သရုပ်ဆောင်ပြီးသားဇာတ်ရုပ်ကို ပြန်မလုပ်ချင်တော့ဘူးဆိုတဲ့ သက်မွန်မြင့်

ရန်ကုန် ဖေဖော်ဝါရီ ၂၄-၂၀၁၉ သင်းသဒ္ဒါ (VOM)   ဗီးနပ်စ်ရဲ့လပ်ပ် ဗီဒီိယို ဇာတ်ကားမှာ မိတင်စိန်အဖြစ်နဲ့ ပရိသတ်ရဲ့ အားပေးမှုကို အများဆုံးရခဲ့တဲ့ အကယ်ဒမီ သက်မွန်မြင့် ကတော့ သရုပ်ဆောင်ပြီးသား ဇာတ်ရုပ်ကို ပြန်သရုပ်မဆောင်ချင်တော့ဘူးလို့ ဆိုပါတယ်။   မိတင်စိန်ကို ဗီဒီယိုရိုက်ထားခဲ့ဖူးတော့ ကိုဝိုင်း အသစ်တဖန်ပြန်လည် မွေးဖွားမယ့် အကြောင်းနဲ့ ပတ်သက်ပြီးတော့ “မိတင်စိန်မှာခုထိကမ်းလှမ်းတာတော့ မရှိသေးဘူး။ တခြားတစ်ယောက်နဲ့ပဲ ရိုက်ဖြစ်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သက်မွန်နဲ့က ဗီဒီယို ရိုက်ပြီးသွားပြီ ၊ ကိုယ်ရိုက်ပြီးသား ကိုယ်သရုပ်ဆောင်ပြီးသား ဇာတ်ကို ပြန်သရုပ်ဆောင်ဖို့ကျတော့ စားပြီးသားထမင်းပြန်စားသလိုဖြစ်မှာပေါ့နော်။ အဲ့ဒါ ကိုယ့်အနေနဲ့သိပ်ပြီးတော့ ရင်မခုန်တော့ဘူး။ အဲ့ကားလေးက ကိုယ့်အရမ်းကြိုက်ခဲ့တဲ့ ကားလေးပေါ့နော်။ ကိုယ်အား ရခဲ့တဲ့ကားပြောရရင် ရုပ်ရှင်သာဖြစ်ခဲ့ရင် အကယ်ဒမီမှန်းလို့ရတယ်ပေါ့နော်။ ကိုယ့်ကိုယ် ကိုယ်အဲ့လိုမျိုးအထိ ကျေနပ်ခဲ့တဲ့ကားလေး ဖြစ်နေတော့ ပြန်မလုပ်ရဲတော့ဘူး။ အဲ့လိုပုံစံမျိုးထွက်မယ်လို့…

Read More

Sexy model အဖြစ်ရပ်တည်လို့ ချစ်သူနဲ့လမ်းခွဲလိုက်ရတဲ့ M ဂျာဆိုင်းပန်

ရန်ကုန် ဖေဖော်ဝါရီ ၂၂-၂၀၁၉ သင်းသဒ္ဒါ   ဓာတ်ပုံ လန်းလန်းတွေနဲ့ ပရိသတ်ကို ရိုက်ကူးတင်ပြနေတဲ့ ဓာတ်ပုံမော်ဒယ်လ် M ဂျာဆိုင်းပန်  ကတော့ Sexy model အဖြစ်ရပ်တည်လို့ ချစ်သူနဲ့လမ်းခွဲလိုက်ရတယ်လို့ ဆိုပါတယ်။   “အချစ်ရေး ကလည်း Sexy Model လုပ်ဖြစ်တာမို့ သိပ်မကြာသေးခင်ကပဲ လမ်းခွဲဖြစ်သွားပါတယ်။ စ တွေ့တုန်းကတော့ ချစ်သူက အရာအားလုံးကို ခွင့်လွှတ်ခဲ့တယ်။ မင်းကြိုက်တာလုပ်ပဲ၊ ကိုယ့်အသိုင်းအ၀ိုင်းကိုလည်း ကိုယ့်ပဲ ရှင်းပြမယ်။ ကိုယ့်ဝါသနာတာလုပ်မှ ကိုယ့်စိတ်ချမ်းသာမယ်။ အောင်မြင်အောင်လုပ်ပါလို့ အကြံပြုခဲ့ပေမယ့် ကြာလာတော့ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေကြောင့် လမ်းခွဲဖြစ်သွားတာပါ။ ဓာတ်ပုံ တစ်ပုံတက်လာရင် တစ်ခါရန်ဖြစ်ရတယ်”လို့ ဆိုပါတယ်။   သူမကိုတော့ Sexy Photo တွေ ရိုက်ကူးတာနဲ့ ပတ်သက်ပြီး အိမ်ကရော ၊ ပတ်ဝန်းကျင် မိတ်ဆွေတွေ က ဝေဖန်မှုတွေ…

