ကိုဗစ်ကြောင့် လော့ခ်ဒေါင်းချထားတဲ့ တရုတ်နိုင်ငံ့ဒေသတွေမှာ စားနပ်ရိက္ခာနဲ့ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေ ပြတ်လပ်နေ

ပေကျင်း၊ စက်တင်ဘာ-၁၂-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံတ၀န်းမှာ ကိုဗစ်-၁၉ ရောဂါကြောင့် လော့ခ်ဒေါင်းချထားတဲ့ဒေသတွေမှာ စာနပ်ရိက္ခာနဲ့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေပြတ်လပ်နေပြီး ဒီကိစ္စအပေါ် ဒေသခံတွေက မကျေမနပ်ဖြစ်နေကြပါတယ်။

အနည်းဆုံး ဒေသ ၃၀ ထက်မနည်းက သန်းနဲ့ချီတဲ့ဒေသခံတွေဟာ တစိတ်တပိုင်းလော့ခ်ဒေါင်း သို့မဟုတ် အလုံးစုံလော့ခ်ဒေါင်းချတဲ့အောက်မှာ နေထိုင်နေကြရပါတယ်။

ဂျုံ၊ ဆန်နဲ့ ဥတွေကုန်သွားတာ ၁၅ ရက်လောက်ရှိပြီဖြစ်ကြောင်း ကလေးငယ်တွေအတွက် နို့မှုန့်တွေလည်း ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကုန်သွားပြီလို့ ရှင်ကျန်းအနောက်ပိုင်းက ဒေသခံတဦးကပြောပါတယ်။

တရုတ်အာဏာပိုင်တွေဟာ အောက်တိုဘာလမှာကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီရဲ့ ကွန်ဂရက်အစည်းအဝေး မတိုင်မီ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေကို အပြင်းအထန် ထိန်းချုပ်နေပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်ကူးစက်မှုလုံး၀မရှိစေရေး မူဝါဒကို ဆက်လက်ကျင့်သုံးနေပြီး ကူးစက်မှုနှုန်းများပြားတဲ့ ဒေသတွေကို လော့ခ်ဒေါင်းချမှုတွေ ပြုလုပ်နေပါတယ်။
ဒါပေမယ့်လည်း စက်တင်ဘာ ၁၂ ရက်မှာ နိုင်ငံတ၀န်း ကိုဗစ်ကူးစက်မှု ၉၄၉ ဦးထိရှိနေပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

✕
VOM News

FREE
VIEW