ဧရာဝတီတိုင်းမှာ ပါတီကြီး ၃ခု အင်အားအပြည့်နဲ့ပြိုင်မယ် Voice Of Myanmar ဧရာဝတီတိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ဟာလွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ်နေရာတွေအတွက်နေရာကုန်လူကုန်၉၂နေရာစလုံးပြိုင်ပြီးညီညွတ်သောဒီမိုကရက်တစ်ပါတီကတော့၉၁နေရာပြိုင်မယ့်အတွက်အားပြိုင်မှုကောင်းတဲ့တိုင်းဒေသကြီးတခုဖြစ်ပါတယ်။ ပဲခူးတိုင်းကမြို့နယ်၂၆မြို့နယ်မှာဒီပါတီကြီးတွေအပြင်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ကရင်ပြည့်သူ့ပါတီ၊ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားနဲ့အလုပ်သမားပြည်သူ့ပါတီ၊ကရင်အမျိုးသားပါတီ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊အမျိုးသမီးပါတီ(မွန်) ၊အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီစတဲ့ ပါတီ ၂၁ ပါတီကကိုယ်စားလှည်လောင်းတွေနဲ့တသီးပုဂ္ဂလ ၁၆ ဦး စုစုပေါင်း ကိုယ်စားလှယ် ၅၄၂ ဦး ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ #voiceofmyanmar #VOM #ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ် Zawgyi ဧရာဝတီတိုင်းမှာ ပါတီကြီး ၃ခု အင်အားအပြည့်နဲ့ပြိုင်မယ် Voice Of Myanmar ဧရာဝတီတိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ဟာ လွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ်နေရာတွေအတွက် နေရာကုန် လူကုန် ၉၂ နေရာစလုံးပြိုင်ပြီး ညီညွတ်သောဒီမိုကရက်တစ်ပါတီကတော့ ၉၁ နေရာပြိုင်မယ့်အတွက် အားပြိုင်မှုကောင်းတဲ့ တိုင်းဒေသကြီးတခုဖြစ်ပါတယ်။…
Read MoreCategory: Election
မဲဆန္ဒနယ်အနည်းဆုံးဖြစ်တဲ့ ကယားပြည်နယ်မှာ အင်အားတူပြိုင်မယ့်ပါတီ ၅ခုရှိ
မဲဆန္ဒနယ်အနည်းဆုံးဖြစ်တဲ့ ကယားပြည်နယ်မှာ အင်အားတူပြိုင်မယ့်ပါတီ ၅ခုရှိ Voice Of Myanmar မဲဆန္ဒနယ် ၇ ခုသာရှိတဲ့ ကယားပြည်နယ်မှာ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ နဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီတို့ဟာ တက်စုံရွက်ကုန်ဖွင့်ပြီး ပြိုင်ကြမှာဖြစ်ပါတယ်။ ဒေသခံတိုင်းရင်းသားပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကတော့ ၃၄ နေရာရှိတဲ့အနက် နေရာ ၃၀ ပဲပြိုင်ပြီး အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကတော့ ၁၉နေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီနဲ့ တသီးပုဂ္ဂလ၁၃ ဦး စုစုပေါင်း ကိုယ်စာလှယ်လောင်းပေါင်း ၂၇၂ ဦးက လွှတ်တော်အသီးအသီးအတွက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ #voiceofmyanmar #VOM #ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Zawgyi မဲဆန္ဒနယ်အနည်းဆုံးဖြစ်တဲ့ ကယားပြည်နယ်မှာ အင်အားတူပြိုင်မယ့်ပါတီ ၅ခုရှိ Voice Of Myanmar မဲဆန္ဒနယ် ၇ ခုသာရှိတဲ့ ကယားပြည်နယ်မှာ…
Read Moreပါတီမိတ်ဆက် ( “ဝ” အမျိုးသားပါတီ-WNP )
ပါတီမိတ်ဆက် ( “ဝ” အမျိုးသားပါတီ-WNP ) မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် “ဝ” အမျိုးသားပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှမ်းမြောက်တာဝန်ခံ ဦးဆိုင်နပ် ကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ “ဝ” အမျိုးသားပါတီဟာ “ဝ” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ “ဝ” ဒီမိုကရက်တစ်ပါတီ နဲ့ “ဝ” လစ်ဘရယ် ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ပူးပေါင်းပြီး ၂၀၂၀ ပြည့်နှစ် ဧပြီ ၂ရက်မှာ မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဦးဆိုင်နပ် – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၂၁ ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ ဦးဆိုင်းနပ် – မရှိပါဘူး။…
Read Moreပါတီမိတ်ဆက် (လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ)
