အကယ်ဒမီပေးပွဲ ကျင်းပမယ့်နေရာအပြောင်းအလဲရှိနိုင်

ရန်ကုန် ဇန်န၀ါရီ ၁၆-၂၀၁၉ သင်းသဒ္ဒါ (VOM) ၂၀၁၈ ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပမည့်နေရာ အပြောင်းအလဲရှိနိုင်ပါတယ် ဟု မြန်မာ နိုင်ငံ ရုပ်ရှင် အစည်း အရုံးဥက္ကဌ ဦးဇင်ဝိုင်းဆိုပါတယ်။ ” မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက၂၀၁၃ ခုနှစ်တွင်ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများ ကို၂၀၁၄ ခုနှစ်မှစတင် ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ပွဲကို တာဝန်ယူချီးမြှင့်ခဲ့ရာ ၂၀၁၈ခု ခုနှစ်အထိ(၅)ကြိမ် တိုင်ခဲ့ပြီ ဖြစ်ပါ တယ်။ လာမည့် မတ်လ ၂၃ရက်နေ့မှာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ရွှေထွဋ်တင်ကွင်းမှာကျင်းပဖို့ ယာယီ အားဖြင့် သတ်မှတ်ထားပါတယ်။ သိုသော် အများသူငါ သွားလာမှုလွယ်ကူပြီး ပိုမိုတင့်တယ်တဲ့နေရာကိုလည်း ကျွန်တော်တို့ကြိုးစားနေပါတယ်။ နေရာအပြောင်းအ လဲရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ထပ်မံကြေညာ ပေးပါ မယ်” လို့ဆိုပါတယ်။ ဒီနှစ် အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ မုန်းစွဲ၊ လရောင်ဖြာတဲ့အင်းလေးမှာ ၊ ရွှေကြာ၊ မုဒြာခေါ်သံ၊ ဥပါဒါန်…

Read More

ခန္ဓာကိုယ်က ပူဖောင်းလိုဖြစ်နေတယ်ဆိုတဲ့ ထက်ထက်ထွန်း

ရန်ကုန် ဇန်န၀ါရီ ၁၆-၂၀၁၉ သင်းသဒ္ဒါ (VOM) အလှမယ်လောကကနေ သရုပ်ဆောင်လောကကို ရောက်နေတဲ့ ထက်ထက်ထွန်းကတော့ ခန္ဓာကိုယ် က ပူဖောင်းလို ပိန်လိုက်ဖောင်းလိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ “ထက်ထက် က ၀ိတ်ထိန်းရတာ ခက်တဲ့ အချိန်ဖြစ်နေပါတယ်။ ကိုယ့်ကလည်း Body Shaping တွေ လည်း လုပ်ပါတယ်။ ဒါပေမယ့် ထက်ထက် ခန္ဓာကိုယ်ပိုင်းနဲ့ ဒီကြားထဲမှာ တော်တော်လေးကို ထိန်းနေရပါ တယ်။ ထက်တို့ အသက်အရွယ်က ရေသောက်လည်းဝတယ်။ အသက်ရှုလည်း ၀နေတယ်ဆိုတော့”လို့ ဆိုပါ တယ် ။   အလှမယ်ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ ပြိုင်ပွဲတစ်ခုထဲအတွက် ကိုယ့်ကမွေးဖွားလာတာ မဟုတ်တော့ နိုင်ငံတကာမှာ ပြိုင်ပွဲထပ်ပြိုင် ချင်ပါသေးတယ်။ နိုင်ငံဂုဏ်ထက်ဆောင်တစ်ယောက် ထက်ဖြစ်ချင် ပါ သေးတယ်။ အိပ်မက် တွေက အခုမှ အစပဲရှိပါ သေး တယ်။နိုင်ငံတကာ စံပြဖြစ်နိုင်အောင်တော့…

