ပြိုင်ပွဲက တက်လာသူနဲ့ အပြင်မှာဇောက်ချလုပ်ကိုင်လာတဲ့ အဆိုတော်ချင်းမတူနိုင်ဘူးလို့ ဟန်ထူးလွင် ဆို

ရန်ကုန် ဇန်န၀ါရီ ၂၅ -၂၀၁၉ သင်းသဒ္ဒါ   ဟစ်ဟော့ပ် ဂီတတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရထားတဲ့ အဆိုတော် ဟန်ထူးလွင်(ခ) ကျားပေါက်ကတော့ ပြိုင်ပွဲက တက်လာသူနဲ့ အပြင်မှာဇောက်ချလုပ်ကိုင်လာတဲ့ အဆိုတော်ချင်းမတူနိုင်ဘူးလို့ ဆိုပါတယ်။ “ပြိုင်ပွဲကတက်လာတဲ့ အဆိုရှင်နဲ့ အပြင်လောကကနေ ဂီတတခုကို ဇောက်ချရုန်းကန် အချိန်ကုန်ခံ တက်လာတဲ့ ပုံစံချင်မတူနိုင်ပါဘူး။ မြူးဇစ်ပေါ်မြင်တဲ့အမြင်ရော ပရိသတ်က သူတို့မြင်တာရော၊ လေ့လာမှု ကလည်း အချိန်ကြာလာရင် ကွာခြားလာပါတယ်။ ပရိသတ် မှတ်မိပြီးဆိုတာက ကိုယ့်က အတင်း ပြေးရမှာပါ။ ပြိုင်ပွဲပြီးလို့ အနုပညာအလုပ်ကပြီးသွားတာ မဟုတ်ပါဘူုး။ ပြိုင်ပွဲပြီးမှ အနုပညာ အလုပ်တိုင်က စတိုင်ပတ်မှာပါ”လို့ဆိုပါတယ်။ သူကတော့ The Voice Myanmar Season 1 မှာ လက်ရှိ Coachအဖြစ် လုပ်ဆောင်နေသလို Saeson 2 မှာလည်း ဆက်လက်ပါဝင်ဆောင်ရွက်နေပါတယ်။ မျိုးဆက်သစ်…

Read More

Banana (ခ) ခြိမ့်ကေကို ဗီဒီယိုမင်းသားဖြစ်တော့မည်

ရန်ကုန် ဇန်န၀ါရီ ၂၄-၂၀၁၉ သင်းသဒ္ဒါ(VOM) လူကြမ်းသရုပ်ဆောင်လို ပရိသတ်သိထားကြတဲ့ နိုင်လူကတော့ ကိုယ်တိုင်ဒါရိုက်တာနေရာပြီးတော့ Banana (ခ) ခြိမ့်ကေကို ကိုမင်းသားအဖြစ်တင်ရိုက်မယ်လို့ ဆိုပါတယ်။ “သဘက်ခါမှာတော့ အနုပညာဝါသနာပါတဲ့ ကလေးတွေအတွက် မြေတောင်မြှောက်ပေးတဲ့အနေနဲ့ Bananaနဲ့ သင်္ကြန်မမဆိုတဲ့ ဇာတ်ကား ရိုက်ကူးမှာပါ။ Banana သူ့ရဲ့ စိတ်ဓာတ်က အနုပညာကိုဝါသနာပါတယ်။ ဖြစ်ချင်တယ် နားမလည်ဘူး။ သူရဲ့ ပရိသတ်တွေရဲ့ မုန်းတီးခြင်းကိုခံရတယ်၊ တစတစနဲ့ Banana ကိုသိ လားမေးရင် လူတိုင်းလည်း သိကြတယ်”လို့ဆိုပါတယ်။ လောကနတ် ဗီဒီိယိုထုတ်လုပ်ရေးကနေ သရုပ်ဆောင် နိုင်လူက ဒါရိုက်တာအနေနဲ့ ရိုက်ကူးပေး မှာဖြစ်တယ်လို့ သိရပါတယ်။ သင်္ကြန်ဇာတ်ကားကိုတော့ ဒရာမာဇာတ်ပုံစံ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ၂၉ ရက်မှာ သင်္ကြန်ဇာတ်ကားတစ်ကားကို ခြိမ့်ကေကို(ခ) Banana နဲ့ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ Banana ကို ဘယ်ကြောင့်ရွေးချယ်ဖြစ်လဲဆိုရင်တော့ “ခုခေတ်မှာ…

