ရန်ကုန် ဇန်န၀ါရီ ၂၃-၂၀၁၉ သင်းသဒ္ဒါ (VOM) ဆရာဝန်မော်ဒယ်လ် တစ်ယောက်အဖြစ်နဲ့ လူသိများခဲ့တဲ့ နန်းမွေစံကတော့ မြန်မာနိုင်ငံ ဆေးကောင်စီမှာ ခံဝန်ကတိလက်မှတ်ထိုးရမယ်လို့ ဆိုပါတယ်။ “ပြီးခဲ့အပတ်လောက်က ကျွန်မကို မြန်မာနိုင်ငံဆေးကောင်စီက စကားပြောချင်တယ်ဆိုပြီးတော့ စာ ရောက်လာပါတယ်။ ကျွန်မကလည်း မေးလိုက်တယ် ဆမသိမ်းမို့လားပေါ့။ ကျွန်မ ဆမ ရပြီးသားပါ။ ဆရာဝန် မှတ်ပုံ တင်ပေါ့။ သိမ်းဖို့ အစီအစဉ်တော့ မဟုတ်ပါဘူး။ ခံဝန်ကတိလက်မှတ်တော့ ထိုးရမယ်တဲ့။ မြန်မာယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ ပြောဆိုပြုမူတာတွေ မလုပ်ဖူးလို့ခံဝင် ကတိလက်မှတ်ထိုးခဲ့ရပါသေးတယ်။ ဘယ်သူမှ ဆရာဝန် အလုပ်နဲ့ အနုပညာအလုပ်တွဲဖက် လုပ်ကိုင်တာ ဘယ်သူမှမရှိပါဘူး။ သူများတွေဆိုရင် ဆမ မရခဲ့ကြတာ တွေရှိခဲ့တယ်။ ကျွန်မကတော့ ဆမရခဲ့သေးတယ်။ မသိမ်းသေးဘူးလို့တော့ ပြောတာပါပဲ”လို့ ဆိုပါတယ်။ သူမကတော့ လောလောဆယ် Photo မော်ဒယ်လ်အလုပ်တွေကို ၀ါသနာပါတယ်ဆိုရင်…
Read MoreCategory: Lifestyle
လေးခွေမြောက် တစ်ကိုယ်တော်သီချင်းခွေအတွက် ပြင်ဆင်နေတဲ့နီနီခင်ဇော်
ရန်ကုန် ဇန်န၀ါရီ ၂၂-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ်ကို အကပိုင်းရော အဆိုပိုင်းမှာ အကောင်းဆုံးတင်ဆင်ဖျော်ဖြေတက်တဲ့ အဆိုတော် နီနီခင် ဇော်ကတော့ လေးခွေမြောက် တစ်ကိုယ်တော်သီချင်းခွေအတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ “နီနီရဲ့ အမ်တီဗီ ရိုက်ကူးနေတာ တစ်ပုဒ်ပဲ ကျန်ပါတော့တယ်။ လေးခွေမြောက် တစ်ကိုယ်တော် သီချင်း ခွေ အတွက် ပြင်ဆင်နေပါတယ်။ ၅ လပိုင်းမှာ ပရိသတ်လက်ထဲကို ချပေးမှာပါ။ခေါင်းကတော့ ပေးထားတာ ရှိပါ တယ်။ နည်းနည်းလေး ဝေးနေသေးလို့ မပြောသေးတာပါ” လို့ဆိုပါတယ်။ သူမကတော့ The Voice Myanmar Season 2 မှာတော့ ရန်ရန်ချမ်း ၊ R ဇာနည် ၊ ကျားပေါက် တို့နဲ့အတူ Coache တစ်ဦးအဖြစ်ပါသွားမယ်လို့ သိရပါတယ်။ ဒါအပြင် အလှကုန် Product ဖြစ်တဲ့ ပစ်တိုင်း…
Read Moreဟာသသရုပ်ဆောင် ကင်းကောင် ရုတ်တရက်ကွယ်လွန်
ရန်ကုန် ဇန်န၀ါရီ ၂၂ -၂၀၁၉ သင်းသဒ္ဒါ (VOM) လူရွှင်တော်၊ သရုပ်ဆောင် ကင်းကောင်ဟာ ဇန်နဝါရီ ၂၂ ရက် နံနက် (၆) နာရီခွဲခန့်က ပုပ္ပါးမှာ ချွဲကျပ်ပြီး ရုတ်တရက် ဆုံးပါးသွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ ဒါရိုက်တာ ကျော်ဇောလင်းနဲ့ သရဲလေးကောင် ဇာတ်ကားလမ်းတွဲ ကို ပုပ္ပါးမှာ ရိုက်ကူးနေတာဖြစ်ပါတယ်။ ” ဒီနေ့မနက်ဆုံးသွားတာပါ။ ပုပ္ပါးမှာ ဇာတ်လမ်းတွဲ သွားရိုက်ကူးနေတာပါ။ ဇနီးနဲ့ သားလည်း ပါသွားပါတယ်။ အရမ်းအေးလို့ ချွဲကျပ်ပြီးဆုံးသွားတာပါ ” လို့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဟာသသရုပ်ဆောင် ဌက်ပျောကြော်ရဲ့အမျိုးသမီး နေဇာဘုန်းမြင့်က ပြောပါတယ်။ အနုပညာ သက်တမ်း ၃၀ ကျော်ရှိတဲ့ ဦးကင်းကောင်(ခ) မျိုးမြင့် အသက် ၅၅ နှစ် ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ရန်ကုန်သို့ ပြန်သယ်လာမှာဖြစ်တယ်လို့ သိရပါတယ်။ “တက္ကသိုလ်…
Read Moreဇာဏ်ခီ နှင့် ခရစ္စတီနာခီတိုရဲ့ အနုပညာလှုပ်ရှားမှုနဲ့ Star Award ဆုပေးပွဲပေါ်သဘောထား
ရန်ကုန် ၊ ဇန်နဝါရီ ၂၂-၂၀၁၉ TGH (VOM) ဇဏ်ခီ ” ခုက ထာဝရနှောင်ကြိုးကား ရိုက်နေတယ်။ ပြင်ဆင်မှုတွေက မရိုက်ကူးခင်ကထဲ အများကြီးလုပ်ထားတယ်။ အဲ့ဒီအတွက် ဘာပဲပြောပြောရိုက်ကူးတဲ့အခါ အများကြီးချောမွေ့သွားတယ်ဆိုပေမယ့် မထင်မှတ်ထားတဲ့ စိန်ခေါ်မှုတွေကိုလည်း ကျော်ဖြတ်ရတယ်။ ဒါရိုက်တာကလည်း သူရဲ့ရုပ်ရှင်ကိုအရမ်း ကောင်းချင်တယ်၊ သရုပ်ဆောင်ကလည်း အရမ်းကောင်းချင်တယ်၊ အရမ်းကောင်းချင်တာတွေ စုတဲ့အခါကျ ပိုခက်သွားတာပေါ့။ ဖောရှောလုပ်လိုက်လို့ရတာရှိတယ်၊ ဒါပေမယ့် တတ်နိုင်သမျှ ရတဲ့ဘတ်ဂျက် ရတဲ့ အချိန်အတွင်းမှာတော့ အကောင်းဆုံးရအောင်လုပ်မယ်ဆိုပြီး သံဓိဋ္ဌာန်ချထားတယ်။” စာနယ်ဇင်းသမားတွေဦးစီးပြီးပေးတဲ့ Star Award နဲ့ပတ်သက်ပြီးလည်း ဇာဏ်ခီက ခုလိုပြောပါတယ် “Award တွေပေးတာကောင်းပါတယ်။ မြန်မာနိုင်ငံမှာက အကယ်ဒမီတစ်ခုလောက်ပဲရှိတယ်။ နိုင်ငံခြားမှာဆိုရင်တော့ Award တွေအများကြီရှိတယ်။ Award တွေရှိတာ အနုပညာရှင်တွေအတွက် Motivationဖြစ်တယ် ခွန်အားဖြစ်စေတယ်။ Award ပေးတဲ့နေရာမှာ အရေးကြီးတာက ရွေးချယ်တဲ့အဖွဲ့အစည်းက ဘယ်လမ်းကြောင်းကိုမှန်တယ်လို့ပြောမှာလဲ၊ ဆုပေးတယ်ဆိုတာ…