Read More

နိုင်ငံခြားသားနဲ့တွဲတဲ့ကိစ္စ ရှင်းပြလာတဲ့ အမွန်း

ရန်ကုန် ဇန်န၀ါရီ ၁၆-၂၀၁၉ သင်းသဒ္ဒါ (VOM) မြန်မာသီချင်းအပြင် အင်္ဂလိပ်သီချင်းတွေပါ အကောင်းဆုံးသီဆိုထုတ်လုပ်နေတဲ့ အဆိုတော် အမွန်း ကတော့  ချစ်သူဖြစ်တဲ့နိုင်ငံခြားသားနဲ့တွဲတဲ့ကိစ္စ ရှင်းပြလာပါ။ နိုင်ငံခြားနဲ့ တွဲလို့ အပြောခံရလားဆိုတော့ “တချို့ ဝေဖန်မှုတွေ ခံရတယ်လို့ ကြားပါတယ်။ အမွန်းကတော့ အဲကိစ္စတွေ မသိပါဘူး။ ကိုယ့်ရဲ့ Personal အကြောင်း သေချာမသိတဲ့သူတွေရဲ့ ဝေဖန်မှုတွေကို ဖတ်မကြည့်ဖြစ်ပါဘူး။ နမို့ဆိုရင် အလာကားနေရင် စိတ်တွေညစ်ရမယ်၊ ခံစားရမယ်လေ။ ဒါပေမယ့် အမွန်းရဲ့ မိသားစု ၊သူငယ်ချင်းတွေရော ၊ မောင်လေးကရော သူ့ကို ချစ်ကြတယ်။ ဒီအတွက် ပျော်ရွှင်ပါတယ်”လို့ ဆိုပါတယ်။ သူမကတော့ လက်ရှိမှာ ဂီတပိုင်းနဲ့ ပတ်သက်ပြီးတော့ သီချင်းသစ်တွေကို Remix အနေနဲ့ ထွက်ဖို့ရှိသလို  ပရိသတ်ကြိုက်တဲ့ ”နင်မှတ်ထား” သီချင်းလေးကို လုပ်သွားမယ်လို့ သိရပါတယ်။ သီချင်းတစ်ခွေလုံးထွက်ဖို့ဆိုရင် ပရိသတ်က အကြာကြီး…

Read More

ဒါရိုက်တာ စတီးလ် ရိုက်ကူးမယ့် ဇာတ်ကားမှာ ပြည့်တန်ဆာအဖြစ် သရုပ်ဆောင်ရမယ့် ပွင့်နဒီမောင်

ရန်ကုန် ဇန်န၀ါရီ ၁၆-၂၀၁၉ သင်းသဒ္ဒါ အနုပညာလောကထဲကို ဒုတိယအကြိမ်ပြန်လည် ဝင်ရောက်လာတဲ့ မှဲ့လေးနဲ့မင်းသမီး ပွင့်နဒီမောင်ကတော့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ပြည့်တန်ဆာတစ်ယောက်အဖြစ်မြင်တွေ့ရမယ်လို့ ဆိုပါတယ်။ ” ပိုးအိ ဘယ်လိုဇာတ်ရုပ်ပဲဖြစ်ဖြစ် လုပ်ဖို့စဉ်းစားထားတယ်။ ဦးဆာမိနဲ့ ရိုက်မယ့်ကားဆိုရင် ပိုးအိက ဖာပေါ့။ ကိုယ့်က တကယ်လို စုတ်ပြတ်သတ်နေတဲ့ ကြက်ပေါ့”လို့ဆိုပါတယ်။ သူမတော့ လက်ရှိမှာ MRTV-4နဲ့ ”မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန ” ”ကြယ်ကလေးရဲ့ကောင်းကင်” စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူး နေသလို ရုပ်ရှင်ဇာတ်ကားတွေ လည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။ အဲလို ကာရိုက်တာ တစ်ခုကို ရိုက်ကူးဖြစ်တဲ့ အကြောင်းနဲ့ပတ်သက်ပြီး ” ခုနောက်ပိုင်း ပရိသတ်ရဲ့ အမြင်တွေ တော်တော်လေးပြောင်းလာပြီးလည်း ဖြစ်တယ်။ ကိုရီးယားကားတွေ ကြောင့် ဗန့် (ဗီလိန်)ဆိုရင် ပရိသတ်စိတ်က တမျိုးမြင်ကြတယ်။ ပိုးအိ ဗန့်ကိုမရိုက်ချင်တာက…

Read More

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ထာဝရထက်နှစ်ဆ ဇာတ်ကား အိန္ဒိယရုပ်ရှင်မှီငြမ်းတာနဲ့ပတ်သက်ပြီး ရှင်းပြ