Read More

ကောင်းမှုတော်စေတီ အဖြူရောင်ဆေးသင်္ကန်းကပ်လှူခြင်း ၇၅ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်း  ဖေဖော်ဝါရီ ၂၁-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့၊ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီး အဖြူရောင်ဆေးသင်္ကန်းကပ်လှူဖို့ လုပ်နေတာမှာ ၇၅ရာခိုင်နှုန်းပြီးစီးနေပြီလို့ ကောင်းမှုတော်စေတီတော် ဂေါပကအဖွဲ့ကပြောပါတယ်။ စေတီတော်ကြီးရဲ့ အောက်ခြေကနေစပြီး ဆေးဖြူသင်္ကန်းကို စသုတ်နေပြီး၊ စေတီတော် လုံးတော်မှာတော့ ရွှေဆေးတွေ ခွာချတုန်းက ကွာသွားတဲ့နေရာ၊ ချိုင့်ဖြစ်နေတဲ့နေရာတွေကို အင်္ဂတွေဖြည့်တဲ့လုပ်ငန်းတွေ ပြီးစီလုဖြစ်နေပြီလို့ ဆိုပါတယ်။ စေတီတော်လုံးတော်မှာ အင်္ဂတေဖြည့်တဲ့ လုပ်ငန်းတွေ ပြီးတာနဲ့ တပတ်အတွင်း လုံးတော်ပြည့် ဆေးဖြူသင်္ကန်းကပ်တော့မှာဖြစ်တယ်လို့ ကောင်းမှုတော် စေတီတော် ဂေါပကအဖွဲ့က ပြောပါတယ်။ လာမယ့်တပေါင်းလပြည့်နေ့မှာတော့ အဖြူရောင်ဆေးသင်္ကန်းကပ်လှူပြီးသွားတဲ့ ကောင်းမှုတော်စေတီတော်မြတ်ကြီးကို စစ်ကိုင်းမြို့မှ ပင့်သံဃာ အပါး ၁၀၀၀ တို့နဲ့ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာသဘင် ဆင်ယင်ကျင်းပခြင်း၊ သံဃာအပါး ၁၀၀၀ အား ဆွမ်းကြီးလောင်းလှူ ပြီး ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး ဖွင့်လှစ်ခြင်း အခမ်းအနားများ ကျင်းပသွားမှာလို့ ဂေါပက ဥက္ကဋ္ဌ ဦးနီတင်က VOM ကို ပြောပါတယ်။     #ကောင်းမှုတော် #ကောင်းမှုတော်စေတီတော် #စစ်ကိုင်း

