နတ်တလင်းမှာ အနက်ရောင်သေမင်းတမန်အဖွဲ့စာသားပါ ကတ်ချိတ်ဆွဲပြီး အသတ်ခံထားရတဲ့ အလောင်းနှစ်လောင်းတွေ့

မတ် ၁၃ – ၂၀၂၅ GG (VOM) ပဲခူးတိုင်းအနောက်ပိုင်း ၊ သာယာဝတီခရိုင်၊နတ်တလင်းမြို့နယ်ထဲက ကျေးရွာတရွာမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားအလောင်း စွန့်ပစ်ခံထားရမှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ မနေ့က မတ် ၁၂ ရက်နေ့ မနက်ပိုင်းမှာ သတ်ခံထားရတဲ့အမျိုးသားအလောင်းနှစ်လောင်း ကိုတွေ့ရှိရတာဖြစ်ပြီး လည်ပင်းမှာ “အနက်ရောင်သေမင်းတမန် အဖွဲ့”ဆိုတဲ့ စာသားပါ လည်ဆွဲကတ်ချိတ်ဆွဲထားတာတွေ့ရှိရတယ်လို့သိရပါတယ်။ “အသက်တွေက ငယ်သေးတယ်။ လည်ပင်းလှီးထားတဲ့ဒဏ်ရာရှိတယ်။အဲဒီအနက်ရောင်သေမင်းတမန်စာသားချိတ်ထားပြီးအသတ်ခံရတဲ့သူတိုင်း လည်ပင်းလှီးခံထားရတာမျိုးပဲ။အခုအသတ်ခံရတဲ့နှစ်ယောက်က နတ္တလင်းကပဲလို့သိရတယ်။အလောင်းတွေက ရှားစီးဘိုရွာနားမှာတွေ့တာပါ။ ” လို့ဒေသခံကပြောပါတယ်။ အဆိုပါ အသတ်ခံထားရတဲ့ အမျိုးသားနှစ်ယောက်ဟာ အဆိုပါ တွေ့ရှိရတဲ့ အမျိုးသားနှစ်ဦးမှာ နတ်တလင်းမြို့နယ်ထဲက ကွင်းစမ်းကျေးရွာ နဲ့ စောင်းဝှက်ကျေးရွာက ဖြစ်တယ်လို့ကနဦးသတင်းအရသိရပါတယ်။ ဇန်နဝါရီလ ၁၀ ရက်ကလည်းပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ပေါင်းတလည်-ပေါက်ခေါင်းကားလမ်းဘေးမှာ အနက်ရောင်သေမင်းတမန်အဖွဲ့စာသားပါ လည်ဆွဲကတ်ချိတ်ဆွဲပြီး အသတ်ခံထားရတဲ့အမျိုးသားလူငယ်အလောင်းနှစ်လောင်းတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်ကလည်း ပြည် – ပေါင်းတလည်ကားလမ်းဘေး၊ပေါင်းတလည်မြို့အဝင်မှာ…

Read More

ကြို့ပင်ကောက်မှာ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတ​ယောက် အသတ်ခံရ

