ဝန်းရံအားပေး ဖိုက်တင်ပလေး နှင့် မီးမွှေးကြသူများ

မန္တလေး-အောက်တိုဘာ ၂၉-၂၀၂၀ ဆွေလင်းထွန်း+နေလင်း (VOM) ခွေး၊ခွေးချင်းကိုက်ရင်တောင် ကိုယ့်ခွေးက အနိုင်ရစေချင်တဲ့ လူ့သဘာဝတွေကြောင့် မိမိတို့နှစ်သက်တဲ့ ပါတီ၊ မိမိတို့လိုလားတဲ့ ပါတီကို အုံနဲ့ကျင်းနဲ့ ဝန်းရံအင်အားပြတဲ့ ယဉ်ကျေးမှုအဖြစ် ၂၀၂၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲအကြိုမဲဆွယ်ပွဲတွေမှာ အထင်အရှားတွေ့နေရပါတယ်။ မိမိလိုလားတဲ့ ပါတီမဲဆွယ်ပွဲမှာ လူအင်အားများဖို့ ပါတီခေါင်းဆောင်တွေရဲ့ မေတ္တာရပ်ခံချက်တွေကို လစ်လျူရှုပြီး တီရှပ်အခမဲ့ဝေတာ၊ ရေသန့်ဗူး အခမဲ့ဝေတာ၊ စားသောက်စရာဝေကြတာ စသည်ဖြင့် လူတွေစုလှည့်လည်နေကြပါတယ်။ ဒီလိုကိုဗစ်ကာလ တာမြစ်ချက်တွေကို ချိုးဖေါက်လူစုတာ ရွေးကောက်ပွဲ မဲဆွယ်ကာလမို့လို့ လျှော့တွေးပေးလို့ရပေမယ် သင်္ကြန်မှာလိုလို ၊ တောင်ပြုံးပွဲ ၊ ကူနီပွဲတွေမှာလို လှည့်လည်သူချင်း စနောက်ရာကနေ ရန်ဖြစ်ကြ လူသေကြ ၊ ခေါင်းကွဲကြ ဇာတ်လမ်းတွေ အများအပြားတွေ့နေရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ နာဂစ်ဥပဒေလို့  တချိန်က အတိုက်ခံနိုင်ငံရေးသမားတွေ ဆိုခဲ့ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပတဲ့ သုံးကြိမ်မြောက်…

Read More

ပြည်သူတွေရဲ့ ထက်သန်တဲ့ဆန္ဒကြောင့် NLD ဟာ အသာစီးရနေတာသာဖြစ်

မန္တလေး-အောက်တိုဘာ ၂၈-၂၀၂၀ NLD ကိုယ်စားလောင်းတွေဟာ ပုဂ္ဂိုလ်ချင်းအလိုက်ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းရှိသူတွေကို စိစစ်ရွေးချယ်တာအပြင် ပြည်သူရဲ့ပါဝင်မှုဟာ ထင်တာထက် အဆပေါင်းများစွာများလာကြောင်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဗီအိုအမ်နဲ့ ဆက်သွယ်စဉ်မှာ ဖြေကြားထားပါတယ်။ ရွေးကောက်ပွဲဟာ စနစ်သစ်ကို ပြောင်းဖို့ အရေးကြီးတဲ့ နောက်အဆင့်မို့ ပြည်သူတွေရဲ့ ထက်သန်တဲ့ ဆန္ဒကြောင့် သူများတွေထက် အသာစီးရနေကြောင်းပြောကြားထားတာအပါအဝင်၊ ဝန်းရံပြည်သူတွေကို အုပ်စုလိုက်လမ်းပေါ်ထွက်တဲ့ကိစ္စတွေ မေတ္တာရပ်ခံကြောင်းနဲ့ ကိုဗစ်ရဲ့အကန့်သတ်ကို အခြားပါတီများနည်းတူခံနေရတဲ့အကြောင်းတွေပြောထားပါတယ်။ ဒေါက်တာမျိုးညွန့်နဲ့ ဗီအိုအမ်အယ်ဒီတာချုပ် ဦးနေမျိုးလင်းတို့ ဆက်သွယ်မေးမြန်းထားတဲ့ ရုပ်သံဖိုင်ကို ရှုစားနိုင်ပါပြီ။ #voiceofmyanmar #VOM #NLD #ဒေါက်တာမျိုးညွန့် #ပါတီမိတ်ဆက် zawgy ပြည်သူတွေရဲ့ ထက်သန်တဲ့ဆန္ဒကြောင့် NLD ဟာ အသာစီးရနေတာသာဖြစ် မန္တလေး-အောက်တိုဘာ ၂၈-၂၀၂၀ NLD ကိုယ်စားလောင်းတွေဟာ ပုဂ္ဂိုလ်ချင်းအလိုက်ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းရှိသူတွေကို စိစစ်ရွေးချယ်တာအပြင် ပြည်သူရဲ့ပါဝင်မှုဟာ ထင်တာထက် အဆပေါင်းများစွာများလာကြောင်း NLD…