Read More

အကယ်ဒမီဒုတိယအကြိမ် ဆန်ခါတင် ၂၅ ကားစာရင်းထွက်ပေါ်

ရန်ကုန် ဖေဖော်ဝါရီ ၂၀-၂၀၁၉ သင်းသဒ္ဒါ(VOM)   ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု ရွေးချယ်ရေးအတွက် ဒုတိယအကြိမ် ဆန်ခါတင် ၂၅ ကား စာရင်းထွက်ပေါ်ခဲ့ပြီဖြစ်ပါတယ်။   မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဗဟိုကနေ   ဒုတိယအဆင့် ကြည့်ရှုမယ့် ဇာတ်ကား ၂၅ ကားစာရင်းကတော့  ”မိုးပန်းပွင့်ရဲ့ သင်္ကေတ” ၊”ကာဗွန်ဒိုင်အောက်ဆိုဒ်” ၊”ဝိဥာဉ်စိမ်း” ၊”ဒုဠဝတီကိုလွန်၍” ၊”ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ၊”ငယ်ကျွန်” ၊”ဥပါဒါန်” ၊”မုန်းစွဲ” ၊”ရွှေကြာ ”၊”သမ္မတကြီးထံပေးစာ” ၊”ပြည်ထောင်စုသစ္စာ” ၊”ဇာတိမြေ”၊”မှော်ဝင်သမန်းကျား” ၊ ”လရောင်ဖြာတဲ့ အင်းလေးမှာ” ၊”ဥပါယ်တံမျဉ်” ၊”မုဒြာခေါ်သံ” ၊ ”ကြက်ဂူ” ၊”နောင်တွင်ဥဒါန်းတွင်စေသတည်း ”၊”ငဒူ” ၊”မျက်နှာပြင်များ” ၊”မီ ” ၊”တိမ်တိုက်တံတား” ၊”ရန်သူ”၊ ”သတို့သမီး” နဲ့ ”ကိုယ်စောင့်နတ်” ရုပ်ရှင်ဇာတ်ကားတွေကို စတင်ကြည်ရှု့ အကဲဖြတ်နေလျက်ရှိတယ်လို့ သိရပါတယ်။ ”ပထမအပတ်ကတော့ ၈၃…

Read More

ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာ မီးနင်းပွဲ

စရီမာရီယမ္မာန် မယ်တော်ကြီးဘုရားကျောင်း(၂၄)ကြိမ်မြောက် မီးနင်းပွဲ ကျင်းပ မန္တလေး၊ ဖေဖေါ်ဝါရီ ၁၉-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက် ၇၇လမ်း ၂၆လမ်း နဲ့ ၂၇လမ်းကြား မှာ တည်ထားကိုးကွယ်တဲ့ စရီမာရီယမ္မာန် မယ်တော်ကြီးဘုရားကျောင်းရှေ့မှာ ဒီကနေ့ ညနေပိုင်းက ရိုးရာမီးနင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ” ကျန်းမာရေးမကောင်းဘူးဆိုရင် ကျန်းမာရေးကောင်းရမယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့ ကျန်းမာရေးကောင်းသွားရင် မီးကိုနင်းရတာ အဓိဋ္ဌာန်အောင်သွားပြီဆိုတဲ့သဘောနဲ့ နင်းရတာပေါ့၊ စီးပွားရေးဆိုလည်း အဲ့လိုပဲ စီးပွားရေးမှာ အောင်မြင်ရင် အဲ့လို မီးနင်းတယ်၊ အစတည်းက မယ်တော်ကြီးဆီလာပြီး အဓိဋ္ဌာန်ထားလိုက်တာ အောင်မြင်သွားတိုင်း ခုလို မီးလာနင်းရတယ် ” လို့ မဟာပိန္နဲဘုရားကျောင်း နဲ့ စရီမာရီယမ္မာန် မယ်တော်ကြီး ဘုရားကျောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးNအပါဦး (ခ) ဦးမောင်မောင်လွင် က ပြောပါတယ်။ ခုလို မီးနင်းပွဲတော်ကျင်းပလာတာဟာ နှစ်ပေါင်းများစွာကြာခဲ့ပြီး…

