တင်ထားပါတယ်။ VOM-ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ DPM- ကတိကဝတ်ရယ်လို့တော့ မပာုတ်ပါဘူး၊ ကျွန်တော်တို့ ကြေညာစာတမ်းထုတ်တဲ့အထဲမှာ ကျတော်တို့ပါတီအနေနဲ့ တိုင်းပြည်ကိုဘယ်လိုတည်ဆောက်ချင်တယ် ဆိုတာမျိုးကိုပြောပြထားပါတယ်၊ အန္တိမ ရည်မှန်းချက်ကတော့ ပြည်ထောင်စု မြန်မာနိုင်ငံသားတွေ လူဖြစ်ရကျိုးနပ်စေဖို့ပါပဲ။ VOM-အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးကို ဘယ်လိုအင်အားမျိုးနဲ့ယဉ်ပြိုင်မလဲ ခင်ဗျာ့ DPM- အဲ့ဒါကတော့ ဒီလိုပါ အခုဆို ကျွန်တော်တို့က ၃၃ ယောက်ပဲပြိုင်နိုင်တာလေ၊ သူတို့က ထောင်ကျော်တယ်လေ၊ အင်အားအနေနဲ့ပြိုင်တာတော့မရှိဘူးပေါ့၊ ဒါပေမယ့်ကျွန်တော်တို့ကတော့ ကျွန်တော်တို့ပါတီရဲ့ပါတီဝင်တွေဖြစ်လာတဲ့နောက် ပါတီဝင်တစ်ယောက်ပာာ သူရဲ့အရည်အချင်းရှိအောင်ပေါ့ဗျာ၊ နိုင်ငံသားဆိုရင်လည်း အဖိုးတန်တဲ့နိုင်ငံသားတစ်ဦးဖြစ်အောင်…
Read MoreCategory: Election
ရှမ်းပြည်နယ်တခုလုံးမှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးဟာ ညီညွတ်သောဒီမိုကရက်တစ်ပါတီဖြစ်
ရှမ်းပြည်နယ်တခုလုံးမှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးဟာ ညီညွတ်သောဒီမိုကရက်တစ်ပါတီဖြစ် Voice Of Myanmar ရှမ်းပြည်နယ်တခုလုံးမှာ မဲဆန္ဒနယ် ၅၅ ခုရှိတဲ့အနက် မြို့နယ် ၅၀ မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားပါတယ်။ ရှမ်းပြည်နယ်ကနေပြီးတော့ လွှတ်တော်အသီးသီးကိုဝင်ရောက်ယှယ်ပြိုင်မယ့် ပါတီပေါင်း ၃၃ ခုနဲ့ တသီးပုဂ္ဂလိကကိုယ်စားလှယ်လောင်း အရေအတွက်ဟာ ၁၀၁၈ ဦးရှိပါတယ်။ ဒီထဲကနေ ကိုယ်စားလှယ်လောင်း ၁၆၅ယောက်နဲ့ အများဆုံးယှဉ်ပြိုင်တာကတော့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP ) ဖြစ်ပါတယ်။ ဒုတိယကိုယ်စားလှယ်အများဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ဖြစ်ပြီး ၁၅၅ ယောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ တတိယကတော့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ဖြစ်ပြီး ၁၅၁ယောက်ပြိုင်မှာပါ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကတော့ ၁၁၀ စတုတ္ထနေရာက ရှိပါတယ်။ ကျန်တဲ့ ပါတီတွေကတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊…
Read MoreNew Hope For The People ဆိုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
ပါတီမိတ်ဆက်ကဏ္ဍ New Hope For The People ဆိုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကနေ အသွင်ပြောင်းလာတဲ့ သက်တော်ရှည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၄၀၀နီးပါးနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဗီအိုအမ်ရဲ့ နိုင်ငံရေးပါတီမိတ်ဆက်ကဏ္ဍအတွက် ဗီအိုအမ်သတင်းထောက် ကိုညီသစ်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှုးဦးသိန်းထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ VOM-တစည ပါတီအနေနဲ့ လွှတ်တော် ကိုယ်စားလှယ် ဘယ်လောက် အရေအတွက် ၀င်ပြိုင်ဖို့ရှိလဲခင်မျာ့ UTT- ခြုံပြောရင် ၁၇၅ မြို့နယ်မှာ စုစုပေါင်း ကိုယ်စားလှယ် ၃၈၄ ဦးနဲ့ ပြိုင်မှာပါ၊ VOM- ပါတီရဲ့ ကတိက၀တ် ဘာတွေဖြစ်မလဲ UTT-ကျနော်တို့ ပါတီရဲ ကဏ္ဍ ၁၆ ခုပါ တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း ထုတ်ထားပြီးသားပါခင်ဗျ၊ ကျနော်တို့ ပေချ်မှာရှိပါတယ်။အဲ့ဒီထဲမှာပါပါတယ်။ နောက်တစ်ခုက ည မှာလည်းပဲ TVTalk…
Read Moreပါတီမိတ်ဆက် (ကယန်းအမျိုးသားပါတီ)
ပါတီမိတ်ဆက် (ကယန်းအမျိုးသားပါတီ) မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကယန်းအမျိုးသားပါတီ ပြောရေးစိုခွင့်ရှိသူ ဦးခွန်းကလေးမင်းကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ? . ဦးခွန်းကလေးမင်း – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၁၀ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ? ဦးခွန်ကလေးမင်း – ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကနေ ကယန်းအမျိုးသားပါတီအနေနဲ့ ပြည်သူတွေကို ကတိပြုပြီး ရပ်တည်သွားမယ့်အရာတွေကတော့ ကယန်းဒေသအပါအဝင် ကရင်နီပြည်နယ်အတွင်းက လူထုတွေရဲ့ စားဝတ်နေရေး ပိုမိုပြေလည်စေဖို့အတွက် တောင်သူတွေရဲ့ သီးနှံဈေးကွက်နဲ့ ကျေးလက်တွေရဲ့ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေဖို့ ဦးစားပေးကြိုးပမ်းဆောင်ရွက်သွားမယ်။ နောက်တစ်ချက်က ခွဲခြားခြင်းမရှိဘဲ ကလေးသူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး…
Read Moreလွှတ်တော်အသီးသီးမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း မန္တလေးတိုင်းအတွင်းမှာ ၆၁၇ ယောက်ရှိ
လွှတ်တော်အသီးသီးမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း မန္တလေးတိုင်းအတွင်းမှာ ၆၁၇ ယောက်ရှိ Voice Of Myanmar မန္တလေးတိုင်းအတွင်းက နေပြည်တော်ပြည်ထောင်စုနယ်မြေ ၈မြို့နယ်နဲ့ ကျန် ၂၈ မြို့ နယ်တွေမှာ ပါတီ ၂၁ ပါတီနဲ့ တသီးပုဂ္ဂလအပါအဝင် ၆၁၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ရှိတဲ့ ၁၀၅နေရာအကုန်လုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီက ၁၀၄ နေရာ ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီက ၁၀၃နေရာ ယှဉ်ပြိုင်မှာပါ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၄၉နေရာနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ၃၆ နေရာ ယှဉ်ပြိုင်မှာပါ၊ ကျန်ပါတီတွေကတော့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ အခြေခံလူတန်းစားမြင့်မားရေးပါတီ၊ ဒီမိုကရက်တစ်ပါတီမြန်မာ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ တအာင်းပလောင်အမျိုးသားပါတီ၊ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ နဲ့…
Read Moreပါတီမိတ်ဆက် (SNLD-ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)