ပါတီမိတ်ဆက် (လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ) စက်တင်ဘာ ၁၂-၂၀၂၀ ရန်အောင်ထွန်း(VOM) နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်က လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း (ခ) ဆီဖာလာလူး ကို VOM သတင်းထောက် ကိုရန်အောင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။ VOM – ပါတီရဲ့ မူဝါဒက ဘယ်လိုလဲ သိပါရစေ ဦးရွှေမင်း – လီဆူအမျိုးသားကို အခြေခံပြီးတော့ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစိးပွားကို ဖွံ့ဖြိုးအောင် ကြိုးပမ်းဆောင်ရွက်မယ်ဆိုတာဖြစ်ပါတယ်။ VOM – ရွေးကောက်ပွဲ ကတိကဝတ်တွေကရော ဘာတွေလဲ ဦးရွှေမင်း – အဓိကကတော့ ဖက်ဒရယ်ဒီမိုကရေစီကို သွားမယ်လို့ အားလုံးသဘောတူပြီးတော့ စတင်လျှောက်လှမ်းနေတဲ့ အချိန်ကာလလို့ ပြောလို့ရနေပြီ၊ အဲ့ဒီအခါမှာ ကျွန်တော်တု့ိရဲ့ အခြေခံမူဖြစ်တဲ့ တန်းတူရေးနဲ့ သွားရမှာဖြစ်တယ်။…
Read Moreပါတီမိတ်ဆက်-တအာင်း(ပလောင်)အမျိုးသားပါတီ
ပါတီမိတ်ဆက်-တအာင်း(ပလောင်)အမျိုးသားပါတီ မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် တအာင်း(ပလောင်) အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်ကို VOMသတင်းထောက် မလဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက်ရွေးချယ်ထားလဲ ဦးမိုင်းအုဏ်းခိုင် – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း ၃၆ ယောက်ရှိပါတယ်။ အမျိုးသားမှာ ၆ဦး ၊ ပြည်သူ့လွှတ်တော်မှာ ၁၀ဦး၊ ပြည်နယ်အတွက် ၂၀ဦး ရွေးထားပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ ဦးမိုင်းအုဏ်းခိုင် – လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း၊ ကိုယ်ချင်းစာနာခြင်း၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာနှင့် ဒီမိုကရေစီအခွင့်အရေးကို အခြေခံသည့် အမျိုးသားရေးဝါဒကို ယုံကြည်လက်ခံခြင်း ဆိုတာနဲ့ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို အဓိကရှေးရှုလုပ်ပါ့မယ်။ VOM- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုး၊…
Read Moreပါတီမိတ်ဆက် (ဝံသာနုဒီမိုကရက်တစ်ပါတီ)
ပါတီမိတ်ဆက် (ဝံသာနုဒီမိုကရက်တစ်ပါတီ) မန္တလေး၊ စက်တင်ဘာ ၁၁-၂၀၂၀ ရှိုင်းအောင်(VOM) လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဝံသာနုဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးရဲမင်း ကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဦးရဲမင်း- အောင်မြေသာဇံမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်၊ မဲဆန္ဒနယ်အမှတ်( ၂ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ယောက် ၊ချမ်းအေးသာဇံမှာ မဲဆန္ဒနယ်အမှတ် (၁) ၊ အမှတ် ( ၂ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ယောက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ VOM – ပါတီရဲ့…
Read Moreရခိုင်ပြည်နယ်မှာ ဒေသခံတိုင်းရင်းသားပါတီတွေထက် ပြည်ခိုင်ဖြိုးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ရည်တူယှဉ်မယ်
ရခိုင်ပြည်နယ်မှာ ဒေသခံတိုင်းရင်းသားပါတီတွေထက် ပြည်ခိုင်ဖြိုးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ရည်တူယှဉ်မယ် Voice Of Myanmar ရခိုင်ပြည်နယ်က မဲဆန္ဒနယ် ၁၇ ခုစလုံးမှာ အန်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုးက လက်ကုန်ယှဉ်ပြိုင်ကြမှာမို့ ရှိတဲ့ ၃၄ နေရာလုံး လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းထားပါတယ်။ ဒေသခံ ရခိုင်အမျိုးသားပါတီကတော့ ၃၃နေရာပဲစာရင်းတင်သွင်းထားပြီး တနိုင်ငံလုံး ကိုယ်စားလှယ်အများဆုံးလျှောက်ထားတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီကတော့ ရခိုင်ပြည်နယ်မှာ ၅၁ နေရာပဲ လျာထားထားတာကိုတွေ့ရပါတယ်။ ကျန်တဲ့ ပါတီတွေကတော့ ရခိုင့်ဦးဆောင်ပါတီ ၄၂နေရာ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ၂၆နေရာ ပြိုင်မှာဖြစ်ပြီး တခြားပါတီတွေကတော့ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၊မြိုအမျိုးသားဒီမိုကရေစီပါတီ ၊ ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရှိုချင်းအမျိုးသားပါတီ၊ ချင်းတိုင်းရင်းသားများပါတီနဲ့ တသီးပုဂ္ဂလ ၄၁ ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၈၀ဦး ပြိုင်ကြမှာဖြစ်ပါတယ်။ လက်ရှိအနေအထားမှာ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ် အကုန်လုံး…
