အောက်တိုဘာ ၆ – ၂၀၂၄GG (VOM)သန်းခေါင်စားရင်းစတင်ကောက်ယူတဲ့ အောက်တိုဘာလ ၁ရက်ကနေ ၄ ရက်နေအတွင်းမှာ စာရင်းကောက်ယူတဲ့အဖွဲ့တွေ တိုက်ခိုက်ခံရသလို စာရင်းကောက်ရာမှာပါဝင်သူအချို့လည်းဖမ်းဆီးခံရတဲ့အပြင် အသတ်ခံရတာတွေပါရှိခဲ့တယ်လို့ သိရပါတယ်။မနေ့က အောက်တိုဘာလ ၄ ရက်နေ့တရက်တည်းမှာတင် ပဲခူးအနောက်ခြမ်းကရွှေတောင်မြို့နယ်နဲ့ တနင်္သာရီ တိုင်းက ပုလောမြို့နယ်မှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့တွေတိုက်ခိုက်ခံခဲ့ရပါတယ်။ရွှေတောင်မြို့နယ် ဖြစ်စဥ်က ညနေ ၅ နာရီလောက်မှာ သန်းခေါင်စာရင်း ကောက်ပြီးပြန်လာတဲ့ ယွန်းတန်းအုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး အုပ်ချုပ်ရေးမှူး ကတော့ဆေးရုံတင်ထားရတယ်လို့သိရပါတယ်။” အုပ်ကြီးကတော့ ဖြစ်ပြီးပြီချင်းဆေးရုံတင်လိုက်ရတယ်။ပေါက်ကွဲမှုဖြစ်ပြီးမကြာဘူး ပိတ်ဆို့စစ်ဆေးတာတွေလုပ်တယ်။ကျန်တဲ့သူတွေထိခိုက်ဒဏ်ရာ ရသလားမရဘူးကတော့သေချာမသိပါဘူး။” လို့ ရွှေတောင်ဒေသခံကပြောပါတယ်။ပုလောမြို့နယ်မှာကလည်း သန်းခေါင်စာရင်း ကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူပေးနေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့စခန်းငါးခုကို အောက်တိုဘာ ၄ ရက်နေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့တယ်လို့ သိရပါတယ်။ပုလောမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၅) အနီးမှာရှိတဲ့ မိုင်ခရိုဝေ့တောင်၊ တာဝါတိုင်ကုန်း၊ ကျောက်ဖားတောင်ဂိတ်၊ ပလရဲစခန်းနဲ့ မီးလောင်ချောင်းဂိတ်တွေဖြစ်တယ်လို့သိရပါတယ်။ချင်းပြည်နယ်၊ တီးတိန်မြို့မှာလည်း အောက်တိုဘာ၄ရက်နေ့ကပဲ…
Read Moreမြို့သာစက်မှုဇုန် ကွတ်ကီးစက်ရုံထဲ ဓားပြဝင်တိုက်လို့ ငွေသိန်း ၃၀၀နဲ့ ကားတစီးပါသွား
အောက်တိုဘာ ၅ – ၂၀၂၄GG (VOM)မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မန္တလေး – မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းထဲက Myanmar Ding Wang ဒင်းဝမ်ကွတ်ကီး စက်ရုံအတွင်းကို လက်နက်ကိုင်ဆောင်ထားသူတွေဝင်ရောက်လာပြီး ဓားပြတိုက် မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဖြစ်စဥ်က ဒီနေ့အောက်တိုဘာလ ၅ ရက်နေ့မနက်အစောပိုင်း ၇ နာရီလောက်မှာ စက်ရုံတွင်းကို လက်နက်ကိုင်ထားတဲ့အမည်မသိ အမျိုးအသား ငါး ယောက်ရောက်လာပြီး သေနတ်ပြခြိမ်းခြောက်ကာ ဝန်ထမ်းတွေကိုလစာပေးဖို့သိမ်းထားတဲ့ငွေသား သိန်း၃၀၀ နဲ့အတူကားတစီးကိုပါ ယူသွားတယ်လို့သိရပါတယ်။” ဆိုင်ကယ်က သုံး စီးနဲ့ စက်ရုံ ကိုရောက်လာတယ်။သူတို့မှာကသေနတ်က