ပါတီမိတ်ဆက် (SNLD-ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်) ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်ပြည်ထောင်စုဆီသို့ မန္တလေး၊ စက်တင်ဘာ ၉-၂၀၂၀ ရှိုင်းအောင်(VOM) မြန်မာပြည်မှာ အစိုးရဖွဲ့နိုင်တဲ့ပါတီက NLD နဲ့ USDP ပဲရှိမယ်ဆိုရင် ကျွန်တော်တို့အားလုံးမျှော်မှန်းတဲ့ ပြည်ထောင်စုဆိုတာ ဖြစ်လာနိုင်စရာအကြောင်းမရှိတော့ဘူးလို့ SNLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က VOM ကို ပြောပါတယ်။ UEC ရဲ့ကန့်သက်ချက်တွေရှိနေပြီးတော့ ကျန်းမာရေးဆိုင်ရာ ကန့်သက်ချက်တွေရှိနေတဲ့အတွက် လူထုကြားမှာ ကိုယ်တိုင်ကိုယ်ကျဆင်းပြီး သတင်းစကားမပါးနိုင်တာကြောင့် Onlineကနေ ကမ်ပိန်းတွေလုပ်နေတာလည်း ဖြစ်ပါတယ်။ ” စက်တင်ဘာလ ၈ ရက်နေ့ကစပြီး Profile ကမ်ပိန်းတွေလုပ်နေတယ်၊ Sticker ကမ်ပိန်းလုပ်မယ်၊ ပါတီသီချင်းတွေကို Online ကနေဖြန့်မယ် နောက်ပိုင်းမှာတော့ ပိုစတာကမ်ပိန်းနဲ့ ဘေလ်ဘုတ်ထောင်တာမျိုးတွေ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိတယ်” လို့ SNLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က VOM ကို…
Read Moreနေပြည်တော်မှာ NLDပါတီနဲ့ UBPပါတီတို့က အောင်နိုင်ရေးဆိုင်းဘုတ်တွေ စိုက်ထူပေမယ့် USDPပါတီရဲ့ လှုပ်ရှားမှုမတွေ့ရ
နေပြည်တော်မှာ NLDပါတီနဲ့ UBPပါတီတို့က အောင်နိုင်ရေးဆိုင်းဘုတ်တွေ စိုက်ထူပေမယ့် USDPပါတီရဲ့ လှုပ်ရှားမှုမတွေ့ရ နေပြည်တော်၊ စက်တင်ဘာ ၈-၂၀၂၀ ကိုလတ် (VOM) နေပြည်တော်မှာ ဒီကနေ့ စက်တင်ဘာလ ၈ ရက်မနက်ပိုင်းက NLD ပါတီနဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBPတို့ဟာ အောင်နိုင်ရေးဆိုင်းဘုတ်တွေကို စတင်စိုက်ထူခဲ့ကြပါတယ်။ NLD ပါတီအနေနဲ့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ထဲက ပါတီရဲ့ ယာယီဌာချုပ်မှာ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောင်နိုင်ရေးအလံ စိုက်ထူခဲ့ပြီး UBP ပါတီရဲ့ ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း သပြေကုန်းနဲ့ လယ်ဝေးမြို့နယ်တွေမှာ အောင်နိုင်ရေး ဆိုင်းဘုတ်တွေ စိုက်ထူးခဲ့တာကို တွေ့ရပါတယ်။ USDP ပါတီရဲ့ ဥက္ကဋ္ဌ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဇေယျာသီရိဘက်မှာလဲ NLDပါတီ ကိုယ်စားလှယ်လောင်းတွေက တစ်အိမ်တက်ဆင်း စည်းရုံးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပေမယ့် USDP ပါတီကတော့ စည်းရုံးရေးလုပ်တာတို့ ပါတီအောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူတာမျိုးတွေကိုတော့…
Read Moreတိုင်းရင်းသားပါတီတွေနိုင်ယုံနဲ့ အစိုးရမဖွဲ့နိုင်တဲ့အတွက် ပြည်ထောင်စုပါတီဖြစ်တဲ့ NLD ကိုသာမဲပေးဖို့ ဒေါက်တာဇော်မြင့်မောင် တိုက်တွန်း