Read More

ဖျက်သိမ်းခံရတဲ့ အမျိုးသားအကျိုးစီးပွားကာကွယ်တဲ့ဥပဒေတွေ ပြန်ပြဋ္ဌာန်းမယ့် USDP

မန္တလေး-အောက်တိုဘာ ၂၈-၂၀၂၀ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) အနေနဲ့ အာဏာပြန်ရရင် NLD လက်ထက်မှာ လွှတ်တော်က ဖျက်သိမ်းခံရတဲ့တိုင်းပြည်နဲ့အမျိုးသားအကျိုးစီးပွားအကာကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြန်လည်ပြဋ္ဌာန်းမယ်လို့ USDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဗီအိုအမ်နဲ့ မေးမြန်းခန်းမှာ ပြောဆိုလိုက်တာပါ။ ဗီအိုအမ်ရဲ့ ပါတီနဲ့ ကိုယ်စားလှယ်လောင်းမိတ်ဆက်အစီအစဉ်မှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုရွေးသလဲ၊ တပ်မတော်အငြိမ်းစားကိုယ်စားလှယ်လောင်း ဘယ်လောက်ပါလဲ၊ ပါတီရဲ့ ကတိကဝတ်တွေက ဘာတွေလဲ ဆိုတဲ့ အကြောင်းတွေကို မေးမြန်းထားတဲ့ ဒေါက်တာနန္ဒာလှမြင့်နဲ့ ဗီအိုအမ် အယ်ဒီတာချုပ် ကိုနေမျိုးလင်းတို့ ဆက်သွယ်မေးမြန်းချက်ရုပ်သံကို တင်ပြလိုက်ပါတယ်။ #voiceofmyanmar #VOM #USDP #ဒေါက်တာနန္ဒာလှမြင့် #ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် Zawgy ဖျက်သိမ်းခံရတဲ့ အမျိုးသားအကျိုးစီးပွားကာကွယ်တဲ့ဥပဒေတွေ ပြန်ပြဋ္ဌာန်းမယ့် USDP မန္တလေး-အောက်တိုဘာ ၂၈-၂၀၂၀ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) အနေနဲ့ အာဏာပြန်ရရင် NLD လက်ထက်မှာ လွှတ်တော်က ဖျက်သိမ်းခံရတဲ့တိုင်းပြည်နဲ့အမျိုးသားအကျိုးစီးပွားအကာကွယ်ပေးထားတဲ့ ဥပဒေတွေကို…

Read More

ပွဲငတ်နေခိုက် မဲဆွယ်လိုက်သည်နှင့် မဲဆွယ်မျိုးစုံအဖုံဖုံ

မန္တလေး- အောက်တိုဘာ ၂၈-၂၀၂၀ ဆွေလင်းထွန်း+နေလင်း( VOM) ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၆၀ အလို စက်တင်ဘာ ၆ ရက်နေ့ကစပြီး နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတာတွေ စတင်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တဲ့အချိန်ဟာ ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မို့ နိုင်ငံရေးပါတီတွေ အကြပ်ရိုက်ခဲ့ပါတယ်။ တပါတီနဲ့ တပါတီ သူ့အကဲခတ် ကိုယ့်အကဲခတ် စောင့်ကြည့်ရင်း ပါတီကြီးတချို့ရဲ့ခေါင်းဆောင်တွေ လမ်းပေါ်စထွက်ပြီး သွေးတိုးစမ်းရာကနေ ဝန်းရံသူဆိုတဲ့ လူအုပ်ကြီးတွေ လမ်းပေါ်မှာ အလျှိုလျှိုပေါ်လာခဲ့တာ အားလုံးအမြင်ဖြစ်ပါတယ်။   ဒီလို မဲဆွယ်လိုက်သူတွေထဲက တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့မေးခွန်းလေးတွေမေးကြည့်တော့ သူတို့ကြိုက်တဲ့ပါတီနိုင်စေချင်လို့ လိုက်တာဆိုတဲ့ အဖြေကလွဲပြီး မဲပေးရမယ့်အနေအထားကို လေ့လာမထားသူအများစုနဲ့ သူတို့နယ်က မဲပေးရမယ့် သူတို့ဝန်းရံတဲ့ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ နာမည်ကိုတောင် မသိသူအများစုဖြစ်တာကို ဗီအိုအမ်ကမေးမြန်းတာမှာ တွေ့ရှိရပါတယ်။   ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ အထွေထွေရွေးကောက်ပွဲ ကျင်းပရာမှာ ကိုဗစ်…

