လူငယ် ဇာတ်လမ်းလေးတွေ ပရိသတ်ကို ချပြမယ်ဆိုတဲ့ ယွန်းယွန်း

ရန်ကုန် နိုဝင်ဘာ ၂၀ -၂၀၁၈ သင်းသဒ္ဒါ (VOM) ကလေးအရွယ်ထဲက ဇာတ်ဆောင်စရိုက်ပီပြင်မှုတွေ ကြောင့် အကယ်ဒမီကိုပါ ရရှိထားတဲ့ ပရိသတ်အချစ်တော် အကယ်ဒမီ ယွန်းယွန်းကတော့”ညီမ အရွယ်နဲ့လိုက်ဖက်ပြီးတော့ ခေတ်နဲ့အညီ လူငယ် ဇာတ်လမ်းလေးတွေ စိတ်ဝင်စားစရာကောင်းတဲ့ ပုံစံ မျိုးတွေ ပရိသတ်ကို ချပြမယ်”လို့ဆိုပါတယ်။ သူမကတော့ ရန်ကုန်တက္ကသိုလ် Psychology  ဒုတိယနှစ်အောင်မြင်ထားတာလည်း ဖြစ်ပါတယ်။ ယွန်းယွန်းက လတ်ရှိမှာ ထိုင်းနိုင်ငံ နှင့်အတူ တွဲဖက်ပြီးတော့ ကြော်ငြာတွေလည်း ရိုက်ကူးရန်ရှိပြီးတော့ လာမယ့်နှစ်ဆန်းပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ ဆံပင်အရှည်ကြီးလည်း ထိန်သိမ်းတာနဲ့ ပတ်သက်ပြီးတော့ ”မေမေက ဆံပင်အရှည်ကြီးပျက်စီး ဆိုးလို့ အရောင်ဆိုးတာလောက်ပဲ လုပ်ခွင့်ပေး တယ်။ဒါတောင် ပထမအထပ်လောက်ပဲ နည်းနည်း ဆိုတာပါ။ခေါင်တစ်ခေါင်လုံး ဆိုးလို့မရသေးပါဘူး။ရှည်နေတဲ့ ဆံပင်လေးကိုမပျက်စီးအောင်တော့ ထိန်းသိမ်းပါတယ်။နောက်ပိုင်း ဆံပင်ပုံစံတွေ ပြောင်း ပြီမှပဲ လုပ်ချင်တာရှိရင်လုပ်ဖြစ်မှာပါ။ လောလော ဆယ်တော့…

Read More

‘လင်္ကာဒီပချစ်သူ ပြဇာတ်ကို လူမင်းနဲ့ အနုပညာရှင်များက မန္တလေးမှာ ကပြမည်

ရန်ကုန် နိုဝင်ဘာ ၁၉ -၂၀၁၈ သင်းသဒ္ဒါ   ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ယနေအချိန်ထိရရှိထားတဲ့ အကယ်ဒမီ လူမင်းက လင်္ကာဒီပချစ်သူ ပြဇာတ်ကို သူနဲ့ အနုပညာရှင်များက မန္တလေးမှာကပြမယ်လို့ ဆိုပါတယ်။ Mandalay Entertainment ကနေ ဒီဇင်ဘာ ၁၄ နဲ့ ၁၅ ရက်မှာ မန္တလေးမြို့မှာ ကပြမှာဖြစ်ပြီး၊ ဝတ္ထု ချစ်ဦးညို ၊ ဇာတ်ညွှန်းကိုတော့ သန်းထိုက်(ရွှေရိပ်) ၊ တွဲဖက်ဒါရိုက်တာ လင်္ကာညို ၊ ဒါရိုက်တာ မောင်သီရိုက်မယ့် ”လင်္ကာဒီပချစ်သူ စင်တင်ပြဇာတ်” မှာတော့ သီတာဒေဝီ အဖြစ် ဝတ်မှုန်ရွှေရည် ၊ ခိုင်သင်းကြည် စတဲ့အနုပညာ တွေ အတူ ရာဝန နေရာက လူမင်းက ပါဝင်မှာဖြစ်ပါတယ်။ ”ကျွန်တော်က တကယ်ကို နာမည်ကြီးခဲ့တဲ့ ရာဝန နေရာပေါ့။ ငယ်ငယ်တုန်းက အရမ်းကြိုက်တဲ့…

