ကြိုတင်ကာကွယ်ရမယ့် ခွေးရူးပြန်ရောဂါ

    သွေး (စစ်ကိုင်း)   ရန်ကုန်, မန္တလေးအပါအဝင် မြန်မာနိုင်ငံရဲ့ မြို့တွေမှာ အရေအတွက် အားဖြင့် တစ်နေ့တခြား များပြားလာနေတဲ့ လမ်းဘေးခွေးတွေကို တွေ့နိုင်ပါတယ်။ မကြာခင် ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီ ရောက်လာတော့မှာ ဖြစ်သလို… ‘လက်ပံပွင့်ချိန် ခွေးရူးချိန်’ ဆိုတဲ့အတိုင်း နွေရာသီမှာ အများဆုံးကူးစက် ဖြစ်ပွားတတ်တဲ့ ခွေးရူးပြန်ရောဂါကို အထူး သတိပြုဖို့ လိုပါပြီ။ ခွေးရူးပြန်ရောဂါဟာ ကူးစက်ခံရရင် ရာနှုန်းပြည့်နီးပါး လူ့အသက်ဆုံးရှုံးစေနိုင်လို့ ပါပဲ။   မြို့ပြအင်္ဂါရပ်နဲ့ အညီ လှပနေရမယ့် မြို့တွေမှာ ခွေးလေခွေးလွင့်တွေ များပြားလာနေတာက မြို့ပြရဲ့ သန့်ရှင်းလှပမှုနဲ့ ကျန်းမာရေး အတွက် အနှောင့်အယှက် ဖြစ်လာစေနိုင်ပါတယ်။ လူဦးရေ သန်းချီရှိတဲ့ ရန်ကုန်မြို့မှာပဲ လမ်းဘေးခွေး အကောင်ရေက သိန်းချီရှိနေတာ ဖြစ်ပါတယ်။ ဒီလို ခွေးကောင်ရေ များပြားလာနေရတဲ့ အ‌ကြောင်းရင်း…

Read More

“ခိုကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကာကွယ်ဖို့ ခိုစာကျွေးခြင်း ရပ်တန့်ပါ

    သွေး (စစ်ကိုင်း)   ရန်ကုန်မြို့လယ်ကောင်လို နေရာတွေမှာ ခိုစာရောင်းသူတွေ, ခိုစာကျွေးသူတွေကို တွေ့မြင်နေရပါတယ်။ လူအများစုက အဲဒီလို ခိုစာကျွေးတာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မသိကြဘဲ အစဉ်အလာတစ်ခုကို ကျင့်သုံးနေသလို ဖြစ်နေပါတယ်။ တကယ်တမ်းမှာ ခိုတွေက လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ရောဂါပိုးမွှား အများအပြားကို သယ်ဆောင်ထားတယ် ဆိုတာ မမေ့သင့်ပါဘူး။   မြို့ပြအင်္ဂါရပ်နဲ့အညီ သန့်ရှင်းလှပနေရမယ့် နေရာတွေမှာ ခိုချေးတွေပြန့်ကြဲ ညစ်ပေနေတာ, အနီးဝန်းကျင်အတွက် အနံ့အသက် မကောင်းတာက တော်တော်လေး မသင့်လျော်ဘူး လို့ ဆိုရမှာပါ။ ရန်ကုန်မြို့ပြ အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဝန်ကြီးများရုံးရှေ့ ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့် ပလက်ဖောင်းမှာ ခိုစာရောင်းသူ, ခိုစာကျွေးသူတွေကို နေ့စဉ်တွေ့ရပါတယ်။ ခိုတွေက အုပ်လိုက်လာရောက် စားသောက်ကြလို့ သူတို့ တောင်ပံခတ်လိုက်တိုင်း အနီးပတ်ဝန်းကျင်ဆီ အမှုန်အမွှားတွေ ပျံ့လွင့်နေပါတယ်။…