မတ် ၁၂ -၂၀၂၅ GG (VOM) ပဲခူးတိုင်းအ‌နောက်ခြမ်း၊ ကြို့ပင်ကောက်မြို့က “နန်းဝတီ “ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး သေနတ်နဲ့ပစ်သတ်ခံခဲ့ရမှု ဒီနေ့ မတ် ၁၂ ရက်နေ့မနက်ပိုင်းကဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးက ရွှေဆိုင်မှာရှိနေစဥ် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တဖွဲ့က လာရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့သိရပါတယ်။ “ရွှေဆိုင်က မြို့မစျေးမှာဖွင့်ထားတဲ့ဆိုင်ဆိုတော့ လူစည်တဲ့နေရာပဲလေ။ပစ်ခံရတဲ့ပိုင်ရှင်အမျိုးသမီးကတော့ သေသွားပြီ ။ရွှေတွေဘာညာယူသွားသလား ဘာညာတော့မသိဘူး။ရွှေဆိုင်မှာCCTV ရှိတယ်ဆိုတော့စစ်ကြည့်ရင်သိရမှာပါ။သေနတ်နဲ့ပစ်တဲ့အချိန် သူ့​ ယောကျ်ားမရှိတာကံကောင်းသွားတယ်ပြောရမယ်။” လို့ ဒေသခံကပြောပါတယ်။ အသတ်ခံရတဲ့သူက ရွှေဆိုင် ပိုင်ရှင်အမျိုးသမီး မသီရိစံဆိုသူဖြစ်ကြောင်းနဲ့အဆိုပါအမျိုးသမီးကို ပဲခူးရိုးမအခြေပြု BTZM GBK-PDF တပ်ဖွဲ့ကကသူတို့​ပစ်ခတ်ခဲ့တာဖြစ်ကြောင်း သတင်းထုတ်​​ပြန်ထားပြီး ပစ္စည်းတွေနဲ့ပတ်သက်လို့ သိမ်းဆည်းခဲ့တာမျိုးမလုပ်ခဲ့ဘူးလို့ ရေးသားထားတာတွေ့ရပါတယ်။ အဆိုပါ ရွှေဆိုင် ပိုင်ရှင်လင်မယားက ပျူစေားထီးအဖွဲ့ဝင်ဖြစ်တဲ့အပြင် ပြည်သူတွေယုံကြည်မှုနဲ့ အပ်နှံထားတဲ့စပါးကိုလည်း အလွဲသုံးစားလုပ်သလို အပ်နှံထားတဲ့စပါးကိုပြန်လည်တောင်းယူသူတွေကို ဖမ်းဆီးခိုင်းတာကြောင့်လို့ အဆိုပါ PDF အဖွဲ့က ထုတ်ပြန်မှုအရသိရပါတယ်။ မတ်လ ၈ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့နယ်၊…

Read More

သီပေါ နားမခေါ်ရွာမှာ စွန့်ပစ်ထားတဲ့ မိန်းက‌လေးသုံးယောက် အလောင်းတွေ့

မတ် ၅၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စု၊ နားမခေါ်ရွာ၊ တာလုံ တံတားအနီးမှာ စွန့်ပစ်ထားတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလးကလာင်း သုံးလောင်းကို တွေ့ရှိခဲ့ကြာင်း ဒေသခံတွဆီက သိရပါတယ်။ “သတ်ခံရတာ တပတ်ကျော်ပါပြီ။ ကိုယ်တုံးလုံးအနေအထားနဲ့စွန့်ပစ်ခံရတာ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ သေသွားတဲ့ မိန်းက‌ေလး တွေဟာ အမည်၊ နေရပ်လိပ်စာ နဲ့ ဘယ်သူ ဘယ်ဝါတွေလဲ ဆိုတာ မသိပေမယ့် KTV မှာ အလုပ်လုပ်တဲ့ မိန်းကလေးတွေ လို့ ယူဆရတယ် လို့ သူက ပြောပါတယ်။ သီပေါ တံတားရဲ့ အရှေ့ဘက်ခြမ်း နားမခေါ်၊ ပန်ညု၊ ဆောင်ကြဲ၊ ဆိုင်ကျောက်၊ တကြောလုံး လက်ရှိ MNDAA (ကိုးကန့်)က ထိန်းချုပ်ထားတာ…

Read More

ကျိုင်းတုံ – တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူလည်းရှိ

မတ် ၂၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံ – တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် ကျိုင်းတုံမြို့အကျော်က စပါယ်ရှယ်တောင် အဆင်းမှာ မတ်လ ၁ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က ခရီးသည်တင် ယာဉ်တစီး ချောက်ထဲပြုတ်ကျသွားလို့ ခရီးသည် ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိပြီး ၇ ဦး သေဆုံးကြောင်း မီးသတ်ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ဒေသခံတွေဆီက သိရပါတယ်။ “ထိခိုက်သေဆုံးမှု update က အတည်မပြုနိုင်သေးဘူး။ ကျနော့် တပည့်တွေ သွားရောက် ကူညီနေတာ ပြန်တော့ မရောက်သေးဘူး။” လို့ တိုင်းနေ နာရေးကူညီမှုအသင်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ကျိုင်းတုံ-တောင်ကြီးလမ်း စပါယ်ရှယ်တောင် အဆင်းမှ ခရီးသည် ၂ဝ ကျော်စီးလာတဲ့ ယာဉ်အက်စီးဒင့်ဖြစ်တာလို့…