Read More

ကချင်ပြည်နယ်က မဲရုံစောင့်ဝန်ထမ်း ၄ယောက် ကျန်မာရေးချို့ယွင်းလို့ ရဟတ်ယာဉ်နဲ့ ပြန်ခေါ်ပြီးဆေးကုပေးနေရ

မြစ်ကြီးနား -အောက်တိုဘာ ၂၈-၂၀၂၀ ရန်အောင်ထွန်း (VOM) ကချင်ပြည်နယ် ၊ ခေါင်လန်ဖူးမြို့နယ်ကို မဲရုံစောင့်တာဝန်ကျလို့ သွားတဲ့ပညာရေးဝန်ထမ်း ဆရာ/ဆရာမ ၄ ဦး ကျန်းမာရေး မကောင်းဖြစ်လို့ အောက်တိုဘာ ၂၇ ရက်နေ့မှာ လမ်းတစ်ဝက်ကနေ ရဟတ်ယာဉ်နဲ့ မြစ်ကြီးနားမြို့အထိ ပြန်ပို့လိုက်ရတယ်လို့ ခေါင်လန်ဖူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောပါတယ်။ ပြန်လာရတဲ့ ၄ ယောက်မှာ ဆရာ ၁ ယောက်နဲ့ ဆရာမ ၃ ယောက်ပါဝင်ပါတယ်။ အဲ့ဒီဆရာ/ ဆရာမတွေထဲက တစ်ယောက်က အစာအိမ်ရောဂါရှိပြီး ၊ တစ်ယောက်က အကြောတက်တဲ့ ရောဂါရှိတယ်လို့ သိရပါတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ခရီးပင်ပန်းပြီး ဖျားလို့ခေါင်လန်ဖူးမြို့နဲ့ ၂၁ မိုင် ဝေးတဲ့ ရိန်ဒန်းမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ခေါင်လန်ဖူးမြို့နယ် ပညာရေးမှူး ဦးစိုးနီက ပြောပါတယ်။ ပူတာအိုခရိုင်ရွေကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး…

Read More

လူငယ်အရေးတွေကို အဓိက ဦးစားပေးလုပ်မယ့် နန်းယမင်း

တောင်ကြီး၊ အောက်တိုဘာ ၂၈-၂၀၂၀ နေနန်းနွယ် (VOM) တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ကနေ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်နန်းယမင်းက လူငယ်တွေအရေး၊ အမျိုးသမီးရေး နဲ့ ဒေသခံ စိုက်ပျိုးတောင်သူတွေအရေး ဆောင်ရွက်ချင်လို့ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်တာပါလို့ဆိုပါတယ်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နန်းယမင်းကို VOM သတင်းထောက် နေနန်းနွယ်က တွေ့ဆုံမေးမြန်းထားပါတယ်။ #voiceofmyanmar #VOM #SNLD #နန်းယမင်း #တောင်ကြီး zawgy လူငယ်အရေးတွေကို အဓိက ဦးစားပေးလုပ်မယ့် နန်းယမင်း တောင်ကြီး၊ အောက်တိုဘာ ၂၈-၂၀၂၀ နေနန်းနွယ် (VOM) တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ကနေ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်နန်းယမင်းက…