Read More

ကိုဗစ်မျိုးကွဲ JN.1 ကူးစက်မှု သတိပြုပါ

  သွေး (စစ်ကိုင်း) ၂၀၁၉ ခုနှစ်က စ,တင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် 19 ရောဂါဟာ ကမ္ဘာ့ကပ်ရောဂါအသွင်ထိ ပျံ့နှံ့ကူးစက်ခဲ့ပြီး လက်ရှိကာလမှာ ကူးစက်မှုနည်းပါးလာသို ဖြစ်နေပေမဲ့ ဒီနေ့ထိ ဆက်လက်ကူးစက်နေဆဲ ဖြစ်ပါတယ်။ မျိုးရိုးဗီဇပြောင်း ကိုဗစ် 19 ဗိုင်းရပ်စ်တွေ အမျိုးမျိုး ရှိတာကြောင့် ကပ်ရောဂါဖြစ်ပွားမှု ရပ်တန့်ပြီးဆုံးသွားတဲ့ အခြေအနေမျိုး မရှိသေးပါ။ အထူးသဖြင့် အခုလို အေးမြတဲ့ ရာသီဥတုမှာ မြို့ပြနှင့် ကျေးလက် လူမှုဝန်းကျင်အတွင်း အအေးမိ, နှာစေး, ချောင်းဆိုး စ,တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်တတ်လေ့ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားပျံ့နှံ့နေမှုနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။  …

Read More

ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတချို့မှာ လူဦးေရရဲ့ လေးပုံတပုံလောက် အရေပြားရောဂါ ကူးစက်ပြန့်ပွားနေလို့ ဆေးနဲ့ ဆေးပစ္စည်းတွေ လိုအပ်နေ

အောက်တိုဘာ ၊ ၁၃ ၊ ၂၀၂၃ SP ( VOM) ရှမ်းပြည်နယ် တောင်ပိုင်း ၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ် ၊ တိကျိတ်ကျေးရွာအုပ်စုက ဘုန်းစိုး ၊ လယ်သူခေါင် ၊ ခေါင်သလူ စတဲ့ကျေးရွာတွေဘက်မှာ အရေပြားရောဂါ ကူးစက်ခံရသူတွေ များပြားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” တိကျိတ်ကျေးရွာ အုပ်စုထဲက ရွာပေါင်း လေးငါးရွာလောက်မှာဖြစ်နေတာပါ ၊ ရောဂါလက္ခဏာက ကိုယ်ခန္ဓာနေရာအနှံ့ ယားယံတယ် ၊ ယားလို့ ကုတ်ခြစ်မိရင် ကုတ်မိတဲ့နေရာကနေ အဖုအပိန့်တွေဖြစ်တယ် ၊ တချို့ဆို အနာဖြစ်တဲ့ အဆင့်ထိ ရောက်တယ် ၊ အဲ့ဒီလိုဖြစ်ပြီဆိုရင် အနည်းဆုံး သုံးလေးလကြာတဲ့အထိ မပျောက်ဘူး ၊ အဲ့ဒီလို ရောဂါသည်ပေါင်း ၁၅၀ ဝန်းကျင်လောက်ရှိတယ် ၊ ရွာမှာရှိတဲ့ လူဦးရေရဲ့ လေးပုံ တပုံနူန်းလောက်…

Read More

အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ဟာ အရင်အမျိုးအစားတွေထက် ကူးစက်မြန်တာမို့ ဘာတွေသတိထားကြမလဲ (အင်တာဗျူး)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဒဏ်ထိ အလူးအလဲခံရပြီးပြီဖြစ်ပါတယ်။တချို့ကူးစက်ခံရပြီးပေမယ့် အမှတ်မရှိကြသလို တချို့က ပေါ့လျော့နေဆဲဖြစ်ပါတယ်။ ခုတခါ ကိုဗစ်၁၉ရဲ့ ဗီဇပြောင်း Omicron ဆိုတာ တချို့နိုင်ငံတွေမှာ စတင်တွေ့ရှိနေတာကြောင့် နိုင်ငံတကာမှာ ဘယ်လိုတွေကာကွယ် ကုသနေကြသလဲဆိုတာသိနိုင်ဖို့ အမေရိကန်နိုင်ငံမှာနေထိုင်ပြီး ကျန်းမာရေးပညာပေးဆောင်းပါးတွေရေးသားနေတဲ့ ဒေါက်တာတင့်ဆွေကို VOM က ဆက်သွယ်မေးမြန်းတင်ပြလိုက်ပါတယ်။   VOM။ ။ အခု နောက်ဆုံး၊ ပေါ်လာတဲ့ Omicron variant နဲ့ ပတ်သက်ပြီး ကူးစက်ခံရမှု လက္ခဏာတွေ၊ ကာကွယ်မှု ကုသမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကျန်းမာရေး အသိုင်းအဝိုင်းက လုပ်ကိုင်နေတဲ့ အခြေအနေလေးတွေ အကြောင်း ဆရာသိသလောက် ဝေမျှပေးပါဆရာ။ မြန်မာနိုင်ငံမှာ ကူးစက်မှု ဖြစ်မလာအောင်၊ ဖြစ်လာခဲ့ရင်ရော ဘယ်လို ပြုမူနေထိုင်ကြရမလဲ ဆိုတာလေးပါ ပြောပြပေးပါဆရာ။   Dr Tint Swe- အွန်မီခရွန်ဟာ ကိုဗစ်ဗိုင်းရပ်စ်…

