ငဒူ ဇာတ်ကားနဲ့ အကယ်ဒမီမရရင် စိတ်မကောင်းမဖြစ်ဖို့ ပြောလာတဲ့မြင့်မြတ်

 

ရန်ကုန် မတ် ၂၂-၂၀၁၉

သင်းသဒ္ဒါ

ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်တတ်တဲ့ အကယ်ဒမီ မြင့်မြတ်ကတော့ ငဒူ ဇာတ်ကားနဲ့ အကယ်ဒမီမရရင် စိတ်မကောင်းမဖြစ်ဖို့ ပရိသတ်ကို ပြောပါတယ်။

ငဒူ ဇာတ်ကားပတ်သက်ပြီးတော့ ”ပရိသတ်က သနားပြီးတော့ အကယ်ဒမီကို ရင်ခုန်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ ဒီနှစ်အကယ်ဒမီကို မထင်ပါဘူး။ကိုနေတိုးရမယ်လို့ပဲ ထင်ပါတယ်။ ငဒူ အတွက် စိတ်မကောင်းမဖြစ်ပါနဲ့ ။သိပ်မမှန်းပါနဲ့လို့ ပြောချင်ပါတယ်။ ကိုယ့်ချစ်တဲ့ ပရိသတ်တွေကတော့ ရစေ ချင်လို့ မှန်းကြတာပေါ့။ We Love အဖွဲ့တွေလည်း မမှန်းကြပါနဲ့လို့ ရတာမရတာကတော့ ကံပေါ့။ အဓိကတော့ ဘယ်သူပဲ အကယ်ဒမီရရပေါ့။ စီနီယာတွေရတာပဲ ၀မ်းသာမှာပါ”လို့ ဆိုပါတယ်။

သူ့ကတော့ ငဒူကားမှာ ဉာဏ်ရည်မမီပေမယ့် လူတိုင်းအပေါ် ကူညီတတ်တဲ့ စိတ်ဓာတ်ရှိသူအဖြစ် ကာရိုက်တာကိုတော့ ပီပြင် အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အနုပညာသက်တမ်းတစ်လျှောက် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများထဲမှာတော့ သူ မလုပ်ဖူးသော ကာရိုက်တာမျိုးဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲကိုတော့ ” ကျွန်တော်သားက အရမ်းငယ်သေးလို့ မ ခေါ်ဖြစ်ပါဘူး။ ပွဲတက်ဖက်ရှင်ကတော့ ဒီဇိုင်နာ ကိုကောင်းမြတ်ပါ နှစ်တိုင်းလဲ သူ့ပဲပေးတာပါ။ ဒီဇိုင်နာကပဲ စီစဉ်ပေးခဲ့တာပါ။ အရောင်ကတော့ သိပ်မသိပါဘူး”လို့ ဆိုပါတယ်။

ဓာတ်ပုံ – သင်းသဒ္ဒါ

#voiceofmyanmar #မြင့်မြတ် #အကယ်ဒမီ #ငဒူ

Related posts

✕
VOM News

FREE
VIEW