Read More

လှေတွေနဲ့ အင်အားပြကြမယ့် အင်းလေးက NLD ဝန်းရံသူတွေ အစီအစဉ်ဖျက်သိမ်း

၂၇ အောက်တိုဘာ၂၇- ၂၀၂၀ နေနန်းနွယ် (VOM) NLD ပါတီ ဝန်းရံသူတွေဟာ အင်းလေးရေပြင်မှာ လှေတွေနဲ့ အင်အားပြ အောင်နိုင်ရေးမဲဆွယ်စည်းရုံးဆင်းမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ “ပဋိပက္ခတွေနဲ့ ပြဿနာတွေ ရှောင်ရအောင်လို့ အစီအစဉ်ကို ဖျက်လိုက်တာပါ။ ဒီရက်ပိုင်းလဲ ပြသနာတွေကြားနေရတော့ မလိုလားအပ်တဲ့ ပြသနာတွေ ထပ်မဖြစ်စေချင်လို့ လှေတွေနဲ့ လှည့်ကြမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်၊ ညောင်ရွှေမြို့ပေါ်မှာတော့ တစ်အိမ်တက်ဆင်းစနစ်နဲ့ ဆင်းကြတော့မယ်လို့ ကြားပါတယ်၊ ဒါကလည်း ဝန်းရံသူတွေက စီစဉ်တာပါ” လ်ို့ ရှမ်းပြည်နယ် NLD အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်စန်းစန်းမော်က ဖြေကြားခဲ့ပါတယ်။ လှေတွေနဲ့ အောင်နိုင်ရေးဆင်းကြမယ့်အစီအစဉ်ကို အောက်တိုဘာလ ၂၈ ရက်နေ့မှာ အင်းရေပြင်မှာ ပြုလုပ်မယ်လို့ မူလက စီစဉ်ထားခဲ့ပေမယ့် မလိုလားအပ်တဲ့ ပြသနာတွေကို ရှောင်ရှားဖို့အတွက် အစီအစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ “အင်းလေးက အစီအစဉ်ကတော့ မလုပ်ဖြစ်တော့ဘူးလို့…

Read More

ကာဘိုးမှာ မဲဆွယ်ရင်းဖြစ်တဲ့ လူသေဆုံးမှုအတွက် ပြည်ခိုင်ဖြိုးပါတီက မသိလိုက်လို့ ဝမ်းနည်းကြောင်း ရှင်းလင်း

  မုံရွာ အောက်တိုဘာ ၂၇-၂၀၂၀ ခင်မေစန်း(VOM) စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကာဘိုးကျေးရွာမှာ အောက်တိုဘာ ၂၂နေ့ ကပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးဆင်းစဉ်မှာ အခြားပါတီဝန်းရံသူတွေနဲ့ ထိတွေ့မှုရှိခဲ့သော်လည်း လူသေဆုံးမှုကို မိမိတို့မသိကြောင်း အဲဒီကိစ္စအတွက် ဝမ်းနည်း စိတ်မကောင်းကြောင်း စစ်ကိုင်းတိုင်း ပြည်ခိုင်ဖြိုးပါတီက ဒီကနေ့ရှင်းလင်းပွဲမှာပြောလိုက်တာပါ။ စစ်ကိုင်းတိုင်းပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးက ” ပါတီအနေနဲ့ အဲ့ဒီနေ့ကဘာမှမသိပါဘူး ။၂၄ရက်ကျမှလူတစ်ဦးဒဏ်ရာရပြီးသေဆုံးတယ်ဆိုတာသိရတယ်၊ ကျတော်တို့ ဝမ်းနည်းကြောင်းပြောလိုပါတယ်၊ အလွန်စိတ်မကောင်းဖြစ်ရပါတယ်” လို့ဆိုပါတယ်။ အောက်တိုဘာ ၂၂နေ့က ကန့်ဘလူမြို့နယ် ဇီးကုန်းနှင့် ထန်းကုန်းမှ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ လှည့်လည်ခရီးစဉ်တွင် မိမိတို့ ခရီးစဉ်အား အခြားပါတီကဟန့်တားနှောက်ယှက်ခြင်း ညစ်ညမ်းစွာဆဲရေးမှုပြုမှုကြုံရကြောင်း ခရီးစဉ်ပါ မော်တော်ယာဉ်တစ်စီး ကားနောက်မှန် အုတ်ခဲထုခံရပြီး မှန်ကွဲသွားသဖြင့် ကာဘိုးတွင် တဖက်ဝန်းရံသူများနှင့်ထိတ်တိုက်တွေ့ခဲ့ကြောင်း လူသေဆုံးမှုအားလည်းမိမိတို့မသိတဲ့ ဝမ်းနည်းပါကြောင်း ရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးဆင်းစဉ် အနီရောင်ဝတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝန်းရံသူလို့ယူဆရသူတွေက ဟန့်တားနှောက်ယှက်ကြောင်း၊…