Read More

ရင်သားပြုပြင်ဖို့ စိတ်ကူးနေတဲ့အလှမယ် နန်းအမရာ

ရန်ကုန် ဇန်န၀ါရီ ၂၄-၂၀၁၉ သင်းသဒ္ဒါ အလှမယ် မော်ဒယ်လ် တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်လာတဲ့ နန်းအမရာက ရင်သားနည်းနည်းကြီးချင်လို့ အတုထည့်ပြီး ပြုပြင်ဖို့ ဖို့စိတ်ကူးထားတယ်လို့ ဆိုပါတယ်။ “Body Shaming ကတော့ ၀၀ပိန်ပိန် ခုနောက်ပိုင်း လုပ်ဆောင်ကြပါတယ်။ Confidence ရှိရင်တော့ အကောင်းဆုံးပေါ့။ ညီမကိုလည်း မေးကြတယ်။ အတုလား ၊ အစစ်လားလို့ မေးခဲ့ရတာတွေလည်း ရှိပါတယ်။ အမြဲဖြေရပါတယ်။ တကယ်တော့ ညီမရဲ့ခန္ဓာကိုယ့်က အစစ်ပါ အတုတောင်ထည့်ဖို့ စိတ်ကူးရှိပါတယ်။ နည်း နည်းကြီး ချင်လို့ပါ။ ညီမက ဆီလီကွန်ထည့်ထားတာ မဟုတ်ပါဘူး။ ဒီနိုင်ငံက အမျိုးသမီး တော်တော် များများ ရင်သားမရှိကြတာများတယ်။ ညီမကို အတုလို့ ထင်တာနေမယ်။ ညီမအသက်အရွယ်နဲ့ကတော့ ဒီလောက်ရှိ သင့်တယ်လို့ ထင်ပါတယ်။ ကိုယ့်နဲ့ အဆင်ပြေပြီး ကိုက်ညီမယ်ဆိုရင် ထည့်ကြပါတယ်”လို့ဆိုပါတယ်။ သူမတော့…

Read More

အချစ်ရေးမှာ စဉ်းစားတာများလို့ တစ်ယောက်တည်းဖြစ်နေတဲ့ မိုးစက်ဝိုင်

ရန်ကုန် ဇန်န၀ါရီ ၂၃-၂၀၁၉ သင်းသဒ္ဒါ(VOM) အလှမယ် လောကတဆင့် သရုပ်ဆောင်ပိုင်းကိုပါ လုပ်ဆောင်လာတဲ့ မိုးစက်ဝိုင်ကတော့ အချစ်ရေးမှာ စဉ်းစားတာများလို့ တစ်ယောက်တည်းဖြစ်နေတယ်လို့ သိရပါတယ်။ ” မိုးစက် အချစ်ရေးကတော့ ထွေထွေထူးထူးမရှိပါဘူး။ ဒီတိုင်း ဒီလိုပဲဖြေနေရလို့လည်း အားနာမိပါတယ်။ လောလောဆယ်တော့ တစ်ယောက်တည်းပါပဲ။ မိုးစက်ကိုယ်တိုင်က သူများထက် စဉ်းစားတာတွေ များတာကြောင့် တစ်ယောက်တည်းဖြစ်နေတယ်လို့ ထင်ပါတယ်။ အချစ်က ရှိရမယ်လို့လည်း မိုးစက် ခံယူမထားပါဘူး။ သူငယ်ချင်း အချစ်၊ မိသားစုအချစ်၊ မောင်နှမအချစ်တွေလည်း ရှိတာဆိုတော့ ဒါတွေကိုချစ်ပေးရဦးမယ်လို့ ခံယူထားမိ ပါတယ်”လို့ဆိုပါတယ်။ သူမရဲ့ အမြင်ကတော့ အချစ်ရေးတို့ အိမ်ထောင်ရေးဆို ဝေဖန်တယ်ဆိုတာကို မိုးစက်ဆိုလည်း မကြိုက်ဘူး။ တခြားသူတွေလည်း ကြိုက်တယ်မယ်လို့ မိုးစက်မထင်ပါဘူးဆိုပါတယ်။ ‘မိုးစက်က ဟာသကားမှာ ပါဝင်ထားပါတယ်။ မိုးစက်ရဲ့ ပထမဆုံး ရုပ်ရှင်စရိုက်ကူးဖူးတဲ့ကားလည်း ဖြစ်တယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး အရည်အချင်းတွေလည်း…

