လိုင်စင်အတုနဲ့ လေယာဉ်မောင်းနေသူကို နှစ်ပေါင်း ၂၀ ကျော်ကြာမှ စိစစ်တွေ့ရှိ

ကိပ်တောင်း၊မတ်-၂-၂၀၁၉

မျိုးဆက် (VOM)

 

တောင်အာဖရိကလေကြောင်းလိုင်း (အက်စ်အေအေ)မှ လေယာဉ်မှူးတစ်ဦးဟာ နှစ်ပေါင်း၂၀ကျော် ကြာအောင် လိုင်စင်အတုနဲ့ လေယာဉ်မောင်းခဲ့တာကို လေကြောင်းလိုင်းကသိရှိပြီးနောက်  ရာထူးက နှုတ်ထွက်လိုက်ရပါတယ်။

 

တောင်အာဖရိကနေ ဂျာမနီကိုသွားတဲ့  ခရီးစဉ်တစ်ခုအတွင်း အစီရင်ခံတစ်ခုမှာ မတော်တဆအချက်အလက်မှားယွင်းပြီးနောက် လေယာဉ်မှူးဝီလျံချန်းဒလာရဲ့ လေယာဉ်မောင်းလိုင်စင်မှာ အတုဖြစ်နေတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ တောင်အာဖရိကလေကြောင်းလိုင်းကဆိုပါတယ်။

 

လိုင်စင်အတုနဲ့ လေယာဉ်မောင်းတဲ့ ဝီလျံချန်းဒလာကို အဆိုပါလေကြောင်းလိုင်းကနေ ပြစ်မှုကြောင်းအရ တရားစွဲဆိုသွားမှာဖြစ်ပြီး အာဖရိကငွေသန်းချီရရှိဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

ဒါ့အပြင် တောင်အာဖရိကလေကြောင်းလိုင်း လုံခြုံရေးအရာရှိတစ်ဦးကိုလည်း  အဆိုပါလိုင်စင်တုနဲ့ပတ်သက်ပြီး ဖုံးကွယ်ပေးဖို့  ကြိုးပမ်းမှုအတွက် တာဝန်ကနေ ဆိုင်းငံ့လိုက်ပါတယ်။

 

မစ္စတာချန်ဒလာဟာ ၁၉၉၄ခုနှစ်က လေယာဉ်မှူးတစ်ဦးအဖြစ် တာဝန်မထမ်းဆောင်မီ နိုင်ငံပိုင် တောင်အာဖရိကလေကြောင်းလိုင်းမှာ လေယာဉ်အင်ဂျင်နီယာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်တယ်လို့ တောင်အာဖရိကသတင်းစာ Mail & Guardian သတင်းစာက ဖော်ပြပါတယ်။

 

Ref :BBC

Photo : Getty Images

#voiceofmyanmar#တောင်အဖရိကလေကြောင်းလိုင်း#လေယာဉ်မောင်းလိုင်စင်အတု

 

 

Related posts

✕
VOM News

FREE
VIEW