“လေထုညစ်ညမ်းမှု သတိပြုပါ”

    သွေး (စစ်ကိုင်း)   အသက်ရှင်ဖို့ နေ့စဉ်နဲ့ အမျှ ရှူရှိုက်နေရတဲ့ လေဟာ သန့်ရှင်းလတ်ဆတ်ဆို့ အထူးပဲ အရေးကြီးပါတယ်။ ကမ္ဘာ တစ်ဝန်းမှာ သန့်ရှင်းတဲ့လေ မရှူရှိုက်ရမှု…၊ လေထုညစ်ညမ်းမှုတွေနဲ့ ဆက်စပ်ရောဂါ ဖြစ်ပွားနေသူတွေ သန်းချီပြီး ရှိနေပါတယ်။ ဒါကြောင့် လေထုညစ်ညမ်းမှုကို လက်တွေ့ကျကျ ဘယ်လိုလျှော့ချသင့်သလဲ စဉ်းစားလုပ်ဆောင် သွားရမှာပါ။   စက်မှုလုပ်ငန်းတွေ ထွန်းကားလာတာဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမဲ့ ရုပ်ကြွင်းလောင်စာ တွေ အသုံးပြုပြီး လုပ်ငန်းလည်ပတ်နေရတာကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတာပါ။ ကျောက်မီးသွေးသုံး စက်ရုံကြီးများ လည်ပတ်မှု, တောမီးလောင်မှု, မီးရှူးမီးပန်း ပစ်လွှတ်မှု, တောင်ယာမီးရှို့မှုတို့ကြောင့်လည်း လေထုကို ညစ်ညမ်းစေပါတယ်။ ‘BBC’ သတင်းတစ်ပုဒ်အရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး ထိခိုက်ပြီး ဆေးဝါးကုသ,မှု ခံယူခဲ့ရသူ…

Read More

ကြိုတင်ကာကွယ်ရမယ့် ခွေးရူးပြန်ရောဂါ

    သွေး (စစ်ကိုင်း)   ရန်ကုန်, မန္တလေးအပါအဝင် မြန်မာနိုင်ငံရဲ့ မြို့တွေမှာ အရေအတွက် အားဖြင့် တစ်နေ့တခြား များပြားလာနေတဲ့ လမ်းဘေးခွေးတွေကို တွေ့နိုင်ပါတယ်။ မကြာခင် ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီ ရောက်လာတော့မှာ ဖြစ်သလို… ‘လက်ပံပွင့်ချိန် ခွေးရူးချိန်’ ဆိုတဲ့အတိုင်း နွေရာသီမှာ အများဆုံးကူးစက် ဖြစ်ပွားတတ်တဲ့ ခွေးရူးပြန်ရောဂါကို အထူး သတိပြုဖို့ လိုပါပြီ။ ခွေးရူးပြန်ရောဂါဟာ ကူးစက်ခံရရင် ရာနှုန်းပြည့်နီးပါး လူ့အသက်ဆုံးရှုံးစေနိုင်လို့ ပါပဲ။   မြို့ပြအင်္ဂါရပ်နဲ့ အညီ လှပနေရမယ့် မြို့တွေမှာ ခွေးလေခွေးလွင့်တွေ များပြားလာနေတာက မြို့ပြရဲ့ သန့်ရှင်းလှပမှုနဲ့ ကျန်းမာရေး အတွက် အနှောင့်အယှက် ဖြစ်လာစေနိုင်ပါတယ်။ လူဦးရေ သန်းချီရှိတဲ့ ရန်ကုန်မြို့မှာပဲ လမ်းဘေးခွေး အကောင်ရေက သိန်းချီရှိနေတာ ဖြစ်ပါတယ်။ ဒီလို ခွေးကောင်ရေ များပြားလာနေရတဲ့ အ‌ကြောင်းရင်း…

Read More

သြော်… မြရင် မြရင်.. မြရင်..