တိုင်းရင်းသားပါတီတွေနိုင်ယုံနဲ့ အစိုးရမဖွဲ့နိုင်တဲ့အတွက် ပြည်ထောင်စုပါတီဖြစ်တဲ့ NLD ကိုသာမဲပေးဖို့ ဒေါက်တာဇော်မြင့်မောင် တိုက်တွန်း မန္တလေး၊ စက်တင်ဘာ – ၈ – ၂၀၂၀ ရှိုင်းအောင်(VOM) တိုင်းရင်းသားပါတီတွေ အားကောင်းလာပြီး တိုင်းရင်းသားပါတီတွေကို မဲပေးခြင်းအားဖြင့် တိုင်းရင်းသားတွေအခွင့်အရေးရလာမယ်လို့ထင်နေတာ မဟုတ်ဘူးထင်တယ်၊ တိုင်းရင်းသားပါတီတွေနိုင်ယုံနဲ့ အစိုးရမဖွဲ့နိုင်တာကြောင့် ပြည်ထောင်စုပါတီဖြစ်တဲ့ NLD ကိုမဲပေးဖို့ မန္တလေး တိုင်းဝန်ကြီးချုပ် ၊ NLDပါတီဗဟို ဒု-ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့မနက်ပိုင်း မန္တလေးတိုင်းNLDရုံးမှာ သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် သုံးသပ်ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင် ရဲ့သုံးသပ်ချက်ကြောင့် တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ SNLD ပါတီ က ပြောရေးဆိုခွင့်ရှိတဲ့ ဦးစိုင်းခမ်းလိတ် ကို VOM သတင်းဌာနက ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ “သူ့အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့သဘောတရားကို လုံးဝနားမလည်တာလို့ မှတ်ချက်ပေးချင်တယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ့် နိုင်ငံရေးပါတီတစ်ရပ်ရဲ့ ခေါင်းဆောင်ပိုင်းမှာပါတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါမျိုးမဆင်မခြင်မပြောသင့်ပါဘူး၊ အဲ့တော့ ဗမာပြည်မှာ အစိုးရဖွဲ့နိုင်တဲ့ပါတီက…
Read Moreချင်းပြည်နယ်က ၉မြို့နယ်မှာ ပါတီပေါင်း ၁၂ခု ယှဉ်ပြိုင်မယ်
ချင်းပြည်နယ်က ၉မြို့နယ်မှာ ပါတီပေါင်း ၁၂ခု ယှဉ်ပြိုင်မယ် ချင်းပြည်နယ်ကနေပါတီပေါင်း၁၂ခုကကိုယ်စားလှယ်လောင်း၁၉၃ဦးနှင့်တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း၁၇ဦး၊စုစုပေါင်း၂၁၀ဦးဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ချင်းပြည်နယ်က မဲဆန္ဒနယ် ၉ခုက လွတ်တော်အသီးသီးအတွက် နေရာ ၃၉နေရာရှိတာမှာ အန်အယ်လ်ဒီပါတီနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီက နေရာအားလုံးဝင်ပြိုင်မှာဖြစ်ပြီး ၊ ပြည်ခိုင်ဖြိုးပါတီကတော့ ပြည်သူ့လွှတ်တော်နေရာ ၉ နေရာအပြည့်ပြိုင်ပြီး အမျိုးသားလွှတ်တော်အတွက်နေရာတခုလျှော့သလို တိုင်းဒေသကြီးနေရာမှာလည်း ၂နေရာလျှော့တဲ့အတွက် ၃၆ နေရာ ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ၃၆ နေရာပြိုင်မှာဖြစ်ပါတယ်။ သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၁၉နေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၂နေရာ၊ ဦးကိုကိုကြီးရဲ့ ပြည်သူပါတီက ၃နေရာ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီက ၄နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ၉နေရာ၊ ခူမီးအမျိုးသားပါတီက ၃နေရာ၊ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးပါတီက ၃နေရာ၊ ချင်းတိုင်းရင်းသားများပါတီ ၁နေရာ နဲ့ တသီးပုဂ္ဂလတွေက ၁၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ NLD ပါတီက…
Read More