Read More

အွန်လိုင်းပေါ်က ဓါတ်ပုံတွေကြောင်ြ့မန်မာနိုင်ငံ ဆေးကောင်စီမှာ ခံဝန်ကတိထိုးရမယ့် မော်ဒယ်လ် နန်းမွေစံ

ရန်ကုန် ဇန်န၀ါရီ ၂၃-၂၀၁၉ သင်းသဒ္ဒါ (VOM) ဆရာဝန်မော်ဒယ်လ် တစ်ယောက်အဖြစ်နဲ့ လူသိများခဲ့တဲ့ နန်းမွေစံကတော့ မြန်မာနိုင်ငံ ဆေးကောင်စီမှာ ခံဝန်ကတိလက်မှတ်ထိုးရမယ်လို့ ဆိုပါတယ်။ “ပြီးခဲ့အပတ်လောက်က ကျွန်မကို မြန်မာနိုင်ငံဆေးကောင်စီက  စကားပြောချင်တယ်ဆိုပြီးတော့ စာ ရောက်လာပါတယ်။ ကျွန်မကလည်း မေးလိုက်တယ် ဆမသိမ်းမို့လားပေါ့။ ကျွန်မ ဆမ ရပြီးသားပါ။ ဆရာဝန် မှတ်ပုံ တင်ပေါ့။ သိမ်းဖို့ အစီအစဉ်တော့ မဟုတ်ပါဘူး။ ခံဝန်ကတိလက်မှတ်တော့ ထိုးရမယ်တဲ့။ မြန်မာယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ ပြောဆိုပြုမူတာတွေ မလုပ်ဖူးလို့ခံဝင် ကတိလက်မှတ်ထိုးခဲ့ရပါသေးတယ်။ ဘယ်သူမှ ဆရာဝန် အလုပ်နဲ့ အနုပညာအလုပ်တွဲဖက် လုပ်ကိုင်တာ ဘယ်သူမှမရှိပါဘူး။ သူများတွေဆိုရင် ဆမ မရခဲ့ကြတာ တွေရှိခဲ့တယ်။ ကျွန်မကတော့ ဆမရခဲ့သေးတယ်။ မသိမ်းသေးဘူးလို့တော့ ပြောတာပါပဲ”လို့ ဆိုပါတယ်။     သူမကတော့ လောလောဆယ် Photo မော်ဒယ်လ်အလုပ်တွေကို ၀ါသနာပါတယ်ဆိုရင်…

Read More

လေးခွေမြောက် တစ်ကိုယ်တော်သီချင်းခွေအတွက် ပြင်ဆင်နေတဲ့နီနီခင်ဇော်

ရန်ကုန် ဇန်န၀ါရီ ၂၂-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ်ကို အကပိုင်းရော အဆိုပိုင်းမှာ အကောင်းဆုံးတင်ဆင်ဖျော်ဖြေတက်တဲ့ အဆိုတော် နီနီခင် ဇော်ကတော့ လေးခွေမြောက် တစ်ကိုယ်တော်သီချင်းခွေအတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ “နီနီရဲ့ အမ်တီဗီ ရိုက်ကူးနေတာ တစ်ပုဒ်ပဲ ကျန်ပါတော့တယ်။ လေးခွေမြောက် တစ်ကိုယ်တော် သီချင်း ခွေ အတွက် ပြင်ဆင်နေပါတယ်။ ၅ လပိုင်းမှာ ပရိသတ်လက်ထဲကို ချပေးမှာပါ။ခေါင်းကတော့ ပေးထားတာ ရှိပါ တယ်။ နည်းနည်းလေး ဝေးနေသေးလို့ မပြောသေးတာပါ” လို့ဆိုပါတယ်။ သူမကတော့ The Voice Myanmar Season 2 မှာတော့ ရန်ရန်ချမ်း ၊ R ဇာနည် ၊ ကျားပေါက် တို့နဲ့အတူ Coache တစ်ဦးအဖြစ်ပါသွားမယ်လို့ သိရပါတယ်။ ဒါအပြင် အလှကုန် Product ဖြစ်တဲ့ ပစ်တိုင်း…