  ဆူးငှက်   ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီက ထင်ရှားကျော်ကြားလှသော အငြိမ့်မင်းသမီးကြီး လေဘာတီ မမြရင်ဟူသည်။ အနုပညာ အရည်အချင်းများနှင့် ပြည့်ဝလှသညသာမက စန်းဆိုသည့် ဘက်မှာလည်း ပြည့်ဝ မောက်လျှံလှသည်။ သို့သော် ကံကြမ္မာဟူသည် ဖြစ်ပျက်လောကဓံနှင့် တိုက်ရိုက် ဆက်စပ်နေသောအခါ စန်းကလည်း မကယ်နိုင်တော့ပေ။ လေဘာတီ မမြရင်ဟု ဟိုးလေးတကျာ် အခြေအနေက ဒုတိယကမ္ဘာစစ်ဟူသော ဖြစ်ပျက်မှု အောက်တွင် ရှေ့မတိုးနိုင်တော့ပေ။ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် အင်္ဂလိပ်တို့ အားအကိုးဆုံး စင်ကာပူ ခံတပ်ကြီး ကျသွားသည်နှင့် ရန်ကုန်မှ အင်္ဂလိပ်တို့လည်း အထက်သို့ ရုတ်ချည်း ဆုတ်ခွာကြ၏။ မတ်လ(၈)ရက်နေ့တွင် ရန်ကုန်သည် သိသာထင်ရှားစွာ တုန်လှုပ်ချောက်ချားလေပြီ။ ရန်ကုန်မြို့တွင်လည်း ဂျပန်က ပဲခူးမြို့မြောက်ဘက် ၁ဝ မိုင်အကွာ၌ တည်ရှိသော ဘုရားကြီးရွာနှင့် ၁၈မိုင်အကွာ၌ တည်ရှိသော ပျဉ်ပုံကြီးရွာ များ၌…

Read More

၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ၁၂ ဆု ချီးမြှင့်ပေးအပ်

  ဖေဖော်ဝါရီ ၃ – ၂၀၂၄ SN (VOM) ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားမှာ ထူးချွန်ဆု‌ စုစုပေါင်း ၁၂ ဆုကို ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်၊ ညနေ ၆ နာရီက နေပြည်တော်ရှိ MICC 1 မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆုတွေကို အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ချီးမြှင့်ခဲ့တာမှာ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် တသက်တာထူးချွန်ဆုကို ဒါရိုက်တာ စည်သူအောင်မြင့်မြတ်၊ စည်သူ ဒေါ်နွဲ့နွဲ့စန်း၊ ဒါရိုက်တာ အလင်္ကာကျော်စွာ ပန်းချီစိုးမိုးတို့က ရရှိခဲ့ပါတယ်။ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ခတ္တိယ ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ကံကောင်း ရုပ်ရှင်ဇာတ်ကား၊ ရုပ်ရှင်ဒါရိုက်တာဆုကို ဒါရိုက်တာ တင်အောင်စိုး…

Read More

“ခိုကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကာကွယ်ဖို့ ခိုစာကျွေးခြင်း ရပ်တန့်ပါ

    သွေး (စစ်ကိုင်း)   ရန်ကုန်မြို့လယ်ကောင်လို နေရာတွေမှာ ခိုစာရောင်းသူတွေ, ခိုစာကျွေးသူတွေကို တွေ့မြင်နေရပါတယ်။ လူအများစုက အဲဒီလို ခိုစာကျွေးတာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မသိကြဘဲ အစဉ်အလာတစ်ခုကို ကျင့်သုံးနေသလို ဖြစ်နေပါတယ်။ တကယ်တမ်းမှာ ခိုတွေက လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ရောဂါပိုးမွှား အများအပြားကို သယ်ဆောင်ထားတယ် ဆိုတာ မမေ့သင့်ပါဘူး။   မြို့ပြအင်္ဂါရပ်နဲ့အညီ သန့်ရှင်းလှပနေရမယ့် နေရာတွေမှာ ခိုချေးတွေပြန့်ကြဲ ညစ်ပေနေတာ, အနီးဝန်းကျင်အတွက် အနံ့အသက် မကောင်းတာက တော်တော်လေး မသင့်လျော်ဘူး လို့ ဆိုရမှာပါ။ ရန်ကုန်မြို့ပြ အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဝန်ကြီးများရုံးရှေ့ ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့် ပလက်ဖောင်းမှာ ခိုစာရောင်းသူ, ခိုစာကျွေးသူတွေကို နေ့စဉ်တွေ့ရပါတယ်။ ခိုတွေက အုပ်လိုက်လာရောက် စားသောက်ကြလို့ သူတို့ တောင်ပံခတ်လိုက်တိုင်း အနီးပတ်ဝန်းကျင်ဆီ အမှုန်အမွှားတွေ ပျံ့လွင့်နေပါတယ်။…