Read More

ပျူရိုးရာ ဥာဏ်ရိုးမီးပူဇော်ပွဲကို ပြည်မြို့မှာ အစဉ်လာမပျက် စည်ကားစွာကျင်းပ

ပြည် ဖေဖေါ်ဝါရီ ၁၉ – ၂၀၁၉ လမင်း (VOM)   ပျူလူမျိုးတို့ရဲ့ရိုးရာယဉ်ကျေးမှု ဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ ဥာဏ်ရိုးမီးပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တပို့တွဲလပြည့်နေ့ မနက် ၄ နာရီအချိန်ခန့်က ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပြည်မြို့ရှိ ရှေးဟောင်းသမိုင်းဝင်စေတီတစ်ဆူဖြစ်တဲ့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးမှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်။ ဥာဏ်ရိုးမီးပူဇော်ပွဲကိုကျင်းပလာခဲ့တာဟာ  နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ အထူးခြားဆုံး ရှေးရိုးရာဘာသာရေးပွဲတစ်ခုလည်းဖြစ်ပါတယ်။ ချမ်းအေးတဲ့ တပို့တွဲလရာသီမှာ ဗုဒ္ဓဘုရားရှင်ကို အလင်းဓာတ်နဲ့ အနွေးဓာတ်လှူဒါန်းလိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ရှေးလူကြီးတွေက ပြောခဲ့တာကြောင့် ဒီနေ့ခေတ်လူငယ်တွေထိ လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ ယဉ်ကျေးမှုဖြစ်ပါတယ် ။ တပို့တွဲလပြည့်နေ့မတိုင်မီ တောသူတောင်သားတွေဟာ  တောတောင်တွေထဲက ဆင်စွယ်အလားသဏ္ဍန်တူပြီး  ဥာဏ်ပင်လို့ခေါ်တဲ့ အဖြူရောင်အဆင်းရှိ ပေါ့ပါးတဲ့ သစ်ကိုင်းချောင်းကလေးတွေကို ခုတ်ယူနေပူလှန်း လှပမှုရှိအောင်အချောကိုင်ပြီး ရွှေဆံတော်ဘုရားကြီး မြောက်စောင်းတန်းအရှေ့ဘက်မှာ ရောင်းချကြပါတယ်။ ကိုယ်တိုင်မခုတ်နိုင်သူတွေက အဲဒီဆိုင်တွေကနေဝယ်ပြီး…

Read More

စစ်ကိုင်းမြို့က ဘဲဥထုပွဲတော်

စစ်ကိုင်း ဖေဖော်ဝါရီ ၁၉-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်အတွင်းရှိတဲ့  ဇိနမာရ်အောင် လောကချမ်းသာ ကြေးဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်မှာရိုးရာ အစဉ် အလာမပြတ်ထည့်သွင်းကျင်းပလာတဲ့ဘဲဥ ထုပွဲတော်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညပိုင်းအချိန်က စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ VOM ရဲ့ စစ်ကိုင်းသတင်းထောက် စောပြည့်ချမ်းသာက ရိုက်ကူးတင်ဆက်ထားပါတယ်။   စစ်ကိုင်း#voiceofmyanmar#ဘဲဥထုပွဲ

Read More

သမဝါယမ တက္ကသိုလ် (စစ်ကိုင်း)က ထမနှဲထိုးပွဲ ပြိုင်ပွဲ

စစ်ကိုင်း။ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉ စောပြည့်ချမ်းသာ(VOM)     သမဝါယမ တက္ကသိုလ် (စစ်ကိုင်း)မှာ ယနေ့ နံနက်ပိုင်းအချိန်က ထမနှဲထိုးပွဲပြိုင်ပွဲကျင်းပ ခဲ့ပါတယ်။   အဲ့ဒီ ထမနှဲထိုးပွဲပြိုင်ပွဲမှာသမဝါယမကျောင်းရှိ မေဂျာပေါင်းစုံကပါဝင်ယှဉ်ပြိုင်တာဖြစ်ပြီး ထမနှဲထိုးပြိုင်ပွဲ ကိုသမဝါ ယမ တက္ကသိုလ် (စစ်ကိုင်း)မှာ သင်ကြားပေးလျက်ရှိတဲ့ စီမံခန့်ခွဲမှုပညာဌာန၊ ဘောဂဗေဒဌာန၊ ဝါဏိဇ္ဇဗေဒဌာန၊ သမဝါယမ ပညာဌာန၊ စာရင်းအင်းပညာဌာန နဲ့ ယခု တက်ရောက်ပညာသင်ကြားတဲ့ ပထမနှစ်ကျောင်းသူ၊ ကျောင်းသားများက စုစုပေါင်း အသင်း ၆ သင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။   ပထဆုကို စီမံခန့်ခွဲမှုပညာဌာနမှ ရရှိခဲ့ပြီး၊ ဒုတိယဆုကိုတော့ ယခုနှစ်တက်ရောက် ပညာသင်ကြားတဲ့ ပထမနှစ်ကျောင်းသူ၊ ကျောင်းသားများရရှိခဲ့ပြီး တတိယဆုကို ဘောဂဗေဒပညာဌာန  ရရှိကာ နှစ်သိမ့်ဆုများ အနေနဲ့ ဝါဏိဇ္ဇဗေဒဌာန၊ သမဝါယမ ပညာဌာန၊ စာရင်းအင်းပညာဌာနတို့က ရရှိခဲ့ပါတယ်။