Read More

“ကိုဗစ်စည်းကမ်းတွေကို လိုက်နာဖို့ ဘာကြောင့် အ‌ရေးကြီးလဲ”

သွေး (စစ်ကိုင်း) မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့တာဟာ ၂၀၂၀ ပြည်နှစ် မတ်လကဖြစ်လို့ အခုဆိုရင် ၁ နှစ်ခွဲနီးပါးရှိခဲ့ပြီ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ကူးစက်မှုတွေက ကမ္ဘာတဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲ ဖြစ်သလို မြန်မာနိုင်ငံမှာလည်း ကိုဗစ် တတိယလှိုင်း ကူးစက်မှုဟာ ပထမလှိုင်း၊ ဒုတိယလှိုင်းတွေထက် ပိုမိုများပြားနေတာကြောင့် ကိုဗစ်နဲ့ ဆက်စပ်တဲ့ လိုက်နာရမယ့် စည်းကမ်းတွေကို အသိရှိရှိ သတိကြီးကြီးနဲ့ ဆက်လက်လိုက်နာဖို့ အရေးတကြီး လိုအပ်နေပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ နေ့စဉ်လိုလို အနည်းဆုံး ၃,၀၀၀ ကျော်ရှိနေပြီး သေဆုံးရသူ အရေအတွက်ဟာလည်း သိသိသာသာ ကျဆင်းခြင်း မရှိသေးပါ။ ကျန်းမာရေးဝန်ကြီးဌာက ထုတ်ပြန်တဲ့ စာရင်းတွေအရ ဩဂုတ် ၁၂ ရက်နေ့ ၁ ရက်တည်းမှာပဲ ရောဂါပိုးတွေ့ရှိရသူ ၃,၄၃၀ ဦး၊ သေဆုံးသူ…

Read More

ပခုက္ကူက အထူးကု ဆရာဝန်တွေ ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ဧရာဝတီ အနောက်ဘက်ခြမ်းက ပြည်သူတွေ ကျန်းမာစောင့်ရှောက်မှု အခက်ခဲရှိနေ

ဧပြီ ၁၆ ၊ ၂၀၂၁ KTG (VOM)   မကွေးတိုင်း ပခုက္ကူမြို့က အထူးကု ဆရာဝန်တွေ ဖမ်းဝရမ်း ထုတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းနဲ့ ချင်းတောင်ခြေ အကြားက ဒေသခံ ပြည်သူတချို့ဟာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့အတွက် အခက်တွေ့နေရတယ်လို့ အဲ့ဒီဒေသမှာရှိတဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။   ” ပခုက္ကူမှာ ပြည်သူ့ဆေးရုံကြီး နဲ့ ပုဂ္ဂလိက အထူးကု ဆေးရုံ ၂ ရုံ ၊ ဆေးခန်း ၂၀ ကျော်ရှိတယ်၊ အထူးကု ဆရာဝန် ၉ ယောက်ရှိတဲ့အနက် ၆ ယောက်က ဖမ်းဝရမ်းထုတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတော့ အရေးပေါ် လူနာတွေကို မုံရွာ ကုတင် ၃၀၀ စစ်ဆေးရုံနဲ့ ငွေကြေးတတ်နိုင်သူ အနည်းစုက မန္တလေးဆေးရုံးကို သွားပြကြရတယ်၊ ငွေကြေး မပြည့်စုံတဲ့…