Read More

ကန့်ဘလူနယ်မှာ ကျောင်းထိုင်ဆရာတော် တပါး အသတ်ခံရ

ဖေဖော်၀ါရီ ၊၂၇ ၊၂၀၂၅ KH ( VOM) စစ်ကိိုင်းတိုင်း ၊ကန့်ဘလူမြို့နယ် ဆားကျင်းကျေးရွာမှာ ဒီကနေ့ မနက် ၆ နာရီ၀န်းကျင်ခန့်က ရွာဦးကျောင်းဆရာတော်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့ တဖွဲ့က ကျောင်းထဲကို ၀င်ရောက်ပြီး သတ်ဖြတ်သွားတယ်လို့ ဆားကျင်းကျေးရွာ ဒေသခံတွေဆီက သိရပါတယ်။ “ရွာဦးကျောင်းက ဘုန်းကြီးကို ဓားနဲ့ ခေါင်းကို ခုတ်သတ်သွားတယ် ၊ နောက်ပြီး ရွာထဲက လူနေအိမ် တလုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ် ” လို့ ဆားကျင်းရွာခံတယောက်က​ပြောပါတယ် ။ ဒါ့အပြင် အသတ်ခံရတဲ့ ရွာဦးကျောင်း ဘုန်းတော်ကြီးက သက်တော် ၈၅ နှစ် ၊ ၀ါတော် ၄၅ ၀ါရှိပြီးဘွဲ့တော်မှာ ဥူးနန္ဒိယ ဖြစ်တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ ၄ နှစ်တာကာလအတွင်းမှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဆရာတော် သံဃာတော်…

Read More

ဂျဲယန် စစ်ရှောင်စခန်းက ပျောက်သွားတဲ့ ကလေးသုံးယောက် အသတ်ခံခဲ့ရပြီး ကျူးလွန်သူတယောက် ဖမ်းမိထား

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅ Shy V (VOM ) လိုင်ဇာ အနီးက ဂျဲယန် စစ်ရှောင်စခန်းက ပျောက်ဆုံးသွားတဲ့ ကလေး ၃ ယောက် သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ပျောက်သွားတဲ့ ကလေး သုံးယောက် စလုံးပြန်တွေ့ပြီ။ တယောက်ကို သစ်ပင်ပေါ် ကြိုးနဲ့ ဆွဲပြီး သတ်ထားတာ။ံနှစ်ယောက်ကိုတော့ ကျောက်တုံးကို ကြိုးနဲ့ ချည်ပြီး ချောင်းထဲ နှစ် ထားတာလို့ ပြောတယ်။ တယောက်က ဒီ မနက်မှ တွေ့တာ” လို့ ဒေသခံ တယောက် က ပြောပါတယ်။ သတ်ဖြတ်ခံရတဲ့ ကလေးမလေးေတွက အသက် ၁၀ နှစ် အရွယ် မနန်းဇိန်းဂျီးဆန်မိုင်၊ မလထော်ရွယ်ဂျီ နဲ့ ၁၁ နှစ်အရွယ် မဖော်ယမ်ဆွတ်ဆိုင်းအိန် တို့ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့…