ရန်ကုန် ဇန်နဝါရီ ၁၅ -၂၀၁၉ သင်းသဒ္ဒါ(VOM) လတ်တလော နာမည်ကြီးနေတဲ့ “ထာဝရထက်နှစ်ဆ” ရုပ်ရှင်ဇာတ်ကားကြီးက အိန္ဒိယ ဇာတ်ကားကို Copy ထားတယ်ဆိုပြီး ပြောနေကြတာနဲ့ ပတ်သက်လို့ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ ” နိုင်ငံခြားကား မီငြမ်းရိုက်ကူးခြင်းသည် ရုပ်ရှင်လောက အတွက်အင်မတန် အရေးကြီးနေလားပေါ့။ ကျွန်တော့် အရင်ဒီလိုကားတွေ ရိုက်ကူးနေကျပါပဲ။ ပရိသတ်ကလွတ်လပ်စွာ ပြောလို့ရပါတယ်။ ဒီဇာတ်ကားကို ဇာတ်လမ်းကျောရိုး ယူထားပေမယ့် တင်ပုံစံ Presentation မတူအောင် ရိုက်ထားပါတယ်။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရိုက်ကူး နင်ပြထားပါတယ်။ တိုင်းပြည်မှာ ဒါထက်အရေးကြီးတာတွေအများကြီးရှိပါတယ် ဒါဟာလေးကို အစဆွဲထုတ်ပြီးမလုပ်ချင်ပါနဲ့ ။ ကိုယ့်တတ်သလောက် ဖန်တီးထားပါတယ်။ နိုင်ငံခြားကို မီမှာမဟုတ်ပါဘူး ပြောတဲ့ သူတွေကို ဒီဇာတ်ကားကို လာကြည့်လို့ ဖိတ်ခေါ်ချင်ပါတယ်”လို့ ဆိုပါတယ်။ ဇန်နဝါရီ ၁၈ ရက်မှာ ရုံတင်ပြသမယ့် ဒရာမာအချစ်ဇာတ်ကားဖြစ်တဲ့…

Read More

”ချစ်သူကို အနုပညာလောကထဲက ရွေးချယ်မယ့် ရွှေသမီး ”

ရန်ကုန် ဇန်န၀ါရီ ၁၅-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ်က ချစ်စနိုးနဲ့ အရုပ်မလေးတူတယ်လို့ ပြောကြတဲ့ သရုပ်ဆောင် ရွှေသမီးကတော့ ချစ်သူကွို အနုပညာလောက သူကိုရွေးချယ်ရင် အဆင်ပြေမယ်လို့ဆိုပါတယ်။ ” ကိုယ်တွေ အနုပညာလောကထဲက ဆိုတော့ နားလည်မှုရှိပြီးကိုက်မယ်လို့ ထင်ပါတယ်။ အဲမျိုးသား မျိုးကို မျှော်လင့်ပါတယ်။ ဖူးစာပါရာပေါ့ ၊ ကံတရား အရပေါ့။တကယ်ဖူးစာမှန်တဲ့ သူပေါ့။ သူလည်းချစ်ရမယ် ကိုယ်လည်း ချစ်ရမယ့်သူပေါ့။ဒါဆိုရင် ပိုစဉ်းစားမယ်”လို့ဆိုပါတယ်။ သူမကတော့ ဇန်န၀ါရီ ၂၅ ရက်မှာ ရုံတင်ပြသမယ့် ဒါရိုက်တာ သားညီ ရိုက်ထားတဲ့ ”လေးပါးကျော့ရှိန် ၀ရဇိန်” ရုပ်ရှင်ဇာတ်ကားမှာ ထွန်းထွန်း ၊မင်းမော်ကွန်း၊မင်းသွေး၊စည်ဖြိုး၊ပိုင်ဖြိုးသုတိုနဲ့ အတူပါဝင်သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။ အနုပညာလောကက မောင်နှမတွေရဲ့ မင်္ဂလာဆောင်တွေ တက်တဲ့အပေါ်  ”ကိုယ့်က မင်္ဂလာဆောင်ရင်တော့အားကျမပါတယ်။ ကိုယ့်ကလည်း မိန်းကလေးဖြစ်တဲ့အတွက်ပေါ့။ တနေ့နေ့ တချိန်ချိန် မှာ…

Read More

‘အရင်နှစ်တွေအကယ်ဒမီပေးတာထက် ဒီနှစ်တရားမျှတမှုရှိဖို့အာမခံလိုက်တဲ့ ဇင်ဝိုင်း’