အတို ၂ လက်၊ အရှည် ၁ လက်ပါတယ်၊ ဝန်ထမ်းတွေလည်းရှိပေမယ့် သူတို့ကသေနတ်နဲ့ဆိုတော့ ဘယ်သူမှမလှုပ်ရဲဘူးလေ။ ပိုက်ဆံတွေက ဝန်ထမ်းတွေကို လစာပေးမယ့်ငွေတွေပေါ့၊ ကားကလည်းစက်ရုံပိုင်ကားပါပဲ။ လူတွေကိုတော့ပစ်ခတ်သွားတာမရှိဘူး။အခုတော့ဒီအခြေနေပဲသိရသေးတယ်။ ” လို့ စက်ရုံနဲ့နီးစပ်သူ ငါးဇွန်ဒေသခံတယောက်ကပြောပါတယ်။စက်ရုံတွင်း ဓားပြတိုက်မှုဖြစ်ပွားပြီးနောက်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေပြုလုပ်ခဲ့သလို ဓားပြတိုက်သူတွေကို…
Read Moreနိုင်ငံ အထက်ပိုင်းဒေသတချို့ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှု သတိပြုဖို့ လို
အောက်တိုဘာ ၅ – ၂၀၂၄SN (VOM)ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသတချို့ အခုရက်ပိုင်းအတွင်း မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှု သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။မိုး/ဇလဌာနရဲ့ ဒီကနေ့ အောက်တိုဘာ ၅ ရက်၊ မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းနဲ့ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်တို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက် တည်ရှိနေတယ်လို့ သိရပါတယ်။“သူကတော့ သိပ်ပြီးတော့ အားကောင်းမယ့်အနေအထား မရှိဘူး။ ပြီးရင် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယထဲဝင်ပြီး အားပျော့သွားမယ့် အနေအထားမျိုးရှိတယ်။ ဒါပေမယ့်သူက အပေါ်ကိုသွားမှာ ဖြစ်တဲ့အတွက်ကြောင့် မိုးရွာပြီဆိုလည်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တဲ့ ဧရာဝတီတို့ ချင်းတွင်းမြစ်တို့ အဲဒီနေရာတွေမှာတော့ ရေနည်းနည်းလေး…
Read Moreတာလီဘန်အဖွဲ့ကို အကြမ်းဖက်စာရင်းနေ ရုရှား ပယ်ဖျက်ပေးတော့မယ်
မော်စကို၊ အောက်တိုဘာ-၅-၂၀၂၄မျိုးဆက်(VOM)ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အာဖဂန်ကို ထိန်းချုပ်ထားတဲ့ တာလီဘန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကနေ ဖယ်ရှားပေးဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ရုရှားဟာ တာလီဘန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ၂၀၀၃ ခုနှစ်က စာရင်းသွင်းသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်မယ့် ဆုံးဖြတ်ချက်ကို မကြာခင် ထုတ်ပြန်နိုင်မယ်လို့ မျှော်လင့်ကြောင်း အာဖဂန်ဆိုင်ရာ ရုရှားသံအမတ်က ဆိုပါတယ်။ယမန်နေ့က မော်စကိုမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဖဂန်သမ္မတတို့ အတူတကွ တက်ရောက်ခဲ့ကြပြီး လက်ရှိ အာဖဂန်အစိုးရနဲ့အတူ လက်တွေ့ကျတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက်ထိန်းထားဖို့ လိုအပ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ကပြောပါတယ်။အာဖဂန်မိတ်ဖက်တွေနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဒေသတွင်းလုံခြုံရေးနဲ့ စီးပွားရေး တိုးတက်ဖြစ်ထွန်းမှုတွေအတွက်ဖြစ်ကြောင်း ဆာဂေးလပ်ဗ်ရော့ဗ်က ပြောပါတယ်။အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေး၊ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းရေး ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးဖို့နဲ့ တာလီဘန်တို့ရဲ့ တာဝန်ရယူမှုတွေကို အသိအမှတ်ပြုဖို့ အနောက်နိုင်ငံတွေကို ရုရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းထားပါတယ်။Ref:NHKPhoto:Getty Images
Read Moreလားရှိုး ကွန်ပြူတာတက္ကသိုလ် လေကြောင်း တိုက်ခိုက်ခံရ
အောက်တိုဘာ ၅၊ ၂၀၂၄ShyV(VOM)ရှမ်း ပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပြင်ဘက်ရှိ ကွန်ပြူတာ တက္ကသိုလ်ကို အောက်တိုဘာလ ၅ ရက်နေ့ မနက် ၁၀ နာရီခွဲကျော် ခန့်က လေယာဉ် ဗုံးကြဲ တိုက်ခိုက်ခံရ ကြောက်း ဒေသခံတွဆီက သိရပါတယ်။“လာရှိုး ကွန်ပြူတာ တက္ကသိုလ်ကို လေယာဉ်နဲ့ ဗုံး oHkလုံး ကြဲပြန်ပြီ ခုမနက် ၁၀ နာရီခွဲကျော် ခန့်က။ အပျက်အစီး မသိရသေးဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။လားရှိုး ကနေ မန္တလေးဘက် အထွက်ဘက်က ကွန်ပြူတာ တက္ကသိုလ်မှာ လို့ သူက ပြောပါတယ်။“ဒီနေ့ အောက်တိုဘာ ၅ ရက်နေ့ မနက် ၁၀ နာရီ ၅၀ မိနစ်မှာ လားရှိုးမြို့ မယ်ဟန်အကျော် ကွန်ပျူတာတက္ကသိုလ်ကို လေယာဉ်နဲ့ ဗုံးသုံလုံးကြဲသွားတယ်။…
Read Moreသန်းခေါင်စာရင်း မကောက်ဘဲနဲ့ ကောက်ယူပြီးကြောင်း စာကပ်ကာပြန်ထွက်သွားလို့ ဝေဖန်မှုတချို့ရှိ
အောက်တိုဘာ ၅ – ၂၀၂၄GG(VOM)သန်းခေါင်စာရင်း ကောက်ယူရာမှာ မြေပြင်မှာအမှန်တကယ်မကောက်ဘဲနဲ့ စာရင်းကောက်ယူပြီးစီးကြောင်း နေအိမ်မှာ စာကပ်သွားတာမျိုးတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ထဲက ရပ်ကွက်အချို့မှာ သန်းခေါင်စာရင်းကောက်ယူသူတွေက နေအိမ်အချို့ကို သန်းခေါင်စာရင်း အသေးစိတ်ကို စာရင်းကောက်တာမျိုးမလုပ်ဘဲ ကောက်ယူပြီးကြောင်းစာကိုသာကပ်သွားကြတာဖြစ်တယ်လို့ သိရပါတယ်။သန်းခေါင်စားရင်းမကောက်ဘဲ ကောက်ယူပြီးကြောင်းစာကပ်ခံခဲ့ရတဲ့ တရားလွှတ်တော်ရှေ့နေပြောပြတာ က“အိမ်မှာဖြစ်တာ။ဆရာမတယောက်လာတယ်။သန်းခေါင်စာရင်းကောက်မယ်ဆိုတော့ ဆရာ့အမျိုးသမီးက ခဏစောင့်ပါပြောတာကို မကောက်ဘဲ အဲဒီမှာပြန်သွားတာပဲ။ အဲဒီမှာအမျိုးသမီးက ဆရာ့ကိုလှမ်းဖုန်းဆက်တော့မှ ဆရာကရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလှမ်းဖုန်းဆက်တော့ သူကလည်း ကပ်ပြီးရင်ကောက်ပြီးသွားပြီလို့ပြောတယ်။ ကျွန်တော့်အိမ်မကပ်ရသေးဘူးပြောလိုက်တယ်။ ဒါကတော့မဖြစ်သင့်တဲ့ကိစ္စလေ ။ဘေးအိမ်တွေလည်းအဲ့လိုပဲကပ်သွားတာပဲ။ခုသိရသလောက်ပေါ့လေ။သူတို့ကကောက်ပြီးပြီးကပ်လိုက်တော့ တခုခုတော့ထည့်လိုက်မယ်။ဆရာတို့အိမ်ထောင်စုဇယားတွေက ရပ်ကွက်မှာရှိတယ်လေ။ရပ်ကွက်ကအိမ်ထောင်စုဇယားအတိုင်းထည့်မှာပေါ့။တချို့ကလူပိုရှိမယ်။အိမ်ထောင်ခွဲသွားတာရှိမယ်။နိုင်ငံခြားသွားသူရှိမယ်။ဒီတော့အိမ်ထောင်စုဇယားရှိပေမယ့် ဗမာပြည်တွင်းရှိတယ် မရှိဘူးဆိုတာ အဲ့အချက်အလက်လေးတွေကအစ ကောက်တဲ့အထဲ ပါတာ ကောင်းတဲ့ အချက်အလက်လေးတွေပေါ့။” လို့ပြောပါတယ်။နိုင်ငံတော်ကနေ စာရင်းဇယားလုပ်နေတဲ့ကိစ္စတခုမှာ တာဝန်ယူရထားသူတွေအနေနဲ့ တာဝန်ကျေအောင်လုပ်ရသင့်ကြောင်း၊ အချက်လက်မပေးလိုသူကိုတောင် အချက်အလက်အမှန်ပေးချင်စိတ်ဖြစ်လာအောင်စည်းရုံးရမယ့်အချိန်မှာ အခုလိုစာရင်းအမှန်တကယ်မကောက်ဘဲ ပြီးစလွယ်လုပ်တာဟာ နိုင်ငံတော်ကိုသစ္စာမဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။” မေမြို့ကိုရုံးချိန်းသွားတာ သူတို့ကအချက်အလက်နဲ့ပဲကောက်ရတာပဲ။ဘာမှလိုက်ပြီး ရေးမှတ်ရတာတခုမှမရှိဘူး။ဖုန်းနဲ့ပဲလေ၊ ဘာမှအလုပ်ရှုပ်တာမရှိဘူး။ဘာခက်ခဲတာပါလဲ။ဘာခက်ခဲတာမှ မပါတဲ့ကိစ္စ ဘာရေးတာမှတ်တာမပါတဲ့ကိစ္စမှာ ဒါကိုအပြစ်ပြောလို့မရဘူး။လူနေမှုကိစ္စနဲ့ဆိုင်တယ်။”…
Read Moreယီမင်အခြေစိုက် ဟူသီပစ်မှတ်တွေကို အမေရိကန် တိုက်ခိုက်
ဝါရှင်တန်၊ အောက်တိုဘာ-၅-၂၀၂၄ရတီ(VOM)ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်အဖွဲ့ရဲ့ နေရာ ၁၅ နေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ပါတယ်။လွတ်လပ်စွာ သွားလာခွင့်ကိ ကာကွယ်ရန်ပြုလုပ်သော စစ်ဆင်ရေးအတွင် တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ အသုံးပြုခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။မြို့တော်ဆာနားအပါအဝင် ယီမင်ရဲ့ အဓိကမြို့ကြီးတွေမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဟူသီသူပု်နအဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ပင်လယ်နီမှာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောအစင်း ၁၀၀ ကိုတိုက်ခိုက်ခဲ့ပြီး ဒီထဲက နှစ်စင်းနစ်မြုပ်ခဲ့ပါတယ်။ ဒါဟာ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တာလို့ ဟူသီတို့က