Read More

ဟာသသရုပ်ဆောင် ကင်းကောင် ရုတ်တရက်ကွယ်လွန်

ရန်ကုန် ဇန်န၀ါရီ ၂၂ -၂၀၁၉ သင်းသဒ္ဒါ (VOM) လူရွှင်တော်၊ သရုပ်ဆောင် ကင်းကောင်ဟာ ဇန်နဝါရီ ၂၂ ရက် နံနက် (၆) နာရီခွဲခန့်က ပုပ္ပါးမှာ ချွဲကျပ်ပြီး ရုတ်တရက် ဆုံးပါးသွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့  ဒါရိုက်တာ ကျော်ဇောလင်းနဲ့ သရဲလေးကောင် ဇာတ်ကားလမ်းတွဲ ကို ပုပ္ပါးမှာ ရိုက်ကူးနေတာဖြစ်ပါတယ်။ ” ဒီနေ့မနက်ဆုံးသွားတာပါ။ ပုပ္ပါးမှာ ဇာတ်လမ်းတွဲ သွားရိုက်ကူးနေတာပါ။ ဇနီးနဲ့ သားလည်း ပါသွားပါတယ်။ အရမ်းအေးလို့ ချွဲကျပ်ပြီးဆုံးသွားတာပါ ” လို့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဟာသသရုပ်ဆောင် ဌက်ပျောကြော်ရဲ့အမျိုးသမီး နေဇာဘုန်းမြင့်က ပြောပါတယ်။ အနုပညာ သက်တမ်း ၃၀ ကျော်ရှိတဲ့ ဦးကင်းကောင်(ခ) မျိုးမြင့် အသက် ၅၅ နှစ် ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ရန်ကုန်သို့ ပြန်သယ်လာမှာဖြစ်တယ်လို့ သိရပါတယ်။ “တက္ကသိုလ်…

Read More

ဇာဏ်ခီ နှင့် ခရစ္စတီနာခီတိုရဲ့ အနုပညာလှုပ်ရှားမှုနဲ့ Star Award ဆုပေးပွဲပေါ်သဘောထား

ရန်ကုန် ၊ ဇန်နဝါရီ ၂၂-၂၀၁၉ TGH (VOM) ဇဏ်ခီ ” ခုက ထာဝရနှောင်ကြိုးကား ရိုက်နေတယ်။ ပြင်ဆင်မှုတွေက မရိုက်ကူးခင်ကထဲ အများကြီးလုပ်ထားတယ်။ အဲ့ဒီအတွက် ဘာပဲပြောပြောရိုက်ကူးတဲ့အခါ အများကြီးချောမွေ့သွားတယ်ဆိုပေမယ့် မထင်မှတ်ထားတဲ့ စိန်ခေါ်မှုတွေကိုလည်း ကျော်ဖြတ်ရတယ်။ ဒါရိုက်တာကလည်း သူရဲ့ရုပ်ရှင်ကိုအရမ်း ကောင်းချင်တယ်၊ သရုပ်ဆောင်ကလည်း အရမ်းကောင်းချင်တယ်၊ အရမ်းကောင်းချင်တာတွေ စုတဲ့အခါကျ ပိုခက်သွားတာပေါ့။ ဖောရှောလုပ်လိုက်လို့ရတာရှိတယ်၊ ဒါပေမယ့်  တတ်နိုင်သမျှ ရတဲ့ဘတ်ဂျက် ရတဲ့ အချိန်အတွင်းမှာတော့ အကောင်းဆုံးရအောင်လုပ်မယ်ဆိုပြီး သံဓိဋ္ဌာန်ချထားတယ်။” စာနယ်ဇင်းသမားတွေဦးစီးပြီးပေးတဲ့ Star Award နဲ့ပတ်သက်ပြီးလည်း ဇာဏ်ခီက ခုလိုပြောပါတယ် “Award တွေပေးတာကောင်းပါတယ်။ မြန်မာနိုင်ငံမှာက အကယ်ဒမီတစ်ခုလောက်ပဲရှိတယ်။ နိုင်ငံခြားမှာဆိုရင်တော့ Award တွေအများကြီရှိတယ်။ Award တွေရှိတာ အနုပညာရှင်တွေအတွက် Motivationဖြစ်တယ် ခွန်အားဖြစ်စေတယ်။ Award ပေးတဲ့နေရာမှာ အရေးကြီးတာက ရွေးချယ်တဲ့အဖွဲ့အစည်းက ဘယ်လမ်းကြောင်းကိုမှန်တယ်လို့ပြောမှာလဲ၊ ဆုပေးတယ်ဆိုတာ…