ရန်ကုန် ဇန်နဝါရီ ၉-၂၀၁၉ သင်းသဒ္ဒါ(VOM) ၂၀၁၉ ခုနှစ်မတ်လတွင် ကျင်းပသွားမယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဇင်ဝိုင်းက အရင်နှစ်တွေအကယ်ဒမီပေးတာထက် ဒီနှစ်တရားမျှတမှုရှိဖို့အာမခံလိုက်ပါတယ်လို့ ဆိုပါတယ်။ ၂၀၁၈ အကယ်ဒမီ နဲ့ ပတ်သက်ပြီး ”ကျွန်တော် အမှန်တရား ပိုမိုနီးစပ်လာအောင် ၊ တရားမျှတခြင်း ပိုမိုရှိလာအောင် အဂတိတရားကင်းအောင် ဒီဟာကိုအတတ်နိုင်ဆုံး ကျွန်တော်ကြိုးစားပါတယ်၊ အရင်နှစ်တွေ အကယ်ဒမီပေးတာထက်စာရင် ပိုမိုပြီး အမှန်တရားနဲ့ နီးစပ်ပါလိမ့်မယ်”လို့ဆိုပါတယ်။ ၂၀၁၈ အကယ်ဒမီစာရင်းဝင် ရုပ်ရှင် ဇာတ်ကားပေါင်း ၈၃ ကားကို ပထမအဆင့် စစ်ဆေးမှုတွေစတင် လုပ်ဆောင်နေပြီး  မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုကိုတော့ ၁၁(သို့) ၁၃ ဆုချီးမြှင့် သွားမယ်လို့သိရပါတယ်။ တစ်နှစ်နဲ့တစ်နှစ် ဝေဖန်မှုတွေ မများအောင်”အတက်နိုင်ဆုံး လုပ်ဆောင်ထားပေမယ့် ဝေဖန်မှုဆိုတာ လူတိုင်းရှိမှာပါ၊ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင် အကယ်ဒမီ မှ မဟုတ်ပါဘူး၊ ကျန်တဲ့…

Read More

၂၀၂၀ မှာချစ်သူနဲ့ မင်္ဂလာဆောင်မယ့် ညီညီမောင်စမ်းချောင်း

ရန်ကုန် ဇန်နဝါရီ ၉- ၂၀၁၉ သင်းသဒ္ဒါ(VOM) မိတ်ကပ်အလှဖန်တီးရှင် တစ်ဦးဖြစ်တဲ့ ညီညီမောင်စမ်းချောင်းကတော့ သူ့ချစ်သူနဲ့အတူ မင်္ဂလာပွဲကြီးကိုတော့ ၂၀၂၀ မှာပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ”၂၀၂၀ တကယ်ပါ၊တကယ်လည်း လက်မှတ်ထိုး ယူမှာပါ၊ခုလောလောဆယ်တော့ မသေချာသေးဘူးဆိုတာ မချပြချင်သေးလို့ပါ၊တည်မြဲခိုင်ခံတဲ့ Relationship တစ်ခုဖြစ် မင်္ဂလာပွဲကိုတော့ ၂၀၂၀မှာ ကျင်းပမှာပါ၊LGBT တစ်ယောက်အနေနဲ့ လူသားထဲကလူသားဆန်တဲ့ ပွဲလေးတစ်ခုကို အဲကြရင် ထုတ်ပြမှာပါ”လို့ဆိုပါတယ်။ လက်ရှိမှာတော့ နှစ်ဖက်မိဘအသိပေးပွဲလေးတော့ လုပ်ပြီးပြီးလို့ သိရပါတယ်။ ကျားကျားကြိုက်ကြိုက်ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အကယ်ဒမီ မြင့်မြတ် ၊အကယ်ဒမီ မင်းမော်ကွန်း တို့နဲ့အတူ ရိုက်ကူးနေလျှက်ရှိပါတယ်။၂၀၂၀ မှာ ဧည့်ခံပွဲတွေ Dinner ပွဲတွေ လူသားတိုင်းလုပ်တဲ့ ပွဲတွေလည်းလုပ်သွားမယ်လို့သိရပါတယ်။ ” Relationship တစ်ခုကတော့ ချစ်နေဖို့အဓိကပါ၊ ချစ်နေရင် ဖင်လှုတ်လှုတ် ခေါင်းလှုပ်လှုပ်ကြည့်ကောင်းတာပါပဲ၊ မချစ်တော့ရင်တော့  ဖင်လှုတ်လှုတ် ခေါင်းလှုပ်လှုပ်အပြစ်ဖြစ်လာတယ်၊ အချစ်ပဲလိုပါတယ်၊ မိန်းမလျာမှမဟုတ်ပါဘူး၊ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် မချစ်တော့ရင်…