Read Moreဝေဖန်တာတွေအပေါ် စိတ်ထိခိုက်မခံဘူးဆိုတဲ့ ရွှေအိမ်စည်
ရန်ကုန် ဇန်နဝါရီ ၂၁-၂၀၁၉ သင်းသဒ္ဒါ (VOM) အလှမယ် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်ကတော့ ဝေဖန်တာတွေအပေါ် စိတ်ထိခိုက်မခံဘူးလို့ ဆိုပါတယ်။ ”အိမ်စည်က ကိုယ့်အတွက် ကောင်းတဲ့ဝေဖန်မှုပဲ ဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ဆေးဆေးပဲနေပါတယ်။ သိပ်စိတ်ထိခိုက်တာလည်း မခံပါဘူး။ကိုယ်နေတတ်သလိုပဲ နေပါတယ်။ ၂၀၁၉ ခုနှစ်မှာအိမ်စည်ပျော်ရွှင်စွာဖြတ်သန်းမယ်။ကြုံလာသမျှ ပြဿနာတွေကို ရင်ဆိုင်ဖို့အသင့်ပဲ။ ပေါ့ပါးလွတ်လပ်စွာနေသွားမှာပါ”လို့ဆိုပါတယ်။ သူမက လက်ရှိမှာတော့ Model ပိုင်းကိုပဲ အသားပေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။25 % ပညာပေး ရုပ်ရှင်ဇာတ်ကားနဲ့ တခြား ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ယူနှိုက်တက်ဗီးရှင်းပွဲတက် ဖက်ရှင်နဲ့ ပတ်သက်ပြီး ”အိမ်စည်က ခုနောက်ပိုင်း ရိုးရှင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားတယ်လေ။ မိန်းမသားဆန်ပြီးတော့ လှလှလေးနဲ့ လှပြီးဆန်အောင် ဒီဇိုင်နာကို ချုပ်ခိုင်းထားတာပါ”လို့ဆိုပါတယ်။ အလှအပ ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီးတော့ မျက်လုံးအတွက်ပဲဖြစ်ဖြစ် အသား အရည်ပတ်သက်ပြီးပဲ…
Read Moreလူဖြစ်ရကျိုးနပ်ချင်တယ်ဆိုတဲ့ သင်ဇာဝင့်ကျော်
ရန်ကုန် ဇန်န၀ါရီ ၂၁-၂၀၁၉ သင်းသဒ္ဒါ (VOM) ပွဲတက်ဖက်ရှင်လန်းလန်းတွေကြောင့်မို့ ပရိသတ် ပိုစိတ်ဝင်စားခြင်းခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ကတော့လူဖြစ်ရကျိုးနပ်ချင်တယ်ဆိုတယ်လို့ ဆိုပါတယ်။ ”အလုပ်ရှုပ်နေတဲ့ သူတစ်ယောက်ဖြစ်နေတဲ့အတွက် ဒီနေ့တရားစခန်း ၀င်ချင်လည်း ၀င်မယ်။နောက်ရက် ပွဲတက်ချင်တက်မယ် ။ခရီးသွားရင်ထွက်ဖြစ်မယ်။ အချိန်ကတော့ သင်ဇာအတွက် အရမ်းကို တန်ဖိုးရှိပါတယ်။ ရတဲ့အချိန်မှာ ကိုယ်လုပ်ချင်တာတွေ အကုန်လုပ်မှာပါ။ လူဆိုတာ နောက်နေ့ဘာဖြစ်မလဲ ကြိုမပြောနိုင်ဘူးလေ။ ဒီနေ့အသက်ရှင်ပေမယ့် နောက်နေ့အသက်ရှင်ချင်မှ ရှင်တာမျိုးဆိုတော့လေ။ အချိန်ရတဲ့အချိန် ကိုယ့်လုပ် တာကို လုပ်ချင်တယ်။ လုပ်ခွင့်ရသူလည်း ဖြစ်ချင်တယ်။လူဖြစ်ရကျိုးလည်း နပ်ချင်တယ်”လို့ဆိုပါတယ်။ သူမကတော့ ပြီးတဲ့လက တရားစခန်းကိုတော့ ၃ ရက်ဝင်ခဲ့တယ်လို့ သိရပါတယ်။၂၀၁၉ ခုနှစ်တော့ ဖက်ရှင်ပိုင်းကိုတော့ အပြောင်းအလဲတွေလုပ်ဆောင်သွားမှာဖြစ်သလို ဖေဖော်ဝါရီလမှာတော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ တရားစခန်းဝင်ဖြစ်တာနဲ့ ပတ်သက်ပြီးတော့ ”ဒီနေ့ကိုယ့် ဘာပဲ ဖြစ်ဖြစ် နောက်နေ့ တရားစခန်းမ၀င်ရဘူးလို့ ဘယ်သူပြောလို့လဲ။…
Read Moreလေးနှစ်အသုံးပြုနိုင်ပြီး တခြားပစ္စည်းတွေထက် ငါးဆဈေးချိုတဲ့လက်မောင်းတွင်းထည့်သားဆက်ခြားပစ္စည်း ဈေးကွက်အတွင်းစတင်
ရန်ကုန် ဇန်နဝါရီ ၂၁-၂၀၁၉ TGH (VOM) လက်ရှိဈေးကွက်မှာရှိနေတဲ့ တခြားသောလက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းတွေထက် ကုန်ကျစရိတ်ငါးဆ သက်သာနိုင်မယ့် လက်မောင်းတွင်းထည့်သားဆက်ခြားပစ္စည်းထုတ်ကုန်သစ်ကို DKT International(Myanmar)က လေဒီယာ Implanex II အမည်နဲ့ပြည်တွင်း ဈေးကွက်အတွင်းမှာရှိ အမျိုးသမီးတွေထံကို မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ DKT International(Myanmar)ရဲ့ Head of Tranining ဖြစ်သူ ဒေါက်တာဖြိုးသီဟက ” ဒီပစ္စည်းက မြန်မာနိုင်ငံမှာရှိတဲ့ တခြားသားဆက်ခြားနည်းလမ်းတွေနဲ့ပတ်သက်တဲ့ အတွေးအဆတွေကိုပြောင်းလဲသွားမှာပါ။ နောက်ပြီးဒါက ၉၉ရာခိုင်နူန်း ထိရောက်မှုရှိပါတယ်။ လူတန်းစား အလွှာအသီးသီးမှာရှိတဲ့အမျိုးသမီးတိုင်းအတွက်ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်”လို့ဆိုပါတယ်။ လက်မောင်းတွင်းထည့်သားဆက်ခြား ပစ္စည်းတွေနဲ့ပတ်သက်ပြီးသတိထားစရာကိစ္စလည်းရှိတယ်လို့ဆိုပါတယ်။ လူတိုင်းနဲ့သင့်တော်မှု ရှိနိုင် မရှိနိုင်ကို သေချာမသိရှိနိုင်တဲ့အတွက် ပစ္စည်းမထည့်သွင်းမီ ကျွမ်းကျင်ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ခံယူဖို့လိုကြောင်း၊ ကျန်မာရေးစစ်ဆေးမှုတွေပြုလုပ်သင့်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သားဆက်ခြားပစ္စည်းထည့်သွင်းတဲ့ ဆောင်ရွက်ပုံအဆင့်ဆင့်ကိုလည်း ခွင့်ပြုချက်ရရှိထားတဲ့ ကျန်းမာရေးဆေးရုံ၊ဆေးခန်းမှာသာ ပြုလုပ်ရမှာဖြစ်ပါတယ်။ အဆိုပါ ထုတ်ကုန်အသစ်ဟာဆိုရင် အချိန်ကာလအားဖြင့် ၄ နှစ်အထိအသုံးပြုနိုင်မှာဖြစ်သလို မြန်မာကျပ်ငွေ…
Read Moreခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးသံတမန် ခီမောင်နှံ တို့ရဲ့ ပထမဆုံးလှုပ်ရှားမှု
ရန်ကုန် ဇန်န၀ါရီ ၂၁-၂၀၁၉ TGH (VOM) မကြာသေးခင်က မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးသံတမန်အဖြစ် ခန့်အပ်ခြင်းခံ ထားရတဲ့ ဇာဏ်ခီနှင့် ခရစ္စတီနာခီ မောင်နှံတို့က သူတို့ရဲ့သံတမန်ပထမဆုံး လှုပ်ရှားမှုအဖြစ် The Yangon Steps 2019 ပွဲကိုစတင်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။ ဒီပွဲမှာ ရန်ကုန်မြို့ရဲ့ မဟာဗန္ဓုလပန်းခြံကနေ ပန်းဆိုးတန်း၊ဘိုကလေးဈေး၊ကုန်သည်လမ်း တောက်လျှောက်မှာရှိတဲ့ ကိုလိုနီခေတ်လက်ရာအဆောက်အအုံတွေ ၊ရှေးဟောင်းအဆောက်အအုံတွေအကြောင်းကို ရှင်းလင်းပြောပြမည်ဖြစ်ပြီး ဒါဟာ ပြည်တွင်းပြည်ပခရီးသွားဧည့်တွေထံ ရန်ကုန်မြို့ရဲ့ ဆွဲဆောင်မှုရှိတဲ့နေရာတွေကို ချပြခြင်းလည်းဖြစ်တယ်လို့ ပြောပါတယ်။ The Yangon Steps နဲ့ပတ်သက်ပြီး ဇဏ်ခီက ” များသောအားဖြင့် မြန်မာနိုင်ငံကိုလာရင် ရန်ကုန်ကနေလာကြတယ်။ရန်ကုန်မှာဆိုရင်လည်း ရွှေတိဂုံဘုရားကိုပဲ သွားတာများတယ်။ရန်ကုန်မှာ ဒီထက်ပိုပြီး ဆွဲဆောင်မှုကောင်းတဲ့နေရာတွေ တော်တော်များများရှိတယ်။ ဒီနေရာတွေကို ပရိုမို့လုပ်ချင်တာလည်းပါတယ်။ ချပြချင်တယ်။ ရုပ်ရှင်ထဲမှာလည်း ထည့်ရိုက်ဖို့အမြဲကြိုးစားတယ်။ ခု Ambassador Position နေရာကနေ တတ်နိုင်သမျှပြည်တွင်း ၊ ပြည်ပအတွက်ရော…
Read Moreကိုယ့်အားနည်းချက်တွေကို ချစ်ပေးသူနိုင်သူကိုဘဲ ချစ်သူအဖြစ်ရွေးချင်တယ်ဆိုတဲ့ လုလုအောင်