Read More

ချစ်သူရဲ့ရုပ်ရည်ကို စံနှုန်းသတ်မှတ်မထားဘူးဆိုတဲ့ဝတ်မှုန်ရွှေရည်

ရန်ကုန် ဖေဖော်ဝါရီ ၁၈-၂၀၁၉ သင်းသဒ္ဒါ   ကာရိုက်တာပိုင်းမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်င်တဲ့ ပရိသတ် အချစ်တော် ၀တ်မှုန်ရွှေရည်ကတော့ ချစ်သူရဲ့ရုပ်ရည်ပုံစံကို စံနှုန်းသတ်မှတ်မထားပါဘူးလို့ ဆိုပါတယ်။ “အဓိကကတော့ ကစ် အပေါ်မှာ သစ္စာရှိပြီ ယောက်ျားပီသဖို့တော့ လိုတာပေါ့။ ကစ်ရဲ့ ကြိုက်တဲ့ ကောင်လေးပုံစံကတော့ ဘယ်လို ရုပ်မျိုးရှိမှရယ်လို့ စံနှုန်းစံထားရယ်လို့ မရှိပါဘူး”လို့ ဆိုပါတယ်။ ပရိသတ် စိတ်ဝင်စားနေတဲ့ အချစ်ရေးအပေါ် “ကစ်ရဲ့ အချစ်ရေးကိုတော့ ဘာမှကို မပြောချင်သေးပါဘူး။ ကစ်ရဲ့ ပရိသတ်တချို့  အနုပညာအလုပ် တွေပဲ အများကြီး လုပ်စေချင်ကြတယ်။ အလုပ်တွေ ပိုလုပ်ဖြစ် နေပါတယ်” လို့ ပြောပါတယ်။ ဟီးရိုး ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီးတော့ သူက “ကစ် ဒီဇာတ်ကားရိုက်တော့ ဆိုင်ကယ်စီးလည်း သင်ရပါတယ်။ တစ်ဆင်းန်တောင် ပါသေးပါတယ်။ ဆိုင်ကယ်မစီးတတ်၊ စီးတတ်နဲ့ စီးတဲ့အခန်းပေါ့။ ဒီဇာတ်ကား…

Read More

သရုပ်ဆောင်တစ်ယောက်အဖြစ် မြင်တွေ့ရတော့မယ် ပန်းရောင်ခြယ်

ရန်ကုန် ဖေဖော်ဝါရီ ၁၈-၂၀၁၉ သင်းသဒ္ဒါ   မျက်နှာချိုချိုလေးနဲ့ တေးသီချင်းကို အကောင်းဆုံး သီဆိုတတ်တဲ့ တေးသံရှင် ပန်းရောင်ခြယ် ကို မကြာခင်မှာ သရုပ်ဆောင်တစ်ယောက်အဖြစ် မြင်တွေ့ရတော့မှာဖြစ်ပါတယ်။   “ဒီနှစ်ထဲမှာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပန်းရောင်ကို မြင်တွေ့ဖို့ရှိပါတယ်။ သရုပ်ဆောင် တယောက်အနေနဲ့ အနုပညာအလုပ်တွေ စလုပ်သွားဖို့ရှိပါတယ်။ မင်းသမီး အဖြစ် ကမ်းလှမ်းလာတာမို့ ရိုက် ကူး ဖြစ်မှာပါ။ ကိုယ်တိုင်လည်း ၀ါသနာပါတာမို့ပါ။ ဆိုတာ၊ က တာရော ၀ါသနာပါပါတယ်။ ဒါပေမယ့် အရင် ကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေ လုပ်ဖို့ကတော့ ၀မ်းစာမပြည့်သေးဘူး။ ခု လည်း ၀မ်းစာပြည့်ပြီ ထင်လို့ မဟုတ်ပါဘူး။ စပြီးတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ”လို့ ဆိုပါတယ်။   သူမရဲ့ Wake Up Daddy ကို…

Read More
✕
VOM News

FREE
VIEW