Read More

ပေါင်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူ အသတ်ခံရ

ဖေဖော်ဝါရီ ၂၆ – ၂၀၂၅ GG (VOM) မွန်ပြည်နယ် ၊ပေါင်မြို့နယ်၊ ညောင်ကုန်းကြီးကျေးရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ သေနတ်နဲ့ပစ်သတ်ခံရမှု ဒီနေ့ဖေဖော်ဝါရီ ၂၆ ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့ရတယ်လို့သိရပါတယ်။ အဆိုပါ ရွာရဲ့အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်စိုးနဲ့ ဇနီးဖြစ်သူ ဒေါ်မိငယ်တို့ နေအိမ်မှာရှိနေစဥ်လာရောက်ပစ်ခတ်သတ်ဖြတ်ခံရတာဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးမှာ သေနတ်ဒဏ်ရာနှစ်ချက်၊ဇနီးဖြစ်သူမှာ သေနတ်ဒဏ်ရာ လေးချက်ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” မနက်၇နာရီလောက်မှာ သူတို့အိမ်မှာပစ်ခံရတာလို့သိရတယ်။ နေရာမှာပဲဆုံးသွားတယ်။ အုပ်ချုပ်ရေးမှူးကလက်မောင်းနဲ့ ရင်ဘတ်ကိုမှန်တယ်။သူ့မိန်းမမှာက လက်နှစ်ဖက်နဲ့ဗိုက်၊လည်ပင်းမှာ မှန်တယ်။”လို့ ဒေသခံ ကပြောပါတယ်။ အုပ်ချုပ်ရေးမှူးပစ်ခတ်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး နစက လုံခြုံရေးတပ်ဖွဲ့တွေရောက်လာပြီး စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ကာ အလောင်းကို ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွင်းရှည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုးဆိုသူ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့သိရပါတယ်။ ၂၀၂၄ ခုနှစ် ဇွန် ၁၄ ရက်နေ့ကလည်း မွန်ပြည်နယ် ၊ ပေါင်မြို့နယ်…

Read More

သန်လျင်မှာ ရထားလမ်းပေါ် အိပ်ပျော်နေတဲ့အမျိုးသား ရထားကြိတ်ခံရပြီးသေဆုံး

ဖေဖော်ဝါရီ ၂၄ – ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာဖွံ့ဖြိုးရေးလမ်း မီးရထားလမ်းမှာ အိပ်ပျော်နေတဲ့ အိမ်ခြေယာမဲ့ အမျိုးသားတယောက် ရထားကြိတ်ခံရပြီးသေဆုံးမှုဒီနေ့ဖေဖော်ဝါရီ ၂၄ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဆိုပါအမျိုးသားက ညတုန်းက အရက်မူးပြီး ရထားလမ်းပေါ်မှာ အိပ်ပျော်နေချိန် ခြေထောက်ကိုရထားကြိတ်ခံရတာဖြစ်ကြောင်း၊ ခြေထောက်ကသွေးထွက်လွန်ပြီး မနက်စော ၅ နာရီလောက်မှာ ရထားကြိတ်ဒဏ်ရာကြောင့်ပဲသေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။ ” ရုံပိုင်ကြီးမေးတော့ ရထားက မနက် ၁ နာရီလောက်ဝင်တယ်ဖြစ်တော့ အဲဒီအချိန်ဖြစ်တယ်ယူဆတယ်။ ညကသူတို့ကအရက်သောက်ကြပြီးအဲဒီမှာအိပ်ကြတယ်။အိမ်ခြေယာမဲ့ ၊ အိမ်မရှိဘူး။တနယ်တကြေးကနေလာပြီးလုပ်ကြတာ။ညကတော့အရက်တွေ အရမ်းမူးပြီးအိပ်ရင်းဖြစ်ကြတာ။မနက်၅ နာရီလောက်မှာရေတောင်း သောက်သေးတယ်တဲ့။သူ့အကိုလားညီလားမသိဘူး ရေတိုက်ပြီးမှ သေသွားတာပေါ့။ရထားကြိတ်ခံရပြီး ညာဘက်ခြေထောက်ပြတ်သွားတယ်။နောက်တဖက်က ပြတ်ဖို့နည်းနည်းလေးပဲကျန်တော့တယ်။ ညကတည်းကသွေးထွက်လွန်နေတာပေါ့။” လို့ မြေပြင်ကူညီရေးလုပ်ဆောင်ပေးခဲ့တဲ့ လောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူကပြောပါတယ်။ ရထားကြိတ်ခံရပြီးသေဆုံးသွားတဲ့ အမျိုးသားကတော့ အသက် ၄၀ အရွယ်အမျိုးသားဖြစ်ပြီး ဘူးခွံပလုံးခွံကောက်သူတွေဖြစ်တယ်လို့သိရပါတယ်။သေဆုံးအမျိုးသားရုပ်အလောင်း ကိုတော့ သန်လျင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။ ၂၀၂၄ ခုနှစ်…