Read More

တနင်္သာရီတိုင်းမှာ ကြိုတင်မဲပေးမယ့်သူ တစ်သိန်းနှစ်သောင်းကျော်ရှိ

အောက်တိုဘာ ၂၇-၂၀၂၀ သိင်္ဂီထွန်း ( VOM) တနင်္သာရီတိုင်းမှာ အသက် ၆၀ နှစ်နဲ့အထက် ကြိုတင်မဲပေးသူပေါင်း ၁သိန်း ၂သောင်း ကျော်ရှိပြီး ကြိုတင်မဲပေးခြင်းကို လာမယ့် အောက်တိုဘာ ၂၉ ရက်နေ့မှာ စတင်လုပ်ဆောင်မှာဖြစ်တယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ ဒါ့အပြင် ပြည်ထောင်စုအဆင့် ၊ တိုင်းဒေသကြီးအဆင့်နဲ့ ရွေးကောက်ပွဲမှာ မဖြစ်မနေ တာဝန်ထမ်းဆောင်ကြမယ့် အဖွဲ့အစည်းတွေအနေနဲ့လည်း အောက်တိုဘာလ ၂၉ ရက်ကနေစပြီး နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်မဲပေးနိုင်တယ်လို့ သိရပါတယ်။ “ကြိုတင်မဲပေးတဲ့အခါ အိမ်တိုင်ရာရောက်ကောက်မယ့်အစီအစဉ်လည်းရှိတယ်။ မဲဆန္ဒရှင်ကိုယ်တိုင်က ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲရုံးကို လာပေးနိုင်ရင်ပေး ၊ မပေးနိုင်လို့အိမ်ကိုလာကောက်ပေးပါဆိုရင်လည်း ကျနော်တို့က လှည့်လည်ပြီး ကောက်ပေးမှာဖြစ်တယ်”လို့ တနင်္သာရီတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦးကပြောပါတယ်။ တနင်္သာရီတိုင်းအတွင်းမှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၁၅ သိန်းဝန်းကျင်ရှိပြီး အဲ့ဒီအထဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး ပထမအကြိမ်မဲပေးခွင့်ရရှိသူက…

Read More

ထိပ်တိုက်တွေ့တာထက် ဖွဲ့စည်းပုံရဲ့ ပေးထားချက်တွေကို ဦးစားပေးသင့်

ထိပ်တိုက်တွေ့တာထက် ဖွဲ့စည်းပုံရဲ့ ပေးထားချက်တွေကို ဦးစားပေးသင့် မန္တလေး-အောက်တိုဘာ ၂၆-၂၀၂၀ ” စစ်တပ်နဲ့ထိပ်တိုက်တွေ့တာကိုဘဲ ဆက်တိုက်ဆက်တိုက်လုပ်နေမယ်ဆိုရင် ကျန်တဲ့လုပ်ငန်းတွေပါ ရှေ့မရောက်ဘဲနဲ့ နှောင့်နှေးတာပြည်သူတွေရဲ့နေ့စဉ်ဘဝအတွက် မတိုးတက်တာ အင်မတန်ထိခိုက်တယ်” ကိုကိုကြီး (ပြည်သူ့ပါတီ ဥက္ကဋ္ဌ) ပြည်သူ့ပါတီ (PP) အနေနဲ့ ကိုယ်စားလှယ်လောင်းတွေဘယ်လိုရွေးပြီး ပါတီကြီးတွေနဲ့ ဘယ်လိုပူးပေါင်းမှာလဲ? တိုင်းရင်းသားဒေသတွေငြိမ်းချမ်းရေး ဘယ်လိုမူဝါဒချထားလဲ? ဆိုတာအပါအဝင် ပါတီရဲ့ မူဝါဒတွေ၊ နိုင်ငံရေးခံယူချက်တွေနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်ခံယူချက်တွေကိုသိနိုင်ဖို့ ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီး ကို ဗီအိုအမ်အယ်ဒီတာချုပ် ကိုနေလင်းက ဆက်သွယ်မေးမြန်းထားတဲ့ ရုပ်သံအစီအစဉ်ကို ရှုစားနိုင်ပါပြီ ။ #voiceofmyanmar #VOM #PP #ကိုကိုကြီး #ပြည်သူ့ပါတီ zawgy ထိပ်တိုက်တွေ့တာထက် ဖွဲ့စည်းပုံရဲ့ ပေးထားချက်တွေကို ဦးစားပေးသင့် မန္တလေး-အောက်တိုဘာ ၂၆-၂၀၂၀ ” စစ်တပ်နဲ့ထိပ်တိုက်တွေ့တာကိုဘဲ ဆက်တိုက်ဆက်တိုက်လုပ်နေမယ်ဆိုရင် ကျန်တဲ့လုပ်ငန်းတွေပါ ရှေ့မရောက်ဘဲနဲ့ နှောင့်နှေးတာပြည်သူတွေရဲ့နေ့စဉ်ဘဝအတွက် မတိုးတက်တာ အင်မတန်ထိခိုက်တယ်” ကိုကိုကြီး…

Read More
VOM News

FREE
VIEW