ရွှေလီရဲက အကူအညီတောင်းခံခဲ့သူ ၅ ဦးအနက် ဒုတိယမြောက်တစ်ဦး ထပ်မံတွေ့ရှိ မူဆယ် ၊ဖေဖေါ်ဝါရီ ၁၂-၂၀၂၀ ဖြူဖြူဖွေး(VOM) တရုတ်နိုင်ငံရွှေလီရဲဌာနက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆီ အကူအညီတောင်းခံခဲ့သူ ၅ ဦးအနက် ဒုတိယအကြိမ်မြောက် အမျိုးသားတစ်ဦး ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှသိရပါတယ်။ ယခုတွေ့ရှိတဲ့သူက ဖေဖေါ်ဝါရီ ၇ ရက်နေ့က ရွှေလီရဲဌာနကို လူကိုယ်တိုင်လာရောက်ခဲ့တာနဲ့ သူမှာ ကိုရိုနာဗိုင်းရပ်စ်ကူးဆက်ခံထားရမှုမရှိဘူးလို့လည်း ရွှေလီရဲဌာနက ဖေဖေါ်ဝါရီလ ၁၁ ရက်နေမှာ အကြောင်းပြန်လာပါတယ်။ ကျန် နေတဲ့သူများကိုလည်း ကျွန်တော်တို့ဘက်က သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အပူတပြင်းရှာဖွေနေလျက်နဲ့ ယခုချိန်ထိမတွေ့သေးတာကလည်း တရုတ်နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေး များပိတ်ထားမှုကြောင့် ၎င်းတို့ရောက်ရှိရာမြို့တွေမှာ ပိတ်မိနေနိုင်တာလည်းဖြစ်နိုင်ပါတယ်လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်ထိန်လင်းက VOM သို့ပြောပါတယ်။ တရုတ်နိုင်ငံ ရွှေလီရဲဌာနမှ အကူအညီတောင်းခံတဲ့စာမှာ မူဆယ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယရှိသူ တရုတ်နိုင်ငံသား ၅ ဦးရောက်ရှိနေကြောင်း ဖေါ်ပြထားပါတယ်အကြောင်းကြားစာအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က…
Read MoreCategory: ကျန်းမာရေး
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ H5N6 ငှက်တုပ်ကွေးဖြစ်ပွားနေ
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ H5N6 ငှက်တုပ်ကွေးဖြစ်ပွားနေ ပေကျင်း၊ ဖေဖော်ဝါရီ-၁၁-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ မွေးမြူရေးခြံတစ်ခုမှာ ကူးစက်မှုမြင့်မားတဲ့ H5N6 ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေကြောင်း တရုတ်စိုက်ပျိုး မွေးမြူရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မွေးမြူရေးခြုံရှိ ကြက်ကောင်ရေ ၂၅၀၀ အနက် ၁၈၄၀ ဟာ H5N6 ငှက်တုပ်ကွေးဖြစ်ပွားမှုကြောင့် သေဆုံးသွားတယ်လို့ ဝန်ကြီးဌာနက ပြောဆိုပြီး ရောဂါကူးစက်မှုကနေ ကာကွယ်တားဆီးဖို့ကျန်ရှိနေတဲ့ ကြက်တွေကို သုတ်သင်လိုက်တယ်လို့ဆိုပါတယ်။ ယခုအစောပိုင်းကလည်း ဟူနန်ပြည်နယ်ရှိ မွေးမြူရေးလုပ်ငန်းတစ်ခုမှာ ကူးစက်မြန် H5N1 ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့တယ်လို့ တရုတ်စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့ သေဆုံးသူအရေအတွက် မြင့်တက်နေချိန်မှာ ငှက်တုပ်ကွေးရောဂါတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေတာတွေကို တရုတ်အာဏာပိုင်တွေက အထူးတလည် အရှိန်မြင့်ပြီး ကာကွယ်တားဆီးနေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတစ်ဝန်းမှာ လူ ၁၀၁၆ ဦးသေဆုံးခဲ့ပြီး ရောဂါကူးစက်ခံထားရသူဦးရေ ၄၂၀၀၀ ကျော်ရှိနေကာ…
Read Moreရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦးတွေ့ရှိထား