Read More

မန္တလေးက ကမ္ဘောဇဘဏ်ခွဲ ၃၇ ကို ဓားပြတိုက်သွားတဲ့အမျိုးသားကို ဖမ်းမိ

မန္တလေး၊ ဖေဖော်ဝါရီ – ၂၂- ၂၀၂၅ SA(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အနီး၊ မဟာနွယ်စဥ်ရပ်ကွက်က ကမ္ဘောဇဘဏ်ခွဲ ၃၇ မှာ မနေ့ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဓါးပြတိုက်သွားတဲ့အမျိုးသားကို ဖမ်းမိပြီလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်း အဝိုင်းကနေ သိရပါတယ်။ ဓားပြမှု ကျူးလွန်ခဲ့တဲ့ ဦးသိန်းဇော်ဦး(၅၄)နှစ်ကို ပြည်ကြီးတံခွန်မြို့နယ်၊(ဂ)ရပ်ကွက်၊၁၂၀လမ်း၊၆၈(B) လမ်း ၆၈ (C)လမ်းကြားက နေအိမ်တအိမ်မှာ ဒီကနေ့ နံနက် ၉ နာရီက ဘဏ်ဓားပြတိုက်ရာပါငွေ ၁၀၉၈ သိန်းနဲ့အတူ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီး ရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ကမ္ဘောဇဘဏ်(၃၇)ဟာ ဒုတိယအကြိမ် ဓားပြတိုက်ခံရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း လက်လုပ်သေနတ်ကိုင်ဆောင်ထားတဲ့ တဦးတည်းဓားပြလာတိုက်မှု ဖြစ်ပွားခဲ့ပြီး အဲ့ဒီဓားပြတိုက်တဲ့သူကိုလည်း ဘဏ်ကနေအထွက်မှာ ဝိုင်းဝန်းဖမ်းဆီးခဲ့တာကြောင့် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

Read More

မန္တလေးမှာ နှစ်ကြိမ် ခိုးခံရတဲ့ ရှေးဟောင်းဆင်းတု ဒီတကြိမ်လည်း ပြန်လည်ရရှိ

မန္တလေး၊ ဖေဖော်ဝါရီ – ၂၀- ၂၀၂၅ SA(VOM) မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၈၂ လမ်း၊ ၃၆ လမ်းနဲ့ ၃၇ လမ်းကြားမှာရှိတဲ့ ရွှေအိုးရစေတီတော် ပရဝုဏ်အတွင်းက ကျောက်သားဆင်းတုတော်ဟာ ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီ လ ၁၈ ရက်နေ့ညက ထပ်မံအခိုးခံခဲ့ရပြီး ၁၉ ရက်နေ့ညပိုင်းမှာ အဲ့ဒီ ရှေးဟောင်းသမိုင်းဝင် ကျောက်သားဆင်း တုတော်ကို ခိုးယူခဲ့တဲ့ တရားခံလေးဦးကို ဖမ်းဆီရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူထံကနေ သိရပါတယ်။ “ဆင်းတုတော်ကို ခိုးယူခဲ့တဲ့သူတွေကို ဖမ်းဆီးမိထားတယ်ဆိုတာ ဆက်သွယ်လာပါတယ်၊ လက်တလောတော့ သီတင်းသုံးရာ ဓမ္မာရုံအတွင်းကို ပြန်မရောက်သေးပါဘူး” လို့ အဲ့ဒီ ဆင်းတုတော်နဲ့ စေတီတော်ကို စောင့်ရှောက်နေတဲ့ ဦးဇော်ဝင်းက VOM ကိုပြောပါတယ်။ အဲ့ဒီဆင်းတုတော်ဟာ ပထမတခေါက် အခိုးမခံရမီအချိန်က အကာအရံမရှိပေမယ့်၊ ၂၀၀၇ ခုနှစ်က ဆင်းတုတော်ကို ပြန်ရချိန်မှာ…

Read More
VOM News

FREE
VIEW