Read More

အရာတိုင်းက သားလေးအတွက်ဖြစ်သွားတယ် ဆိုတဲ့ ယွန်းဝတီလွင်မိုး

ရန်ကုန်၊ နိုဝင်ဘာ ၁၈- ၂၀၁၈ သင်းသဒ္ဒါ   ပရိသတ်အများကချစ်စနိုးနဲ့  ခေးလို့ ခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် ယွန်းဝတီလွင်မိုးကို အိမ်ထောင်ပြုပြီးချိန်နဲ့ အပျိုတုန်းက ဘ၀နဲ့ အခုက ဘာတွေကွာခြားသွားလဲလို့ မေးကြည့်တော့   ”အများကြီးပဲ တစ်ခုမှကို မတူတော့ပါဘူး။ အခုကတော့ ဘာမဆို ဒီသားလေးအတွက်ပဲဖြစ်သွားတယ်။ညီမ ဘာလုပ်လုပ်ပေါ့။ ကိုယ်သွားမလဲ၊ ဘာဝတ်မလဲအစ စဉ်းစားတယ်။ Liam တစ်ချိန်ကြီးလာရင် ဒီလိုပုံစံ ကြိုက်မလားပေါ့။ ကိုယ်ကအနုပညာရှင်ဖြစ်တော့ ကိုယ့်ပုံတွေက Online ပေါ်မှာရှိနေမှာဆိုတော့လေ။ ကြီးလာရင်ပြန်တွေ့နိုင်တယ်။ သူကရော ကြိုက်ပါ့မလားဆိုတာ အမြဲစဉ်းစားဖြစ်တယ်။ နောက်ဆို ကျောင်းတက်ရမှာဆိုတော့ ခုထဲက ပြင်ဆင်နေပါတယ်။”   လက်ရှိမှာတော့ သားလေးဖြစ်သူ Liam က အခုအဖွားနဲ့ အတူနေတယ်ဆိုပေမယ့် အပေါ်ထပ်နဲ့ အောက်ထပ်ပါပဲ။ တခါတလေ အဖွားဖြစ်သူနဲ့ အိပ်လိုက် ညီမနဲ့ အိပ်လိုက်ပါပဲ။ Liam လေးက…

Read More

အချစ်ကြီးပေမယ့် လက်လွှတ်လိုက်ပြီဆိုရင် ဘယ်တော့မှ ပြန်မကြည့်ဘူးဆိုတဲ့ ရွှေအိမ်စည်

ရန်ကုန် နိုဝင်ဘာ ၁၇ – ၂၀၁၈ သင်းသဒ္ဒါ(VOM) အလှမယ် လောကမှတဆင့် သရုပ်ဆောင်လောကထဲကိုပါ ရောက်ရှိလာတဲ့ သရုပ်ဆောင် ရွှေအိမ် စည်ကတော့ “ အိမ်စည်က အချစ်ကြီးတဲ့ သူတစ်ယောက်ဆိုပေမဲ့ ကိုယ်အပေါ်တစ်ခုခု အမှားလုပ်မိလို့ပဲ ဖြစ်ဖြစ် ကိုယ့်အပေါ်မှာ မကောင်းဘူးဆိုရင် လုံးဝမလှည်ကြည့်တော့ဘူး။ ကိုယ့်ဆီ ဘယ်လောက်ဘဲ တောင်းပန်ပန် လုံးဝ သူစိမ်းတစ်ယောက်လို ဖြစ်သွားရော။ အချစ်ကြီးတယ်ဆိုတာကလည်း အတိုင်းအတာ တစ်ခုထိ ပါ ဘဲ”လို့ ဆိုလာပါတယ်။   သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတဲ့ အပြင် နိုဝင်ဘာ ၁၉ ရက်မှာ ရန်ကုန်မြို့ ကတော့ ထွက်ခွာပြီးတော့ ပိုလန်နိုင်ငံမှာ ကျင်းပမယ့် Miss Supranational International 2018 ပြိုင်ပွဲ ကြီးမှာ ၀င်ရောက် ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။ “အိမ်စည်က ဘယ်လိုမိန်းကလေးမျိုးလဲဆိုရင် မိန်းကလေးမဆန်တတ်တဲ့…