Read More

ဝေဖန်တာတွေအပေါ် စိတ်ထိခိုက်မခံဘူးဆိုတဲ့ ရွှေအိမ်စည်

ရန်ကုန် ဇန်နဝါရီ ၂၁-၂၀၁၉ သင်းသဒ္ဒါ (VOM) အလှမယ် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်ကတော့ ဝေဖန်တာတွေအပေါ် စိတ်ထိခိုက်မခံဘူးလို့ ဆိုပါတယ်။ ”အိမ်စည်က ကိုယ့်အတွက် ကောင်းတဲ့ဝေဖန်မှုပဲ ဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ဆေးဆေးပဲနေပါတယ်။ သိပ်စိတ်ထိခိုက်တာလည်း မခံပါဘူး။ကိုယ်နေတတ်သလိုပဲ နေပါတယ်။ ၂၀၁၉ ခုနှစ်မှာအိမ်စည်ပျော်ရွှင်စွာဖြတ်သန်းမယ်။ကြုံလာသမျှ ပြဿနာတွေကို ရင်ဆိုင်ဖို့အသင့်ပဲ။ ပေါ့ပါးလွတ်လပ်စွာနေသွားမှာပါ”လို့ဆိုပါတယ်။ သူမက လက်ရှိမှာတော့ Model ပိုင်းကိုပဲ အသားပေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။25 % ပညာပေး ရုပ်ရှင်ဇာတ်ကားနဲ့  တခြား ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။       ယူနှိုက်တက်ဗီးရှင်းပွဲတက် ဖက်ရှင်နဲ့ ပတ်သက်ပြီး ”အိမ်စည်က ခုနောက်ပိုင်း ရိုးရှင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားတယ်လေ။ မိန်းမသားဆန်ပြီးတော့ လှလှလေးနဲ့ လှပြီးဆန်အောင် ဒီဇိုင်နာကို ချုပ်ခိုင်းထားတာပါ”လို့ဆိုပါတယ်။ အလှအပ ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီးတော့ မျက်လုံးအတွက်ပဲဖြစ်ဖြစ် အသား အရည်ပတ်သက်ပြီးပဲ…

Read More

လူဖြစ်ရကျိုးနပ်ချင်တယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

ရန်ကုန် ဇန်န၀ါရီ ၂၁-၂၀၁၉ သင်းသဒ္ဒါ (VOM) ပွဲတက်ဖက်ရှင်လန်းလန်းတွေကြောင့်မို့ ပရိသတ် ပိုစိတ်ဝင်စားခြင်းခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ကတော့လူဖြစ်ရကျိုးနပ်ချင်တယ်ဆိုတယ်လို့ ဆိုပါတယ်။ ”အလုပ်ရှုပ်နေတဲ့ သူတစ်ယောက်ဖြစ်နေတဲ့အတွက် ဒီနေ့တရားစခန်း ၀င်ချင်လည်း ၀င်မယ်။နောက်ရက် ပွဲတက်ချင်တက်မယ် ။ခရီးသွားရင်ထွက်ဖြစ်မယ်။ အချိန်ကတော့ သင်ဇာအတွက် အရမ်းကို တန်ဖိုးရှိပါတယ်။ ရတဲ့အချိန်မှာ ကိုယ်လုပ်ချင်တာတွေ အကုန်လုပ်မှာပါ။ လူဆိုတာ နောက်နေ့ဘာဖြစ်မလဲ ကြိုမပြောနိုင်ဘူးလေ။ ဒီနေ့အသက်ရှင်ပေမယ့် နောက်နေ့အသက်ရှင်ချင်မှ ရှင်တာမျိုးဆိုတော့လေ။ အချိန်ရတဲ့အချိန် ကိုယ့်လုပ် တာကို လုပ်ချင်တယ်။ လုပ်ခွင့်ရသူလည်း ဖြစ်ချင်တယ်။လူဖြစ်ရကျိုးလည်း နပ်ချင်တယ်”လို့ဆိုပါတယ်။ သူမကတော့ ပြီးတဲ့လက တရားစခန်းကိုတော့ ၃ ရက်ဝင်ခဲ့တယ်လို့ သိရပါတယ်။၂၀၁၉ ခုနှစ်တော့ ဖက်ရှင်ပိုင်းကိုတော့ အပြောင်းအလဲတွေလုပ်ဆောင်သွားမှာဖြစ်သလို ဖေဖော်ဝါရီလမှာတော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ တရားစခန်းဝင်ဖြစ်တာနဲ့ ပတ်သက်ပြီးတော့  ”ဒီနေ့ကိုယ့် ဘာပဲ ဖြစ်ဖြစ် နောက်နေ့ တရားစခန်းမ၀င်ရဘူးလို့ ဘယ်သူပြောလို့လဲ။…

Read More
✕
VOM News

FREE
VIEW