Read More

ကိုဗစ်မျိုးကွဲ JN.1 ကူးစက်မှု သတိပြုပါ

  သွေး (စစ်ကိုင်း) ၂၀၁၉ ခုနှစ်က စ,တင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် 19 ရောဂါဟာ ကမ္ဘာ့ကပ်ရောဂါအသွင်ထိ ပျံ့နှံ့ကူးစက်ခဲ့ပြီး လက်ရှိကာလမှာ ကူးစက်မှုနည်းပါးလာသို ဖြစ်နေပေမဲ့ ဒီနေ့ထိ ဆက်လက်ကူးစက်နေဆဲ ဖြစ်ပါတယ်။ မျိုးရိုးဗီဇပြောင်း ကိုဗစ် 19 ဗိုင်းရပ်စ်တွေ အမျိုးမျိုး ရှိတာကြောင့် ကပ်ရောဂါဖြစ်ပွားမှု ရပ်တန့်ပြီးဆုံးသွားတဲ့ အခြေအနေမျိုး မရှိသေးပါ။ အထူးသဖြင့် အခုလို အေးမြတဲ့ ရာသီဥတုမှာ မြို့ပြနှင့် ကျေးလက် လူမှုဝန်းကျင်အတွင်း အအေးမိ, နှာစေး, ချောင်းဆိုး စ,တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်တတ်လေ့ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားပျံ့နှံ့နေမှုနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။  …

Read More

ကျောက်ဆည်က ဆင်အလှူပွဲတော်နဲ့ ဆင်အက အလှပြိုင်ပွဲ အရင်နှစ်တွေထက် ပိုစည်အောင်ကျင်းပမယ်

  ကျောက်ဆည်၊ အောက်တိုဘာ – ၂၃- ၂၀၂၃ SA(VOM) Covid- 19 ကပ်ရောဂါ မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့အချိန်က စတင်ပြီး နှစ်ပေါင်းများစွာ အကျဥ်းချုံး ကျင်း ပခဲ့ရတဲ့ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က ဆင်အလှူပွဲနဲ့ ဆင် အက အလှပြိုင်ပွဲကို ဒီနှစ် သတင်းကျွတ်လဆန်း ၁၄ ရက်နေ့က စတင်ပြီး ရွှေသာလျောင်းတောင်ခြေမှာစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ” အရင်နှစ်တွေကထက် စည်မယ်လို့ပြောလို့ရတယ်၊ အရင်နှစ်က ဆင်လှူပွဲကို လပြည့်နေ့မှာ လုပ်တယ်၊ ဖျော်ဖြေပွဲတွေကိုတောင် သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်နေ့ကမှ လုပ်လိုက်တာကို အတော်စည်တယ်၊ အခုနှစ်လည်း အတော်စည်ကားမှာပါ၊ တမြို့လုံးက တောင်းတနေတဲ့ ပွဲကြီးဆိုတော့လေ” လို့ ဇော်ဂျီမောင် ဆင်အကအဖွဲ့ တာဝန်ရှိသူတဦးက VOM ကိုပြောပါတယ်။ ပြိုင်ပွဲဝင်ဖို့အတွက် ခန့်မှန်းချေ ဘော်ကြယ်ဆင် ၄ စီး၊…

Read More

စင်တင်များနှင့် မန္တလေး

  ဆူးငှက်   ၁၉၅၈ခုနှစ် လောက်ကတည်းက တောင်ဘက် ကျုံးအတွင်း မြို့ရိုးနှင့် ကျုံးအကြား မြေကွက်လပ်မှာ လူထုအပန်းဖြေ ဥယျာဉ်ကြီး တစ်ခု ရှိခဲ့ဖူးသည်။ အရှေ့ဘက် မင်္ဂလာတံခါးမှသည် အနောက်ဘက် ၇၉လမ်း အထိ ရှည်လျားတာပေါ့။ ဥယျာဉ်ထဲမှာ ကလေးများအတွက် ကစားစရာတွေရှိသည်။ အနားယူ အပန်းဖြေစရာ အရိပ် အာဝါသရှိသည်။ မိုးပျံတံတား ဆိုတာလည်း ရှိသည်။ အခါကြီး ရက်ကြီးများ၌ ဖျော်ဖြေရန်အတွက် တီးဝိုင်း စင်မြင့်လည်း ရှိသည်။ အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် ဓာတ်ပုံဆိုင်လည်း ရှိသည်။ ပြန်ကြားရေး စာကြည့်တိုက်လည်း ရှိသည်။ စားသောက်ဆိုင်တွေ ရှိသည်။ ထိုစဉ်က လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားများကို ကျုံးအတွင်း မန်းသီတာ ဥယျာဉ်မှာရော ကျုံးအနောက်ဘက် ကွင်းပြင်မှာရော ခုနစ်ရက်ခုနစ်လီ တခမ်းတနား ကျင်းပသည်။ ဒါက မန်းသီတာ ဥယျာဉ် ဖြစ်သည်။…

