ကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်မှုနဲ့အတူ ပြည်တွင်းရွှေဈေး သိန်း ၈၀ နီးပါး ရောက်ရှိလာ

စက်တင်ဘာ ၉ – ၂၀၂၅ SS (VOM) လက်ရှိမှာ ကမ္ဘာ့ရွှေဈေး သမိုင်းတလျှောက် စံချိန်တင် အမြင့်ဆုံးဈေး ရောက်ရှိလာမှုနဲ့အတူ ပြည်တွင်း ဈေးကွက်မှာလည်း အခေါက်ရွှေ တကျပ်သား ကျပ် သိန်း ၈၀ နီးပါး ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာ တအောင်စ ဒေါ်လာ ၃၄၀၀ ကျော်ကို စတင်မြင့်တက် ရောက်ရှိလာတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၉ ရက်၊ မနက်ပိုင်းမှာ တအောင်စ ၃၆၅၂ ဒေါ်လာနဲ့ ဈေးဖွင့်ထားတဲ့အတွက် ၁၀ ရက်ကျော်အတွင်း တအောင်စ ဒေါ်လာ ၂၅၀ ကျော် မြင့်တက်လာတာကို တွေ့ရပါတယ်။ အဲဒီလို ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်း ရွှေဈေးနှုန်းတွေလည်း လိုက်ပါ မြင့်တက်လျက်ရှိတာမှာ ဒီကနေ့ စက်တင်ဘာ…

Read More

ပြည်တွင်းရွှေဈေး ၇၈ နီးပါးအထိ ပြန်လည် မြင့်တက်လာ

စက်တင်ဘာ ၂ – ၂၀၂၅ SS (VOM) ကမ္ဘာ့ရွှေဈေး ပြန်လည် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း ရွှေဈေးနှုန်းတွေ လိုက်ပါ မြင့်တက်လျက်ရှိတာမှာ ဒီကနေ့ စက်တင်ဘာ ၂ ရက်၊ မနက်ပိုင်းမှာတော့ အခေါက်ရွှေ တကျပ်သား ၇၈ နီးပါးဝန်းကျင်နဲ့ ဈေးဖွင့်လာတာ တွေ့ရပါတယ်။ ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်၊ နေ့လယ်ပိုင်းကစပြီး အကျဘက်ကို သုံးရက်တာ ရောက်ရှိခဲ့ပေမယ့် ဩဂုတ် ၂၃ ရက်၊ မနက်ပိုင်းကစလို့ ဆက်တိုက်ဆိုသလို ဈေးနှုန်း ပြန်လည် မြင့်တက်လာတာမှာ လက်ရှိမှာတော့ ခုနစ်ဆယ့်ခုနစ်သိန်း ရှစ်သောင်းဝန်းကျင်ကို ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ “‌အဓိက ကတော့ ကမ္ဘာ့ဈေးတက်လို့ ပြည်တွင်းဈေးလည်း ပြန်တက်လာတာပါ။ လက်ရှိ ဒေါ်လာဈေးကတော့ အကျဘက်မှာ ငြိမ်နေတယ်ပြောရမယ်။ ကျရင်လည်း ၂၀၊ ၃၀။…

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

မေ ၂၇ – ၂၀၂၅ SS (VOM) ဒီတပတ်မှာတော့ ကမ္ဘာ့ရွှေဈေး ပြန်လည် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေး လိုက်ပါ မြင့်တက်လာတာကို တွေ့ရပါတယ်။ အမေရိကန် ဒေါ်လာဈေးကလည်း အတက်ဘက်မှာ ရှိနေဆဲပါ။ စက်သုံးဆီ ဈေးကွက်ထဲမှာတော့ ဒီတပတ်မှာ ဆီအမျိုးအစားအားလုံး ဈေးပြန်တက်နေပါတယ်။ အခြေခံ စားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စည်တချို့ ဈေးပြန်ကျနေတာကို တွေ့ရပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ဒီတပတ် ရွှေဈေးကွက်အတွင်းမှာတော့ ကမ္ဘာ့ရွှေဈေးတွေ ပြန်လည် မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြည်တွင်းရှိ ပြင်ပ ရွှေဈေးကွက်အတွင်းက ရွှေနှုန်းတွေလည်း လိုက်ပါ မြင့်တက်နေပါတယ်။ လက်ရှိမှာတော့ အခေါက်ရွှေ တကျပ်သား ၇၆ သိန်းကျော် ဝန်းကျင်ကို ရောက်ရှိနေတာပါ။ အရင်တပတ်ကထက် ကျပ် နှစ်သိန်းဝန်းကျင် ပြန်လည် မြင့်တက်လာတာ ဖြစ်ပါတယ်။ “ကမ္ဘာ့ရွှေဈေးက ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်ရေးသတင်းတွေ၊ စီးပွားရေး၊…

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

မတ် ၁၇ – ၂၀၂၅ SS (VOM) ဒီတပတ်မှာလည်း ပြည်တွင်းရွှေဈေးနှုန်းတွေ ဆက်လက် မြင့်တက်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် ဒေါ်လာဈေးကတော့ ဆက်လက် ကျဆင်းနေပြီး ၄၄၀၀ အောက်ကို ရောက်ရှိလာပါတယ်။ အဲဒီလိုပဲ စက်သုံးဆီ ဈေးကွက်ထဲမှာလည်း ဆီအမျိုးအစားအားလုံး ဈေးဆက်ကျနေတာကို တွေ့ရပါတယ်။ အခြေခံ စားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းတချို့ ဈေးပြန်ကျနေပြီး တချို့ ကုန်စည်တွေကတော့ ဈေးထပ်တက်နေပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ဒီတပတ် ပြည်တွင်းက ပြင်ပ ရွှေဈေးကွက်ထဲမှာလည်း ဈေးနှုန်းတွေက အတက်ဘက်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ မတ် ၁၄ ရက်နေ့၊ ညနေပိုင်းမှာတော့ တပတ်တာအတွင်း အမြင့်ဆုံးဈေးအဖြစ် ကျပ် ခြောက်ဆယ့်ခုနစ်သိန်းခွဲ ဝန်းကျင်ကို ရောက်ရှိခဲ့တာပါ။ “ကမ္ဘာ့ရွှေဈေးက ဒီတပတ်မှာ သမိုင်းဝင် စံချိန်တင်ဈေးတန်းကို ရောက်ခဲ့တာ။ တအောင်စ ဒေါ်လာ ၃၀၀၀ ကျော်အထိကို…

Read More

ရွှေအလေးချိန် ပြောင်းပေမယ့် ဈေးကွက်အတွင်း စနစ်ဟောင်းနဲ့သာ အရောင်းအဝယ် ဆက်လက်ပြုလုပ်နေ

ဖေဖော်ဝါရီ ၁၅ – ၂၀၂၅ SS (VOM) အရေးကြီးကုန်စည် ဝန်ဆောင်မူဥပဒေမှာ ပါရှိတဲ့ အလေးချိန် စံချိန်စံညွှန်း သတ်မှတ်ချက်တွေအရ ရွှေအလေးချိန်စနစ် ပြောင်းလဲလိုက်ပေမယ့် ဈေးကွက်အတွင်း စနစ်ဟောင်းနဲ့သာ အရောင်းအဝယ် ပြုလုပ်နေဆဲဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။ ရွှေအလေးချိန်စနစ်ကို မြန်မာနိုင်ငံတဝန်းမှာ အရင်က အသုံးပြုနေတဲ့ အလေးချိန် သတ်မှတ်ချက်ဖြစ်တဲ့ တကျပ်သား ၁၆ ဒသမ ၆၀၆ ဂရမ်အစား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ် အလေးချိန်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ စတင်ကာ ရွှေချိန်စက်တွေမှာ တပြေးညီ ပြောင်းလဲ ကျင့်သုံးဖို့ ဓါတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ဈေးကွက်အတွင်းမှာတော့ စနစ်ဟောင်းဖြစ်တဲ့ တကျပ်သား ၁၆ ဒသမ ၆၀၆…

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဖေဖော်ဝါရီ ၁၀ – ၂၀၂၅ SS (VOM) ဒီတပတ် ပြည်တွင်းရွှေဈေးကွက်မှာတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကထက် အခေါက်ရွှေဈေး အနည်းငယ် မြင့်တက်လာကို တွေ့ရပါတယ်။ အမေရိကန်ဒေါ်လာဈေးကတော့ ၄၄၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိ‌နေပြီး ဈေးအနည်းငယ် ပြန်ကျလာပါတယ်။ စက်သုံးဆီ ဈေးကွက်မှာတော့ ဒီတပတ်မှာ စက်သုံးဆီ အမျိုးအစားအားလုံး ဈေးပြန်ကျနေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းဈေးတွေ ဆက်ကျနေပြီး တခြားကုန်စည် အများစုကတော့ အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက တကျပ်သား ၆၄ သိန်းဝန်းကျင်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ၆၅ သိန်းကျော်ဝန်းကျင်နဲ့ အနည်းငယ် တက်ရိပ်ပြလာပါတယ်။ တပတ်တာအတွင်း အနိမ့်ဆုံးဈေးကတော့ ဖေဖော်ဝါရီ ၃ ရက်နေ့၊ ညနေပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ‌ကျပ် ခြောက်ဆယ့်သုံးသိန်း ရှစ်သောင်းဈေးပါ။ ဒါပေမယ့်…