ရန်ကုန် ဇန်န၀ါရီ ၂၀-၂၀၁၉ သင်းသဒ္ဒါ(VOM) Sexy ပုံတွေကြောင့် ပရိသတ်ဝင်စားခြင်းခံရတဲ့ မော်ဒယ်လ် လုလုအောင်ကတော့ ကိုယ့်အားနည်း ချက်တွေကို ချစ်ပေးသူနိုင်သူကိုဘဲ ချစ်သူအဖြစ်ရွေးချင်တယ်လို့ ဆိုပါတယ်။ အချစ်ရေးပတ်သက်ရင် “လုက အခုကတော့ တစ်ယောက်တည်းပါပဲ။ ရွေးမယ်ဆိုရင်တော့ ကိုယ့်ကိုမြတ်နိုး တန်ဖိုးထားတဲ့ သူ ၊ ကိုယ့်ရဲ့ အားနည်းချက်တွေကို ချစ်ပေးတဲ့သူဆိုရင်တော့ ကောင်းတာပေါ့။ လုရဲ့ အားနည်းချက်ကတော့ အပျိုမလေး မဟုတ်ဘူး။ ကလေးအမေလည်း ဖြစ်တယ်။ အဲဒါတွေကို နားလည်ပေးမဲ့ သူပေါ့”လို့ဆိုပါတယ်။ သူမကတော့ လတ်တလောမှာ ဖိတ်ကြားထားတဲ့ ပွဲတွေကို ကမ်းလှမ်းထာတဲ့ ဖက်ရှင်အတိုင်း ၀တ်ဆင် တက်ရောက်ဖြစ်ပြီးတော့ တစ်ယောက်ထဲ ဆိုပေမယ့် လု ဘ၀က ပုံမှန်ပါပဲလို့ သိရပါတယ်။ သမီးဖြစ်တဲ့ သူကို တော့ ပညာတတ်ကြီးတစ်ယောက်ဖြစ်စေချင်တယ်လို့လည်း သိရပါတယ်။ အနုပညာ ပတ်သတ်ပြီးတော့ မော် ဒယ်လ်တစ်ယောက်အဖြစ်နဲ့ ပဲ…
Read Moreအမေများနေ့မှာ အမေအားလုံးကို ဂုက်ပြုလိုက်တဲ့ နေတိုး
ရန်ကုန် ဇန်န၀ါရီ ၂၀-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ် အချစ်တော် အကယ်ဒမီ နေတိုးကတော့ အမေများနေ့မှာ အမေအားလုံးကို ဂုက်ပြုလိုက်ပါ တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတွင် အမေများနေ့ ပြာသိုလပြည့်အမေများနေ့ ပတ်သက်ပြီးတော့ “အမေများနေ့အတွက် အမှတ်တရဆိုရင် လူသားတိုင်းလူသားတိုင်းကတော့ မိခင်ကမွေးဖွားလာတယ်။ အဖေ အမေ ဆိုတာ ဘုရားနဲ့ တစ်ကိုင်းထဲထားတဲ့အရာလည်းဖြစ်သလို မိဘကြောင့် သားသမီးဆိုတာ ဖြစ်လာ တာပါ။ ကျွန်တော်တို့ အမေများနေ့ဆိုတဲ့ အသံကိုကြားလိုက်တာနဲ့ ရင်ထဲမှာ မေတ္တာတရားတွေနဲ့ ပြည့်နေတဲ့ နေ့တစ်နေ့လို့လည်း သုံးသပ်မိပါတယ်။ကိုယ့်တိုင်ကလည်း အမေရဲ့စောက်ရှောင့်မှု ၊အမေရဲ့ နွေးထွေးမှု အောက်မှာ ရှိနေသေး တယ်။မိဘကိုလည်း ပြုစုစောက်ရှောင့်ခွင့်ရှိတဲ့ အချိန်အနေအထားတစ်ခုမှာ ရှိလို့ကျေနပ် မိပါတယ်။ အဓိက တော့ အမှတ်တရဆိုတာထက် ကျွန်တော်ဖြစ်တည်လာတာ ဒီအဖေနဲ့ အမေကြောင့်ပါ။ အမှတ်တရ လည်း ထွေ ထွေထူးထူးမရှိပါဘူး။ မိဘတွေအပေါ်မှာ…
Read More