Read More

အငြိမ့်ပြိုင်ပွဲ

  ဆူးငှက်   မန္တလေးဘုရားပွဲတွေက သီတင်းကျွတ်လဆန်းတာနဲ့ စတင်ကြတော့ အငြိမ့်တွေ၊ ဇာတ်တွေက ပွဲဦးထွက် သေတ္တာဖွင့် ကပြကြတယ်။ အများအားဖြင့် ဘုရားပွဲတွေက ၂ ရက်၊ ၂ ည ကျင်းပကြတာပါ။ အငြိမ့်တွေက အဲဒီ ၂ ညမှာ တစ်ညစီကပြကြပေမယ့် ဇာတ်တွေကတော့ ဘုရားပွဲ ၂ ညစလုံး ကပြကြတယ်။ အငြိမ့်က ကမယ့်ညမရောက်ခင် နေ့လယ်လောက်မှ အငြိမ့်စင်လာချပြီ။ အသင့်ပါပစ္စည်းတွေနဲ့ ချက်ချင်း ဆောက်နိုင်တယ်။ ညနေစောင်းတော့မှ အငြိမ့်ကား ရောက်လာပြီး ပစ္စည်းဆင်၊ မီးဆင်တယ်။ ညခုနစ်နာရီလောက်ရောက်တော့ အငြိမ့်တီးဝိုင်းက ယိုးဒယားကရောင်း ရိုက်ပြီး ဧည့်ခံတီးလုံးတီးတယ်။ ညရှစ်နာရီလောက် အငြိမ့်စထွက်၊ ပထမဧည့်ခံသီချင်းပြီးရင် အော်ပရာအစီအစဉ်၊ နောက် ရှေ့ထွက်မင်းသမီး၊ ပြီးရင် ယိမ်းထွက်တန်ထွက်၊ ပြီးမှ အလယ်ထွက်၊ နောက်တခန်းရပ်၊ နောက် ခေါင်းဆောင်မင်းသမီး၊ အသိမ်းမှာ ပြဇာတ်။…

Read More

လပြည့်ည၏ လရောင်အောက်က စန္ဒာမုနိရင်ပြင်

ဆူးငှက် ကျောက်တော်ကြီးဘုရားဝင်း အရှေ့တောင်ထောင့် မန်ကျည်းပင်ကြီးအောက် အကြော်ဆိုင်ကထလာပြီး စန္ဒာမုနိဘုရားဝင်းထဲ ရောက်တော့ နေထန်းတစ်ဖျားထိလုပြီ။ အရှေ့ဘက် မင်္ဂလာကန်တော်အနီး ထနောင်းပင်များဆီက ချိုးကူသံသဲ့သဲ့ကို ကြားရ၏။ စန္ဒာမုနိဘုရား အနောက်ဘက် သံတန်ဆောင်းလေးအတိုင်း ဘုရားကုန်းတော်ပေါ်တက်တော့ လူသူမရှိ။ ဘုရားရင်ပြင်သည် တိတ်ဆိတ် ငြိမ်သက်လွန်းလှသည်။ နေခြည်သည် ကုန်းတော်ရှိ စိန်တောင်တွေ ကို ငွါးစွင့် ပွင့်လင်းနေစေသည်။ သို့သော် အစွမ်းပြမပူသေး။ ဆောင်းနှောင်း နှင်းကြွင်းကို နွေးစေရုံပဲရှိလို့ အနေတော်ပဲ ဖြစ်သည်။ အာရုံခံဇရပ်ဆီမှ ဘုရားလူကြီးတစ်ဦးက ဘုရားပန်းအိုးများ လဲလှယ်ရန် ကုန်းတော်ဘက် ထွက်လာ၏။ ကျွန်တော်သည် အာရုံခံဇရပ်နှင့် စေတီတော်အကြား တစ်နေရာသို့ ဦးတည်လိုက်သည်။ ထိုနေရာသည် အလေးအမြတ် ထားဖွယ် နေရာဖြစ်၏။ ဦးညွှတ် အလေးပြုဖွယ် နေရာဖြစ်၏။ အောက်မေ့တသ ဆင်ခြင်ဖွယ် နေရာဖြစ်၏။ ထို့အတူ ဂုဏ်ပြု ပူဇော်ဖွယ် နေရာလည်း ဖြစ်သည်။…

Read More
VOM News

FREE
VIEW