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဖေဖော်ဝါရီ ၃ – ၂၀၂၅ SN (VOM) ဒီတပတ်မှာလည်း ပြည်တွင်းရွှေဈေး အနည်းငယ် ဆက်ကျနေပါတယ်။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း ပြီးခဲ့တဲ့တပတ်ကထက် အနည်းငယ် ကျဆင်းနေတာကို တွေ့ရပါတယ်။ စက်သုံးဆီ ဈေးကွက်ထဲမှာတော့ ဓာတ်ဆီဈေးတွေ ဆက်တက်နေပြီး ဒီဇယ်ဈေးတွေပြန်ကျနေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းဈေးတွေကျနေပြီး တခြားကုန်စည် အများစုကတော့ အတက်ဘက်မှာ ရှိနေဆဲဖြစ်ပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ပြီးခဲ့တဲ့ တပတ်ကစပြီး ၆၄ သိန်းကျော်ဝန်းကျင်ကို ပြန်လည် ကျဆင်းလာခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီတပတ်မှာလည်း အဲဒီ ဈေးတန်းမှာပဲ ဆက်ရှိနေပါတယ်။ တပတ်တာအတွင်း အနိမ့်ဆုံးဈေးကတော့ ဇန်နဝါရီ ၂၈ ရက်နေ့၊ ညနေပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ‌ကျပ် ခြောက်ဆယ့်သုံးသိန်း ခုနစ်သောင်းဈေးဖြစ်ပြီး အမြင့်ဆုံးဈေးကတော့ ဇန်နဝါရီ ၃၁ ရက်နေ့နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ၆၅…

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဇန်နဝါရီ ၂၇ – ၂၀၂၅ SN (VOM) ဒီတပတ်မှာတော့ ပြည်တွင်း ရွှေဈေး အနည်းငယ် ပြန်ကျလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် အမေရိကန်ဒေါ်လာဈေးကတော့ အတက်ဘက်မှာသာ ရှိနေဆဲဖြစ်ပါတယ်။ အလားတူ စက်သုံးဆီ ဈေးကွက်ထဲမှာလည်း ဆီဈေးတွေအားလုံး ပြန်တက်နေပါတယ်။ အဲဒီလိုပဲ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာလည်း ကုန်စည်အများစု ဈေးပြန်တက်နေတာကို တွေ့ရပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ပြီးခဲ့တဲ့ တပတ်ကစပြီး ၆၅ သိန်းကျော်ဝန်းကျင်မှာ ရှိနေခဲ့တဲ့ ပြည်တွင်းက အခေါက်ရွှေဈေးဟာ ဒီတပတ် ဇန်နဝါရီ ၂၅ ရက်၊ ညနေပိုင်းကစလို့ အနည်းငယ် ပြန်ကျနေပါတယ်။ ရွှေဈေးဟာ ပြီးခဲ့တဲ့တပတ် ဇန်နဝါရီ ၁၅ ရက်၊ နေ့လယ်ပိုင်းမှာ ၆၇ သိန်းဝန်းကျင်အထိ အတက်ကြမ်းခဲ့တာ ဖြစ်ပါတယ်။d တပတ်တာအတွင်း အမြင့်ဆုံးဈေးကတော့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ‌ကျပ် ခြောက်ဆယ့်ငါးသိန်း…

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဇန်နဝါရီ ၂၀ – ၂၀၂၅ SN (VOM) ဒီတပတ်မှာလည်း ရွှေဈေးတွေက အတက်ဈေးမှာပဲ ရှိနေပါတယ်။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း အတက်ဘက်မှာသာ ရှိနေတာဖြစ်ပါတယ်။ စက်သုံးဆီဈေးကွက်မှာတော့ ၉၂ ဓာတ်ဆီတမျိုးတည်းသာ အရင်တပတ်ဈေးနှုန်းအတိုင်း မပြောင်းမလဲ ရှိနေပါတယ်။ ၉၅ ဓာတ်ဆီဈေးကတော့ ကျနေပြီး ဒီဇယ်ဈေးတွေကတော့ မြင့်တက်နေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ ကုန်စည်တချို့ အမြင့်ဈေးမှာရှိနေပြီး တချို့ ကုန်စည်ဈေးတွေကတော့ ပြန်တက်နေပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း အခု ၂၀၂၅ ခုနှစ်၊ နှစ်စမှာ အတက်ဘက်ကို ပြန်ရောက်လာတဲ့ ပြည်တွင်းက အခေါက်ရွှေဈေးဟာ လက်ရှိမှာတော့ ၆၅ သိန်းဝန်းကျင်ကို ရောက်ရှိလို့နေပါတယ်။ ရွှေဈေးဟာ ဒီတပတ် ဇန်နဝါရီ ၁၅ ရက်၊ နေ့လယ်ပိုင်းမှာ ၆၇ သိန်းဝန်းကျင်အထိ အတက်ကြမ်းခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇန်နဝါရီ ၁၆ ရက်၊ မနက်ပိုင်းမှာတော့ ၆၆…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၂၆ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၆၆၀ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၄၀၇၉၄၅ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၇၀၀၀၀ ကျပ် ဝယ်ဈေး ၆၈၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၇၀၀၀၀ ကျပ် ဝယ်ဈေး ၆၆၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More
VOM News

FREE
VIEW