Read More

ကိုဗစ်ကာကွယ်ဆေးကို  နောက်လမှာ ပြည်သူထဲက သတ်မှတ်အဆင့်လိုက် ထိုးခွင့်ရမယ်

မန္တလေး၊ ဇန်နဝါရီ-၂၈ – ၂၀၂၁ ရှိုင်းအောင်(VOM)   အိန္ဒိယနိုင်ငံက ရောက်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေး အလုံးရေတသိန်းခွဲ၊ ထိုးနိုင်တဲ့လူဦးရေ လူတသန်းခွဲစာကို ပထမဦးစားပေးစနစ်အနေနဲ့ ထိုးပေးမှာဖြစ်သလို ကျန်းမာရေးဝန်းထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကိုတော့ ဇန်နဝါရီ ၂၇ရက်ကစပြီး ထိုးပေးနေပြီဖြစ်ပါတယ်။   အဲလိုထိုးဖို့ နယ်တွေကိုလည်းပို့ပေးနေတာမှာ ဇန်နဝါရီ ၂၇ ရက်နေ့  မွန်းလွဲပိုင်းက လေရှီးမြို့ကို ရောက်တဲ့ ကိုဗစ်ကာကွယ်ဆေးထည့်တဲ့ ဆေးပုံးမှာ Alarm Cross ပြနေလို့ အထက်အဆင့်ဆင့်ကို အကြောင်းကြားထားပေ မယ့် အကြောင်းမပြန်သေးလို့ ထိုးနှံတာတွေ မလုပ်သေးကြောင်း လေရှီးအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းမှာ သတင်းထွက်ပေါ်နေပါတယ်။   အဲ့ဒီကိစ္စအပါအဝင် ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေ ၊ ကာကွယ်ဆေးထိုးပေးဖို့ အဆင့် အလိုက်သတ်မှတ်ထားပုံတွေ သိနိုင်ဖို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကို VOM သတင်းထောက် ကိုရှိုင်းအောင်က…

Read More

ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘာတွေ ဆောင်ရန် ရှောင်ရန် လိုအပ်မလဲ ?

နေပြည်တော်-ဇန်နဝါရီ ၂၆-၂၀၂၀ ကိုလတ် (VOM) ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂ မှာ ပြုလုပ်ခဲ့တဲ့ လွှတ်တော်တက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းမီဒီယာသမားတွေနဲ့ လွှတ်တော်အထောက်အကူပြုအဖွဲ့တွေကို ကိုဗစ် ပိုးရှိမရှိ စစ်ဆေးမှုလုပ်ခဲ့ပြီး ကျွမ်းကျင်သူတွေက ရှောင်ရန်ဆောင်ရန်တွေကို ရှင်းပြခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နေပြည်တော် တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ကိုဗစ်ကာကွယ်ဆေးထိုးပြီးရင်လည်း ဆောင်ရန် ရှောင်ရန်တွေ လိုက်နာရမှာဖြစ်ပြီး အလုံးစုံ ရောဂါကင်းစင်စေတဲ့ ဆေးမျိုးတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ “ကာကွယ်ဆေးထိုးပြီးရင်တော့ ကျွန်တော်တို့ပုံမှန် ရောဂါကာကွယ်ဆေး (၆) မျိုးထိုးသလိုပါပဲ။ အဲ့တော့ သတိထားပြီးနေရပါတယ်။ ဖျားလို့ရှိရင် နောက်ပြီး ခန္ဓာကိုယ်မှာယားယံတာတို့ ကိုက်ခဲတာတို့ဒါမျိုးဖြစ်ရင် ချက်ချင်းဟိုဟာဖြစ်တယ်။ ပထမဆုံးတစ်ရက်ကတော့ အိပ်ရေး၀၀ အိပ်ရပါတယ်။ ရေများများသောက်ရပါတယ်။ အစားကိုပုံမှန်လေးစားပေးရပါတယ်။ ကာကွယ်ဆေးတွေရဲ့ သဘောကတော့ အရက်တို့ ဆေးလိပ်တို့နဲ့ အဲ့ကာလမှာတော့ ရှောင်ထားတာတော့အကောင်းဆုံးပါပဲ။ ဒီကာကွယ်ဆေးက…

Read More
VOM News

FREE
VIEW