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦးတွေ့ရှိထား မောင်တော၊ ဖေဖော်ဝါရီလ ၁၀- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဝူဟန် နိုဘယ်ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စောင့်ကြည့်လူနာ(အမျိုးသား) တစ်ဦးတွေ့ရှိထားကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီ ၉ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သို့ဆက်သွယ်ခဲ့ရာ” မောင်တောမှာ စောင့်ကြည့်တဲ့လူနာတစ်ယောက်ရှိတယ်။ ကျနော်တို့က နမူနာယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL) သို့ ဒီနေ့ပို့ထားတယ်။ လူနာအခြေအနေကတော့ ကောင်းပါတယ်။” လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူ း ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က အဲ့ဒီအမျိုးသားဟာ ဖျားနာ၊ ချောင်းဆိုးနဲ့ လည်ချောင်းနာကျင် စတဲ့ရောဂါလက္ခဏာတွေကြောင့် မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ လာရောက်ပြသစဉ်…
Read Moreဂျပန်ကမ်းလွန် အပျော်စီးသဘောၤပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၁ ဦးထိရှိလာ
ဂျပန်ကမ်းလွန် အပျော်စီးသဘောၤပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၁ ဦးထိရှိလာ တိုကျို၊ ဖေဖော်ဝါရီ-၇-၂၀၂၀ မျိုးဆက် (VOM) ဂျပန်ကမ်းလွန်ရှိ အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁ ဦးကို ကူးစက်ခံထားရကြောင်း ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိအချိန်ထိ သင်္ဘောနှင့်လိုက်ပါလာသူတွေထဲမှာ ရောဂါကူးစက်ခံထားသူဦးရေ ၆၁ဦးထိရှိသွားပြီဖြစ်ပါတယ်။ လူပေါင်း၃၇၀၀လိုက်ပါလာတဲ့ ဒိုင်းမွန်းပရင့်စ်သင်္ဘောကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုကြောင့် ယိုကိုဟားမားမှာ သီတင်းနှစ်ပတ်ထက်မနည်း သီးခြားထားပြီး စောင့်ကြည့်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အဲဒီသင်္ဘောပေါ်မှာ လိုက်ပါစီးနှင်းခဲ့ဖူးသူ အသက်၈၀အရွယ် ဟောင်ကောင် အမျိုးသားတစ်ဦးဟာ ကိုရိုနာရောဂါကူးစက်ခံထားရကြောင်း သိရှိရပြီးနောက် သင်္ဘောပေါ်ကလူတွေကို စစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဇန်နဝါရီ၂၀နေ့က ယိုကိုဟားမားရှိ အပျော်စီးသဘောၤကို လိုက်ပါစီးနင်းခဲ့ပြီး ဇန်နဝါရီ၂၅ရက်မှာ ဟောင်ကောင်ကို ရောက်ရှိချိန်မှာတော့ သင်္ဘောပေါ်ကနေ ဆင်းသွားခဲ့တာဖြစ်ပါတယ်။ ဒိုင်းမွန်းပရင့်စ်သင်္ဘောအပြင် အခြားသီးခြားခွဲထားတဲ့ အပျော်စီးသင်္ဘောကတော့ ဟောင်ကောင်မှာဖြစ်ပြီး World Dreamအမည်ရှိ သင်္ဘောပေါ်မှာ စီးနှင်းဖူးတဲ့ ခရီးသည်ရှစ်ဦး ရောဂါကူးစက်ခံထားရတာကြောင့် သီးခြားခွဲထားပြီး…
Read Moreမြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးခံရသူ ၅ဦး ရောက်နေတယ်ဆိုတဲ့ တရုတ်ပြည်က အကြောင်းကြားစာအရ ရှာဖွေတာမှာ တဦးတွေ့ပေမယ့်ရောဂါမရှိဘဲ ကျန်သူတွေကိုဆက်ရှာနေဆဲ
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးခံရသူ ၅ဦး ရောက်နေတယ်ဆိုတဲ့ တရုတ်ပြည်က အကြောင်းကြားစာအရ ရှာဖွေတာမှာ တဦးတွေ့ပေမယ့်ရောဂါမရှိဘဲ ကျန်သူတွေကိုဆက်ရှာနေဆဲ မူဆယ် ၊ဖေဖေါ်ဝါရီ ၇-၂၀၂၀ ဖြူဖြူဖွေး(VOM) တရုတ်နိုင်ငံ ရွှေလီရဲဌာနမှ အကူအညီတောင်းခံတဲ့စာထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယရှိသူ တရုတ်နိုင်ငံသား ၅ ဦး မူဆယ်ဒေသကို ရောက်ရှိနေကြောင်း အကြောင်းကြားစာအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ဖေဖေါ်ဝါရီလ ၆ ရက်နေ့က အပူတပြင်းရှာဖွေခဲ့ရာ ညနေ ၆ နာရီခွဲ အချိန်ခန့်မှာ ပန်ဆိုင်း(ကြူကုတ်)မြို့မှာ အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့ မကျင်းရွှေဖန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ခံထားရတဲ့ လက္ခဏာ မရှိဘူးလို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးက သိရပါတယ်။ “ ကျွန်တော်တို့ဘက်ကစစ်တော့လည်း ရောဂါလက္ခဏာမတွေ့ရပါဘူး၊ တရုတ်နိုင်ငံဘက်က ဒီနေ့အကြောင်းပြန်လာတဲ့အထဲမှာလည်း အဲဒီအမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရမှုမရှိဘူးလို့လည်း အကြောင်းပြန်ကြားလာပါတယ်။ ကျန်ရှိနေတဲ့တရုတ်နိုင်ငံသား ၄ ဦးကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်းပြီး အပူတပြင်းလိုက်လံစုံစမ်းရှာဖွေနေပါတယ်”…
Read Moreဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦးသေဆုံးမှုဖြစ်ပွား
ဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦးသေဆုံးမှုဖြစ်ပွား မနီလာ၊ ဖေဖော်ဝါရီ -၂- ၂၀၂၀ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အမျိုးသားတစ်ဦးသေဆုံးသွားပြီး ဒါဟာ တရုတ်နိုင်ငံပြင်ပမှာ ရောဂါကြောင့် ပထမဆုံးသေဆုံးမှုလည်းဖြစ်ပါတယ်။ သေဆုံးသွားသူဟာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှ အသက်၄၄နှစ်အရွယ် တရုတ်အမျိုးသားဖြစ်ပါတယ်။ သူဟာ ဖိလစ်ပိုင်နိုင်ငံသို့မရောက်မီ ရောဂါကူးစက်ခံထားရပုံရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၃၀၀ကျော်ရှိနေပြီး သေဆုံးသူအများစုဟာ ဟူဘေးပြည်နယ်မှဖြစ်ပြီး ရောဂါကူးစက်ထားရသူဦးရေး ၁၄၀၀၀ကျော်ရှိနေပါတယ်။ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံခြားသားတွေအားလုံးကို အမေရိကန်၊ သြစတြေးလျ၊ ရုရှား၊ ဂျပန်၊ ပါကစ္စတန်နဲ့ အီတလီနိုင်ငံတို့အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများက ဝင်ခွင့်မပြုတော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒီလိုခရီးသွားလာတာကို တားမြစ်လိုက်တာဟာ သတင်းအချက်အလက်ရရှိမှုနဲ့ ဆေးဝါး ထောက်ပံ့ပေးပို့မှုကို နှောင့်နှေးစေပြီး အခြားကိစ္စရပ်တွေမှာပါ အခက်အခဲဖြစ်စေလို့ အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုသာရှိလိမ့်မယ်လို့ WHO ကပြောဆိုပါတယ်။…
Read Moreရှမ်းပြည်နယ်အတွင်း ကော်ရိုနာဗိုင်းရပ်စ်ရှိသူမတွေ့၊အပူချိန်လွန်ကဲလူနာတွေသာရှိ
Read MoreWHO ရဲ့ အချက် ၇ ချက်ပါတဲ့ သတင်းအချက်လက်ရ
WHO ရဲ့ အချက် ၇ ချက်ပါတဲ့ သတင်းအချက်လက်ရ ရန်ကုန်၊ ဇန်နဝါရီ – ၃၁-၂၀၂၀ အောင်ထူးနိုင်(VOM) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က လတ်တလောဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါနဲ့ပတ်သက်ပြီး အချက်(၇)ချက် ပါဝင်တဲ့ သတင်းစကားကို တစ်နိုင်ငံလုံးကို ဖြန့်ဝေထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဇန်နဝါရီ ၃၁ ရက်နေ့က ပြောပါတယ်။ “key messages 2 အနေနဲ့ WHO က ကျန်းမာရေးအားနည်းတဲ့ နိုင်ငံတွေကို ပံ့ပိုးကူညီသွားမယ်လို့ ပြောတာရှိပါတယ်”လို့ ဒေါက်တာထွန်းမြင့်ကပြောပါတယ်။ WHO DG ထံမှ ရရှိထားတဲ့ သတင်းစကားအရ အဆုတ်ရောင်ရောဂါကြောင့် နိုင်ငံတကာကုန်သွယ်ရေး၊ နိုင်ငံတကာသွားလာရေးတို့ကို အနှောက်အယှက်မဖြစ်လိုကြောင်း၊ ရွေ့ပြောင်းသွားလာကူးလူးဆက်ဆံခြင်း၊ ဖြတ်တောက်တာကို မထောက်ခံ ကြောင်း၊ နယ်မြေအားလုံးကိုလည်း ခိုင်လုံမှန်ကန်တဲ့ အချက်အလက်ကို အခြေခံပြီး စဉ်းစားကာ မှန်ကန်တာကို ဆောင်ရွက်လိုတဲ့အကြောင်းတွေလည်းပါဝသ်တယ်လို့ ဒေါက်တာထွန်းမြင့်က ပြောပါတယ်။…