Read More

အိမ်ထောင်ပြုဖို့အတွက် အဆင်သင့်ဖြစ်အောင် ကိုယ်ကိုကိုယ် ပြုပြင်ပြောင်းလဲနေတယ်ဆိုတဲ့ အေးမြတ်သူ

  ရန်ကုန် နိုဝင်ဘာ ၁၇ – ၂၀၁၈ သင်းသဒ္ဒါ (VOM) ပါးချိုင့်လေးနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ အချစ်တော် အပျိုကြီး သရုပ်ဆောင် အေးမြတ်သူကတော့ “အိမ်ထောင်ပြုဖို့ အတွက်ကတော့ ဘာမှမစီစဉ်ရသေးပါဘူး။ ကိုယ့်ကိုကိုတော့ အမြဲတမ်း အိမ် ထောင်ပြု ဖို့အတွက် အဆင့်သင့်ဖြစ်အောင် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲနေပါတယ်”လို့ ဆိုလာပါတယ်။ အေးမြတ်သူကတော့ ဒါနသာသနာအလှူတွေလည်း ပြုလုပ်နေပြီးတော့ နိုဝင်ဘာ ၁၈ ရက်မှာ ကန်တော့ပေးမိတ်ဆက်မယ့် ဒါရိုက်တာ စတီးလ် ရိုက် ကူးမယ့် ကျားနှင့် ဆင် ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း နေတိုး၊နေထက်လင်း၊ထွန်းထွန်း၊ဇင်ဝိုင်း နဲ့ ရွှေသမီးတို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ဖို့လည်း ရှိပါတယ်။ အိမ်ထောင်ပြုမယ်ဆိုရင်ရော အေးမြတ်သူက “လက်ရှိမှာတော့ အေးမြတ်သူ အပျိုကြီးတော့ မလုပ် ချင်ပါဘူးရှင့် ။ အေးမြတ်သူသည် အိမ်ထောင်ရှင်မကောင်း တစ်ယောက်လည်း ဖြစ်ချင်ပါသေးတယ်။ ဘဝမှာ…

Read More

ချစ်ရင်လည်းအရမ်းချစ် လွမ်းရင်လည်း အရမ်းလွမ်းချင်တယ် ဆိုတဲ့ မအေးသောင်း

  ရန်ကုန် နိုဝင်ဘာ ၁၆ – ၂၀၁၈ သင်းသဒ္ဒါ(VOM) မြန်မာဆန်ဆန် ဝတ်စုံလေးတွေနဲ့ ပရိသတ်ရဲ့ ရင်ထဲကို တစ်ကြိမ်ပြန်လည်းတိုးဝင်ရောက်လာတဲ့ အပျိုကြီး သရုပ်ဆောင် အေးဝတ်ရည်သောင်း (ခ) ပေါက်စီက အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ” ပေါက်စီက လွမ်းတဲ့အရာကိုကြိုက်တယ်။ ၀တ္ထုဖက်လည်း ဒီလိုပဲအဲအတိုင်းအပြင်မှာ ခံစားတယ်။ တကယ်တမ်း ပေါက်စီက ချစ်ရင်လည်း တအားချစ် ၊ လွမ်းကလည်း လွမ်းချင်တယ်”လို့ ဆိုလာပါတယ်။ သူမရဲ့လက်ရှိ အချစ်ရေးကတော့” ပေါက်စီက အေးဆေးပါပဲ။ဒီအ ရွယ်ရောက်မှ အရမ်းကြီးလည်း စိတ်မညစ်ချင်ဘူး။ လွမ်းတာ ကို ပေါက်စီကကြိုက်လို့ သတ်သတ်မဲ့ ကိုယ်တိုင်လည်း ရန်ရှာ။ ကိုယ်တိုင်က လွမ်းချင်လို့ ပြဿနာမတက်အောင်လုပ်တယ်။ Drama Queen ပေါ့။ ပေါက်စီက လွမ်းတဲ့အရာကိုကြိုက်တယ်။ ၀တ္ထုဖတ်လည်း ဒီလိုပဲအဲအတိုင်းအပြင်မှာ ခံစားတယ်။ ပေါက်စီ ကို ချစ်တဲ့သူတွေက…

Read More

ဝေဖန်ပြောဆိုမူတွေကို ဘယ်လိုအကြောင်းနဲ့မှ မတုံ့ပြန်တော့ဘူး ဆိုတဲ့ သင်ဇာဝင့်ကျော်

ရန်ကုန် နိုဝင်ဘာ ၁၅-၂၀၁၈ သင်းသဒ္ဒါ (VOM) Sexy ပုံစံဝတ်ဆင်မှုကြောင့် ပရိတ်သတ်စိတ်ဝင်စားခြင်းကို ပိုခံရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ “လူမူကွန်ယက်စာမျက်နှာတွေမှာ ဝေဖန်ပြောဆိုမူတွေကို ဘယ်လိုအကြောင်းနဲ့မှ တုံပြန်ခြင်းမပြုတော့သလို ၊ သင်ဇာကို ချစ်နေတဲ့သူတွေအတွက်ကိုပဲ ကြိုးစားကာအလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပြီးတော့ ကိုယ်ကိုမုန်းနေတဲ့ သူတွေကို ဘာမှပြောစရာစကားမရှိကြောင်း ဆိုပါတယ်။ ဝေဖန်ပြောဆိုမူတွေနဲ့ ပတ်သတ်ပြီးတော့ “ဝေဖန်မူတွေကို ဘယ်လိုမှတော့ မတုံပြန်တော့ပါဘူး။ ကိုယ်ကို ကြိုက်တဲ့သူရှိမယ်။ ပြီးတော့ ကိုယ်ကို မကြိုက်တဲ့သူရှိမယ်။ မုန်းတဲ့သူလည်း ရှိမှာပါ။ ကိုယ်ကတော့ ကိုယ့်ကို ချစ်တဲ့သူတွေ အတွက်ဘဲ အလုပ်လုပ်တယ်။ သူတို့ အတွက်ဘဲ ကြိုးစားတယ်။ ကိုယ့်ကို မုန်းနေတဲ့သူတွေ အတွက် ဘာမှပြောစရာ စကားမရှိပါဘူး။ သူတို့အတွက် သင်ဇာ အလုပ်လုပ်နေတာ မဟုတ်ပါဘူး။ ကိုယ့်ကို ချစ်တဲ့သူတွေအတွက် ကြိုးစားနေခြင်းဖြစ်ပါတယ်။ သင်ဇာကို ချစ်တဲ့သူတွေကတော့ သင်ဇာကို…

Read More

အိမ်က ပေးစားတဲ့သူနဲ့ပဲ ယူဖို့ စဉ်းစားတော့မယ်ဆိုတဲ့ ဂုဏ်ရှိန်ဝင့်ထည်

ရန်ကုန် နိုဝင်ဘာ ၁၅-၂၀၁၈ သင်းသဒ္ဒါ မြန်မာပြည်နှင့် စင်္ကာပူတို့တွင် ဓာတ်ပုံလန်းလန်းများဖြင့် မော်ဒယ်လ်ဝင်ရောက်လာပြီးတော့ ဂီတပိုင်းကို တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ သရုပ်ဆောင်အဆိုတော် ဂုဏ်ရှိန်ဝင်ထည်ကတော့ ပရိသတ် စိတ်ဝင်စားတဲ့ အချစ်ရေးနဲ့ ပတ်သက်ရင်တော့ ” အချစ်ရေးဆိုရင်တော့ ဂုဏ်ရှိန်က အိမ်က ပေးစားတဲ့သူနဲ့ပဲ စဉ်းစားတော့မယ်လို့ ဆုံးဖြတ်ထားပါတယ်။ တစ်ခုခုဆိုရင် အိမ်ကသဘောတူတော့ ဘာမှမဖြစ်တော့ဘူးပေါ့။ ဒီ ဘက်ခေတ်မှာ အချစ်ရေးနဲ့ ပတ်သက်ရင် အဆင်မပြေကြတာများ နည်းနည်းတော့ ကြောက်တယ်”လို့ ဆိုလာ ပါတယ်။ ဂုဏ်ရှိန်ဝင်ထည်က လက်ရှိမှာတော့ မြန်မာပြည်မှာ အသည်းကွဲသီချင်း တေးသီချင်းသစ်အတွက် သရုပ်ဆောင် တိုင်ရွန်နဲ့အတူ MTV ရိုက်ကူးနေပြီးတော့ စင်ကာပူမှာ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကျောင်းဆက်တက် ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဝေဖန်မှုတွေကြုံ လာတာနဲ့ ပတ်သက်ပြီးတော့ ” လူတစ်ကိုယ် စိတ်ကတော့ တစ်မျိုးဆီပေါ့။ ပရိသတ် တွေဆိုတာကလည်း…