Read Moreပါတီမိတ်ဆက် (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်-PNO)
ပါတီမိတ်ဆက် (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်-PNO) မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကယန်းအမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒု-ဥက္ကဋ္ဌ ဦးခွန်မောင်တောင်းကို VOMသတင်းထောက် မလဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ PNO – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၂၈ ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ PNO – နယ်မြေဒေသဖွံ့ဖြိုးရေး လူမှုစီးပွားဖွံ့ဖြိုးရေးအတွက်ကို ကျန်တော်တို့က စဉ်ဆက်မပြတ်ဆောင်ရွက်ပေးမယ်။ ၂၀၁၀၊၂၀၁၅ အခုလည်း ဆက်လက်ပြီးတော့မှ ဒေသဖွံ့ဖြိုးရေးအတွက် ဒါကိုပဲဆောင်ရွက်မှာပါ။ VOM- အာဏာရပါတီနဲ့ ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ PNO – သူတို့က ကျွန်တော်တို့ကိုယှဉ်ပြိုင် ။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ဒေသရအောင်ကြိုးစားနေတယ်။ ပထမအကြိမ်တုန်းကလည်း…
Read Moreမကွေးတိုင်းမှာ ကိုယ်စားလှယ်လောင်းအင်အားတူပါတီ ၄ခုရှိ
မကွေးတိုင်းမှာ ကိုယ်စားလှယ်လောင်းအင်အားတူပါတီ ၄ခုရှိ Voice Of Myanmar မကွေးတိုင်း ၂၅ မြို့နယ်က မဲဆန္ဒနယ်အကုန်လုံးကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီ ၄ခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) တို့ဖြစ်ပါတယ်။ သူတို့ပါတီတွေဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေအတွက် စုစုပေါင်း ၈၈ နေရာလုံး ဝင်ပြိုင်မှာဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက နေရာ ၅၁ နေရာ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ( DNP )က ၁၆ နေရာပြိုင်ပြီး၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၁၂နေရာ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုင်းရင်းသားများပါတီ နဲ့ တသီးပုဂ္ဂလ ၁၆ ယောက် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ်များ…
Read Moreပါတီမိတ်ဆက် (ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ)
ပါတီမိတ်ဆက် (ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ) အင်အားနည်းပေမယ့် အားကြီးသူတွေနဲ့ မိတ်ဖွဲ့ထားလို့ အားမငယ်တဲ့ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးကြိုင် ကို ဗီအိုအမ်ရဲ့ နိုင်ငံရေးပါတီမိတ်ဆက်ကဏ္ဍအတွက် ဗီအိုအမ်သတင်းထောက် မလဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ဘယ်လောက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ? ဦးအေးကြိုင်- ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆ ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ? ဦးအေးကြိုင်- အကယ်၍ ကျန်တော်တို့ လွှတ်တော်မှာပါဝင်ခွင့်ရှိရင် ရခိုင်ပြည်နယ်အနေနဲ့ တောင်သူလယ်သမားအခန်းကဏ္ဍနဲ့ပတ်သက် လို့လုပ်ကိုင်ဆောင်ရွက်မှုတွေ အားနည်းချက်ရှိတယ်။တစ်ခြားနိုင်ငံက တောင်သူလယ်သမားတွေနဲ့အချိတ်အဆက်လုပ်ပြီးလို့ရှိရင်,နောင်လာမဲ့အနာဂတ်မှာ လက်ရှိအချိန်ထက် တောင်သူလယ်သမားတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ ပိုမိုမြင့်မားလာအောင်၊ နောက်တစ်ခုက အခုလက်ရှိအခြေအနေမှာက တောင်သူလယ်သမားတွေရဲ့လုပ်ကိုင်မှု၊…
Read More