Read More

ပါးရိုးခွဲစိတ်ချင်နေတဲ့ နန်းသီရိမောင်

ရန်ကုန် ဇန်နဝါရီ ၆-၂၀၁၉ Sexy ပုံလန်းလန်းလေးတွေကြောင့် ပရိတ်သတ်စိတ်စားခြင်းခံရတဲ့ မော်ဒယ်လ်အဆိုတော် နန်းသီရိမောင်ကတော့  နန်းလေး ခုမျက်နှာပေါ်က ပါးရိုးကို ခွဲစိတ်ချင်နေတယ်လို့ ဆိုပါတယ်။ ” နန်းကလှပအောင် ပြုပြင်လာတာကို ထောက်ခံပါတယ်။ မလှတော့တဲ့ မိန်းကလေးတွေ လှသွားတာ၊ ပိုပြီး လှလှဖြစ်သွားတာမြင်ရတာ ၀မ်းသာပါတယ်။ Filler ထိုးတာဆိုရင် နန်းနှုတ်ခမ်းကို ထိုးထားပါတယ်။ အရမ်းလည်း ကြိုက်ပါတယ်။ ငယ်ငယ်လေးက နှုတ်ခမ်းဖူးဖူးလေး ဖြစ်ချင်တာကို ရူးသွတ်ခဲ့တယ်။ နှုတ်ခမ်းတွေကို စုပ်ခွက်လေးနဲ့လည်း လုပ်ဖြစ်ပါတယ်။ အခုကျတော့ ကိုယ့်အတွက်အန္တရာယ် မရှိတာကြောင့် ထိုးသွားတယ်”လို့ ဆိုပါတယ်။ သူမကတော့ ”အချစ်ကဘာလဲ” တစ်ကိုယ်အခွေထွက်ထားသလို ဒုတိယတေးအယ်လ်ဘမ် ထွက်ဖို့လည်း သီချင်းတွေ စုနေတယ်လို့သိရပါတယ်။ ဟော့နေတဲ့ ဓာတ်ပုံလန်းလန်းတွေ ပတ်သက်ပြီးတော့ ” နန်းနန်းရဲ့ ပုံလေးတွေ ဟော့ခဲ့တာကတော့ ပရိသတ်အကြိုက်ပေါ့နော်။ ဟော့တဲ့အချိန်လည်း ဟော့ မယ် ၊…

Read More

အင်္ကျီဇစ်ပြုတ်တာမသိဘဲ သခွားသီးသုပ်ပြမိတဲ့အကြောင်း ရှင်းပြလာတဲ့ရှင်ယွန်းမြတ်

ရန်ကုန် ဇန်န၀ါရီ ၅-၂၀၁၉ သင်းသဒ္ဒါ(VOM) မော်ဒယ်လ်သရုပ်ဆောင် ရှင်ယွန်းမြတ်ကတော့ အင်္ကျီဇစ်ပြုတ်တာမသိဘဲ သခွားသီးသုပ်ပြမိတဲ့အကြောင်း ရှင်းပြလာပါတယ်။ ” ဒီရက်ပိုင်းမှာ ပရိသတ်ကို တောင်းပန်ချင်တယ်၊ အင်တာဗျူးတစ်ခုမှာ ရှင်ယွန်းက နည်းနည်းရှန်း တတ်တော့လေ၊ အကျီဇစ်ပြုတ်နေတာကို မသိလိုက်တာပေါ့နော်၊ ရှင်ယွန်းသုပ်ပြတာကတော့ သခွားသီးပေါ့ ၊ ဒါပေမယ့် သခွားသီးကို မမြင်ပဲ အဲလိုမျိုး ဖြစ်သွားတာက သက်သက်ကြီးလုပ်ပြသလို ဖြစ်သွားတဲ့အတွက် တောင်းပန်တယ်၊ ကိုယ့်ရဲ့ပေါ့ဆမှုပေါ့၊ နောက်ကိုဆင်ခြင်ပါ့မယ်လို့” ဆိုပါတယ်။ သူမကတော့ဇာတ်ကားရိုက်ကူးမှုတွေ  မျက်နှာမှာ Skinပတ်သက်ပြီး ပြဿနာ နည်းနည်းရှိနေတာကြောင့် ရှုတင်တွေရှိတယ်ဆိုရင် မိတ်ကပ်တွေလိမ်းပြီး မီးထိုးတဲ့ ဒဏ်ကိုတစ်နေကုန်မခံနိုင်ဘူး။ လောလော ဆယ် နားထားတယ်လို့သိရပါတယ်။ ဓာတ်ပုံရိုက်ရင်တော့ အဲ့လိုင်းဘက်သွားတာ ရှင်ယွန်းနဲ့ပိုလိုက်တယ် လို့ ထင်တယ်။ Crue Type တွေနဲ့ကျတော့ ကိုယ်နဲ့သိပ်အဆင်မပြေဘူး။ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ “ကိုယ့်ကိုချစ်တဲ့ခင်တဲ့သူတွေ မျက်စိမနောက်ရအောင် သူတို့ကြိုက်တဲ့ ပုံစံလေးတွေရော…

Read More
VOM News

FREE
VIEW