Read More

ကိုယ်တိုင် ဆေးလိပ်မသောက်တတ်ပဲ မီ ဇာတ်ကားမှာ ပီပြင်အောင် သရုပ်ဆောင်ခဲ့ရတယ်ဆိုတဲ့ ပိုင်ဖြိုးသု

  ရန်ကုန် နိုဝင်ဘာ ၁၄ . ၂၀၁၈ သင်းသဒ္ဒါ   မီ ရုပ်ရှင်ဇာတ်ကားထဲမှာ ဆေးလိပ်သောက်တဲ့ အခန်းတွေပတ်သက်ပြီးတော့ ပိုင်ဖြိုးသုက ” သုက ဆေးလိပ်ကို အနံတောင် မခံနိုင်ခဲ့ပါဘူး။ ကိုယ်တိုင် က ဆေးလိပ်မသောက်တတ်ဘဲ ဒီကာရိုက်တာကို ပီပြင် အောင် သရုပ်ဆောင်ခဲ့ရတယ်။ ခက်ခဲခဲ့တယ်ပါတယ်” လို့ ဆိုလာပါတယ်။ ဆေးလိပ်သောက်တဲ့ ဇာတ်ဝင်ခန်း ပတ်သက်ပြီးတော့ “အခုလို ဆိုရှယ်မီဒီယာတွေမှာ အခုလိုမျိုးမြင် တွေ့ရလာတာ ဘယ်လိုခံစားရလဲလို့ မေးရင် ရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ သုရဲ့ ရပ်တည်ချက်က သရုပ် ဆောင်ပါ ။သုရဲ့အဓိက သရုပ်ဆောင် တဲ့ အခါမှာ ကိုယ်ရဲ့ ဇာတ်ရုပ်ကာရိုက်တာကို ပီပြင်အောင်က သုရဲ့ ခေါင်းထဲမှာ နံပါတ်တစ်ဦးစားပေးပါ။ အဲဒါကြောင့် ရူတင်မှာဆိုရင် ဆေးလိပ်အနံ့တောင် မခံနိုင်ခဲ့ပါဘူး ။ ဒါကိုလည်း အရှေ့မှာလည်း ပြောသွားပြီးပါပြီမှ…

Read More

အရမ်းကို စဉ်းစားလွန်အားကြီးလို့ အချစ်နဲ့ ဝေးသွားတာပါဆိုတဲ့ နေမင်း

ရန်ကုန် နိုဝင်ဘာ ၁၄၊ ၂၀၁၈ သင်းသဒ္ဒါ   ဇာတ်ရုပ်တွေရဲ့ ကာရိုက်တာပိုင်းမှာ ရွေးချယ်မှုတွေကြောင့် ပရိသတ်နဲ့  အလှမ်းဝေးသလို ဖြစ်သွားတဲ့ သရုပ်ဆောင် နေမင်း ကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ” တကယ်တမ်းတော့ ကိုယ့်ရဲ့ အချစ်တစ်ခု ထဲကို မတွေးပဲ ဘေးကအရာအားလုံးကို လိုက်တွေးလိုက်လို့ အချစ်နဲ့ ဝေးသွားတယ်ပေါ့။ တွေဝေတာထက် သိပ်မသိတော့ စဉ်းစားမိလို့ပါ။ အရမ်းကို စဉ်းစားလွန်အားကြီးလို့ အချစ်နဲ့ ဝေးသွားတာပါ”လို့ ဆိုလာပါတယ်။ မကြာခင် ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ ရွှေစင်ဦးက ရုံတင်ပြသမယ့် ရန်သူ ရုပ်ရှင်ဇာတ်ကားကြီးမှာ လည်း ၀တ်မှုန်ရွှေရည် ၊ နေခြည်ဦးတို့နဲ့အတူ လူငယ်တစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင် ထား တယ်လို့လည်း သိရပါတယ်။ အချစ်ရေးနဲ့ စပ်လျဉ်း၍ပြီးတော့ “အမှန်အတိုင်း ရိုးရိုးသားသားဝန်ခံရရင် သဲသဲနဲ့ ရွှေထူး ရဲ့ ဗီဒီယို ဖိုင်လေး…

Read More
VOM News

FREE
VIEW