ဆိုပါတယ်။လက်ရှိအမေရိကန်ရဲ့ တိုက်ခိုက်မှုမှာ ဟူသီတို့ရဲ့ ဒုံးကျည်စနစ်တွေ၊ အခြေစိုက်စခန်းတွေနဲပ အခြားပစ်မှတ်တွေပါဝင်တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ပြီးခဲ့တဲ့ တနင်္လာနေ့က ဟူသီသူပုန်တွေဟာ အမေရိကန်မောင်းသူမဲ့လေယာဉ်တစင်းကို ပစ်ချခဲ့တယ်လို့ အခိုင်အမာဆိုပါတယ်။ဟူသီတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်၊ ဗြိတိန်အပါအဝင် အခြားနိုင်ငံ ၁၂ နိုင်ငံတို့ဟာ ပင်လယ်နီကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို…
Read Moreနမ့်စန်မှာ တကျော့ပြန် ရေကြီးနေ
အောက်တိုဘာ ၅၊ ၂၀၂၄ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ပေါ်မှာ အောက်တိုဘာလ ၄ရက်၊ မနက်ပိုင်းအချိန်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုစတင်ဖြစ်ပွားကာ ရေဝင်ရောက်လာရာကနေ ဒီကနေ့ မနက်၉နာ ဝန်းကျင်အထိ ရေမြင့်တက်လာတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လိုအပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရေမြင့်လာမှုကြောင့် မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်ရှိ အဆောက်အအုံတွေဟာ ငါးပေခန့် ရေနစ်မြှစ်နေပြီဖြစ်ပြီး လူ၊ ကား၊ ဆိုင်ကယ်တွေလည်း သွားလာရလို့ မရတော့တာကြောင့် ဒေသခံတွေကတော့ အမြင့်ပိုင်းရပ်ကွက်ရှိ ဘာသာရေး အဆောက်အအုံတွေနဲ့ နေအိမ်တွေမှာ သွားရောက်ခိုလှုံနေရတယ်လို့ သိရပါတယ်။ “ပြီးခဲ့တဲ့ အကြိမ် ရေကြီးတုန်းကလည်း အကုန်ပျက်စီးကုန်တာ၊ အိပ်ယာတောင် မကျန်ဘူး။ အခုလည်း ထပ်ကြီးနေပြီ။ ရေပြန်ကျသွားလို့ အကုန်သန့်ရှင်းရေးလုပ်ပြီး ပင်ပန်းနေကြတဲ့အချိန်မှာ ရေက ပြန်ကြီး လာတော့ ထပ်ပြီး စိတ်ဆင်းရဲရပြန်တယ်။ ကလေးတွေလည်း စာမသင်ရ၊ လူကြီးတွေလည်း စိတ်ကော၊ လူကော…
Read Moreတလနှစ်ကြိမ်ဖွင့်မယ့် ဂဏန်းငါးလုံးပါ အောင်ဘာလေအွန်လိုင်းထီ လူစိတ်ဝင်စားမှုနည်း
အောက်တိုဘာ ၅ – ၂၀၂၄GG (VOM )၁၀၀၀ ကျပ်တန်အောင်ဘာလေအွန်လိုင်းထီကို တလမှာ နှစ်ကြိမ်ဖွင့်လှစ်ရောင်းချပေးမယ့်အပြင် ဂဏန်းကိုလည်း အရင် ခြောက်လုံးအစား အက္ခရာ တလုံးနဲ့ဂဏန်း ငါးလုံးအဖြစ် ပြောင်းလဲရောင်းချမှာဖြစ်တယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာန၊အောင်ဘာလေသိန်းဆုဌာနခွဲ ကသိရပါတယ်။ဂဏန်းငါးလုံးနဲ့ပြောင်းလဲရောင်းချမယ့်အွန်လိုင်းထီကို လစဉ် ၁ ရက်နေ့မှ ၁၄ ရက်အထိရောင်းချပေးပြီး ၁၆ ရက်နေ့တိုင်းမှာ ပထမအကြိမ်ထီဖွင့်မှာဖြစ်ကြောင်း၊ဒုတိယအကြိမ်ကိုတော့ လစဥ် ၁၆ ရက်နေ့မှ လကုန်ရက်မတိုင်မီ တရက်အလိုထိရောင်းချကာ နောက်လ ၂ ရက်မှာဖွင့်လှစ်ပေးမယ်လို့သိရပါတယ်။” ပုံမှန်ရောင်းနေကြ ထီလက်မှတ်နဲ့ကလည်းရှိပါတယ်။သူကအရင်တိုင်းပဲ။အခုကအွန်လိုင်းထီကိုပဲ အကြိမ်ရေထပ်တိုးတဲ့သဘောပါ။အွန်လိုင်းထီတော့မသိဘူး၊ကျွန်တော်တို့ ပုံမှန်တလတကြိမ်ရောင်းတဲ့ထိတောင်ရောင်းအားကထိုးကျတာကြာပြီ။ကျွန်တော်တို့တောင် ထီဆိုင်သီးသန့်ဆို မရောင်းနိုင်ဘူး။တခြားပစ္စည်းတွေနဲ့တွဲပြီးရောင်းတာမို့ တင်ထားနိုင်သေးတာပါ။” လို့ ထီရောင်းချနေသူတယောက်ကပြောပါတယ်။အဆိုပါ အောင်ဘာလေအွန်လိုင်းထီကို Jackpot ဆု ၊ယူနစ်ဆု ၊နှစ်သိမ့်ဆုတွေနဲ့ထီဖွင့်လှစ်ပေးမှာဖြစ်ရာ Jackpot ဆုကို သုံးကြိမ်ရွေးချယ်ဖွင့်လှစ်မှာဖြစ်လို့ သုံးကြိမ်အတွင်းကံထားရှင်ထွက်ပေါ်လာခဲ့ရင်ဆုကို ရရှိမှာ ဖြစ်ကြောင်းနဲ့အကယ်၍ကံထူးရှင်မပေါ်ပါက နောက်တကြိမ်ထီဖွင့်ပွဲမှာ ပေါင်းထည့်ပေးသွားမယ်လို့သိရပါတယ်။ကံထူးရှင်ထွက်ပေါ်မလာတဲ့ Jackpot ထီငွေသားဆုကို ၆ ကြိမ်…
Read Moreစက်သုံးဆီ ဝယ်ယူခွင့် ကဒ်စနစ်လုပ်မယ့်အပေါ် ဝေဖန်မှုတွေရှိနေ
အောက်တိုဘာ ၄ – ၂၀၂၄ GG (VOM) စက်သုံးဆီကို ဝယ်ယူခွင့်ကဒ်နဲ့သာ ရောင်းချပေးဖို့အတွက် ဝယ်ယူခွင့်စမတ်ကဒ်စနစ်ကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိသူတွေက လုပ်ဆောင်နေပြီး ဒီစနစ်အပေါ် ပြည်သူတွေက ဝေဖန်မှုတွေလည်းရှိနေပါတယ်။ လက်ရှိ လူမှုကွန်ရက်မှာတော့ စက်သုံးဆီ ဝယ်ယူခွင့်ကဒ်ဆိုပြီး အစိမ်းရောင်နဲ့အဝါရောင်ကဒ် တွေထွက်ပေါ်နေရာ အဝါရောင်စမတ်ကဒ်က ကားအတွက် စက်သုံးဆီဝယ်ယူနိုင်မှာဖြစ်ပြီး အစိမ်းရောင်ကဒ်က ဆိုင်ကယ်နဲ့အခြားစက်တပ်ယာဥ်တွေအတွက် စက်သုံးဆီ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။ ဆီဝယ်ယူခွင့်ကဒ်ကို ယာဉ်နဲ့ တပါတည်း ယူဆောင်လာရမှာဖြစ်သလို ဝယ်ယူခွင့်ကတ်မှာ ပါရှိတဲ့ ယာဉ်အမှတ်နဲ့သာ ဆီဝယ်ယူခွင့်ရရှိမှာဖြစ်ကြောင်း၊ကဒ်က ယာဉ်ပိုင်ဆိုင်မှုနဲ့သာ သက်ဆိုင်ခြင်းမရှိစေရလို့ ကဒ်မှာဖော်ပြထားပါတယ်။ ” အဝါနဲ့အစိမ်းကဒ်တော့တွေ့တယ်။အပြင်မှာတော့ ကဒ်လုပ်ရတာလည်းမရှိသေးဘူး။ ပိုက်ဆံပေးဝယ်ရတာတောင်လိုသလောက်မရတော့ဘူးဆိုတော့ ခက်တယ်။အလကားပေးတာလည်းမဟုတ်ဘူး။ ဝယ်ယူခွင့်ကဒ်ဆိုကတည်းက သူတို့အကန့်အသတ်နဲ့ပဲရောင်းမှာ မေးစရာမလိုဘူးအကုန်သိတယ်။အဲဒီစနစ်မျိုး ကျွန်တော်မှမဟုတ်ဘူး ဘယ်သူမှမမကြိုက်သလိုလက်မခံဘူး။” လို့ ပြည်သူတယောက်ကပြောပါတယ်။ လက်ရှိမှာ စက်သုံးဆီဝယ်ယူခွင့်စမတ်ကဒ်ပုံစံတွေလည်း ထွက်ပေါ်နေပြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနဘက်ကလည်း စက်သုံးဆီကို ကဒ်နဲ့ဝယ်ယူတဲ့စနစ်ကို အကောင်ထည်ဖော်နေတယ်လို့…
Read More