Read Moreတရုတ်လေကြောင်းလိုင်းနဲ့ပါလာတဲ့ သံသယလူနာ အခြေအနေကောင်း ကျန်သူတွေကူးစက်တာမတွေ့ရပေမယ့် ခရီးသည်တွေကို ပြန်လွှတ်မယ်
တရုတ်လေကြောင်းလိုင်းနဲ့ပါလာတဲ့ သံသယလူနာ အခြေအနေကောင်း ကျန်သူတွေကူးစက်တာမတွေ့ရပေမယ့် ခရီးသည်တွေကို ပြန်လွှတ်မယ် ရန်ကုန် ၊ ဇန်နဝါရီ ၃၁ -၂၀၂၀ သိဂီ ၤ(VOM) ကိုရိုနာဗိုင်းရပ်စ် သံသယလူနာဖြစ်တဲ့ တရုတ်နိုင်ငံသားကို ဝေဘာဂီဆေးရုံမှာ စစ်ဆေးစမ်းသပ်မှုတွေပြုလုပ်နေပြီး လက်ရှိတော့ အခြေအနေဆိုးဆိုးရွားရွားဖြစ်နေတာမရှိဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ “ဝေဘာဂီမှာရောက်နေတဲ့လူနာကိုတော့စမ်းသပ်စစ်ဆေးမှုတွေလုပ်နေပါတယ်။အခြေအနေကောင်းပါတယ်။ လိုအပ်တဲ့ကုသမှုတွေဆောင်ရွက်နေပါတယ်။ လူနာရဲ့အခြေအနေကတော့သိပ်ပြီးဆိုးဆိုးရွားရွားမရှိပါဘူး။ ရောဂါပိုးရှိမရှိ မရှိတော့ စစ်ဆေးမှုတွေပြီးမှ သေချာမှပြောနိုင်ပါတယ်။ သံသယလူနာတိုင်းက ကွန်ဖမ်းလူနာမဟုတ်ပါဘူး။ ဓာတ်ခွဲခန်းထဲမှာ အဆင့်ဆင့်စမ်းသပ်ပြီး စမ်းသပ်ချက်တွေ ဓာတ်ခွဲအတည်ပြုပြီးမှ ရောဂါကွန်ဖမ်းလို့၊လေယာဉ်ပေါ်သူနဲ့ အတူထိုင်သူတွေ မှာတော့ရှေ့ နောက်မှာ သံသယဖြစ်ဖွယ်မတွေ့ရဘူး။ လိုအပ်ရင်တော့ စောင့်ကြည့်မှုလုပ်ရပါမယ်။”လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ ရောဂါပိုးရှိမရှိ အတည်ပြုနိုင်ဖို့ကိုတော့ လိုအပ်တဲ့ဓာတ်ခွဲအတည်ပြုမှုတွေအတွက် ထိုင်းနိုင်ငံကိုပို့ဆောင်ဖို့စီစဉ်သွားမယ်လို့သိရပါမယ်။ ဒါ့အပြင် သံသယလူနာစီးနင်းလိုက်ပါလာတဲ့ လေယာဉ်ပေါ်ပါ ခရီးသည် ၇၉ ဦးအနက် မြန်မာနိုင်ငံသားနှစ်ယောက်ကိုသာခေါ်ထားပြီး ကျန်ခရီးသည်အကုန်လုံးကို အဲ့ဒီလေယာဉ်နဲ့ပြန်လွှတ်မှာဖြစ်ပါတယ်။ခေါ်ယူထားမယ့် မြန်မာ့ ၂ ဦးကိုလည်း…
Read Moreကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ ဂျီနီဗာ၊ ဇန်နဝါရီ-၃၁-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကကြေညာလိုက်ပါတယ်။ ဇန်နဝါရီ ၃၀ ရက်က ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူတွေ တက်ရောက်ခဲ့တဲ့ ဂျီနီဗာမှာကျင်းပတဲ့ အရေးပေါ်အစည်းအဝေးတစ်ရပ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus ကကြေညာလိုက်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံအပြင် နိုင်ငံပေါင်း ၁၈ နိုင်ငံလောက်မှာ ကူးစက်ပျံ့နှံ့လို့နေပါတယ်။ အရေးပေါ်အခြေအနေကြေညာလိုက်ပေမယ့် လတ်တလောသတင်းအချက်အလက်တွေအပေါ်အခြေခံပြီး ခရီးသွားလာတာမျိုးနဲ့ ကုန်သွယ်မှုဆိုင်ရာတွေကို ကန့်သတ်ဖို့ အဖွဲ့အနေနဲ့ အကြံပြုမှာမဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုပါတယ်။ ဗိုင်းရပ်စ်ဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းတဲ့ နိုင်ငံတွေကို ကူးစက်နိုင်ခြေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တယ်လို့ Tedros Adhanom Ghebreyesus ကပြောပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး အဲဒီနိုင်ငံတွေအတွက် ထောက်ပံ့ကူညီမှုတွေလုပ်ဆောင်သွားမယ်လို့လည်း…
Read More